သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ICJ ထံ ျမန္မာတင္သြင္းတဲ့ အစီရင္ခံစာ ဂမ္ဘီယာ သံုးသပ္


ဂမ္ဘီယာ ေရွ႕ေနခ်ဳပ္နဲ႔ တရားေရးဝန္ႀကီး Abubacarr Marie Tambadou. (ဒီဇင္ဘာ ၁၀၊ ၂၀၁၉)

(Zawgyi / Unicode)

႐ုိဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခံထားရမႈအတြက္ ျမန္မာႏုိင္ငံက ႏုိင္ငံတကာတရား႐ုံး (ICJ) ထံ တင္သြင္းတဲ့ ပထမဆံုး အစီရင္ခံစာကို ဂမ္ဘီယာဘက္က သံုးသပ္ေနေၾကာင္း ဂမ္ဘီယာ ေရွ႕ေနခ်ဳပ္နဲ႔ တရားေရး၀န္ႀကီး Abubacarr Marie Tambadou က ဗီြအိုေအကို ေျပာဆိုပါတယ္။

ႏုိင္ငံတကာတရား႐ုံး (ICJ) ရဲ႕ ညႊန္ၾကားခ်က္ကို ျမန္မာဘက္က လိုက္နာေဆာင္ရြက္မႈကို သံုးသပ္ေနၿပီလို႔ ဂမ္ဘီယာ ေရွ႕ေနခ်ဳပ္နဲ႔ တရားေရး၀န္ႀကီး Abubacarr Marie Tambadou က ဗီြအိုေအနဲ႔ Skype ကေန သီးသန္႔ ဆက္သြယ္ေမးျမန္းမႈမွာ ေျဖၾကားခဲ့တာ ျဖစ္ပါတယ္။

ဂမ္ဘီယာဘက္က အဓိက ၃ ခ်က္ကို ေလ့လာေနေၾကာင္း၊ လူမ်ိဳးတုံး သတ္ျဖတ္မႈကုိ ကာကြယ္တားဆီးႏုိင္ေရး၊ လူမ်ိဳးတုံး သတ္ျဖတ္မႈကို ေရွာင္ၾကဥ္မႈ၊ ေနာက္ သက္ေသအေထာက္အထားေတြကို ထိန္းသိမ္း ေဆာင္ရြက္မႈေတြနဲ႔ ပတ္သက္ၿပီး ျမန္မာႏုိင္ငံရဲ႕ အစီရင္ခံစာထဲမွာ ေလ့လာသံုးသပ္ေနေၾကာင္း ဂမ္ဘီယာ တရားေရး၀န္ႀကီးက ေျပာဆိုခဲ့တာပါ။

ႏုိင္ငံတကာတရား႐ုံး (ICJ) ရဲ႕ ဆံုးျဖတ္ခ်က္ေတြနဲ႔အညီ ျမန္မာဘက္က အစီရင္ခံစာ တင္သြင္းမႈဟာဆိုရင္ အျပဳသေဘာေဆာင္တဲ့ တိုးတက္မႈအျဖစ္ ႀကိဳဆိုရမွာ ျဖစ္ေၾကာင္းလည္း ဂမ္ဘီယာ တရားေရး၀န္ႀကီးက အသိအမွတ္ျပဳ ေျပာၾကားပါတယ္။

႐ုိဟင္ဂ်ာေတြအေပၚ လူမ်ိဳးတုံးသတ္ျဖတ္မႈ စြပ္စြဲခ်က္နဲ႔ ႏုိင္ငံတကာတရား႐ုံး (ICJ) မွာ ဂမ္ဘီယာက တိုင္ၾကားထားတာပါ။

ျမန္မာႏိုင္ငံမွာ လူမ်ိဳးတုံးသတ္ျဖတ္မႈလုပ္ရပ္ေတြ ဆက္ၿပီးမျဖစ္ေအာင္ တားဆီးေရး ဂမ္ဘီယာႏိုင္ငံဘက္က ေလွ်ာက္ထားခ်က္အရ ၾကားျဖတ္လိုက္နာ လုပ္ေဆာင္ရမယ့္ အခ်က္ ၄ ခ်က္ကို ICJ အျပည္ျပည္ဆိုင္ရာ တရား႐ုံးက ၿပီးခဲ့တဲ့ ဇန္န၀ါရီလက ဆံုးျဖတ္ခ်က္ခ်ခဲ့တာ ျဖစ္ပါတယ္။

ICJ တရား႐ုံးက ခ်မွတ္ထားတဲ့ ျမန္မာအစိုးရ လုိက္နာေဆာင္ရြက္ရမယ့္ ၾကားျဖတ္စီမံခ်က္ ၄ ခ်က္ထဲမွာေတာ့ ၁၊ ႐ုိဟင္ဂ်ာေတြကို လူမ်ဳိးတုံးသတ္ျဖတ္မႈက အကာအကြယ္ေပးဖို႔၊ ၂၊ ျမန္မာ့တပ္မေတာ္နဲ႔ လက္နက္ကိုင္တပ္ဖြဲ႔ေတြက လူမ်ဳိးတုံးသတ္ျဖတ္မႈ မလုပ္ဖုိ႔၊ ၃၊ သက္ေသ အေထာက္အထားေတြ မေပ်ာက္ပ်က္ေအာင္ ထိန္းသိမ္းထားဖို႔၊ ၄၊ အမိန္႔ခ်မွတ္တဲ့ ေန႔ကစၿပီး ၄ လအတြင္း ျမန္မာႏိုင္ငံက အစီရင္ခံစာ တင္သြင္းဖို႔နဲ႔ အဲဒီေနာက္ပိုင္း ဒီအမႈႀကီးအတြက္ အၿပီးသတ္အမိန္႔ မခ်မခ်င္း ၆ လတခါ အစီရင္ခံစာ တင္သြင္းေရး ျဖစ္ပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို အသိအမွတ္ မျပဳပါဘူး။

(ဂမ္ဘီယာ ေရွ႕ေနခ်ဳပ္နဲ႔ တရားေရး၀န္ႀကီးနဲ႔ ဗီြအိုေအ သီးသန္႔ ဆက္သြယ္ေမးျမန္းခန္း အျပည့္အစံုကိုေတာ့ ဗီြအိုေအ ျမန္မာပိုင္းရဲ႕ ေရဒီယိုနဲ႔ ႐ုပ္ျမင္သံၾကား အစီအစဥ္မွာလည္း တင္ဆက္ေပးမွာ ျဖစ္ပါတယ္။)

-----------------------------------

(Unicode)

ICJ ထံ မြန်မာတင်သွင်းတဲ့ အစီရင်ခံစာ ဂမ်ဘီယာ သုံးသပ်

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲခံထားရမှုအတွက် မြန်မာနိုင်ငံက နိုင်ငံတကာတရားရုံး (ICJ) ထံ တင်သွင်းတဲ့ ပထမဆုံး အစီရင်ခံစာကို ဂမ်ဘီယာဘက်က သုံးသပ်နေကြောင်း ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ဗွီအိုအေကို ပြောဆိုပါတယ်။

နိုင်ငံတကာတရားရုံး (ICJ) ရဲ့ ညွှန်ကြားချက်ကို မြန်မာဘက်က လိုက်နာဆောင်ရွက်မှုကို သုံးသပ်နေပြီလို့ ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီး Abubacarr Marie Tambadou က ဗွီအိုအေနဲ့ Skype ကနေ သီးသန့် ဆက်သွယ်မေးမြန်းမှုမှာ ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဂမ်ဘီယာဘက်က အဓိက ၃ ချက်ကို လေ့လာနေကြောင်း၊ လူမျိုးတုံး သတ်ဖြတ်မှုကို ကာကွယ်တားဆီးနိုင်ရေး၊ လူမျိုးတုံး သတ်ဖြတ်မှုကို ရှောင်ကြဉ်မှု၊ နောက် သက်သေအထောက်အထားတွေကို ထိန်းသိမ်း ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ အစီရင်ခံစာထဲမှာ လေ့လာသုံးသပ်နေကြောင်း ဂမ်ဘီယာ တရားရေးဝန်ကြီးက ပြောဆိုခဲ့တာပါ။

နိုင်ငံတကာတရားရုံး (ICJ) ရဲ့ ဆုံးဖြတ်ချက်တွေနဲ့အညီ မြန်မာဘက်က အစီရင်ခံစာ တင်သွင်းမှုဟာဆိုရင် အပြုသဘောဆောင်တဲ့ တိုးတက်မှုအဖြစ် ကြိုဆိုရမှာ ဖြစ်ကြောင်းလည်း ဂမ်ဘီယာ တရားရေးဝန်ကြီးက အသိအမှတ်ပြု ပြောကြားပါတယ်။

ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ နိုင်ငံတကာတရားရုံး (ICJ) မှာ ဂမ်ဘီယာက တိုင်ကြားထားတာပါ။

မြန်မာနိုင်ငံမှာ လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်တွေ ဆက်ပြီးမဖြစ်အောင် တားဆီးရေး ဂမ်ဘီယာနိုင်ငံဘက်က လျှောက်ထားချက်အရ ကြားဖြတ်လိုက်နာ လုပ်ဆောင်ရမယ့် အချက် ၄ ချက်ကို ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးက ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆုံးဖြတ်ချက်ချခဲ့တာ ဖြစ်ပါတယ်။

ICJ တရားရုံးက ချမှတ်ထားတဲ့ မြန်မာအစိုးရ လိုက်နာဆောင်ရွက်ရမယ့် ကြားဖြတ်စီမံချက် ၄ ချက်ထဲမှာတော့ ၁၊ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှုက အကာအကွယ်ပေးဖို့၊ ၂၊ မြန်မာ့တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေက လူမျိုးတုံးသတ်ဖြတ်မှု မလုပ်ဖို့၊ ၃၊ သက်သေ အထောက်အထားတွေ မပျောက်ပျက်အောင် ထိန်းသိမ်းထားဖို့၊ ၄၊ အမိန့်ချမှတ်တဲ့ နေ့ကစပြီး ၄ လအတွင်း မြန်မာနိုင်ငံက အစီရင်ခံစာ တင်သွင်းဖို့နဲ့ အဲဒီနောက်ပိုင်း ဒီအမှုကြီးအတွက် အပြီးသတ်အမိန့် မချမချင်း ၆ လတခါ အစီရင်ခံစာ တင်သွင်းရေး ဖြစ်ပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို အသိအမှတ် မပြုပါဘူး။

(ဂမ်ဘီယာ ရှေ့နေချုပ်နဲ့ တရားရေးဝန်ကြီးနဲ့ ဗွီအိုအေ သီးသန့် ဆက်သွယ်မေးမြန်းခန်း အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ ရေဒီယိုနဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာလည်း တင်ဆက်ပေးမှာ ဖြစ်ပါတယ်။)

XS
SM
MD
LG