သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တ႐ုတ္နဲ႔ နယ္စပ္အေရး ၿငိမ္းခ်မ္းစြာ ေျဖရွင္းဖို႔ အိႏၵိယေျပာ


အိႏၵိယႏိုင္ငံအေရွ႕ဘက္ တ႐ုတ္နဲ႔ နယ္စပ္ထိစပ္ေနတဲ့ ဟိမဝႏၱာေတာင္တန္းရွိရာ Ladakh ေဒသ။ (စက္တင္ဘာ ၂၆၊ ၂၀၁၆)

(Zawgyi / Unicode)

အိႏၵိယနဲ႔ တ႐ုတ္ႏိုင္ငံၾကား နယ္နိမိတ္ အျငင္းပြားမႈကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းသြားမယ္လို႔ အိႏၵိယႏိုင္ငံျခားေရးဝန္ႀကီးဌာနက တနဂၤေႏြေန႔မွာ ေျပာၾကားလိုက္ပါတယ္။

ႏွစ္ႏိုင္ငံၾကား ဟိမဝႏၱာေဒသမွာ လပိုင္းၾကာေအာင္ ေရွ႕မတိုး ေနာက္မဆုတ္သာ တင္းမာေနတဲ့ အေျခအေနကို အေျဖရွာဖို႔ ႏွစ္ႏိုင္ငံတပ္မွဴးေတြ ေတြ႔ဆုံခဲ့ၿပီး ေနာက္တရက္မွာပဲ အခုလို ေျပာဆိုလိုက္တာပါ။

အိႏၵိယႏိုင္ငံအေရွ႕ဘက္ တ႐ုတ္နဲ႔ နယ္စပ္ ထိစပ္ေနတဲ့ ဟိမဝႏၱာေတာင္တန္းရွိရာ Ladakh ေဒသဟာ ႏွစ္ႏိုင္ငံစလုံးအတြက္ မဟာဗ်ဴဟာက်ၿပီး ေမလ အေစာပုိင္းကစလို႔ နယ္စပ္ကင္းလွည့္ေနတဲ့ ႏွစ္ဖက္စစ္တပ္ၾကား ထိပ္တိုက္ရင္ဆိုင္မႈ ျဖစ္ခဲ့တာပါ။

တ႐ုတ္စစ္သားေတြဟာ အိႏၵိယထိန္းခ်ဳပ္တဲ့ ပုိက္နက္ထဲက ေနရာ ၃ ခုမွာ ယာယီရြက္ဖ်င္တဲေတြ၊ စစ္စခန္းေတြ ဝင္ေဆာက္ခဲ့တယ္လို႔ အိႏၵိယက စြပ္စြဲတာကို တ႐ုတ္ဘက္က ျငင္းဆိုခဲ့ပါတယ္။

တ႐ုတ္စစ္သားေတြဟာ ႏွစ္ဖက္ သေဘာတူထားၿပီးသား အမွန္တကယ္ တပ္စြဲႏုိင္တဲ့ မ်ဥ္းေၾကာင္း LAC (Line of Actual Control) ကို မက်ဴးေက်ာ္ခဲ့ဘူးလို႔ ခုခံေျပာဆိုၿပီး အဲဒီေဒသမွာ တည္ၿငိမ္မႈ ရွိတယ္လို႔လည္း ေျပာပါတယ္။

ႏွစ္ဖက္ ေတြ႔ဆုံခဲ့တာက တင္းမာမႈကို ေလွ်ာ့ခ်ႏိုင္မွာျဖစ္ေပမယ့္ အာရွရဲ႕ အင္အားႀကီး ႏွစ္ႏိုင္ငံၾကား နယ္စပ္အျငင္းပြားမႈအတြက္ ေကာင္းမြန္တဲ့အေျဖ တစုံတရာ အလွ်င္အျမန္ ထြက္ေပၚလာဖို႔ မျမင္မိေသးေၾကာင္း အကဲခတ္ေတြက သုံးသပ္ပါတယ္။

ႏွစ္ဖက္စစ္တပ္ တာဝန္ရွိသူေတြရဲ႕ စေနေန႔ ေတြ႔ဆုံပြဲအတြင္း သေဘာတူထားၿပီးသား အခ်က္ေတြနဲ႔အညီ နယ္စပ္အေျခအေနကို ၿငိမ္းခ်မ္းတဲ့နည္းနဲ႔ ေျဖရွင္းသြားဖို႔ ထပ္ေလာင္း သေဘာတူခဲ့သလို ႏွစ္ႏိုင္ငံဆက္ဆံေရး တိုးတက္ဖို႔ တ႐ုတ္-အိႏၵိယနယ္စပ္ တည္ၿငိမ္ေအးခ်မ္းေရးဟာ မရွိမျဖစ္ လိုအပ္ေၾကာင္း အိႏၵိယ ႏုိင္ငံျခားေရးဌာနရဲ႕ ေၾကညာခ်က္မွာ ေဖာ္ျပထားပါတယ္။

အိႏၵိယ-တ႐ုတ္ ႏွစ္ႏိုင္ငံစလုံးဟာ ေနာက္ထပ္ စစ္အင္အား တိုးခ်ထားၿပီး ဟိမဝႏၱာေဒသမွာ အေျမာက္တပ္တဲ့ လက္နက္ေတြ ျဖန္႔ခ်ထားပါတယ္။ ဒီေဒသဟာ ဟုိးအရင္တည္းက ႏွစ္ႏိုင္ငံၾကား ထိပ္တိုက္ရင္ဆိုင္မႈ ရွိခဲ့ၿပီး နယ္စပ္ထိစပ္မႈ ကီလိုမီတာ ၃,၅၀၀ နီးပါး ရွည္လ်ားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------------

(Unicode)

တရုတ်နဲ့ နယ်စပ်အရေး ငြိမ်းချမ်းစွာ ဖြေရှင်းဖို့ အိန္ဒိယပြော

အိန္ဒိယနဲ့ တရုတ်နိုင်ငံကြား နယ်နိမိတ် အငြင်းပွားမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားမယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

နှစ်နိုင်ငံကြား ဟိမဝန္တာဒေသမှာ လပိုင်းကြာအောင် ရှေ့မတိုး နောက်မဆုတ်သာ တင်းမာနေတဲ့ အခြေအနေကို အဖြေရှာဖို့ နှစ်နိုင်ငံတပ်မှူးတွေ တွေ့ဆုံခဲ့ပြီးနောက်တရက်မှာပဲ အခုလို ပြောဆိုလိုက်တာပါ။

အိန္ဒိယနိုင်ငံအရှေ့ဘက် တရုတ်နဲ့ နယ်စပ် ထိစပ်နေတဲ့ ဟိမဝန္တာတောင်တန်းရှိရာ Ladakh ဒေသဟာ နှစ်နိုင်ငံစလုံးအတွက် မဟာဗျူဟာကျပြီး မေလ အစောပိုင်းကစလို့ နယ်စပ်ကင်းလှည့်နေတဲ့ နှစ်ဖက်စစ်တပ်ကြား ထိပ်တိုက်ရင်ဆိုင်မှု ဖြစ်ခဲ့တာပါ။

တရုတ်စစ်သားတွေဟာ အိန္ဒိယထိန်းချုပ်တဲ့ ပိုက်နက်ထဲက နေရာ ၃ ခုမှာ ယာယီရွက်ဖျင်တဲတွေ၊ စစ်စခန်းတွေ ဝင်ဆောက်ခဲ့တယ်လို့ အိန္ဒိယက စွပ်စွဲတာကို တရုတ်ဘက်က ငြင်းဆိုခဲ့ပါတယ်။

တရုတ်စစ်သားတွေဟာ နှစ်ဖက် သဘောတူထားပြီးသား အမှန်တကယ် တပ်စွဲနိုင်တဲ့ မျဉ်းကြောင်း LAC (Line of Actual Control) ကို မကျူးကျော်ခဲ့ဘူးလို့ ခုခံပြောဆိုပြီး အဲဒီဒေသမှာ တည်ငြိမ်မှု ရှိတယ်လို့လည်း ပြောပါတယ်။

နှစ်ဖက် တွေ့ဆုံခဲ့တာက တင်းမာမှုကို လျှော့ချနိုင်မှာဖြစ်ပေမယ့် အာရှရဲ့ အင်အားကြီး နှစ်နိုင်ငံကြား နယ်စပ်အငြင်းပွားမှုအတွက် ကောင်းမွန်တဲ့အဖြေ တစုံတရာ အလျှင်အမြန် ထွက်ပေါ်လာဖို့ မမြင်မိသေးကြောင်း အကဲခတ်တွေက သုံးသပ်ပါတယ်။

နှစ်ဖက်စစ်တပ် တာဝန်ရှိသူတွေရဲ့ စနေနေ့ တွေ့ဆုံပွဲအတွင်း သဘောတူထားပြီးသား အချက်တွေနဲ့အညီ နယ်စပ်အခြေအနေကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းသွားဖို့ ထပ်လောင်း သဘောတူခဲ့သလို နှစ်နိုင်ငံဆက်ဆံရေး တိုးတက်ဖို့ တရုတ်-အိန္ဒိယနယ်စပ် တည်ငြိမ်အေးချမ်းရေးဟာ မရှိမဖြစ် လိုအပ်ကြောင်း အိန္ဒိယ နိုင်ငံခြားရေးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အိန္ဒိယ-တရုတ် နှစ်နိုင်ငံစလုံးဟာ နောက်ထပ် စစ်အင်အား တိုးချထားပြီး ဟိမဝန္တာဒေသမှာ အမြောက်တပ်တဲ့ လက်နက်တွေ ဖြန့်ချထားပါတယ်။ ဒီဒေသဟာ ဟိုးအရင်တည်းက နှစ်နိုင်ငံကြား ထိပ်တိုက်ရင်ဆိုင်မှု ရှိခဲ့ပြီး နယ်စပ်ထိစပ်မှု ကီလိုမီတာ ၃,၅၀၀ နီးပါး ရှည်လျားပါတယ်။

XS
SM
MD
LG