(Zawgyi / Unicode)
ကို႐ုိနာဗိုင္းရပ္စ္ ကူးစက္မႈႏႈန္း ျမင့္မားလာေနတဲ့ ဘရာဇီးႏုိင္ငံအေပၚ တနဂၤေႏြေန႔က အေမရိကန္သမၼတ Trump အစိုးရက ခရီးသြားလာခြင့္ ပိတ္ပင္တားျမစ္လိုက္ပါတယ္။
ဒါေပမယ့္လည္း ယာယီပိတ္ပင္မႈမ်ဳိးသာ ျဖစ္ႏိုင္ၿပီး ဘရာဇီးႏိုင္ငံမွာ ဗိုင္းရပ္စ္ကူးစက္မႈ ဆိုးရြားေနတဲ့အတြက္ အေမရိကန္ျပည္သူေတြကို ကာကြယ္ဖို႔ လိုအပ္သလို ေဆာင္ရြက္တာျဖစ္ေၾကာင္း အမ်ဳိးသားလံုၿခံဳေရးအႀကံေပး Robert O'Brien က CBS “Face the Nation” နဲ႔ ေမးျမန္းခန္းမွာ ေျပာသြားပါတယ္။
ဒီႏွစ္အေစာပိုင္းက တ႐ုတ္နဲ႔ ဥေရာပႏိုင္ငံတခ်ဳိ႕ကို အေမရိကန္က ခရီးသြားလာခြင့္ ပိတ္ပင္ခဲ့သလိုမ်ဳိး ဘရာဇီးႏုိင္ငံကို ပိတ္ပင္ခဲ့တာပါ။
မၾကာေသးခင္လေတြကဆိုရင္ ႏုိင္ငံသားမဟုတ္သူေတြ အေနနဲ႔ အေမရိကန္ထဲ မ၀င္ခင္ ၂ ပတ္အလိုမွာ တ႐ုတ္ႏိုင္ငံကို သြားထားသူဆိုရင္ အေမရိကန္ ျပည္၀င္ခြင့္ မေပးဘဲ ပိတ္ပင္ခဲ့တာပါ။ အလားတူ ကန္႔သတ္ခ်က္မ်ဳိး ဥေရာပကလာတဲ့ ခရီးသြားေတြကိုလည္း ေနာက္ပိုင္းမွာ အေမရိကန္က က်င့္သံုးခဲ့ပါတယ္။
အေမရိကန္ျပည္ေထာင္စုဟာ ကမာၻမွာ COVID-19 ေရာဂါ ျဖစ္ပြားမႈႏႈန္း အျမင့္ဆုံးျဖစ္ၿပီး ကူးစက္ခံရသူေပါင္း ၁,၆၂၂,၀၀၀ ေက်ာ္ ရွိေနပါတယ္။
ဘရာဇီးမွာ ျဖစ္ပြားတဲ့ အေရအတြက္ဟာ မၾကာေသးမီ ရက္သတၱပတ္ေတြအတြင္း တိုးပြားလာခဲ့ၿပီး Johns Hopkins တကၠသိုလ္ ကုိ႐ုိနာဗုိင္းရပ္စ္ စစ္တမ္းေကာက္ယူတဲ့ ဌာနရဲ႕ ထုတ္ျပန္ခ်က္အရ တနဂၤေႏြေန႔က ဘရာဇီးမွာ အတည္ျပဳ ေရာဂါကူးစက္ခံရသူ ၃၄၇,၀၀၀ ေက်ာ္ ရွိေနပါတယ္။
-------------------------------
(Unicode)
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများလာတဲ့ ဘရာဇီးကို အမေရိကန် ပြည်ဝင်ခွင့်ကန့်သတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်း မြင့်မားလာနေတဲ့ ဘရာဇီးနိုင်ငံအပေါ် တနင်္ဂနွေနေ့က အမေရိကန်သမ္မတ Trump အစိုးရက ခရီးသွားလာခွင့် ပိတ်ပင်တားမြစ်လိုက်ပါတယ်။
ဒါပေမယ့်လည်း ယာယီပိတ်ပင်မှုမျိုးသာ ဖြစ်နိုင်ပြီး ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ကူးစက်မှု ဆိုးရွားနေတဲ့အတွက် အမေရိကန်ပြည်သူတွေကို ကာကွယ်ဖို့ လိုအပ်သလို ဆောင်ရွက်တာဖြစ်ကြောင်း အမျိုးသားလုံခြုံရေးအကြံပေး Robert O'Brien က CBS “Face the Nation” နဲ့ မေးမြန်းခန်းမှာ ပြောသွားပါတယ်။
ဒီနှစ်အစောပိုင်းက တရုတ်နဲ့ ဥရောပနိုင်ငံတချို့ကို အမေရိကန်က ခရီးသွားလာခွင့် ပိတ်ပင်ခဲ့သလိုမျိုး ဘရာဇီးနိုင်ငံကို ပိတ်ပင်ခဲ့တာပါ။
မကြာသေးခင်လတွေကဆိုရင် နိုင်ငံသားမဟုတ်သူတွေ အနေနဲ့ အမေရိကန်ထဲ မဝင်ခင် ၂ ပတ်အလိုမှာ တရုတ်နိုင်ငံကို သွားထားသူဆိုရင် အမေရိကန် ပြည်ဝင်ခွင့် မပေးဘဲ ပိတ်ပင်ခဲ့တာပါ။ အလားတူ ကန့်သတ်ချက်မျိုး ဥရောပကလာတဲ့ ခရီးသွားတွေကိုလည်းနောက်ပိုင်းမှာ အမေရိကန်က ကျင့်သုံးခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စုဟာ ကမ္ဘာမှာ COVID-19 ရောဂါ ဖြစ်ပွားမှုနှုန်း အမြင့်ဆုံးဖြစ်ပြီး ကူးစက်ခံရသူပေါင်း ၁,၆၂၂,၀၀၀ ကျော် ရှိနေပါတယ်။
ဘရာဇီးမှာ ဖြစ်ပွားတဲ့ အရေအတွက်ဟာ မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း တိုးပွားလာခဲ့ပြီး Johns Hopkins တက္ကသိုလ် ကိုရိုနာဗိုင်းရပ်စ် စစ်တမ်းကောက်ယူတဲ့ ဌာနရဲ့ ထုတ်ပြန်ချက်အရ တနင်္ဂနွေနေ့က ဘရာဇီးမှာ အတည်ပြု ရောဂါကူးစက်ခံရသူ ၃၄၇,၀၀၀ ကျော် ရှိနေပါတယ်။