[Zawgyi/Unicode]
ျမန္မာႏိုင္ငံမွာ ေမလ ၃၁ ရက္ေန႔ အေစာပိုင္း ဓါတ္ခြဲ နမူနာ ၈၃၇ ကို စစ္ေဆးခဲ့ၿပီးတဲ့ေနာက္ COVID-19 ဓါတ္ခြဲ အတည္ျပဳလူနာ ေလးဦး ထပ္မံ ေတြ႕ရွိခဲ့တာေၾကာင့္ အတည္ျပဳလူနာဦးေရ စုစုေပါင္း ၂၂၈ ဦး ရွိၿပီလို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက ဒီကေန႔ မနက္ ၇ နာရီ စာရင္း ထုတ္ျပန္ခဲ့ပါတယ္။
အတည္ျပဳလူနာအသစ္ ေလး ဦးဟာ ရန္ကုန္တိုင္း လႈိင္ၿမိဳ႕နယ္မွာ လက္ရွိေနထိုင္ၿပီး အိႏၵိယႏိုင္ငံက ျပန္လာၿပီးေနာက္ အသြားအလာ ကန္႔သတ္ထားခံရသူေတြလည္း ျဖစ္ပါတယ္။
အဲဒီလူနာေတြကို တပ္မေတာ္အသည္းေဆး႐ုံႀကီးမွာ ေဆးကုသေပးဖို႔ စီစဥ္ထားတယ္လို႔လည္း ေၾကညာခ်က္မွာ ပါရွိပါတယ္။ အတည္ျပဳလူနာ ၂၂၈ ဦးအနက္ ၁၃၈ ဦး ေရာဂါ ကင္းစင္သြားၿပီး ေသဆုံးသူက ၆ ဦး ရွိတယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္။
အခုရက္ပိုင္းအတြင္း ျပည္ပက ျပန္လာသူေတြၾကား ေရာဂါပိုးေတြ႕ရွိမႈ မ်ားတာေၾကာင့္ သူတို႔ဆီက ဓါတ္ခြဲနမူနာေတြကို ဦးစားေပး ရယူစစ္ေဆးေပးေနေၾကာင္း ျမန္မာႏိုင္ငံမွာ ေမလ ၁၇ ရက္ေန႔ ေနာက္ပိုင္းေတြ႕ရွိရတဲ့ ဓာတ္ခြဲအတည္ျပဳ လူနာေတြထဲ အိႏၵိယႏိုင္ငံက ျပန္လာသူ ၂၁ ဦး၊ မေလးရွားႏိုင္ငံက ျပန္လာသူ ၁၁ ဦး၊ ယူေအအီးႏိုင္ငံက ျပန္လာသူ ၈ ဦးနဲ႔ အီတလီႏိုင္ငံက ျပန္လာသူ ၁ ဦး စုစုေပါင္း ၄၁ ဦးမွာ ေရာဂါပိုး ေတြ႕ရွိခဲ့ေၾကာင္းလည္း က်န္းမာေရးဝန္ႀကီးဌာနက ေၾကညာထားပါတယ္။
ဇြန္လ ၁ ရက္ေန႔အထိ ျမန္မာႏိုင္ငံမွာ ဓါတ္ခြဲစစ္ေဆးမႈေပါင္း ၂၇,၀၀၀ ေက်ာ္ရွိၿပီး ေစာင့္ၾကည့္လူနာေပါင္းက ၅,၀၀၀ နီးပါး ရွိခဲ့တယ္လို႔လည္း က်န္းမာေရးဝန္ႀကီးဌာနက ေျပာပါတယ္ရွင္။
[Unicode Version]
မြန်မာနိုင်ငံမှာ COVID-19 လူနာသစ် ၄ ဦးအတည်ပြု၊ စုစုပေါင်း ၂၂၈ ဦးရှိ
မြန်မာနိုင်ငံမှာ မေလ ၃၁ ရက်နေ့ အစောပိုင်း ဓါတ်ခွဲ နမူနာ ၈၃၇ ကို စစ်ဆေးခဲ့ပြီးတဲ့နောက် COVID-19 ဓါတ်ခွဲ အတည်ပြုလူနာ လေးဦး ထပ်မံ တွေ့ရှိခဲ့တာကြောင့် အတည်ပြုလူနာဦးရေ စုစုပေါင်း ၂၂၈ ဦး ရှိပြီလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဒီကနေ့ မနက် ၇ နာရီ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။
အတည်ပြုလူနာအသစ် လေး ဦးဟာ ရန်ကုန်တိုင်း လှိုင်မြို့နယ်မှာ လက်ရှိနေထိုင်ပြီး အိန္ဒိယနိုင်ငံက ပြန်လာပြီးနောက် အသွားအလာ ကန့်သတ်ထားခံရသူတွေလည်း ဖြစ်ပါတယ်။
အဲဒီလူနာတွေကို တပ်မတော်အသည်းဆေးရုံကြီးမှာ ဆေးကုသပေးဖို့ စီစဉ်ထားတယ်လို့လည်း ကြေညာချက်မှာ ပါရှိပါတယ်။ အတည်ပြုလူနာ ၂၂၈ ဦးအနက် ၁၃၈ ဦး ရောဂါ ကင်းစင်သွားပြီး သေဆုံးသူက ၆ ဦး ရှိတယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။
အခုရက်ပိုင်းအတွင်း ပြည်ပက ပြန်လာသူတွေကြား ရောဂါပိုးတွေ့ရှိမှု များတာကြောင့် သူတို့ဆီက ဓါတ်ခွဲနမူနာတွေကို ဦးစားပေး ရယူစစ်ဆေးပေးနေကြောင်း မြန်မာနိုင်ငံမှာ မေလ ၁၇ ရက်နေ့ နောက်ပိုင်းတွေ့ရှိရတဲ့ ဓာတ်ခွဲအတည်ပြု လူနာတွေထဲ အိန္ဒိယနိုင်ငံက ပြန်လာသူ ၂၁ ဦး၊ မလေးရှားနိုင်ငံက ပြန်လာသူ ၁၁ ဦး၊ ယူအေအီးနိုင်ငံက ပြန်လာသူ ၈ ဦးနဲ့ အီတလီနိုင်ငံက ပြန်လာသူ ၁ ဦး စုစုပေါင်း ၄၁ ဦးမှာ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းလည်း ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။
ဇွန်လ ၁ရက်နေ့အထိ မြန်မာနိုင်ငံမှာ ဓါတ်ခွဲစစ်ဆေးမှုပေါင်း ၂၇,၀၀၀ ကျော်ရှိပြီး စောင့်ကြည့်လူနာပေါင်းက ၅,၀၀၀ နီးပါး ရှိခဲ့တယ်လို့လည်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်ရှင်။