သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်း ကန်လွှတ်တော်မှာ တင်သွင်းဖို့ရှိ


Minnesota ပြည်နယ် Minneapolis မြို့က ရဲတချို့။ (မေ ၂၇၊ ၂၀၂၀)
Minnesota ပြည်နယ် Minneapolis မြို့က ရဲတချို့။ (မေ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့အတွင်း စည်းကမ်းထိန်းသိမ်းရေးနဲ့ လုပ်ထုံးလုပ်နည်းတွေအားလုံးကို ပြင်ဆင် ပြောင်းလဲမယ့် အဆိုပြုချက်ကို Democrat အမတ်တွေ တင်ပြဖို့ပြင်ဆင်နေပါတယ်။

AP သတင်းဌာနရ ရရှိထားတဲ့ Justice in Policing Act ဥပဒေမူကြမ်းထဲမှာ ရဲတွေကို ဥပဒေအရ အကာအကွယ်ပေးထားတာကို ကန့်သတ်ဖို့၊ နိုင်ငံထဲမှာ ရဲတပ်ဖွဲ့ရဲက အလွန်အကျွံ အင်အားသုံးတဲ့ ဖြစ်ရပ်တွေကို စာရင်းပြုစုဖို့၊ အသက်မရှူနိုင်အောင် နောက်ကနေ လည်ပင်းကို ညှစ်တဲ့ လုပ်ရပ်ကို တားမြစ်ဖို့ စတဲ့အချက်တွေ ပါဝင်တယ်လို့ AP သတင်းမှာ ဖော်ပြထားပါတယ်။

တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်လို့ နှစ်ပေါင်းများစွာအတွင်း လွှတ်တော်ကနေ အကြီးအကျယ် အပြောင်းအလဲလုပ်ဖို့ကြိုးစားတဲ့ အဆိုပြုချက်တခုဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ကို အသွင်ပြောင်းမယ့် ဥပဒေမူကြမ်းဖြစ်တယ်လို့ African American လူမှုအသိုင်းအဝိုင်းများဆိုင်ရာ အောက်လွှတ်တော်အဖွဲ့ဥက္ကဋ္ဌ အမတ် Karen Bass က ပြောကြားထားပါတယ်။

Minneapolis မြို့မှာ ရဲဖမ်းဆီးထားစဉ်အတွင်း လူမည်း George Floyd သေဆုံးခဲ့ပြီးနောက် ခုလို ရဲတပ်ဖွဲ့တွင်း ပြုပြင်ပြောင်းလဲမယ့် ဥပဒေကြမ်းကို Democrat အမတ်တွေဘက်က ဒီကနေ့ တင်ပြ အဆိုပြုမယ်လို့ မေ ျှာ်လင့်ရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]

ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေး ဥပဒေကြမ်း ကန်လွှတ်တော်မှာ တင်သွင်းဖို့ရှိ





XS
SM
MD
LG