သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာ့ ကုိဗစ္ဟန္႔တားေရးအစီအစဥ္ စိတ္ခ်ရတဲ့အေနအထားမွာ ရွိေနၿပီလား


(Zawgyi/Unicode)

ကိုဗစ္လူနာအသစ္ေတြထဲမွာ ျပည္ေတာ္ျပန္ေတြသာ တိုးလာေနေပမယ့္လို႔ ခရီးသြားရာဇဝင္မရွိသလို၊ လူနာနဲ႔ဆက္စပ္ေနသူလည္းမဟုတ္တဲ့ ျပည္တြင္းကူးစက္ခံရသူမေတြ႕ေတာ့တာ ႏွစ္ပတ္ရွိလာပါၿပီ။ ဒီႏွစ္ပတ္တာကာလအတြင္းမွာ ျပည္တြင္းထဲကူးစက္ခံရသူမရွိတာဟာ ကိုဗစ္ေရာဂါနဲ႔ပတ္သက္လို႔ စိတ္ခ်ရတဲ့အေျခအေနမွာရွိေနၿပီလားဆိုတာကို မစုစု တင္ဆက္ေပးပါမယ္။

က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနရဲ႕ ဇြန္လ ၁ရက္ ဒီကေန႔မနက္ထုတ္ျပန္ၿပီးခ်ိန္အထိဆို ျပည္တြင္းမွာဓာတ္ခြဲအတည္ျပဳလူနာေပါင္း ၂၂၈ဦးရွိၿပီးေတာ့ အဲဒီထဲက ေရာဂါေပ်ာက္ကင္းသူ ၁၃၈ဦးနဲ႔ ေသဆုံးသူ ၆ဦးရွိထားပါတယ္။

ဝန္ႀကီးဌာနရဲ႕ထုတ္ျပန္ထားတဲ့စာရင္းေတြအရဆို ၿပီးခဲ့တဲ့ေမလ ၁၇ရက္ေန႔မွာ ဓာတ္ခြဲအတည္ျပဳခဲ့တဲ့ ေစာင့္ၾကည့္လူနာ နံပတ္ ၁၈၃ ဟာ ျပည္တြင္းကူးစက္ခံရသူေတြထဲက ေတြ႕ရွိတာေနာက္ဆုံးျဖစ္ၿပီး ဒါဟာ ၂ပတ္တာကာလအထိ ရွိသြားၿပီျဖစ္ပါတယ္။

အခုလို ခရီးသြားရာဇဝင္မရွိပဲ ျပည္တြင္းမွာပဲ ကူးစက္မႈ မေတြ႕ရတာ ၁၄ရက္တာၾကာၿပီျဖစ္တဲ့ အေျခအေနဟာ ေရာဂါကူးစက္ခံရမႈစိတ္ခ်ရတဲ့အေနအထား မဟုတ္ေသးဘူးလို႔ က်န္းမာေရးနဲ႔အားကစားဝန္ႀကီးဌာနက ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးကVOA ကိုေျပာပါတယ္။

“စိတ္ခ်ရတဲ့အေနအထား ေရာက္ၿပီလို႔ေတာ့ ေျပာလို႔မရဘူးေပါ့ေနာ္။ ဘာပဲေျပာေျပာ ပန္းတိုင္ကိုေတာ့ျမင္ေနရတဲ့ အေနအထားေပါ့ေနာ္။ ဒါေပမယ့္လည္း ပန္းတိုင္ျမင္ရေပမယ့္လည္း က်ေနာ္တို႔က တဘက္မွာလည္း Challenges ေတြရွိတာေပါ့။”

ျပည္တြင္းကူးစက္ခံရမႈ ေနာက္ဆုံးေတြ႕ရွိထားတဲ့ လူနာနံပတ္ ၁၈၃အၿပီး ေနာက္ထပ္ေတြ႕ရွိခဲ့တဲ့လူနာသစ္ ၄၅ဦးကေတာ့ အီတလီ၊ ယူေအအီးနဲ႔ မေလးရွားအပါအဝင္ အိႏၵိယကေန ျပန္လာၾကသူေတြထဲက ေတြ႕ရွိတာပဲျဖစ္ပါတယ္။

အခုလိုျပည္ေတာ္ျပန္ေတြထဲကေန ဒီေရာဂါပါလာႏိုင္တာကို အစကတည္းက ႀကိဳတင္ခန႔္မွန္းၿပီးသားျဖစ္လို႔ သူတို႔ကိုသတ္မွတ္ထားတဲ့ေနရာေတြမွာ အသြားအလာကန႔္သတ္တာအပါအဝင္၊ ဓာတ္ခြဲနမူနာရယူၿပီး စစ္ေဆးႏိုင္ဖို႔ကိုပါ ႀကိဳတင္ေဆာင္႐ြက္ထားခဲ့တယ္လို႔ ဆိုပါတယ္။

ျပည္တြင္းမွာ ကူးစက္ခံရတာကို ကာကြယ္ႏိုင္ဖို႔ အခု ၂ပတ္တာကာလကေန ဆက္ၿပီးထိန္းသိမ္းထားႏိုင္ဖို႔က ျပည္သူေတြရဲ႕ လိုက္နာမႈဟာ အဓိကျဖစ္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးက ဆက္ေျပာပါတယ္။

“တလ သို႔မဟုတ္ တလခြဲေပါ့ေနာ္။ အဲဒီအတြင္းမွာ Caseေတြ ထပ္မထြက္လာေတာ့ဘူးဆိုရင္ေတာ့ ေရာဂါလကၡဏာမျပဘဲ ကူးစက္တဲ့သူေတြအႏၲရာယ္ကလည္း ေလွ်ာ့က်သြားၿပီလို႔ ေျပာလို႔ရမယ္ေပါ့ေနာ္။ ဒါေပမယ့္ ဒီၾကားထဲမွာ Local Case ေပၚလာမယ္။ Contact လည္းမရွိဘူးဆိုရင္ေတာ့ ဒါကိုအထူးအေလးအနက္ထားၿပီးေတာ့ Contact Tracing လိုက္ရမယ့္ Case ေတြေပါ့ေနာ္။”

ကူးစက္ႏႈန္းနဲ႔ ေသဆုံးႏႈန္းတိုးေနတဲ့ ႏိုင္ငံေတြရဲ႕အေတြ႕အႀကဳံကိုေလ့လာရမယ္ဆိုရင္ ဒီကပ္ေရာဂါဟာ ကူးစက္ခံရသူ လုံးဝေပ်ာက္ကင္းသြားေပမယ့္လည္း တခါျပန္ၿပီးေရာဂါျဖစ္ပြားတာ ေတြ႕ရလို႔ ကာကြယ္ေဆး ထြက္မလာခင္အခ်ိန္ထိ ျပည္သူေတြအေနနဲ႔ ေဆာင္ရန္ေရွာင္ရန္အခ်က္ေတြကို အတိအက် လိုက္နာဖို႔လိုတယ္လို႔ သတိေပးထားပါတယ္။

ဒီကေန႔ ဇြန္လ၁ရက္ေန႔ စာရင္းေတြအရ ကမာၻ႔ႏိုင္ငံနဲ႔ နယ္ေျမေပါင္း ၂၁၃ခုက လူေပါင္း ၆၂သိန္းေက်ာ္ကို ကူးစက္ခဲ့တာပါ။ ဒီေရာဂါေၾကာင့္ ေသဆုံးသူ ၃၇၀,၀၀၀ ေက်ာ္အထိရွိထားၿပီး ေရာဂါေပ်ာက္ကင္းလာသူ အေရအတြက္ဟာလည္း ၂၈သိန္းေက်ာ္အထိ ရွိထားၿပီးျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.............

မြန်မာ့ ကိုဗစ်ဟန့်တားရေးအစီအစဉ် စိတ်ချရတဲ့အနေအထားမှာ ရှိနေပြီလား

(Unicode)

ကိုဗစ်လူနာအသစ်တွေထဲမှာ ပြည်တော်ပြန်တွေသာ တိုးလာနေပေမယ့်လို့ ခရီးသွားရာဇဝင်မရှိသလို၊ လူနာနဲ့ဆက်စပ်နေသူလည်းမဟုတ်တဲ့ ပြည်တွင်းကူးစက်ခံရသူမတွေ့တော့တာ နှစ်ပတ်ရှိလာပါပြီ။ ဒီနှစ်ပတ်တာကာလအတွင်းမှာ ပြည်တွင်းထဲကူးစက်ခံရသူမရှိတာဟာ ကိုဗစ်ရောဂါနဲ့ပတ်သက်လို့ စိတ်ချရတဲ့အခြေအနေမှာရှိနေပြီလားဆိုတာကို မစုစု တင်ဆက်ပေးပါမယ်။

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဇွန်လ ၁ရက် ဒီကနေ့မနက်ထုတ်ပြန်ပြီးချိန်အထိဆို ပြည်တွင်းမှာဓာတ်ခွဲအတည်ပြုလူနာပေါင်း ၂၂၈ဦးရှိပြီးတော့ အဲဒီထဲက ရောဂါပျောက်ကင်းသူ ၁၃၈ဦးနဲ့ သေဆုံးသူ ၆ဦးရှိထားပါတယ်။

ဝန်ကြီးဌာနရဲ့ထုတ်ပြန်ထားတဲ့စာရင်းတွေအရဆို ပြီးခဲ့တဲ့မေလ ၁၇ရက်နေ့မှာ ဓာတ်ခွဲအတည်ပြုခဲ့တဲ့ စောင့်ကြည့်လူနာ နံပတ် ၁၈၃ ဟာ ပြည်တွင်းကူးစက်ခံရသူတွေထဲက တွေ့ရှိတာနောက်ဆုံးဖြစ်ပြီး ဒါဟာ ၂ပတ်တာကာလအထိ ရှိသွားပြီဖြစ်ပါတယ်။

အခုလို ခရီးသွားရာဇဝင်မရှိပဲ ပြည်တွင်းမှာပဲ ကူးစက်မှု မတွေ့ရတာ ၁၄ရက်တာကြာပြီဖြစ်တဲ့ အခြေအနေဟာ ရောဂါကူးစက်ခံရမှုစိတ်ချရတဲ့အနေအထား မဟုတ်သေးဘူးလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးကVOA ကိုပြောပါတယ်။

“စိတ်ချရတဲ့အနေအထား ရောက်ပြီလို့တော့ ပြောလို့မရဘူးပေါ့နော်။ ဘာပဲပြောပြော ပန်းတိုင်ကိုတော့မြင်နေရတဲ့ အနေအထားပေါ့နော်။ ဒါပေမယ့်လည်း ပန်းတိုင်မြင်ရပေမယ့်လည်း ကျနော်တို့က တဘက်မှာလည်း Challenges တွေရှိတာပေါ့။”

ပြည်တွင်းကူးစက်ခံရမှု နောက်ဆုံးတွေ့ရှိထားတဲ့ လူနာနံပတ် ၁၈၃အပြီး နောက်ထပ်တွေ့ရှိခဲ့တဲ့လူနာသစ် ၄၅ဦးကတော့ အီတလီ၊ ယူအေအီးနဲ့ မလေးရှားအပါအဝင် အိန္ဒိယကနေ ပြန်လာကြသူတွေထဲက တွေ့ရှိတာပဲဖြစ်ပါတယ်။

အခုလိုပြည်တော်ပြန်တွေထဲကနေ ဒီရောဂါပါလာနိုင်တာကို အစကတည်းက ကြိုတင်ခန့်မှန်းပြီးသားဖြစ်လို့ သူတို့ကိုသတ်မှတ်ထားတဲ့နေရာတွေမှာ အသွားအလာကန့်သတ်တာအပါအဝင်၊ ဓာတ်ခွဲနမူနာရယူပြီး စစ်ဆေးနိုင်ဖို့ကိုပါ ကြိုတင်ဆောင်ရွက်ထားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ကူးစက်ခံရတာကို ကာကွယ်နိုင်ဖို့ အခု ၂ပတ်တာကာလကနေ ဆက်ပြီးထိန်းသိမ်းထားနိုင်ဖို့က ပြည်သူတွေရဲ့ လိုက်နာမှုဟာ အဓိကဖြစ်တယ်လို့ ဒေါက်တာသန်းနိုင်စိုးက ဆက်ပြောပါတယ်။

“တလ သို့မဟုတ် တလခွဲပေါ့နော်။ အဲဒီအတွင်းမှာ Caseတွေ ထပ်မထွက်လာတော့ဘူးဆိုရင်တော့ ရောဂါလက္ခဏာမပြဘဲ ကူးစက်တဲ့သူတွေအန္တရာယ်ကလည်း လျှော့ကျသွားပြီလို့ ပြောလို့ရမယ်ပေါ့နော်။ ဒါပေမယ့် ဒီကြားထဲမှာ Local Case ပေါ်လာမယ်။ Contact လည်းမရှိဘူးဆိုရင်တော့ ဒါကိုအထူးအလေးအနက်ထားပြီးတော့ Contact Tracing လိုက်ရမယ့် Case တွေပေါ့နော်။”

ကူးစက်နှုန်းနဲ့ သေဆုံးနှုန်းတိုးနေတဲ့ နိုင်ငံတွေရဲ့အတွေ့အကြုံကိုလေ့လာရမယ်ဆိုရင် ဒီကပ်ရောဂါဟာ ကူးစက်ခံရသူ လုံးဝပျောက်ကင်းသွားပေမယ့်လည်း တခါပြန်ပြီးရောဂါဖြစ်ပွားတာ တွေ့ရလို့ ကာကွယ်ဆေး ထွက်မလာခင်အချိန်ထိ ပြည်သူတွေအနေနဲ့ ဆောင်ရန်ရှောင်ရန်အချက်တွေကို အတိအကျ လိုက်နာဖို့လိုတယ်လို့ သတိပေးထားပါတယ်။

ဒီကနေ့ ဇွန်လ၁ရက်နေ့ စာရင်းတွေအရ ကမ္ဘာ့နိုင်ငံနဲ့ နယ်မြေပေါင်း ၂၁၃ခုက လူပေါင်း ၆၂သိန်းကျော်ကို ကူးစက်ခဲ့တာပါ။ ဒီရောဂါကြောင့် သေဆုံးသူ ၃၇၀,၀၀၀ ကျော်အထိရှိထားပြီး ရောဂါပျောက်ကင်းလာသူ အရေအတွက်ဟာလည်း ၂၈သိန်းကျော်အထိ ရှိထားပြီးဖြစ်ပါတယ်။

XS
SM
MD
LG