သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ုိဟင္ဂ်ာ IDP ေတြ ေနရပ္ရင္းမွာ အေျခခ်ႏုိင္ေရး DHRP ပါတီ တုိက္တြန္း


နယ္စပ္ျဖတ္ေက်ာ္ၿပီး အိမ္နီးခ်င္း ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ ထြက္ေျပးလာၾကတဲ့ ရိုဟင္ဂ်ာဒုကၡသည္မ်ား (ႏို၀င္ဘာလ ၂၊ ၂၀၁၇)

[Zawgyi/Unicode]

IDP စခန္းေတြမွာရွိတဲ့ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြကို ျပန္လည္ေနရာခ်ထားေပးရာမွာ အဆင္မေျပမႈေတြရွိေနသလို၊ လူ႔အခြင့္အေရးခ်ိဳးေဖာက္မႈ ထပ္မံက်ဴးလြန္တဲ့ အေျခအေနမ်ိဳးျဖစ္ေနတယ္လို႔ ႏိုင္ငံေရးပါတီတခုက သတိေပးလိုက္တာကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မအိမ့္သႏၱာထြန္းက ေျပာျပေပးပါမယ္။

ေက်ာက္ျဖဴၿမိဳ႕ ေက်ာက္တစ္လုံးဘက္မွာရွိတဲ့ ဒုကၡသည္စခန္းက ႐ိုဟင္ဂ်ာေတြကိုလည္း မူလေနရာမဟုတ္ဘဲ ေက်ာက္တစ္လုံးကေန ႏွစ္ဖာလုံနီးပါးေဝးတဲ့ ေနရာမွာေနရာခ်ထားေပးဖို႔ ေဆာင္႐ြက္ေနတယ္လို႔ သမၼတ႐ုံးေျပာခြင့္ရသူ ဦးေဇာ္ေဌးက ေမလ ၃၀ ရက္ေန႔သတင္းစာရွင္းလင္းပြဲမွာ ေျပာဆိုအၿပီး အခုလို တုံ႔ျပန္လာတာပါ။

ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီ DHRP ရဲ႕ ေမလ ၃၀ ရက္ေန႔ ထုတ္ျပန္ခ်က္ထဲမွာ ဒီ ဒုကၡသည္ေတြကို မူရင္းေနရာေတြမွာ ျပန္လည္ေနရာခ်ထားေပးဖို႔ တိုက္တြန္းသလို၊ သူတို႔ရဲ႕မူလႏိုင္ငံသား အခြင့္အေရးေတြကို ျပန္ေပးဖို႔လည္း ေတာင္းဆိုထားပါတယ္။ ခရီးသြားအေထာက္အထား မရွိဘူးဆိုတဲ့ စြဲခ်က္နဲ႔ ဖမ္းဆီးေထာင္ခ်ခံရသူ ႐ိုဟင္ဂ်ာ ၈၀၀ ေက်ာ္ ျပန္လႊတ္ေပးခဲ့တာကို ႀကိဳဆိုေၾကာင္းေဖာ္ျပသလို ဥပေဒအကာအကြယ္မရဘဲ ဖမ္းဆီးေထာင္ခ်ခံရတဲ့ က်န္တဲ့သူေတြကိုလည္း ျပန္လႊတ္ေပးဖို႔ ေတာင္းဆိုထားပါတယ္။

႐ိုဟင္ဂ်ာအေရးနဲ႔ ပတ္သက္လို႔ ICJ ရဲ႕ ၾကားျဖတ္အစီအမံကိုလည္း အေလးအနက္ထားဖို႔ တိုက္တြန္းထားပါတယ္။ ႐ိုဟင္ဂ်ာေတြရဲ႕ မူရင္းအိမ္ရာေတြမွာ အျခားက်ဴးေက်ာ္ေဆာက္လုပ္ေနထိုင္မႈေတြဟာ ICJ ရဲ႕ ၾကားျဖတ္အစီအမံနဲ႔လည္း ၿငိစြန္းတယ္ဆိုၿပီး ေထာက္ျပထားပါတယ္။

IDP ဒုကၡသည္စခန္းေတြမွာ ရွိေနတဲ့ ႐ိုဟင္ဂ်ာေတြကို သူတို႔ရဲ႕ မူလ ေနရာအစစ္ကို ျပန္ေပးသင့္ၿပီး ေနရာ အစားထိုးေပးတာက သူတို႔ေတြအတြက္ ပိုၿပီး အခက္အခဲျဖစ္ေစတယ္လို႔ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီရဲ႕ ဥကၠ႒ ဦးေက်ာ္မင္းက VOA ကို ခုလိုေျပာျပပါတယ္။

“သူ႔ေနရာသူ ေရာက္သြားရင္ ျပႆနာရွင္းသြားမယ္။ အစိုးရဆီက တျခားေသာ ေငြေရးေၾကးေရး ပစၥည္း ဥစၥာ အကူအညီမေပးလည္း ရတယ္။ ဒီလူေတြက ကိုယ္ဟာကိုယ္ ဒုကၡခံၿပီးေတာ့ အလုပ္လုပ္ၿပီးေတာ့ ထမင္းစားမယ္။ ေနရာတစ္ခု ရဖို႔လိုတာ။ ရခိုင္ျပည္ ၿမိဳ႕ေပၚက ေနရာေတြကေန ေမာင္းထုတ္ပစ္ၿပီးေတာ့ နယ္စြန္နယ္ဖ်ားကို ပို႔တာ၊ အဲ့ဒီေတာ့ ဒုကၡသည္ေတြကလည္း မလိုလားဘူး။ က်ေနာ္တို႔ကလည္း မလိုလားဘူး အဓိက အဲ့ဒါပဲ။ ေျမပုံကလူေတြကန႔္ကြက္တယ္ မရေတာ့ဘူး။ သူတို႔ မူလေနတဲ့ ေနရာကေန ၃၊ ၄ မိုင္ေဝးတဲ့ ေနရာမွာ သြားၿပီး ေနရာခ်တယ္။ ေျမပုံက လူေတြအားလုံး ေရလုပ္ငန္းလုပ္စားတယ္ေနာ္။ ပင္လယ္နဲ႔ ေဝးတယ္ ၃၊ ၄ မိုင္ေဝးတဲ့ ေနရာမွာ သြားၿပီးေတာ့ ေနရာခ်ေတာ့ သူတို႔လုပ္စားလို႔ မရေတာ့ဘူး။ အခုေနရာခ်တဲ့ေနရာမွာသူတို႔မွာ လယ္ေျမဘာညာလည္း ရွိတာမဟုတ္ဘူးဘယ္လို ထမင္းစားမလဲ။ အဲ့ဒီေတာ့ သူေနရာနဲ႔ သူမေပးဘဲနဲ႔ တျခားေနရာမွာ ေပးတဲ့ဟာက ငါးကို ကုန္းေပၚမွာတင္ထားသလို ျဖစ္သြားမယ္၊ ငါးေသမွာပဲ။ ဒါမ်ိဳး မလုပ္သင့္ဘူး၊ ဒါလူ႔အခြင့္အေရးခ်ိဳးေဖာက္မႈပဲ။ ICJ ကစြဲထားတဲ့ အမႈမွာလည္း ၿငိစြန္းသြားႏိုင္တယ္လို႔ က်ေနာ္ျမင္တယ္။”

ကုလရဲ႕ အတြင္းေရးမွဴးေဟာင္း ကိုဖီအာနန္ဦးေဆာင္ခဲ့တဲ့ အႀကံေပးေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာ တစ္ခ်က္အပါအဝင္ျဖစ္တဲ့ IDP ေတြကို မူလေနထိုင္ရာ ေနရာေတြကို ျပန္ေ႐ႊ႕ေပးဖို႔ အႀကံေပးထားတဲ့ ကိစၥနဲ႔ ပတ္သက္ၿပီး ျမန္မာအစိုးရရဲ႕ လုပ္ေဆာင္ခ်က္နဲ႔ ပတ္သက္လို႔ ဦးေက်ာ္မင္းက ခုလို သုံးသပ္ပါတယ္။

“မူလ ႐ိုဟင္ဂ်ာေတြရဲ႕ ေနရာ၊ အဲ့ဒီမွာ ရခိုင္ေတြလည္း က်ဴးေက်ာ္ၿပီးေတာ့ အိမ္ေတြေဆာက္ေနတာကို အစိုးရက ျမင္ေနမွာေပါ့၊ မျမင္ဘဲေနမလား အိမ္ေျခ ၁,၂၀၀ ဆိုတာနည္းတာမွ မဟုတ္တာ။ အဲ့ေတာ့ အစိုးရ ေပၚလစီကိုယ္၌က ကိုဖီအာနန္ေျပာတာနဲ႔ ဆန႔္က်င္ဘက္ျဖစ္ေနတယ္ေပါ့။ ဒီလူေတြကို မူလေနရာ မေပးခ်င္လို႔ ရခိုင္ေတြကို သူတို႔ရဲ႕ ေနရာမွာ အိမ္ေဆာက္ခြင့္ေပးခဲ့တာပါ။ အျခားၿမိဳ႕နယ္ေတြ ဥပမာ ေက်ာက္ျဖဴ၊ ေက်ာက္ျဖဴမွာလည္း ဒီလိုပဲ၊ မူလေနရာကို မေပးႏိုင္ရင္ တျခားေနရာကို ေပးရမယ္။ အဲ့ေတာ့ ကိုဖီအာနန္ေျပာတဲ့အထဲမွာ မူလေနရာဟာ ပထမ ဦးစားေပး မတတ္သာမွဘဲ တျခားသင့္ေတာ္တဲ့ ေနရာလို႔ပါတယ္။ အားလုံးကို သူ႔ေနရာသူ႔ မေပးႏိုင္ျဖစ္ေနတယ္ဆိုေတာ့ အစိုးရ ေပၚလစီထဲမွာကို ဒီလူေတြကို ေနရာရင္း မူလေနရာ မေပးခ်င္တဲ့ ေပၚလစီရွိေနတယ္ေပါ့။”

ကိုဖီအာနန္ေကာ္မရွင္ရဲ႕ အႀကံျပဳခ်က္ေတြထဲမွာ IDP ေတြကို သူတို႔ မူလေနထိုင္ရာ ဒါမွမဟုတ္ တျခားေနရာသစ္ကို ျပန္လည္ေ႐ႊ႕ေျပာင္းေပးမယ္ဆိုရင္ သူတို႔ရဲ႕ သေဘာဆႏၵအရသာ ေဆာင္႐ြက္ေပးရမယ္၊ လုံၿခဳံမႈရွိရမယ္ဆိုတာေတြအျပင္ ဂုဏ္သိကၡာနဲ႔အညီ ေျပာင္းေ႐ြ႕ႏိုင္ရမယ္ ဆိုတဲ့ အခ်က္လည္း ပါဝင္ပါတယ္။ အဲ့ဒါေတြအျပင္ သူတို႔မူလေနထိုင္ရာ ေဒသေတြမွာ ျပန္လည္ေနထိုင္ႏိုင္ဖို႔ ဦးစားေပး ေဆာင္႐ြက္ရမွာ ျဖစ္ၿပီး အဲ့ဒီလို မလုပ္ႏိုင္ဘူးဆိုရင္ IDP ေတြေျပာင္းေ႐ႊ႕လိုတဲ့ ေနရာသစ္ကို ေျပာင္းေ႐ႊ႕ႏိုင္ဖို႔ ေဆာင္႐ြက္ေပးရမယ္လို႔လည္း အႀကံေပးထားပါတယ္။

ရခိုင္ျပည္နယ္ေျမာက္ပိုင္းမွာ ၂၀၁၂ ခုႏွစ္နဲ႔ ၂၀၁၆ ခုႏွစ္က ျဖစ္ခဲတဲ့ လူမ်ိဳးေရး ဘာသာေရး အသြင္ေဆာင္ အၾကမ္းဖက္ ပဋိပကၡေတြေၾကာင့္ ေဒသခံရခိုင္ျပည္သူေတြေရာ မြတ္ဆလင္ေတြပါ ေဘးလြတ္ရာကို အိုးအိမ္စြန႔္ခြာ ထြက္ေျပးခဲ့ၾကရၿပီး ႐ိုဟင္ဂ်ာ ၆၀၀,၀၀၀ ေလာက္ ျပည္တြင္းဒုကၡသည္စခန္းေတြမွာ ေနထိုင္ေနၾကရတာပါ။ အိမ္နီးခ်င္း ဘဂၤလားေဒ့ရ္ွႏိုင္ငံထဲမွာေတာ့ ဒုကၡသည္ ၉၀၀,၀၀၀ ဝန္းက်င္ေလာက္ ရွိေနပါတယ္။ အဲဒီေဒသက မြတ္ဆလင္အသိုင္းအဝိုင္းကို ႐ိုဟင္ဂ်ာအျဖစ္ ျမန္မာအစိုးရက အသိအမွတ္မျပဳေပးမဲ့လို႔ ဒုကၡသည္ေတြ ျပန္လည္လက္ခံေရး ေနရာခ်ထားေရးေတြကို မူအားျဖင့္ လက္ခံထားပါတယ္။

ဒုကၡသည္ေတြနဲ႔ ပတ္သက္လို႔ စိုးရိမ္မကင္းေၾကာင္း ထုတ္ျပန္တဲ့ ဒီမိုကေရစီနဲ႔ လူ႔အခြင့္အေရးပါတီဟာ ၁၉၉၀ ခုႏွစ္ေ႐ြးေကာက္ပြဲမွာ ရခိုင္ေျမာက္ပိုင္း ႐ိုဟင္ဂ်ာေဒသမွာ လႊတ္ေတာ္အမတ္ ေလးေနရာရခဲ့ၿပီး ၂၀၁၃ ခုႏွစ္မွာ ႏိုင္ငံေရးပါတီအျဖစ္ တရားဝင္ျပန္မွတ္ပုံတင္ခဲ့ပါတယ္။ ၂၀၁၅ ေ႐ြးေကာက္ပြဲမွာေတာ့ ကိုယ္စားလွယ္အေတာ္မ်ားမ်ား ဝင္ေရာက္ယွဥ္ၿပိဳင္ခြင့္မရခဲ့ပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာ IDP တွေ နေရပ်ရင်းမှာ အခြေချနိုင်ရေး DHRP ပါတီ တိုက်တွန်း

IDP စခန်းတွေမှာရှိတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လည်နေရာချထားပေးရာမှာ အဆင်မပြေမှုတွေရှိနေသလို၊ လူ့အခွင့်အရေးချိုးဖောက်မှု ထပ်မံကျူးလွန်တဲ့ အခြေအနေမျိုးဖြစ်နေတယ်လို့ နိုင်ငံရေးပါတီတခုက သတိပေးလိုက်တာကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပေးပါမယ်။

ကျောက်ဖြူမြို့ ကျောက်တစ်လုံးဘက်မှာရှိတဲ့ ဒုက္ခသည်စခန်းက ရိုဟင်ဂျာတွေကိုလည်း မူလနေရာမဟုတ်ဘဲ ကျောက်တစ်လုံးကနေ နှစ်ဖာလုံနီးပါးဝေးတဲ့ နေရာမှာနေရာချထားပေးဖို့ ဆောင်ရွက်နေတယ်လို့ သမ္မတရုံးပြောခွင့်ရသူ ဦးဇော်ဌေးက မေလ ၃၀ ရက်နေ့သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုအပြီး အခုလို တုံ့ပြန်လာတာပါ။

ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီ DHRP ရဲ့ မေလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဒီ ဒုက္ခသည်တွေကို မူရင်းနေရာတွေမှာ ပြန်လည်နေရာချထားပေးဖို့ တိုက်တွန်းသလို၊ သူတို့ရဲ့မူလနိုင်ငံသား အခွင့်အရေးတွေကို ပြန်ပေးဖို့လည်း တောင်းဆိုထားပါတယ်။ ခရီးသွားအထောက်အထား မရှိဘူးဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထောင်ချခံရသူ ရိုဟင်ဂျာ ၈၀၀ ကျော် ပြန်လွှတ်ပေးခဲ့တာကို ကြိုဆိုကြောင်းဖော်ပြသလို ဥပဒေအကာအကွယ်မရဘဲ ဖမ်းဆီးထောင်ချခံရတဲ့ ကျန်တဲ့သူတွေကိုလည်း ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။

ရိုဟင်ဂျာအရေးနဲ့ ပတ်သက်လို့ ICJ ရဲ့ ကြားဖြတ်အစီအမံကိုလည်း အလေးအနက်ထားဖို့ တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေရဲ့ မူရင်းအိမ်ရာတွေမှာ အခြားကျူးကျော်ဆောက်လုပ်နေထိုင်မှုတွေဟာ ICJ ရဲ့ ကြားဖြတ်အစီအမံနဲ့လည်း ငြိစွန်းတယ်ဆိုပြီး ထောက်ပြထားပါတယ်။

IDP ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေကို သူတို့ရဲ့ မူလ နေရာအစစ်ကို ပြန်ပေးသင့်ပြီး နေရာ အစားထိုးပေးတာက သူတို့တွေအတွက် ပိုပြီး အခက်အခဲဖြစ်စေတယ်လို့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းက VOA ကို ခုလိုပြောပြပါတယ်။

“သူ့နေရာသူ ရောက်သွားရင် ပြဿနာရှင်းသွားမယ်။ အစိုးရဆီက တခြားသော ငွေရေးကြေးရေး ပစ္စည်း ဥစ္စာ အကူအညီမပေးလည်း ရတယ်။ ဒီလူတွေက ကိုယ်ဟာကိုယ် ဒုက္ခခံပြီးတော့ အလုပ်လုပ်ပြီးတော့ ထမင်းစားမယ်။ နေရာတစ်ခု ရဖို့လိုတာ။ ရခိုင်ပြည် မြို့ပေါ်က နေရာတွေကနေ မောင်းထုတ်ပစ်ပြီးတော့ နယ်စွန်နယ်ဖျားကို ပို့တာ၊ အဲ့ဒီတော့ ဒုက္ခသည်တွေကလည်း မလိုလားဘူး။ ကျနော်တို့ကလည်း မလိုလားဘူး အဓိက အဲ့ဒါပဲ။ မြေပုံကလူတွေကန့်ကွက်တယ် မရတော့ဘူး။ သူတို့ မူလနေတဲ့ နေရာကနေ ၃၊ ၄ မိုင်ဝေးတဲ့ နေရာမှာ သွားပြီး နေရာချတယ်။ မြေပုံက လူတွေအားလုံး ရေလုပ်ငန်းလုပ်စားတယ်နော်။ ပင်လယ်နဲ့ ဝေးတယ် ၃၊ ၄ မိုင်ဝေးတဲ့ နေရာမှာ သွားပြီးတော့ နေရာချတော့ သူတို့လုပ်စားလို့ မရတော့ဘူး။ အခုနေရာချတဲ့နေရာမှာသူတို့မှာ လယ်မြေဘာညာလည်း ရှိတာမဟုတ်ဘူးဘယ်လို ထမင်းစားမလဲ။ အဲ့ဒီတော့ သူနေရာနဲ့ သူမပေးဘဲနဲ့ တခြားနေရာမှာ ပေးတဲ့ဟာက ငါးကို ကုန်းပေါ်မှာတင်ထားသလို ဖြစ်သွားမယ်၊ ငါးသေမှာပဲ။ ဒါမျိုး မလုပ်သင့်ဘူး၊ ဒါလူ့အခွင့်အရေးချိုးဖောက်မှုပဲ။ ICJ ကစွဲထားတဲ့ အမှုမှာလည်း ငြိစွန်းသွားနိုင်တယ်လို့ ကျနော်မြင်တယ်။”

ကုလရဲ့ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်ခဲ့တဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ တစ်ချက်အပါအဝင်ဖြစ်တဲ့ IDP တွေကို မူလနေထိုင်ရာ နေရာတွေကို ပြန်ရွှေ့ပေးဖို့ အကြံပေးထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရရဲ့ လုပ်ဆောင်ချက်နဲ့ ပတ်သက်လို့ ဦးကျော်မင်းက ခုလို သုံးသပ်ပါတယ်။

“မူလ ရိုဟင်ဂျာတွေရဲ့ နေရာ၊ အဲ့ဒီမှာ ရခိုင်တွေလည်း ကျူးကျော်ပြီးတော့ အိမ်တွေဆောက်နေတာကို အစိုးရက မြင်နေမှာပေါ့၊ မမြင်ဘဲနေမလား အိမ်ခြေ ၁,၂၀၀ ဆိုတာနည်းတာမှ မဟုတ်တာ။ အဲ့တော့ အစိုးရ ပေါ်လစီကိုယ်၌က ကိုဖီအာနန်ပြောတာနဲ့ ဆန့်ကျင်ဘက်ဖြစ်နေတယ်ပေါ့။ ဒီလူတွေကို မူလနေရာ မပေးချင်လို့ ရခိုင်တွေကို သူတို့ရဲ့ နေရာမှာ အိမ်ဆောက်ခွင့်ပေးခဲ့တာပါ။ အခြားမြို့နယ်တွေ ဥပမာ ကျောက်ဖြူ၊ ကျောက်ဖြူမှာလည်း ဒီလိုပဲ၊ မူလနေရာကို မပေးနိုင်ရင် တခြားနေရာကို ပေးရမယ်။ အဲ့တော့ ကိုဖီအာနန်ပြောတဲ့အထဲမှာ မူလနေရာဟာ ပထမ ဦးစားပေး မတတ်သာမှဘဲ တခြားသင့်တော်တဲ့ နေရာလို့ပါတယ်။ အားလုံးကို သူ့နေရာသူ့ မပေးနိုင်ဖြစ်နေတယ်ဆိုတော့ အစိုးရ ပေါ်လစီထဲမှာကို ဒီလူတွေကို နေရာရင်း မူလနေရာ မပေးချင်တဲ့ ပေါ်လစီရှိနေတယ်ပေါ့။”

ကိုဖီအာနန်ကော်မရှင်ရဲ့ အကြံပြုချက်တွေထဲမှာ IDP တွေကို သူတို့ မူလနေထိုင်ရာ ဒါမှမဟုတ် တခြားနေရာသစ်ကို ပြန်လည်ရွှေ့ပြောင်းပေးမယ်ဆိုရင် သူတို့ရဲ့ သဘောဆန္ဒအရသာ ဆောင်ရွက်ပေးရမယ်၊ လုံခြုံမှုရှိရမယ်ဆိုတာတွေအပြင် ဂုဏ်သိက္ခာနဲ့အညီ ပြောင်းရွေ့နိုင်ရမယ် ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ အဲ့ဒါတွေအပြင် သူတို့မူလနေထိုင်ရာ ဒေသတွေမှာ ပြန်လည်နေထိုင်နိုင်ဖို့ ဦးစားပေး ဆောင်ရွက်ရမှာ ဖြစ်ပြီး အဲ့ဒီလို မလုပ်နိုင်ဘူးဆိုရင် IDP တွေပြောင်းရွှေ့လိုတဲ့ နေရာသစ်ကို ပြောင်းရွှေ့နိုင်ဖို့ ဆောင်ရွက်ပေးရမယ်လို့လည်း အကြံပေးထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၂ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်က ဖြစ်ခဲတဲ့ လူမျိုးရေး ဘာသာရေး အသွင်ဆောင် အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဒေသခံရခိုင်ပြည်သူတွေရော မွတ်ဆလင်တွေပါ ဘေးလွတ်ရာကို အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး ရိုဟင်ဂျာ ၆၀၀,၀၀၀ လောက် ပြည်တွင်းဒုက္ခသည်စခန်းတွေမှာ နေထိုင်နေကြရတာပါ။ အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှနိုင်ငံထဲမှာတော့ ဒုက္ခသည် ၉၀၀,၀၀၀ ဝန်းကျင်လောက် ရှိနေပါတယ်။ အဲဒီဒေသက မွတ်ဆလင်အသိုင်းအဝိုင်းကို ရိုဟင်ဂျာအဖြစ် မြန်မာအစိုးရက အသိအမှတ်မပြုပေးမဲ့လို့ ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး နေရာချထားရေးတွေကို မူအားဖြင့် လက်ခံထားပါတယ်။

ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စိုးရိမ်မကင်းကြောင်း ထုတ်ပြန်တဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးပါတီဟာ ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲမှာ ရခိုင်မြောက်ပိုင်း ရိုဟင်ဂျာဒေသမှာ လွှတ်တော်အမတ် လေးနေရာရခဲ့ပြီး ၂၀၁၃ ခုနှစ်မှာ နိုင်ငံရေးပါတီအဖြစ် တရားဝင်ပြန်မှတ်ပုံတင်ခဲ့ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ကိုယ်စားလှယ်အတော်များများ ဝင်ရောက်ယှဉ်ပြိုင်ခွင့်မရခဲ့ပါဘူး။

XS
SM
MD
LG