သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘရာဇီး အကျဉ်းသားဟောင်းတွေရဲ့ ချို့တဲ့သူတွေအတွက် အကူအညီ


Eu Sou Eu အဖွဲ့က ဝေငှသည့် စားသောက်စရာများ ယူဆောင်လာသည့် အမျိုးသမီးတဦး။ (မေ ၈၊ ၂၀၂၀)
Eu Sou Eu အဖွဲ့က ဝေငှသည့် စားသောက်စရာများ ယူဆောင်လာသည့် အမျိုးသမီးတဦး။ (မေ ၈၊ ၂၀၂၀)

(Zawgyi / Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ကန့်သတ်မှုတွေချထားတဲ့ ဘရာဇီးနိုင်ငံမှာ စီးပွားရေးကျဆင်းမှုဒဏ်ကိုပါ ခံနေရချိန်မှာပဲ အကျဉ်းသားဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ NGO အဖွဲ့တဖွဲ့က Rio de Janeiro က ဆင်းရဲသားရပ်ကွက်မှာ ကူညီထောက်ပံ့ရေး ပစ္စည်းတွေ ဝေပေးနေပါတယ်။

ဆင်းရဲမွဲတေပြီး ကျပ်ညပ်နေတဲ့ အိမ်တွေမှာ နေရတဲ့ ရပ်ကွက်သားတွေမှာ စားစရာမရှိဘဲ ဖြစ်နေတာကြောင့် Eu Sou Eu လို့ခေါ်တဲ့ ဒီအဖွဲ့က စားစရာ သောက်စရာတွေအပြင် နှာခေါင်းစည်းတွေကိုပါ ဖြန့်ဝေပေးတာ ဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး မပြန့်ပွားစေဖို့ နေအိမ်တွေမှာပဲ နေကြဖို့နဲ့ လူအများ သွားလာတဲ့နေရာတွေ၊ အများပြည်သူသုံး ယာဉ်တွေမှာ နှာခေါင်းစည်းတွေတပ်ဖို့ ဘရာဇီး အာဏာပိုင်တွေက ညွှန်ကြားထားသလို တင်းကျပ်တဲ့ စည်းမျဉ်းတွေနဲ့ ကြပ်မတ်နေတာ ဖြစ်ပါတယ်။

ဘရာဇီးစစ်တပ်ရဲ့ ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေး ကြိုးပမ်းမှု
please wait

No media source currently available

0:00 0:03:31 0:00

ဒါပေမယ့် ဘရာဇီးသမ္မတ Jair Bolsonaro က တင်းကျပ်တဲ့ စည်းမျဉ်းတွေ ဖြေလျှော့ပေးဖို့ တွန်းအားပေးနေပြီး အုပ်ချုပ်ရေးမှူးတွေကိုလည်း ကန့်သတ်မှုတွေ သိပ်တင်းကျပ်တဲ့အတွက် ဝေဖန်နေတာ ဖြစ်ပါတယ်။

အမေရိကန်အခြေစိုက် Johns Hopkins တက္ကသိုလ် စစ်တမ်းမှာတော့ ဘရာဇီးနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူ ၁၄၆,၈၀၀ ရှိပြီး သေဆုံးရသူက တသောင်းကျော် ရှိနေတယ်လို့ ဖော်ပြထားပါတယ်။

ဘရာဇီး အကျဉ်းသားဟောင်းတွေရဲ့ ချို့တဲ့သူတွေအတွက် အကူအညီ
please wait

No media source currently available

0:00 0:00:39 0:00
တိုက်ရိုက် လင့်ခ်

--------------------------------

(Unicode)







XS
SM
MD
LG