သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

COVID-19 နဲ႔ စိတ္ဒဏ္ခံရလြယ္သူမ်ား


Commuters wearing face masks amid concerns over the spread of the COVID-19 coronavirus make their way on bikes in the Hlaing Tharyar township on the outskirts of Yangon on May 16, 2020. (Photo by Sai Aung Main / AFP)
COVID-19 နဲ႔ စိတ္ဒဏ္ခံရလြယ္သူမ်ား
please wait

No media source currently available

0:00 0:07:33 0:00
တိုက္႐ိုက္ လင့္ခ္

COVID-19 ကမာၻ႔ကပ္ေရာဂါႀကီးဆိုက္ခ်ိန္ စိတ္ဖိစီးမူဒဏ္ကို အမ်ိဳးသမီး၊ ကေလးနဲ႔ သက္ႀကီးေတြမွာ ပိုခံရတတ္တယ္လို႔ စိတ္က်န္းမာေရးပညာရွင္ေတြက ဆိုပါတယ္။

ကမာၻ႔ကပ္ေရာဂါႀကီးက်ေနခ်ိန္မွာ ေရာဂါကူးခံရမွာစိုးၿပီး စိတ္ဖိစီးတာအျပင္၊ အိမ္ျပင္သိပ္မထြက္ရတာနဲ႔ အျခားတားျမစ္ခ်က္ေတြေၾကာင့္လည္း စိတ္ဖိစီးမူပိုမ်ားကာ၊ စိတ္ဓာတ္က်၊ စိုးရိမ္မူမ်ားလာၿပီး၊ စိတ္မၾကည္မလင္ ျဖစ္တာေၾကာင့္၊ လူ႔သဘာဝအရ၊ သာမန္ျပႆနာကိုပင္ သည္းခံမူနည္းလာကာ၊ ေဒါသပိုထြက္လာၿပီး၊ အိမ္တြင္းျပႆနာနဲ႔ အၾကမ္းဖက္မူေတြ ပိုမ်ားလာႏိုင္ပါတယ္။ ဒါ့အျပင္ အိမ္ထဲမွာပိုထိေတြ႕ခ်ိန္ မ်ားလာတာေၾကာင့္လည္း၊ နဂိုရွိၿပီးသားျပႆနာေတြပိုျဖစ္ဖို႔ မ်ားသြားတတ္ပါတယ္။ ဒါေတြကိုကာကြယ္ႏိုင္ဖို႔ ျပႆနာတစ္ခုျဖစ္လာလွ်င္၊ ကိုယ့္မိသားစုခ်င္း နားလည္မူေပးၿပီး ေအးေအးေဆးေဆး ေဆြးေႏြးေျဖရွင္းႏိုင္ေအာင္ ႀကိဳးစားသင့္ပါတယ္။ ေျပာရလြယ္ေပမဲ့၊ အထက္ပါအတိုင္း တကယ္ လက္ေတြ႕လိုက္လုပ္ႏိုင္လွ်င္ေတာ့၊ ဒီအိမ္တြင္းျပႆနာေတြ နည္းသြားႏိုင္ပါတယ္။ အကယ္၍ တခ်ိဳ.ျပႆနာက ႀကီးမားလြန္းၿပီး၊ အမ်ိဳးသားေတြအေနနဲ႔ အမ်ိဳးသမီးေတြအေပၚ အၾကမ္းဖက္မူထိျဖစ္လာလွ်င္၊ လူမူဝန္ထမ္းဌာနကို အခ်ိန္မေ႐ြး တိုင္ၾကားၿပီး (ဖုန္း - ၀၆၇ ၃၄၀ ၄၂၂၂၊ ၀၆၇ ၃၄၀ ၄၉၉၉) အကူအညီ ရယူႏိုင္ပါတယ္။

ေနာက္ ထိလြယ္ခိုက္လြယ္အားနည္းတဲ့ ကေလးေတြအတြက္လည္း လူႀကီးမိဘေတြ သိထားသင့္၊ လုပ္ေပးသင့္တာေတြရွိပါတယ္။ တခ်ိဳ႕လူႀကီးမိဘေတြအေနနဲ႔ ကေလးကငယ္တာမို႔ အခု COVID-19 ေရာဂါအေၾကာင္းနားမလည္ဘဲ၊ စိတ္ဖိစီးမူလည္း ရွိမွာမဟုတ္ဘူးလို႔ အထင္မွားတတ္ၾကပါတယ္။ ဥပမာ COVID ႀကီး ဘယ္ေတာ့ၿပီးမွာလဲလို႔ ငိုေနတဲ့ ကေလးငယ္ကို၊ အေဖက ဒီအေၾကာင္းမရွင္းျပဘဲ၊ ကေလးက မသိဘဲ၊ ငိုေနတာ ဟာသထင္ၿပီး၊ ရယ္ျပလိုက္တာမ်ိဳးပါ။ အခုလို အထင္မွားတာေၾကာင့္ ကေလးေတြရဲ႕ ခံစားခ်က္ကို ဂ႐ုမစိုက္၊ မေျဖရွင္းေပးမိကာ၊ ကေလးအတြက္ စိတ္ဖိစီးမူ ပိုဆိုးသြားၿပီး၊ အၾကာႀကီးခံစားသြားရကာ၊ လူႀကီးျဖစ္လာခ်ိန္ပါ ဆက္ထိခိုက္သြားေစႏိုင္ပါတယ္။ တကယ္ေတာ့ ကေလးသဘာဝအရ လူႀကီးေတြဆီက ေလ့လာသင္ယူေနတာျဖစ္ၿပီး၊ အခု COVID ကာလမွာလည္း လူႀကီးေတြ စိတ္ဖိစီးကာ၊ မ်က္ႏွာမသာယာတာ၊ အသြားအလာခက္ေနတာ၊ တစ္ဦးနဲ႔တစ္ဦး အျပစ္ေျပာေနတာေတြၾကည့္ၿပီး၊ အလားတူ စိတ္ဖိစီးမူေတြ ကူးစက္ခံစားေနရပါတယ္။ ဒါေပမဲ့ ဒီစိတ္ဖိစီးမူကို ကေလးသဘာဝအရ စကားလုံးေတြနဲ႔ဖြင့္မေျပာတတ္တာေၾကာင့္၊ လူႀကီးေတြသတိမျပဳမိၾကတာပါ။ တကယ္ေတာ့ ကေလးေတြအေနနဲ႔ ဒီစိတ္ဖိစီးမူကို တျခားလကၡဏာေတြနဲ႔ ျပတတ္ရာမွာ၊ ငိုတာအျပင္၊ တခါတရံမွာ ဗိုက္မၾကာခဏေအာင့္တာ၊ ဝမ္းသြားတာ၊ ဂ်ီက်တာ၊ လူႀကီးကို အတင္းတြယ္ကပ္ေနတတ္တာ၊ အိပ္ယာထဲ ဆီးမသြားေတာ့တဲ့အ႐ြယ္မွာ ဆီးျပန္သြားတာ၊ ေဒါသႀကီးတာ၊ အာ႐ုံစိုက္မူနည္းတာ စတဲ့ ကေလးအမူအယာေျပာင္းတာေတြနဲ႔ ျပတတ္တာကို၊ လူႀကီးေတြသိထားသင့္ပါတယ္။

အခုလိုကေလးစိတ္ဖိစီးမူေတြ ေလ်ာ့နည္းေစဖို႔အတြက္၊ ကေလးေတြနဲ႔ အခ်ိန္ေပး စကားေျပာတာ (သူတို႔သိခ်င္တတ္တဲ့ COVID-19 အေၾကာင္း ကေလးနားလည္လြယ္တဲ့ စကားလုံးေတြနဲ႔ ရွင္းျပတာအပါအဝင္) နားေထာင္ေပးတာ (ကေလးခံစားခ်က္ ထုတ္ေျပာလာျခင္းျဖင့္ စိတ္ဖိစီးမူ သက္သာလာႏိုင္)၊ အတူတူ တစ္ခုခုလုပ္တာ (ဥပမာ- အတူတူကစားတာ)၊ ပုံဆြဲခိုင္းတာ (ကေလးခံစားခ်က္ကို ပုံေဖာ္ျပႏိုင္ၿပီး သက္သာေစႏိုင္) စတာေတြ လုပ္ေပးသင့္ပါတယ္။

သက္ႀကီးေတြအေနနဲ႔လည္း ဒီ COVID-19 ေရာဂါကာလမွာ အထီးက်န္ (Lonely) ျဖစ္ၿပီး၊ စိတ္ဖိစီးမူခံရလြယ္ပါတယ္။ အသက္အ႐ြယ္အိုမင္းလာခ်ိန္မွာ လူငယ္ေတြနဲ႔ အေတြးအေခၚ၊ အယူအဆ မတူတာေၾကာင့္၊ အျပန္အလွန္ စကားေျပာမူ နည္းလာတတ္တာမို႔၊ အခုကာလမွာလည္း အထီးက်န္ပိုျဖစ္ၿပီး စိတ္ဖိစီးမူဒဏ္ ပိုခံစားရႏိုင္ပါတယ္။ ဒါေၾကာင့္ အဓိကအေနနဲ႔ သူတို႔နဲ႔ စကားေျပာေပး၊ နားေထာင္ေပးမယ့္ စကားေျပာေဖာ္ လိုလာပါတယ္။ ဒါမွသာ သူတို႔ရဲ႕ စိတ္ဖိစီးမူကို ေလ်ာ့ခ်ႏိုင္မွာပါ။ အခုကာလအတြင္း သက္ႀကီးေတြမွာ စိတ္ဖိစီးလာလွ်င္လည္း၊ အျခားသူေတြကဲ့သို႔၊ ေဒါသထြက္တာအျပင္၊ အပ္ေၾကာင္းထပ္တဲ့ စကားေတြ ခဏခဏေျပာတာနဲ႔ လကၡဏာျပလာတတ္ပါတယ္။ တခ်ိဳ.သက္ႀကီးေတြမွာေတာ့ မွတ္ဉာဏ္အနည္းငယ္က်တာ၊ တခ်ိဳ႕မွာေတာ့ မွတ္ဉာဏ္ခ်ိဳ႕ယြင္းတာ (Dementia) ေတြ ျဖစ္လာတာမို႔၊ သူတို႔နဲ႔စကားေျပာရာမွာ (COVID ေရာဂါကာကြယ္ေရးနည္းေတြ ရွင္းျပတာအပါအဝင္) ရႈပ္ရႈပ္ေထြးေထြး ေျပာမိလွ်င္ သူတို႔နားမလည္ စိတ္ရႈပ္သြားႏိုင္တာေၾကာင့္၊ ကေလးေတြကို ရွင္းျပသကဲ့သို႔၊ ရွင္းရွင္းလင္းလင္းရွိဖို႔လိုၿပီး၊ တခါတရံ ႐ုပ္ပုံေတြနဲ႔ပါ ရွင္းျပသင့္ပါတယ္။ ဒါမွသာ သူတို႔နားလည္ၿပီး စိတ္ဖိစီးမူ ေလ်ာ့ေစႏိုင္မွာပါ။ ဒါ့အျပင္ သက္ႀကီးေတြမွာ ေရာဂါတစ္ခုခု ရွိေနတတ္တာမို႔၊ သူတို႔အတြက္ လိုအပ္တဲ့ေဆးေတြ စီစဥ္ေပးထားၿပီး၊ အကူအညီလိုလွ်င္ အခ်ိန္မေ႐ြး ဆက္သြယ္ အကူအညီ ရယူႏိုင္ေအာင္လည္း စီမံေပးထားဖို႔ အေရးႀကီးပါတယ္။ အျခားသူေတြအလားတူ သက္ႀကီးေတြ စိတ္ဖိစီးမူနည္းေအာင္လည္း၊ ပထမပိုင္းမွာ ေဖာ္ျပခဲ့သလို၊ ကိုယ္လက္က်န္းမာေအာင္ေနတာ (ေကာင္းေကာင္းစား၊ ေကာင္းေကာင္းအိပ္ၿပီး၊ အားကစားလုပ္တာ အပါအဝင္)၊ စိတ္ဝင္စားတာ တစ္ခုခုလုပ္တာ၊ တရားထိုင္တာ၊ ဘာသာေရးလုပ္တာ စတာေတြ လုပ္ေပးသင့္ပါတယ္။
တင္ျပထားပါတယ္။

ဒီအေၾကာင္း ပိုမိုနားလည္သိရိွႏိုင္ဖို႔ ေဆးတကၠသိုလ္ (၁) စိတ္က်န္းမာ၊ပညာဌာန ပါေမာကၡ၊ ဌာနမႈး ေဒါက္တာတင္ဦး ကို ကိုဝင္းမင္းက ဆက္သြယ္ေမးျမန္း တင္ျပထားပါတယ္။

==Unicode==

COVID-19 ကမ္ဘာ.ကပ်ရောဂါကြီးဆိုက်ချိန် စိတ်ဖိစီးမူဒဏ်ကို အမျိုးသမီး၊ ကလေးနဲ့ သက်ကြီးတွေမှာ ပိုခံရတတ်တယ်လို့ စိတ်ကျန်းမာရေးပညာရှင်တွေက ဆိုပါတယ်။

ကမ္ဘာ့ကပ်ရောဂါကြီးကျနေချိန်မှာ ရောဂါကူးခံရမှာစိုးပြီး စိတ်ဖိစီးတာအပြင်၊ အိမ်ပြင်သိပ်မထွက်ရတာနဲ့ အခြားတားမြစ်ချက်တွေကြောင့်လည်း စိတ်ဖိစီးမူပိုများကာ၊ စိတ်ဓာတ်ကျ၊ စိုးရိမ်မူများလာပြီး၊ စိတ်မကြည်မလင် ဖြစ်တာကြောင့်၊ လူ့သဘာဝအရ၊ သာမန်ပြဿနာကိုပင် သည်းခံမူနည်းလာကာ၊ ဒေါသပိုထွက်လာပြီး၊ အိမ်တွင်းပြဿနာနဲ့ အကြမ်းဖက်မူတွေ ပိုများလာနိုင်ပါတယ်။ ဒါ့အပြင် အိမ်ထဲမှာပိုထိတွေ့ချိန် များလာတာကြောင့်လည်း၊ နဂိုရှိပြီးသားပြဿနာတွေပိုဖြစ်ဖို့ များသွားတတ်ပါတယ်။ ဒါတွေကိုကာကွယ်နိုင်ဖို့ ပြဿနာတစ်ခုဖြစ်လာလျှင်၊ ကိုယ့်မိသားစုချင်း နားလည်မူပေးပြီး အေးအေးဆေးဆေး ဆွေးနွေးဖြေရှင်းနိုင်အောင် ကြိုးစားသင့်ပါတယ်။ ပြောရလွယ်ပေမဲ့၊ အထက်ပါအတိုင်း တကယ် လက်တွေ့လိုက်လုပ်နိုင်လျှင်တော့၊ ဒီအိမ်တွင်းပြဿနာတွေ နည်းသွားနိုင်ပါတယ်။ အကယ်၍ တချို.ပြဿနာက ကြီးမားလွန်းပြီး၊ အမျိုးသားတွေအနေနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မူထိဖြစ်လာလျှင်၊ လူမူဝန်ထမ်းဌာနကို အချိန်မရွေး တိုင်ကြားပြီး (ဖုန်း - ၀၆၇ ၃၄၀ ၄၂၂၂၊ ၀၆၇ ၃၄၀ ၄၉၉၉) အကူအညီ ရယူနိုင်ပါတယ်။

နောက် ထိလွယ်ခိုက်လွယ်အားနည်းတဲ့ ကလေးတွေအတွက်လည်း လူကြီးမိဘတွေ သိထားသင့်၊ လုပ်ပေးသင့်တာတွေရှိပါတယ်။ တချို့လူကြီးမိဘတွေအနေနဲ့ ကလေးကငယ်တာမို့ အခု COVID-19 ရောဂါအကြောင်းနားမလည်ဘဲ၊ စိတ်ဖိစီးမူလည်း ရှိမှာမဟုတ်ဘူးလို့ အထင်မှားတတ်ကြပါတယ်။ ဥပမာ COVID ကြီး ဘယ်တော့ပြီးမှာလဲလို့ ငိုနေတဲ့ ကလေးငယ်ကို၊ အဖေက ဒီအကြောင်းမရှင်းပြဘဲ၊ ကလေးက မသိဘဲ၊ ငိုနေတာ ဟာသထင်ပြီး၊ ရယ်ပြလိုက်တာမျိုးပါ။ အခုလို အထင်မှားတာကြောင့် ကလေးတွေရဲ့ ခံစားချက်ကို ဂရုမစိုက်၊ မဖြေရှင်းပေးမိကာ၊ ကလေးအတွက် စိတ်ဖိစီးမူ ပိုဆိုးသွားပြီး၊ အကြာကြီးခံစားသွားရကာ၊ လူကြီးဖြစ်လာချိန်ပါ ဆက်ထိခိုက်သွားစေနိုင်ပါတယ်။ တကယ်တော့ ကလေးသဘာဝအရ လူကြီးတွေဆီက လေ့လာသင်ယူနေတာဖြစ်ပြီး၊ အခု COVID ကာလမှာလည်း လူကြီးတွေ စိတ်ဖိစီးကာ၊ မျက်နှာမသာယာတာ၊ အသွားအလာခက်နေတာ၊ တစ်ဦးနဲ့တစ်ဦး အပြစ်ပြောနေတာတွေကြည့်ပြီး၊ အလားတူ စိတ်ဖိစီးမူတွေ ကူးစက်ခံစားနေရပါတယ်။ ဒါပေမဲ့ ဒီစိတ်ဖိစီးမူကို ကလေးသဘာဝအရ စကားလုံးတွေနဲ့ဖွင့်မပြောတတ်တာကြောင့်၊ လူကြီးတွေသတိမပြုမိကြတာပါ။ တကယ်တော့ ကလေးတွေအနေနဲ့ ဒီစိတ်ဖိစီးမူကို တခြားလက္ခဏာတွေနဲ့ ပြတတ်ရာမှာ၊ ငိုတာအပြင်၊ တခါတရံမှာ ဗိုက်မကြာခဏအောင့်တာ၊ ဝမ်းသွားတာ၊ ဂျီကျတာ၊ လူကြီးကို အတင်းတွယ်ကပ်နေတတ်တာ၊ အိပ်ယာထဲ ဆီးမသွားတော့တဲ့အရွယ်မှာ ဆီးပြန်သွားတာ၊ ဒေါသကြီးတာ၊ အာရုံစိုက်မူနည်းတာ စတဲ့ ကလေးအမူအယာပြောင်းတာတွေနဲ့ ပြတတ်တာကို၊ လူကြီးတွေသိထားသင့်ပါတယ်။

အခုလိုကလေးစိတ်ဖိစီးမူတွေ လျော့နည်းစေဖို့အတွက်၊ ကလေးတွေနဲ့ အချိန်ပေး စကားပြောတာ (သူတို့သိချင်တတ်တဲ့ COVID-19 အကြောင်း ကလေးနားလည်လွယ်တဲ့ စကားလုံးတွေနဲ့ ရှင်းပြတာအပါအဝင်) နားထောင်ပေးတာ (ကလေးခံစားချက် ထုတ်ပြောလာခြင်းဖြင့် စိတ်ဖိစီးမူ သက်သာလာနိုင်)၊ အတူတူ တစ်ခုခုလုပ်တာ (ဥပမာ- အတူတူကစားတာ)၊ ပုံဆွဲခိုင်းတာ (ကလေးခံစားချက်ကို ပုံဖော်ပြနိုင်ပြီး သက်သာစေနိုင်) စတာတွေ လုပ်ပေးသင့်ပါတယ်။

သက်ကြီးတွေအနေနဲ့လည်း ဒီ COVID-19 ရောဂါကာလမှာ အထီးကျန် (Lonely) ဖြစ်ပြီး၊ စိတ်ဖိစီးမူခံရလွယ်ပါတယ်။ အသက်အရွယ်အိုမင်းလာချိန်မှာ လူငယ်တွေနဲ့ အတွေးအခေါ်၊ အယူအဆ မတူတာကြောင့်၊ အပြန်အလှန် စကားပြောမူ နည်းလာတတ်တာမို့၊ အခုကာလမှာလည်း အထီးကျန်ပိုဖြစ်ပြီး စိတ်ဖိစီးမူဒဏ် ပိုခံစားရနိုင်ပါတယ်။ ဒါကြောင့် အဓိကအနေနဲ့ သူတို့နဲ့ စကားပြောပေး၊ နားထောင်ပေးမယ့် စကားပြောဖော် လိုလာပါတယ်။ ဒါမှသာ သူတို့ရဲ့ စိတ်ဖိစီးမူကို လျော့ချနိုင်မှာပါ။ အခုကာလအတွင်း သက်ကြီးတွေမှာ စိတ်ဖိစီးလာလျှင်လည်း၊ အခြားသူတွေကဲ့သို့၊ ဒေါသထွက်တာအပြင်၊ အပ်ကြောင်းထပ်တဲ့ စကားတွေ ခဏခဏပြောတာနဲ့ လက္ခဏာပြလာတတ်ပါတယ်။ တချို.သက်ကြီးတွေမှာတော့ မှတ်ဉာဏ်အနည်းငယ်ကျတာ၊ တချို့မှာတော့ မှတ်ဉာဏ်ချို့ယွင်းတာ (Dementia) တွေ ဖြစ်လာတာမို့၊ သူတို့နဲ့စကားပြောရာမှာ (COVID ရောဂါကာကွယ်ရေးနည်းတွေ ရှင်းပြတာအပါအဝင်) ရှုပ်ရှုပ်ထွေးထွေး ပြောမိလျှင် သူတို့နားမလည် စိတ်ရှုပ်သွားနိုင်တာကြောင့်၊ ကလေးတွေကို ရှင်းပြသကဲ့သို့၊ ရှင်းရှင်းလင်းလင်းရှိဖို့လိုပြီး၊ တခါတရံ ရုပ်ပုံတွေနဲ့ပါ ရှင်းပြသင့်ပါတယ်။ ဒါမှသာ သူတို့နားလည်ပြီး စိတ်ဖိစီးမူ လျော့စေနိုင်မှာပါ။ ဒါ့အပြင် သက်ကြီးတွေမှာ ရောဂါတစ်ခုခု ရှိနေတတ်တာမို့၊ သူတို့အတွက် လိုအပ်တဲ့ဆေးတွေ စီစဉ်ပေးထားပြီး၊ အကူအညီလိုလျှင် အချိန်မရွေး ဆက်သွယ် အကူအညီ ရယူနိုင်အောင်လည်း စီမံပေးထားဖို့ အရေးကြီးပါတယ်။ အခြားသူတွေအလားတူ သက်ကြီးတွေ စိတ်ဖိစီးမူနည်းအောင်လည်း၊ ပထမပိုင်းမှာ ဖော်ပြခဲ့သလို၊ ကိုယ်လက်ကျန်းမာအောင်နေတာ (ကောင်းကောင်းစား၊ ကောင်းကောင်းအိပ်ပြီး၊ အားကစားလုပ်တာ အပါအဝင်)၊ စိတ်ဝင်စားတာ တစ်ခုခုလုပ်တာ၊ တရားထိုင်တာ၊ ဘာသာရေးလုပ်တာ စတာတွေ လုပ်ပေးသင့်ပါတယ်။
တင်ပြထားပါတယ်။

ဒီအကြောင်း ပိုမိုနားလည်သိရှိနိုင်ဖို့ ဆေးတက္ကသိုလ် (၁) စိတ်ကျန်းမာ၊ပညာဌာန ပါမောက္ခ၊ ဌာနမှုး ဒေါက်တာတင်ဦး ကို ကိုဝင်းမင်းက ဆက်သွယ်မေးမြန်း တင်ပြထားပါတယ်။

XS
SM
MD
LG