သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြမွာ က်န္းမာေရးေစာင့္ေရွာက္္မႈတိုးျမွင့္ေပးဖို႔ ဒုကၡသည္ေတြေတာင္းဆို


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Kutupalong ဒုကၡသည္စခန္းရွိ ေစ်းတခု အတြင္းမွာ ေတြ႔ရတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္မ်ား (ေမ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရ္ွက ရိုဟင္ဂ်ာဒုကၡသည္စခန္းအတြင္း COVID-19 ေရာဂါပိုးကူးစက္ခံရမႈေတြတိုးလာၿပီး၊ သီးသန္႔ခဲြေစာင့္ၾကည့္ခံရသူဟာလည္း ၁၅,၀၀၀ ၀န္းက်င္ ရိွလာတာမို႔ ဘဂၤလားေဒ့ရ္ွအာဏာပိုင္ေတြဘက္က ဒုကၡသည္ေတြရဲ႕က်န္းမာေရးေစာင့္ေရွာက္မႈ တိုးျမွင့္ေဆာင္ရြက္ေပးဖို႔ ေတာင္းဆိုေနၾကတဲ့သတင္း ေျပာျပပါမယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုေဇာ္ထက္က တင္ျပေပးပါမယ္။

႐ိုဟင္ဂ်ာဒုကၡသည္ ၉၀၀,၀၀၀ ေလာက္ရွိေနတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံ ေကာ့ဘဇားမွာ ၁၅ ရက္အတြင္း COVID-19 ကူးစက္ခံရသူ တျဖည္းျဖည္းတိုးလာၿပီး လူဦးေရသိပ္သည္းႏႈန္းမ်ားလို႔ ေရာဂါျမန္ျမန္ျပန႔္သြားမွာကို ေဒသခံေတြက စိုးရိမ္ေနပါတယ္။ ေမလ လယ္ပိုင္းေလာက္က ဒုကၡသည္တဦးထံမွာ COVID-19 ေရာဂါပိုး စ ေတြ႔ရိွခဲ့တဲ့ေနာက္ ရက္ပိုင္းအတြင္းမွာပဲ ဒုကၡသည္စုစုေပါင္း ၂၉ ဦးမွာ ေရာဂါပိုး ဓါတ္ခဲြစမ္းသပ္ေတြ႔ခဲ့တယ္လို႔ ဘဂၤလားေဒ့ရ္ွ က်န္းမာေရးအာဏာပိုင္ေတြက ေျပာခဲ့ပါတယ္။

ဘဂၤလားေဒ့ရွ္အစိုးရက အေရးေပၚေဆးေပးခန္း ၂၀၀ ေက်ာ္ေလာက္ ပံ့ပိုးေပးတာ၊ ဒုကၡသည္စခန္းထဲက က်န္းမာေရး လုပ္အားေပး အေယာက္ ၃,၀၀၀ ေလာက္ကို ေလ့က်င့္ေပးထားတာ ႀကိဳတင္လုပ္ေပးေပမဲ့ လက္ေတြ႕မွာေတာ့ လိုအပ္ခ်က္ေတြရွိေနတယ္လို႔ စခန္းေန ဒုကၡသည္ေတြက ေျပာပါတယ္။ ႏွာေခါင္းစည္းတခုကို ဘဂၤလားေငြ တာကာ ၂၀ ကေန ၅၀ အထိခုန္တက္သြားၿပီး ဒါက ျမန္မာက်ပ္ေငြ ၁,၀၀၀ ဝန္းက်င္ပါ။

က်န္းမာေရးေစာင့္ေရွာက္မႈအျပင္ သတင္းအခ်က္အလက္ေတြ ျမန္ျမန္ဆန္ဆန္ရရိွဖို႔လည္း လိုေနတယ္လို႔ ကုတုပေလာင္ ဒုကၡသည္စခန္းက ဦးေမာင္ေမာင္က VOA ကိ္ု ေျပာပါတယ္။

“ပိုးေတြ႕ရွိသူက ေလာေလာဆယ္သိရသေလာက္ ၃၀ ေက်ာ္မယ္လို႔ ယူဆပါတယ္။ COVID-19 နဲ႔ ပတ္သက္လို႔ လူေတြက အင္မတန္မွ စိုးရိမ္ေနရတယ္။ က်ေနာ္တို႔ ေတာင္းဆိုခ်င္တာက ဘဂၤလားေဒ့ရွ္ႏိုင္ငံ အစိုးရကို ဖိအားေပးဖို႔၊ အင္တာနက္ေတြ ဖြင့္ေပးဖို႔ ေတာင္းဆိုခ်င္ပါတယ္။”

ဒုကၡသည္စခန္းေတြမွာေတာ့ ေနအိမ္အျပင္မထြက္ဖို႔ ကန္႔သတ္ျပီး ရဲ၊ စစ္သား၊ နယ္ျခားေစာင့္ေတြ ခ်ထားေပမဲ့လည္း၊ ႏွာေခါင္းစည္း မတပ္ဆင္ဘဲ သြားလာေနတဲ့သူေတြ အမ်ားအျပားရွိေနတယ္လို႔ ေျပာပါတယ္။ လူဦးေရ ၾကပ္သိပ္ေနတဲ့ အေျခအေနမွာ ေရာဂါပိုးမျပန္႔ေအာင္ထိန္းခ်ဳပ္ေရး ႏိုင္နိုင္နင္းနင္း လုပ္ဖို႔ခက္ခဲလိမ့္မယ္လို႔ အဂၤလန္အေျခစိုက္ ျမန္မာ့လူ႔အခြင့္အေရးကြန္ယက္ BHRN အမႈေဆာင္ဒါ႐ိုက္တာ ဦးေက်ာ္ဝင္းက ေျပာပါတယ္။

“က်ေနာ္ ေတာ္ေတာ္စိုးရိမ္ေနတာ ဘာလဲဆိုေတာ့ ဒီရက္ပိုင္းအတြင္းမွာတင္ အဲဒီလို မ်ားမ်ားေျပာင္းလာတာ ေတာ္ေတာ္ေၾကာက္စရာေကာင္းတဲ့ လကၡဏာ တခုဗ်။ Mask တို႔ hand sanitizer တို႔ စသျဖင့္ ပစၥည္းေတြကလည္း လုံလုံေလာက္ေလာက္ မရၾကဘူး။ ဘဂၤလားေဒ့ရွ္ အစိုးရရဲ႕ ေပၚလစီတခ်ိဳ႕ကလည္း ေျပာင္းလဲမႈ လိုအပ္တယ္ဗ်။ ဘာလို႔ဆို အင္တာနက္ ပိတ္ထားတာ တခုေၾကာင့္ ပညာေပးေရးနဲ႔ ပတ္သက္လို႔ information ေတြက ကန႔္သတ္လိုက္တဲ့ သေဘာ ျဖစ္သြားတာေပါ့။”

အာဟာရပိုင္း ခ်ိဳ႕တဲ့ေနတဲ့သူေတြမ်ားတဲ့ ဒီ ဒုကၡသည္စခန္းေတြမွာ ေရာဂါခံရႏိုင္ရည္နည္းပါးလို႔ ႏိုင္ငံတကာ အစိုးရေတြကလည္း ဝိုင္းဝန္းကူညီေပးဖို႔ သူက ေတာင္းဆိုထားပါတယ္။ ေကာ့ဘဇားက ဒုကၡသည္စခန္းမွာ Corona ဗိုင္းရပ္စ္ ဦးဆုံးကူးစက္ခံရသူကို ေမလ ၁၄ ရက္မွာ စေတြ႕ခဲ့တယ္လို႔ ကုလအဖြဲ႕နဲ႔ ဘဂၤလားေဒ့ရွ္ အစိုးရက ေျပာပါတယ္။

ေကာ့ဘဇားမွာ ႐ိုဟင္ဂ်ာ ၉၀၀,၀၀၀ နီးပါးရွိၿပီး ဘဂၤလားေဒ့ရိွေဒသခံ ဘဂၤလီလူမ်ိဳး ၄၀၀,၀၀၀ ေလာက္လည္း အနားတဝိုက္မွာ ေနထိုင္ၾကတာပါ။ မၾကာေသးခင္ကလည္း ဆိုင္ကလုံး Amphan ဒဏ္ကို သူတို႔ခံစားခဲ့ရၿပီး ဒီေန႔လည္း မိုး႐ြာ ေျမၿပိဳမႈေတြ တခ်ိဳ႕ေနရာေတြမွာ ရွိခဲ့တယ္လို႔ ဒုကၡသည္တခ်ိဳ႕က ေျပာပါတယ္။

ရခိုင္ေျမာက္ပို္င္းကေန ထြက္ေျပးသြားၾကတဲ့ ဒီ မြတ္ဆလင္ဒုကၡသည္ေတြကို ရည္ညႊန္းတဲ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို ျမန္မာအစိုးရက လက္မခံပါဘူး။ ဒါေပမဲ့ ဒီလူေတြကို ေနရပ္ျပန္ေခၚသြားဖို႔ကိုေတာ့ မူအားျဖင့္ သေဘာတူထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေးစောင့်ရှောက်မှုတိုးမြှင့်ပေးဖို့ ဒုက္ခသည်တွေတောင်းဆို

ဘင်္ဂလားဒေ့ရ်ှက ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း COVID-19 ရောဂါပိုးကူးစက်ခံရမှုတွေတိုးလာပြီး၊ သီးသန့်ခွဲစောင့်ကြည့်ခံရသူဟာလည်း ၁၅,၀၀၀ ဝန်းကျင် ရှိလာတာမို့ ဘင်္ဂလားဒေ့ရ်ှအာဏာပိုင်တွေဘက်က ဒုက္ခသည်တွေရဲ့ကျန်းမာရေးစောင့်ရှောက်မှု တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြတဲ့သတင်း ပြောပြပါမယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုဇော်ထက်က တင်ပြပေးပါမယ်။

ရိုဟင်ဂျာဒုက္ခသည် ၉၀၀,၀၀၀ လောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားမှာ ၁၅ ရက်အတွင်း COVID-19 ကူးစက်ခံရသူ တဖြည်းဖြည်းတိုးလာပြီး လူဦးရေသိပ်သည်းနှုန်းများလို့ ရောဂါမြန်မြန်ပြန့်သွားမှာကို ဒေသခံတွေက စိုးရိမ်နေပါတယ်။ မေလ လယ်ပိုင်းလောက်က ဒုက္ခသည်တဦးထံမှာ COVID-19 ရောဂါပိုး စ တွေ့ရှိခဲ့တဲ့နောက် ရက်ပိုင်းအတွင်းမှာပဲ ဒုက္ခသည်စုစုပေါင်း ၂၉ ဦးမှာ ရောဂါပိုး ဓါတ်ခွဲစမ်းသပ်တွေ့ခဲ့တယ်လို့ ဘင်္ဂလားဒေ့ရ်ှ ကျန်းမာရေးအာဏာပိုင်တွေက ပြောခဲ့ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရက အရေးပေါ်ဆေးပေးခန်း ၂၀၀ ကျော်လောက် ပံ့ပိုးပေးတာ၊ ဒုက္ခသည်စခန်းထဲက ကျန်းမာရေး လုပ်အားပေး အယောက် ၃,၀၀၀ လောက်ကို လေ့ကျင့်ပေးထားတာ ကြိုတင်လုပ်ပေးပေမဲ့ လက်တွေ့မှာတော့ လိုအပ်ချက်တွေရှိနေတယ်လို့ စခန်းနေ ဒုက္ခသည်တွေက ပြောပါတယ်။ နှာခေါင်းစည်းတခုကို ဘင်္ဂလားငွေ တာကာ ၂၀ ကနေ ၅၀ အထိခုန်တက်သွားပြီး ဒါက မြန်မာကျပ်ငွေ ၁,၀၀၀ ဝန်းကျင်ပါ။

ကျန်းမာရေးစောင့်ရှောက်မှုအပြင် သတင်းအချက်အလက်တွေ မြန်မြန်ဆန်ဆန်ရရှိဖို့လည်း လိုနေတယ်လို့ ကုတုပလောင် ဒုက္ခသည်စခန်းက ဦးမောင်မောင်က VOA ကို ပြောပါတယ်။

“ပိုးတွေ့ရှိသူက လောလောဆယ်သိရသလောက် ၃၀ ကျော်မယ်လို့ ယူဆပါတယ်။ COVID-19 နဲ့ ပတ်သက်လို့ လူတွေက အင်မတန်မှ စိုးရိမ်နေရတယ်။ ကျနော်တို့ တောင်းဆိုချင်တာက ဘင်္ဂလားဒေ့ရှ်နိုင်ငံ အစိုးရကို ဖိအားပေးဖို့၊ အင်တာနက်တွေ ဖွင့်ပေးဖို့ တောင်းဆိုချင်ပါတယ်။”

ဒုက္ခသည်စခန်းတွေမှာတော့ နေအိမ်အပြင်မထွက်ဖို့ ကန့်သတ်ပြီး ရဲ၊ စစ်သား၊ နယ်ခြားစောင့်တွေ ချထားပေမဲ့လည်း၊ နှာခေါင်းစည်း မတပ်ဆင်ဘဲ သွားလာနေတဲ့သူတွေ အများအပြားရှိနေတယ်လို့ ပြောပါတယ်။ လူဦးရေ ကြပ်သိပ်နေတဲ့ အခြေအနေမှာ ရောဂါပိုးမပြန့်အောင်ထိန်းချုပ်ရေး နိုင်နိုင်နင်းနင်း လုပ်ဖို့ခက်ခဲလိမ့်မယ်လို့ အင်္ဂလန်အခြေစိုက် မြန်မာ့လူ့အခွင့်အရေးကွန်ယက် BHRN အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ပြောပါတယ်။

“ကျနော် တော်တော်စိုးရိမ်နေတာ ဘာလဲဆိုတော့ ဒီရက်ပိုင်းအတွင်းမှာတင် အဲဒီလို များများပြောင်းလာတာ တော်တော်ကြောက်စရာကောင်းတဲ့ လက္ခဏာ တခုဗျ။ Mask တို့ hand sanitizer တို့ စသဖြင့် ပစ္စည်းတွေကလည်း လုံလုံလောက်လောက် မရကြဘူး။ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ပေါ်လစီတချို့ကလည်း ပြောင်းလဲမှု လိုအပ်တယ်ဗျ။ ဘာလို့ဆို အင်တာနက် ပိတ်ထားတာ တခုကြောင့် ပညာပေးရေးနဲ့ ပတ်သက်လို့ information တွေက ကန့်သတ်လိုက်တဲ့ သဘော ဖြစ်သွားတာပေါ့။”

အာဟာရပိုင်း ချို့တဲ့နေတဲ့သူတွေများတဲ့ ဒီ ဒုက္ခသည်စခန်းတွေမှာ ရောဂါခံရနိုင်ရည်နည်းပါးလို့ နိုင်ငံတကာ အစိုးရတွေကလည်း ဝိုင်းဝန်းကူညီပေးဖို့ သူက တောင်းဆိုထားပါတယ်။ ကော့ဘဇားက ဒုက္ခသည်စခန်းမှာ Corona ဗိုင်းရပ်စ် ဦးဆုံးကူးစက်ခံရသူကို မေလ ၁၄ ရက်မှာ စတွေ့ခဲ့တယ်လို့ ကုလအဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြောပါတယ်။

ကော့ဘဇားမှာ ရိုဟင်ဂျာ ၉၀၀,၀၀၀ နီးပါးရှိပြီး ဘင်္ဂလားဒေ့ရှိဒေသခံ ဘင်္ဂလီလူမျိုး ၄၀၀,၀၀၀ လောက်လည်း အနားတဝိုက်မှာ နေထိုင်ကြတာပါ။ မကြာသေးခင်ကလည်း ဆိုင်ကလုံး Amphan ဒဏ်ကို သူတို့ခံစားခဲ့ရပြီး ဒီနေ့လည်း မိုးရွာ မြေပြိုမှုတွေ တချို့နေရာတွေမှာ ရှိခဲ့တယ်လို့ ဒုက္ခသည်တချို့က ပြောပါတယ်။

ရခိုင်မြောက်ပိုင်းကနေ ထွက်ပြေးသွားကြတဲ့ ဒီ မွတ်ဆလင်ဒုက္ခသည်တွေကို ရည်ညွှန်းတဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပါဘူး။ ဒါပေမဲ့ ဒီလူတွေကို နေရပ်ပြန်ခေါ်သွားဖို့ကိုတော့ မူအားဖြင့် သဘောတူထားပါတယ်။

XS
SM
MD
LG