သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

စစ္ေတြက မြတ္ဆလင္ရပ္ကြက္ က်ဴးေက်ာ္ေတြ ဖယ္ရွားဖို႔အမိန္႔ ျပန္႐ုပ္သိမ္း


စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)

[Zawgyi/Unicode]

ယခင္က ရိုဟင္ဂ်ာေတြ ေနထိုင္ခဲ့တဲ့ ရခိုင္ျပည္နယ္ စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္က က်ဴးေက်ာ္ေတြကို ဖယ္ရွားဖို႔ အမိန႔္ ထုတ္ၿပီးေနာက္မွပဲ အဲဒီအမိန႔္ကို ျပန္႐ုပ္သိမ္းလိုက္တဲ့အေပၚေ၀ဖန္မႈေတြ ရွိေနတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးခ်င္ပါတယ္။

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္က က်ဴးေက်ာ္အိမ္ယာ ၁,၂၅၀ ေက်ာ္ကို အခ်ိန္သုံးလအတြင္း ဖယ္ရွားဖို႔ ျမိဳ႕နယ္အာဏာ ပိုင္ေတြက ဒီလ ၁၄ ရက္ေန႔က အမိန္႔ထုတ္ျပန္ထားေပမဲ့ ေမလ ၁၉ ရက္ေန႔မွာ အမိန္႔ျပန္ရုပ္သိမ္းလိုက္တယ္လို႔ စစ္ေတြၿမိဳ႕မိၿမိဳ႕ဖတဦးျဖစ္သူ ဦးေမာင္သာစိန္ကေျပာပါတယ္။

“အဲဒီစက္႐ုံစုရပ္ကြက္မွာ က်ဴးေက်ာ္ေတြကို ဖယ္ရွားဖို႔အတြက္ ၁၄ ရက္ေန႔က စာထုတ္တယ္။ အခုတခါ အဲဒီ ျမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴးကိုယ္တိုင္ပဲ ၁၉ ရက္ေန႕မွာပဲ သူကိုယ္တိုင္လက္မွတ္ထိုးျပီးေတာ့ ရံုးထုတ္ တယ္ဆိုတဲ့ဟာမ်ိဳး ထုတ္ ထားတာေတြ႕ရတယ္။”

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)
စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)

အမိန႔္ ျပန္လည္ ႐ုပ္သိမ္းသြားတဲ့ကိစၥနဲ႔ ပတ္သက္လို႔ ရွင္းရွင္းလင္းလင္းမသိရေပမဲ့ က်ဴးေက်ာ္ေတြ ဖယ္ရွားေရး အမိန႔္စာကို ရပ္ကြက္႐ုံးေၾကာ္ျငာဘုတ္မွာ ကပ္ခဲ့တဲ့၊ စက္႐ုံစုရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးတဦး အသတ္ခံရတဲ့ ကိစၥနဲ႔ ဆက္စပ္ႏိုင္တယ္လို႔ ဦးေမာင္သာစိန္က ယူဆပါတယ္။

“အဲဒီစာထုတ္ျပီးတဲ့ေနာက္ပိုင္းမွာ က်ေနာ္တို႔ စက္ရံုစုရပ္ကြက္ကေလ အဲဒီက်ဴးေက်ာ္အိမ္ေတြရွိတဲ့ ရပ္ကြက္က ရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴးတေယာက္လည္း အသတ္ခံရတယ္ေလ။ အဲဒီအေၾကာင္းအရာနဲ႔ ပတ္သက္တယ္လို႔ ယူဆရတဲ့ သေဘာရွိတယ္။”

ျပီးခဲ့တဲ့ေမလ ၁၉ ရက္ေန႕က စက္႐ုံစုရပ္ကြက္ အုပ္ခ်ဳပ္ေရးမႉးဦးသိန္းလွႈိင္ဟာ အမည္မသိသူေတြရဲ႕ လက္ခ်က္နဲ႔ လုပ္ၾကံသတ္ျဖတ္ခံခဲ့ရတာပါ။ လုပ္ၾကံခံရတဲ့ အေၾကာင္းအရင္းကလည္း က်ဴးေက်ာ္ေတြ ဖယ္ရွားေရးကိစၥနဲ႔ ဆက္စပ္နိုင္တယ္လို႔ ျမိဳ႕ခံေတြကယူဆေနၾကတာပါ။

စက္႐ုံစုရပ္ကြက္က က်ဴးေက်ာ္ေတြကို ဖယ္ရွားဖို႔ အမိန႔္ထုတ္ျပန္တာဟာ ရိုဟင္ဂ်ာမူဆလင္ေတြအေပၚ လူမ်ိဳးတုံး သတ္ျဖတ္မႈနဲ႔ စြပ္စြဲခံထားရတဲ့ ျမန္မာအစိုးရဘက္က အျပည္ျပည္ဆိုင္ရာတရား႐ုံး ICJ ကို မၾကာခင္ ပထမဆုံး အစီရင္ခံစာ ေပးပို႔ရမယ့္အခ်ိန္နဲ႔လည္း တိုက္ဆိုင္ခဲ့ပါတယ္။ ရိုဟင္ဂ်ာအသံုးအႏႈန္းကို လက္မခံတဲ့ ျမန္မာအစိုးရကေတာ့ ၿပီးခဲ့တဲ့ ေမလ ၂၃ ရက္ေန႔ကပဲ ပထမဆံုးအစီရင္ခံစာကို ICJ ထံ တင္သြင္းခဲ့ၿပီးပါၿပီ။ ဒါေပမဲ့ အစီရင္ခံထဲ ဘာေတြပါ၀င္သလည္းဆိုတာ အမ်ားျပည္သူကို ထုတ္ျပန္တာမရိွပါဘူး။

စစ္ေတြၿမိဳ႕က က်ဴးေက်ာ္ေတြကို ဖယ္ရွားခိုင္းတာနဲ႔ အမိန္႔ျပန္ရုပ္သိမ္းတာဟာ ICJ ရဲ႕ဖိအားကို ေရွာင္လႊဲတာလို႔လည္း အေနာက္တံခါးေဒသ ကူညီေစာင့္ေရွာက္ေရးအဖြဲ႔ ေခါင္းေဆာင္ဦးေအာင္ေဌးက သုံးသပ္ပါတယ္။

“ဒီ ICJ ကိစၥေၾကာင့္လည္း ဒီဥစၥာေတြကို နည္းနည္းဖန္တီးတဲ့သေဘာလည္း ျဖစ္ခ်င္ျဖစ္နိုင္တာေပါ့။”

အမိန႔္ ျပန္လည္႐ုပ္သိမ္းသြားတဲ့ကိစၥနဲ႔ ပတ္သက္လို႔ အေၾကာင္းရင္းသိနိုင္ဖို႔ ျမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႉးကို ဆက္သြယ္လို႔ မရခဲ့သလို ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ေျပာေရးဆိုခြင့္ကလည္း ေျဖၾကားျခင္း မရွိခဲ့ပါဘူး။

စက္႐ုံစုရပ္ကြက္ကေန သကၠယ္ျပင္ေက်းရြာမွာ ထြက္ေျပးခိုလႈံေနရတဲ့ မူဆလင္အမ်ိဳးသားတဦးကေတာ့ က်ဴးေက်ာ္ အိမ္ဖယ္ရွားေရးအမ္ိန္႔ ျပန္ရုပ္သိမ္းလိုက္တာေၾကာင့္ သူတို႔အေနနဲ႔ ေနရပ္ရင္းကိုျပန္ဖို႔ ေမွ်ာ္လင့္ခ်က္မရွိေတာ့ဘူးလို႔ေျပာပါတယ္။

“အစိုးရက သူတို႔က်ဴးေက်ာ္မယ္၊ ဖယ္ရွားဖယ္လိုက္တာနဲ႔ က်ေနာ္တို႔ ျပန္ရမယ္လို႔ထင္တယ္ေလ။ အခုက ဖယ္မိန္႔ ရုပ္သိမ္းလိုက္တာနဲ႔ က်ေနာ္တို႔နယ္ကို က်ေနာ္တို႔ ဘာမွမရဘူးပုံစံမ်ိဳး တမ်ိဳးျဖစ္သြားတယ္ေလ။”

သကၠယ္ျပင္ေက်းရြာေန မူဆလင္ေခါင္းေဆာင္တစ္ဦးျဖစ္သူ ဦးေက်ာ္လွေအာင္ကေတာ့ က်ဴးေက်ာ္ေတြ ဖယ္ရွားေရး အမိန္႔ထုတ္ျပန္ျပီး အခုလိုျပန္ရုပ္သိမ္းတဲ့အေပၚ အစိုးရအေနနဲ႔ ဥပေဒစိုးမိုးေရးအားနည္းေၾကာင္းေျပာပါတယ္။

“ေျပာရမယ္ဆိုရင္ ဥပေဒစိုးမိုးမႈ မရွိသလို ျဖစ္ေနတယ္။ က်ေနာ္တို႔နိုင္ငံမွာ အဲဒီလိုပဲက်ေနာ္ျမင္တယ္။”

ၿပီးခဲ့တဲ့၂၀၁၂ ခုႏွစ္ ဇြန္လက စစ္ေတြၿမိဳ႕မွာျဖစ္ပြားခဲ့တဲ့ ပဋိပကၡအတြင္း ေနအိမ္ေတြ မီးရိႈ႕ခံခဲ့ရတဲ့ မူစလင္ ၁၀၀,၀၀၀ ေက်ာ္ဟာ စစ္ေတြၿမိဳ႕ အေနာက္ဘက္က ဒုကၡသည္စခန္းအသီးသီးမွာ ေျပာင္းေရႊ႕ေနထိုင္ေနၾကရပါတယ္။

တိမ္းေရွာင္သြားတဲ့ မြတ္စလင္ေတြ ေနထိုင္ခဲ့တဲ့ အဲဒီစက္႐ုံစုရပ္ကြက္မွာ အနယ္နယ္အရပ္ရပ္က လူေတြ ဝင္ေရာက္ေနထိုင္ခဲ့တာ အခုဆိုအိမ္ေျခ ၃,၀၀၀ ေက်ာ္ေနျပီးျဖစ္ပါတယ္။

လူမ်ိဳး ဘာသာေရးအသြင္ေဆာင္ ပဋိပကၡေတြေၾကာင့္ စစ္ေတြ ေက်ာက္ျဖဴ ေျမပုံ ေပါက္ေတာ ရေသ့ေတာင္ျမိဳ႕နယ္က မူဆလင္ ၁၅၀,၀၀၀ ေက်ာ္ဟာ သေကၠျပင္ ေဘာဒူဖ သဲေခ်ာင္း အုန္းေတာၾကီး ခ်မ္းသာကုန္းအစရွိတဲ့ ဒုကၡသည္စခန္းေတြမွာ ခိုလံႈေနရဆဲျဖစ္ျပီး မူလေနရပ္ရင္းကို မျပန္နိုင္ၾကေသးပါဘူး။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

စစ်တွေက မွတ်ဆလင်ရပ်ကွက် ကျူးကျော်တွေ ဖယ်ရှားဖို့အမိန့် ပြန်ရုပ်သိမ်း

ယခင်က ရိုဟင်ဂျာတွေ နေထိုင်ခဲ့တဲ့ ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ်ရှားဖို့ အမိန့် ထုတ်ပြီးနောက်မှပဲ အဲဒီအမိန့်ကို ပြန်ရုပ်သိမ်းလိုက်တဲ့အပေါ်ဝေဖန်မှုတွေ ရှိနေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးချင်ပါတယ်။

စစ်တွေမြို့ စက်ရုံစုရပ်ကွက်က ကျူးကျော်အိမ်ယာ ၁,၂၅၀ ကျော်ကို အချိန်သုံးလအတွင်း ဖယ်ရှားဖို့ မြို့နယ်အာဏာ ပိုင်တွေက ဒီလ ၁၄ ရက်နေ့က အမိန့်ထုတ်ပြန်ထားပေမဲ့ မေလ ၁၉ ရက်နေ့မှာ အမိန့်ပြန်ရုပ်သိမ်းလိုက်တယ်လို့ စစ်တွေမြို့မိမြို့ဖတဦးဖြစ်သူ ဦးမောင်သာစိန်ကပြောပါတယ်။

“အဲဒီစက်ရုံစုရပ်ကွက်မှာ ကျူးကျော်တွေကို ဖယ်ရှားဖို့အတွက် ၁၄ ရက်နေ့က စာထုတ်တယ်။ အခုတခါ အဲဒီ မြို့နယ် အုပ်ချုပ်ရေးမှူးကိုယ်တိုင်ပဲ ၁၉ ရက် နေ့မှာပဲ သူကိုယ်တိုင်လက်မှတ်ထိုးပြီးတော့ ရုပ်သိမ်းတယ်ဆိုတဲ့ဟာမျိုး ထုတ် ထားတာတွေ့ရတယ်။”

အမိန့် ပြန်လည် ရုပ်သိမ်းသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်းမသိရပေမဲ့ ကျူးကျော်တွေ ဖယ်ရှားရေး အမိန့်စာကို ရပ်ကွက်ရုံးကြော်ငြာဘုတ်မှာ ကပ်ခဲ့တဲ့၊ စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးတဦး အသတ်ခံရတဲ့ ကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ ဦးမောင်သာစိန်က ယူဆပါတယ်။

“အဲဒီစာထုတ်ပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ စက်ရုံစုရပ်ကွက်ကလေ အဲဒီကျူးကျော်အိမ်တွေရှိတဲ့ ရပ်ကွက်က ရပ်ကွက်အုပ်ချုပ်ရေးမှူးတယောက်လည်း အသတ်ခံရတယ်လေ။ အဲဒီအကြောင်းအရာနဲ့ ပတ်သက်တယ်လို့ ယူဆရတဲ့ သဘောရှိတယ်။”

ပြီးခဲ့တဲ့မေလ ၁၉ ရက်နေ့က စက်ရုံစုရပ်ကွက် အုပ်ချုပ်ရေးမှူးဦးသိန်းလှှိုင်ဟာ အမည်မသိသူတွေရဲ့ လက်ချက်နဲ့ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာပါ။ လုပ်ကြံခံရတဲ့ အကြောင်းအရင်းကလည်း ကျူးကျော်တွေ ဖယ်ရှားရေးကိစ္စနဲ့ ဆက်စပ်နိုင်တယ်လို့ မြို့ခံတွေကယူဆနေကြတာပါ။

စက်ရုံစုရပ်ကွက်က ကျူးကျော်တွေကို ဖယ်ရှားဖို့ အမိန့်ထုတ်ပြန်တာဟာ ရိုဟင်ဂျာမူဆလင်တွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ မြန်မာအစိုးရဘက်က အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကို မကြာခင် ပထမဆုံး အစီရင်ခံစာ ပေးပို့ရမယ့်အချိန်နဲ့လည်း တိုက်ဆိုင်ခဲ့ပါတယ်။ ရိုဟင်ဂျာအသုံးအနှုန်းကို လက်မခံတဲ့ မြန်မာအစိုးရကတော့ ပြီးခဲ့တဲ့ မေလ ၂၃ ရက်နေ့ကပဲ ပထမဆုံးအစီရင်ခံစာကို ICJ ထံ တင်သွင်းခဲ့ပြီးပါပြီ။ ဒါပေမယ့် အစီရင်ခံထဲ ဘာတွေပါဝင်သလည်းဆိုတာ အများပြည်သူကို ထုတ်ပြန်တာမရှိပါဘူး။

စစ်တွေမြို့က ကျူးကျော်တွေကို ဖယ်ရှားခိုင်းတာနဲ့ အမိန့်ပြန်ရုပ်သိမ်းတာဟာ ICJ ရဲ့ဖိအားကို ရှောင်လွှဲတာလို့လည်း အနောက်တံခါးဒေသ ကူညီစောင့်ရှောက်ရေးအဖွဲ့ ခေါင်းဆောင်ဦးအောင်ဌေးက သုံးသပ်ပါတယ်။

“ဒီ ICJ ကိစ္စကြောင့်လည်း ဒီဥစ္စာတွေကို နည်းနည်းဖန်တီးတဲ့သဘောလည်း ဖြစ်ချင်ဖြစ်နိုင်တာပေါ့။”

အမိန့် ပြန်လည်ရုပ်သိမ်းသွားတဲ့ကိစ္စနဲ့ ပတ်သက်လို့ အကြောင်းရင်းသိနိုင်ဖို့ မြို့နယ်အုပ်ချုပ်ရေးမှူးကို ဆက်သွယ်လို့ မရခဲ့သလို ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောရေးဆိုခွင့်ကလည်း ဖြေကြားခြင်း မရှိခဲ့ပါဘူး။

စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)
စစ္ေတြၿမိဳ႕ စက္႐ုံစုရပ္ကြက္ (ဓာတ္ပုံ - Morn Kaung)

စက်ရုံစုရပ်ကွက်ကနေ သက္ကယ်ပြင်ကျေးရွာမှာ ထွက်ပြေးခိုလှုံနေရတဲ့ မူဆလင်အမျိုးသားတဦးကတော့ ကျူးကျော် အိမ်ဖယ်ရှားရေးအမိန့် ပြန်ရုပ်သိမ်းလိုက်တာကြောင့် သူတို့အနေနဲ့ နေရပ်ရင်းကိုပြန်ဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ပြောပါတယ်။

“အစိုးရက သူတို့ကျူးကျော်မယ် ဖယ်ရှားဖယ်လိုက်တာနဲ့ ကျနော်တို့ ပြန်ရမယ်လို့ထင်တယ်လေ။ အခုက ဖယ်မိန့် ရုပ်သိမ်းလိုက်တာနဲ့ ကျနော်တို့နယ်ကို ကျနော်တို့ ဘာမှမရဘူးပုံစံမျိုး တမျိုးဖြစ်သွားတယ်လေ။”

သက္ကယ်ပြင်ကျေးရွာနေ မူဆလင်ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကျော်လှအောင်ကတော့ ကျူးကျော်တွေ ဖယ်ရှားရေး အမိန့်ထုတ်ပြန်ပြီး အခုလိုပြန်ရုပ်သိမ်းတဲ့အပေါ် အစိုးရအနေနဲ့ ဥပဒေစိုးမိုးရေးအားနည်းကြောင်းပြောပါတယ်။

“ပြောရမယ်ဆိုရင် ဥပဒေစိုးမိုးမှု မရှိသလို ဖြစ်နေတယ်။ ကျနော်တို့နိုင်ငံမှာ အဲဒီလိုပဲကျနော်မြင်တယ်။”

ပြီးခဲ့တဲ့၂၀၁၂ ခုနှစ် ဇွန်လက စစ်တွေမြို့မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခအတွင်း နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့ မူစလင် ၁၀၀,၀၀၀ ကျော်ဟာ စစ်တွေမြို့ အနောက်ဘက်က ဒုက္ခသည်စခန်းအသီးသီးမှာ ပြောင်းရွှေ့နေထိုင်နေကြရပါတယ်။

တိမ်းရှောင်သွားတဲ့ မွတ်စလင်တွေ နေထိုင်ခဲ့တဲ့ အဲဒီစက်ရုံစုရပ်ကွက်မှာ အနယ်နယ်အရပ်ရပ်က လူတွေ ဝင်ရောက်နေထိုင်ခဲ့တာ အခုဆိုအိမ်ခြေ ၃,၀၀၀ ကျော်နေပြီးဖြစ်ပါတယ်။

လူမျိုး ဘာသာရေးအသွင်ဆောင် ပဋိပက္ခတွေကြောင့် စစ်တွေ ကျောက်ဖြူ မြေပုံ ပေါက်တော ရသေ့တောင်မြို့နယ်က မူဆလင် ၁၅၀,၀၀၀ ကျော်ဟာ သက္ကေပြင် ဘောဒူဖ သဲချောင်း အုန်းတောကြီး ချမ်းသာကုန်းအစရှိတဲ့ ဒုက္ခသည်စခန်း တွေမှာ ခိုလှုံနေရဆဲဖြစ်ပြီး မူလနေရပ်ရင်းကို မပြန်နိုင်ကြသေးပါဘူး။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG