သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 ေၾကာင့္ ဘဂၤလားေဒ့ရွ္ေရာက္ ႐ုိဟင္ဂ်ာဒုကၡသည္တစ္ဦးေသဆုံး


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar က ကုတုပေလာင္ ရိုဟင္ဂ်ာဒုကၡသည္စခန္းမွာ သတိေပးခ်က္ေတြ ေၾကျငာေနတဲ့ ျမင္ကြင္း။ (ေမ၊ ၁၅၊ ၂၀၂၀)

[Zawgyi/Unicode]

ဘဂၤလားေဒ့ရွ္ႏိုင္ငံက ဒုကၡသည္စခန္းတစ္ခုမွာ ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္တစ္ဦး ေသဆုံးသြားေၾကာင္း ဘဂၤလားေဒ့ရွ္ အာဏာပိုင္ေတြက ေျပာပါတယ္။

ေသဆုံးသူဟာ ေကာ့ဇ္ဘဇားခ႐ုိင္က ဒုကၡသည္စခန္းတြင္းမွာ ေနထုိင္သူ အသက္ ၇၁ ႏွစ္အရြယ္ အမ်ဳိးသားျဖစ္ေၾကာင္းနဲ႔ ဓာတ္ခြဲစစ္ေဆးခ်က္ေတြအရ COVID-19 ေရာဂါ ကူးစက္ခံထားရသူ ျဖစ္တယ္လို႔လည္း ဘဂၤလားေဒ့ရွ္ ဒုကၡသည္ ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ေကာ္မရွင္နာမင္းႀကီး Abu Toha M.R. Bhuiyan က သတင္းေထာက္ေတြကုိ ေျပာပါတယ္။

သိန္းနဲ႔ခ်ီတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ စုၿပံဳေနထုိင္ေနၾကတဲ့ ဒုကၡသည္စခန္းတြင္းမွာ ကပ္ေရာဂါကူးစက္ႏုိင္တဲ့ အႏၱရာယ္အတြက္ သတိေပးေနခ်ိန္မွာပဲ အခုလုိ ပထမဆုံးအႀကိမ္ အေသအေပ်ာက္ ႀကံဳခဲ့ရတဲ့အတြက္ ဒုကၡသည္ေတြ စုိးရိမ္ေနပါတယ္။

႐ိုဟင္ဂ်ာ မူဆလင္ ၁,၀၀၀,၀၀၀ ေက်ာ္ ခိုလႈံေနထိုင္တဲ့ လူေနထူထပ္တဲ့ ဒုကၡသည္စခန္းေတြမွာ ဗိုင္းရပ္စ္ ကူးစက္မႈ ျမင့္တက္လာေနခ်ိန္မွာ အခုလို ပထမဆုံး အေသအေပ်ာက္ ရွိလာတာေၾကာင့္ ဒုကၡသည္ေတြ အရမ္းစိုးရိမ္ေနၾကတယ္လို႔ ေကာ့ဇ္ဘဇားအနီး ဘာလုခါလီ ဒုကၡသည္စခန္းက ဦးအီစလံက ဗြီအိုေအ ျမန္မာပိုင္းကို ေျပာပါတယ္။

"အသက္ ၇ဝ ေက်ာ္ က်ေနာ္တို႔ ႐ိုဟင္ဂ်ာအဖိုး တေယာက္ဆုံးသြားတယ္လို႔ က်ေနာ္တို႔လည္းၾကားတယ္ Ukhiya ေဆး႐ုံမွာ ကြယ္လြန္သြားတယ္။ အဲဒီ့အဖိုးက နဂိုက ပန္းနာေရာဂါအခံရွိတယ္လို႔ ေျပာသံၾကားတယ္။ အခုကေတာ့ COVID-19 နဲ႔ ကို႐ိုနာဗိုင္းရပ္စ္နဲ႔ ကြယ္လြန္သြားတယ္လို႔ သတင္းထြက္ေပၚေနပါတယ္။ အခု ဘဂၤလားေဒ့ရွ္အစိုးရဘက္က ဒုကၡသည္စခန္းတိုင္းကို လူေတြ လူစုလူေဝးနဲ႔ မလုပ္ၾကဖို႔ ေနာက္ အိမ္ေတြထဲမွာပဲေနဖို႔ ဆိုၿပီး လူေတြ မလိုအပ္ဘဲ အျပင္မထြက္ၾကဖို႔ အသံခ်ဲ႕စက္ေတြနဲ႔ စခန္းတိုင္းကို လိုက္သတိေပးေနတာေတြ႕ရပါတယ္။"

ေနာက္ထပ္ေရာဂါ ကူးစက္ခံထားရသူ ဒုကၡသည္ အနည္းဆုံး ၂၉ ေယာက္ ရွိတယ္လို႔ လည္း ဒုကၡသည္မ်ားဆိုင္ရာ ကုလသမဂၢ မဟာမင္းႀကီး႐ုံး ေျပာခြင့္ရ Louise Donovan က ေျပာပါတယ္။

ဒုကၡသည္ အမ်ားစုဟာ ၂၀၁၇ ခုႏွစ္အတြင္း ျမန္မာစစ္တပ္က ရခိုင္ျပည္နယ္ ေျမာက္ပိုင္းမွာ ARSA လက္နက္ကိုင္ေတြအေပၚ နယ္ေျမ ရွင္းလင္းေရးေတြ လုပ္ေဆာင္တာမွာ ဘဂၤလားေဒ့ရွ္ႏိုင္ငံကို ထြက္ေျပး ခိုလႈံခဲ့ၾကသူေတြ ျဖစ္ပါတယ္။ ႐ိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို ျမန္မာအစိုးရက လက္မခံေပမဲ့ ဒုကၡသည္ေတြကို ျပန္ၿပီး စိစစ္လက္ခံမယ္လို႔ ေျပာထားပါတယ္ ရွင္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

COVID-19 ကြောင့် ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာဒုက္ခသည်တစ်ဦးသေဆုံး

ဘင်္ဂလားဒေ့ရှ်နိုင်ငံက ဒုက္ခသည်စခန်းတစ်ခုမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရိုဟင်ဂျာဒုက္ခသည်တစ်ဦး သေဆုံးသွားကြောင်း ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက ပြောပါတယ်။

သေဆုံးသူဟာ ကော့ဇ်ဘဇားခရိုင်က ဒုက္ခသည်စခန်းတွင်းမှာ နေထိုင်သူ အသက် ၇၁ နှစ်အရွယ် အမျိုးသားဖြစ်ကြောင်းနဲ့ ဓာတ်ခွဲစစ်ဆေးချက်တွေအရ COVID-19 ရောဂါ ကူးစက်ခံထားရသူ ဖြစ်တယ်လို့လည်း ဘင်္ဂလားဒေ့ရှ် ဒုက္ခသည် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ကော်မရှင်နာမင်းကြီး Abu Toha M.R. Bhuiyan က သတင်းထောက်တွေကို ပြောပါတယ်။

သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ စုပြုံနေထိုင်နေကြတဲ့ ဒုက္ခသည်စခန်းတွင်းမှာ ကပ်ရောဂါကူးစက်နိုင်တဲ့ အန္တရာယ်အတွက် သတိပေးနေချိန်မှာပဲ အခုလို ပထမဆုံးအကြိမ် အသေအပျောက် ကြုံခဲ့ရတဲ့အတွက် ဒုက္ခသည်တွေ စိုးရိမ်နေပါတယ်။

ရိုဟင်ဂျာ မူဆလင် ၁,၀၀၀,၀၀၀ ကျော် ခိုလှုံနေထိုင်တဲ့ လူနေထူထပ်တဲ့ ဒုက္ခသည်စခန်းတွေမှာ ဗိုင်းရပ်စ် ကူးစက်မှု မြင့်တက်လာနေချိန်မှာ အခုလို ပထမဆုံး အသေအပျောက် ရှိလာတာကြောင့် ဒုက္ခသည်တွေ အရမ်းစိုးရိမ်နေကြတယ်လို့ ကော့ဇ်ဘဇားအနီး ဘာလုခါလီ ဒုက္ခသည်စခန်းက ဦးအီစလံက ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

"အသက် ၇ဝ ကျော် ကျနော်တို့ ရိုဟင်ဂျာအဖိုး တယောက်ဆုံးသွားတယ်လို့ ကျနော်တို့လည်းကြားတယ် Ukhiya ဆေးရုံမှာ ကွယ်လွန်သွားတယ်။ အဲဒီ့အဖိုးက နဂိုက ပန်းနာရောဂါအခံရှိတယ်လို့ ပြောသံကြားတယ်။ အခုကတော့ COVID-19 နဲ့ ကိုရိုနာဗိုင်းရပ်စ်နဲ့ ကွယ်လွန်သွားတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။ အခု ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က ဒုက္ခသည်စခန်းတိုင်းကို လူတွေ လူစုလူဝေးနဲ့ မလုပ်ကြဖို့ နောက် အိမ်တွေထဲမှာပဲနေဖို့ ဆိုပြီး လူတွေ မလိုအပ်ဘဲ အပြင်မထွက်ကြဖို့ အသံချဲ့စက်တွေနဲ့ စခန်းတိုင်းကို လိုက်သတိပေးနေတာတွေ့ရပါတယ်။"

နောက်ထပ်ရောဂါ ကူးစက်ခံထားရသူ ဒုက္ခသည် အနည်းဆုံး ၂၉ ယောက် ရှိတယ်လို့ လည်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး ပြောခွင့်ရ Louise Donovan က ပြောပါတယ်။

ဒုက္ခသည် အများစုဟာ ၂၀၁၇ ခုနှစ်အတွင်း မြန်မာစစ်တပ်က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ARSA လက်နက်ကိုင်တွေအပေါ် နယ်မြေ ရှင်းလင်းရေးတွေ လုပ်ဆောင်တာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေး ခိုလှုံခဲ့ကြသူတွေ ဖြစ်ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်ပြီး စိစစ်လက်ခံမယ်လို့ ပြောထားပါတယ် ရှင်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG