သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Hydroxychloroquine ေဆးနဲ႔ ကုိဗစ္ေရာဂါ ကုလုိ႔ရမရ စမ္းသပ္မႈေတြ WHO ျပန္စမည္


hydroxychloroquine ေဆးျပားမ်ား

Zawgyi/Unicode

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါတိုက္ဖ်က္ေရးမွာ ငွက္ဖ်ားေရာဂါ အတြက္ သံုးတဲ့ Hydroxychloroquine ေဆးနဲ႔ ကုသလို႔ ရမရ စမ္းသပ္ စစ္ေဆးမႈေတြ ျပန္စမယ္လုိ႔ WHO ကမာၻ႔က်န္းမာေရးအဖြဲ႔ အႀကီးအကဲ Tedros Adhanom Ghebreyesus က ဗုဒၶဟူးေန႔မွာ ေျပာပါတယ္။

ဒီ ေဆးစမ္းသပ္မႈေတြနဲ႔ပတ္သက္ၿပီး က်န္းမာေရးဆိုင္ရာ စိုးရိမ္ရမႈေတြ ရွိေနတာေၾကာင့္ ေခတၱ ရပ္ဆိုင္းဖို႔ မၾကာေသးခင္ကပဲ WHO က ညႊန္ၾကားခဲ့တာ ျဖစ္ပါတယ္။ Hydroxychloroquine ေဆးကို ကိုရိုနာဗိုင္းရပ္စ္ ေရာဂါပိုး အကူးစက္ခံရသူေတြကို ေပးရင္ လူနာေတြမွာ ႏွလံုးခုန္ႏႈန္း မူမမွန္ ျဖစ္ၿပီး ေသဆံုးမႈ ႏႈန္းတိုးလာကို စိုးရိမ္တဲ့ အတြက္ ဒီေဆးနဲ႔ ႀကီးႀကီးမားမား စမ္းသပ္မႈ ေတြလုပ္မွာကို ေခတၱ ဆိုင္းငံ့ ခုိင္းခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္ ကိုယ္တိုင္ ကိုရိုနာဗုိင္းရပ္စ္ ေရာဂါ မကူးစက္ေအာင္ သံုးဖုိ႔ ေထာက္ခံေနတဲ့ Hydroxychloroquine အပါအဝင္ ဒီေရာဂါတိုက္ဖ်က္ေရး အတြက္ စမ္းသပ္ စစ္ေဆးမႈ အားလံုးကို ဆက္ၿပီး လုပ္ေဆာင္ဖုိ႔ WHO ကမာၻ႔က်န္းမာေရး အဖြဲ႔ႀကီးက ကၽြမ္းက်င္သူေတြက အႀကံေပးၾကတယ္လုိ႔ Tedros က အြန္လိုင္း သတင္းစာရွင္းလင္းပြဲမွာ ေျပာပါတယ္။

လက္တင္ အေမရိကနဲ႔ ေဟတီတို႔လို ကမာၻ႔အဆင္းရဲဆံု ႏုိင္ငံေတြမွာ ကိုရိုနာဗုိင္းရပ္စ္ ကပ္ေရာဂါ လ်င္လ်င္ျမန္ျမန္ ကူးစက္ ျပန္႔ပြါးေနတဲ့အတြက္ အထူး စိုးရိမ္ေၾကာင္းလည္း WHO အရာရွိေတြက ေျပာပါတယ္။ ဒီ အေမရိက ႏိုင္ငံေတြမွာ လူေပါင္း ၃ သန္းေလာက္ ဒီေရာဂါ အကူးစက္ခံေနရတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါတိုက်ဖျက်ရေးမှာ ငှက်ဖျားရောဂါ အတွက် သုံးတဲ့ Hydroxychloroquine ဆေးနဲ့ ကုသလို့ ရမရ စမ်းသပ် စစ်ဆေးမှုတွေ ပြန်စမယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အကြီးအကဲ Tedros Adhanom Ghebreyesus က ဗုဒ္ဓဟူးနေ့မှာ ပြောပါတယ်။

ဒီ ဆေးစမ်းသပ်မှုတွေနဲ့ပတ်သက်ပြီးကျန်းမာရေးဆိုင်ရာ စိုးရိမ်ရမှုတွေ ရှိနေတာကြောင့် ခေတ္တ ရပ်ဆိုင်းဖို့မကြာသေးခင်ကပဲ WHO က ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။ Hydroxychloroquine ဆေးကို ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး အကူးစက်ခံရသူတွေကို ပေးရင် လူနာတွေမှာ နှလုံးခုန်နှုန်း မူမမှန် ဖြစ်ပြီး သေဆုံးမှု နှုန်းတိုးလာကို စိုးရိမ်တဲ့ အတွက် ဒီဆေးနဲ့ ကြီးကြီးမားမား စမ်းသပ်မှု တွေလုပ်မှာကို ခေတ္တ ဆိုင်းငံ့ ခိုင်းခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ရောဂါ မကူးစက်အောင် သုံးဖို့ ထောက်ခံနေတဲ့ Hydroxychloroquine အပါအဝင် ဒီရောဂါတိုက်ဖျက်ရေး အတွက် စမ်းသပ် စစ်ဆေးမှု အားလုံးကို ဆက်ပြီး လုပ်ဆောင်ဖို့ WHO ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီးက ကျွမ်းကျင်သူတွေက အကြံပေးကြတယ်လို့ Tedros က အွန်လိုင်း သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

လက်တင် အမေရိကနဲ့ ဟေတီတို့လို ကမ္ဘာ့အဆင်းရဲဆုံ နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ လျင်လျင်မြန်မြန် ကူးစက် ပြန့်ပွါးနေတဲ့အတွက် အထူး စိုးရိမ်ကြောင်းလည်း WHO အရာရှိတွေက ပြောပါတယ်။ ဒီ အမေရိက နိုင်ငံတွေမှာ လူပေါင်း ၃ သန်းလောက် ဒီရောဂါ အကူးစက်ခံနေရတာ ဖြစ်ပါတယ်။

XS
SM
MD
LG