သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ကမၻာတလႊား ကုိ႐ုိနာဗုိင္းရပ္စ္ ကူးစက္သူ ၇ သန္းနီးပါးရွိ


ဘရာဇီးမွာ ေဒသခံေတြကို COVID-19 ကူးစက္မႈရွိမရွိ စမ္းသပ္စစ္ေဆးေနတဲ့ က်န္းမာေရးဝန္ထမ္းတဦး။ (ဇြန္ ၃၊ ၂၀၂၀)

(Zawgyi / Unicode)

တကမၻာလုံးမွာ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္သူ ၇ သန္းနီးပါးရွိေနၿပီး ေသဆုံးသူ ၄ သိန္းနီးပါး ရွိလာတဲ့အခ်ိန္မွာ လက္တင္အေမရိကႏိုင္ငံေတြ ျဖစ္တဲ့ ဘရာဇီးနဲ႔ မကၠဆီကို ႏိုင္ငံေတြမွာ ေရာဂါကူးစက္မႈနဲ႔ ေသဆုံးမႈႏႈန္း ပိုမ်ားလာေနပါတယ္။

COVID-19 ကူးစက္မႈ အမ်ားဆုံးျဖစ္တဲ့ အေမရိကန္ႏုိင္ငံမွာေတာ့ ကူးစက္ခံထားရသူ ၂ သန္းနီးပါးနဲ႔ ေသဆုံးသူ ၁ သိန္းေက်ာ္ေနၿပီ ျဖစ္ပါတယ္။

တျခား ဥေရာပႏိုင္ငံေတြျဖစ္တဲ့ အီတလီ၊ ျပင္သစ္နဲ႔ စပိန္တို႔မွာလည္း ေသဆုံးမႈႏႈန္း ျမင့္တက္ေနဆဲ ျဖစ္ပါတယ္။

လက္တင္အေမရိကတခုလုံး အတိုင္းအတာနဲ႔ ကူးစက္သူ စုစုေပါင္း ၁.၂ သန္းေက်ာ္နဲ႔ ေသဆုံးသူ ၆၀,၀၀၀ ေက်ာ္ရွိတာပါ။ မကၠဆီကို၊ ပီ႐ူးနဲ႔ အီေကြေဒါႏိုင္ငံေတြမွာ ကူးစက္မႈႏႈန္း တိုးလာေနသလို ခ်ီလီႏိုင္ငံမွာ ၿပီးခဲ့တဲ့ အပတ္အတြင္း ေသဆုံးမႈႏႈန္း ၅၀ ရာခုိင္ႏႈန္းေက်ာ္ ျမင့္တက္ခဲ့ပါတယ္။

ဘရာဇီးႏိုင္ငံက ကမၻာမွာ COVID-19 ကူးစက္မႈ ဒုတိယအမ်ားဆုံးျဖစ္ၿပီး ကူးစက္ခံထားရသူ ၆ သိန္းေက်ာ္နဲ႔ ေသဆုံးသူ ၃၅,၀၀၀ ေက်ာ္ရွိတယ္လို႔ Johns Hopkins ကို႐ိုနာဗိုင္းရပ္စ္ သုေတသနစင္တာ တနဂၤေႏြေန႔ စာရင္းေတြအရ သိရပါတယ္။

ႏိုင္ငံေရးသေဘာထား ကိုက္ညီမႈ မရွိတာေၾကာင့္ ကမၻာ့က်န္းမာေရးအဖြဲ႔ (WHO) ကေန ဘရာဇီး ႏုတ္ထြက္မယ္လို႔ သမၼတ Jair Bolsonaro က ေသာၾကာေန႔က ၿခိမ္းေျခာက္ ေျပာဆိုထားတာပါ။

COVID-19 ကပ္ေရာဂါနဲ႔ ပတ္သက္လို႔ WHO က တ႐ုတ္ႏုိင္ငံဘက္က ကူညီရပ္တည္ေပးေနတယ္လို႔ သမၼတ Donald Trump ကလည္း စြပ္စြဲေျပာဆိုထားၿပီး WHO အဖြဲ႔ဝင္အျဖစ္က ႏုတ္ထြက္ေၾကာင္းနဲ႔ ရန္ပုံေငြေတြကို ရပ္ဆိုင္းမွာျဖစ္ေၾကာင္းလည္း လြန္ခဲ့တဲ့ သီတင္းပတ္ေတြအတြင္းက ေၾကညာထားပါတယ္။

ဥေရာပတလႊား ကပ္ေရာဂါ႐ိုက္ခတ္မႈကို အႀကီးအက်ယ္ ႀကဳံေနရေပမယ့္ အသြားအလာနဲ႔ စီးပြားေရးလုပ္ငန္းေတြ တျဖည္းျဖည္း ျပန္ဖြင့္ေပးေနၿပီ ျဖစ္ပါတယ္။ တခ်ိဳ႕ႏိုင္ငံေတြမွာ နယ္စပ္ေတြ ျပန္ဖြင့္ေပးေနေပမယ့္ နယ္စပ္ေဒသ အားလုံးကိုေတာ့ အေစာဆုံး ခရီးသြားရာသီ အစျဖစ္တဲ့ ဇူလိုင္လေလာက္ကို ျပန္ဖြင့္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းထားေၾကာင္း ဥေရာပသမဂၢအဖြဲ႔က စေနေန႔က ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

---------------------------

(Unicode)

ကမ္ဘာတလွှား ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇ သန်းနီးပါးရှိ

တကမ္ဘာလုံးမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူ ၇ သန်းနီးပါးရှိနေပြီး သေဆုံးသူ ၄ သိန်းနီးပါး ရှိလာတဲ့အချိန်မှာ လက်တင်အမေရိကနိုင်ငံတွေ ဖြစ်တဲ့ ဘရာဇီးနဲ့မက္ကဆီကို နိုင်ငံတွေမှာ ရောဂါကူးစက်မှုနဲ့ သေဆုံးမှုနှုန်း ပိုများလာနေပါတယ်။

COVID-19 ကူးစက်မှု အများဆုံးဖြစ်တဲ့ အမေရိကန်နိုင်ငံမှာတော့ ကူးစက်ခံထားရသူ ၂ သန်းနီးပါးနဲ့ သေဆုံးသူ ၁ သိန်းကျော်နေပြီ ဖြစ်ပါတယ်။

တခြား ဥရောပနိုင်ငံတွေဖြစ်တဲ့ အီတလီ၊ ပြင်သစ်နဲ့ စပိန်တို့မှာလည်း သေဆုံးမှုနှုန်း မြင့်တက်နေဆဲ ဖြစ်ပါတယ်။

လက်တင်အမေရိကတခုလုံး အတိုင်းအတာနဲ့ ကူးစက်သူ စုစုပေါင်း ၁.၂ သန်းကျော်နဲ့ သေဆုံးသူ ၆၀,၀၀၀ ကျော်ရှိတာပါ။ မက္ကဆီကို၊ ပီရူးနဲ့ အီကွေဒေါနိုင်ငံတွေမှာ ကူးစက်မှုနှုန်း တိုးလာနေသလို ချီလီနိုင်ငံမှာ ပြီးခဲ့တဲ့ အပတ်အတွင်း သေဆုံးမှုနှုန်း ၅၀ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပါတယ်။

ဘရာဇီးနိုင်ငံက ကမ္ဘာမှာ COVID-19 ကူးစက်မှု ဒုတိယအများဆုံးဖြစ်ပြီး ကူးစက်ခံထားရသူ ၆ သိန်းကျော်နဲ့ သေဆုံးသူ ၃၅,၀၀၀ ကျော်ရှိတယ်လို့ Johns Hopkins ကိုရိုနာဗိုင်းရပ်စ် သုတေသနစင်တာ တနင်္ဂနွေနေ့ စာရင်းတွေအရ သိရပါတယ်။

နိုင်ငံရေးသဘောထား ကိုက်ညီမှု မရှိတာကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကနေ ဘရာဇီး နုတ်ထွက်မယ်လို့ သမ္မတ Jair Bolsonaro က သောကြာနေ့က ခြိမ်းခြောက် ပြောဆိုထားတာပါ။

COVID-19 ကပ်ရောဂါနဲ့ ပတ်သက်လို့ WHO က တရုတ်နိုင်ငံဘက်က ကူညီရပ်တည်ပေးနေတယ်လို့ သမ္မတ Donald Trump ကလည်း စွပ်စွဲပြောဆိုထားပြီး WHO အဖွဲ့ဝင်အဖြစ်က နုတ်ထွက်ကြောင်းနဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းမှာဖြစ်ကြောင်းလည်း လွန်ခဲ့တဲ့ သီတင်းပတ်တွေအတွင်းက ကြေညာထားပါတယ်။

ဥရောပတလွှား ကပ်ရောဂါရိုက်ခတ်မှုကို အကြီးအကျယ် ကြုံနေရပေမယ့် အသွားအလာနဲ့ စီးပွားရေးလုပ်ငန်းတွေ တဖြည်းဖြည်း ပြန်ဖွင့်ပေးနေပြီ ဖြစ်ပါတယ်။ တချို့နိုင်ငံတွေမှာ နယ်စပ်တွေ ပြန်ဖွင့်ပေးနေပေမယ့် နယ်စပ်ဒေသ အားလုံးကိုတော့ အစောဆုံး ခရီးသွားရာသီ အစဖြစ်တဲ့ ဇူလိုင်လလောက်ကို ပြန်ဖွင့်နိုင်မယ်လို့ မျှော်မှန်းထားကြောင်း ဥရောပသမဂ္ဂအဖွဲ့က စနေနေ့က ပြောပါတယ်။

XS
SM
MD
LG