သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္ ဆႏၵျပပဲြ ေနာက္ဆုံးအေျခအေန သုံးသပ္ခ်က္


နယူးေယာက္ျပည္နယ္ နယူးေယာက္ ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ဇြန္ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ ရဲတပ္ဖဲြ႔က ဖမ္းဆီးစဥ္ လူမည္းအမ်ဳိးသားတဦး ေသဆုံးခဲ့တဲ့အေပၚ ကန္႔ကြက္တဲ့ ဆႏၵျပပဲြေတြ ျဖစ္ေနတာ အခုဆုိရင္ သီတင္း ႏွစ္ ပတ္ေလာက္ ရွိလာေနပါၿပီ။ ဆႏၵျပပဲြေတြ ေနာက္ဆုံးအေျခအေနနဲ႔ တာ၀န္ရွိသူေတြရဲ႕ တုံ႔ျပန္မႈေတြ ေရွ႕အလားအလာေတြနဲ႔ ပတ္သက္လုိ႔ အနီးကပ္ေစာင့္ၾကည့္ေနတဲ့ ဗြီအုိေအ အႀကီးတန္းအယ္ဒီတာ ဦးေက်ာ္ဇံသာကုိ မဆုမြန္က ဆက္သြယ္ေမးျမန္းတင္ဆက္ထားပါတယ္။

Washington ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း (ဇြန္ ၀၆၊ ၂၀၂၀)
Washington ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း (ဇြန္ ၀၆၊ ၂၀၂၀)

မဆုမြန္။ ။ ဆႏၵျပပဲြေတြ ႏွစ္ပတ္ေလာက္ ရွိလာတဲ့အခ်ိန္အထိ ရွိလာေနၿပီးေတာ့ ေတာ္ေတာ္ေလး အရွိန္ေကာင္းေနတာ ေတြ႔ပါတယ္။ ၿပီးခဲ့တဲ့ စေန၊ တနဂၤေႏြမွာဆုိရင္လည္း ၿမိဳ႕ေတာ္ ၀ါရွင္တန္ဒီစီ အပါအ၀င္ ၿမိဳ႕ႀကီးေတြမွာ အႀကီးအက်ယ္ ဆႏၵျပခဲ့ၾကပါတယ္။ အဲ့ေတာ့ ဆရာဦးေက်ာ္ဇံသာကလည္း ဒီအေမရိကန္တဝွမ္း ဆႏၵျပပြဲေတြကို အထူးေလ့လာေစာင့္ၾကည့္ေနတာဆိုေတာ့- ဘာထူးျခားခ်က္ေတြေတြ႔လာရလဲ ေျပာျပေပးပါဦး။

ဦးေက်ာ္ဇံသာ။ ။ တျပည္လံုးမွာ ဆႏၵျပပြဲေတြ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းျဖစ္ခဲ့တာေတြ႔ရပါတယ္။ တခုျဖစ္ခဲ့တာ ဝါရွင္တန္ျပည္နယ္ Seattle ၿမိဳ႕ထဲမွာ ဆႏၵျပ လူအုပ္ထဲကို လူတေယာက္က ကားေမာင္းဝင္လာၿပီးေတာ့ ေသနတ္နဲ႔ပစ္ခဲ့ပါတယ္။ အဲ့ဒီလူကို ဖမ္းထားတယ္လို႔ ရဲေတြကေျပာတယ္။ အေသးစိတ္ေတာ့ ဘာမွေျပာတာ မေတြ႔ရပါဘူး။ ေနာက္တခုက ထူးျခားခ်က္ကေတာ့ အေမရိကန္ျပည္ေထာင္စုရဲ႕ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီရဲ႕မေန႔က ဆႏၵျပပြဲမွာ အထက္လႊတ္ေတာ္ ဆီနိတ္အမတ္ Mitt Romney ကိုယ္တုိင္ ပါဝင္ဆင္ႏႊဲတာေတြ႔ရပါတယ္ ဒါဟာ လူပုဂၢိဳလ္တဦးခ်င္းအေနနဲ႔ေျပာရရင္ သူဟာ ေဒါနယ္လ္ထရမ့္ကို ေဝဖန္ေနသူမို႔ သိပ္မထူးျခားေသာ္လည္းပဲ သူဟာ Republican ပါတီက အရွိန္အဝါၾကီးမားတဲ့ အရင္တုန္းက သမၼတေလာင္းအျဖစ္ေတာင္မွ သူတို႔ပါတီ ကိုယ္စားျပဳၿပီးေတာ့ ေရြးခ်ယ္ခံခဲ့ရတဲ့ပုဂၢိဳလ္တေယာက္ျဖစ္ပါတယ္။ ဒီလို ရီပတ္ပလင္ကမ္ပါတီရဲ႕ အရွိန္အဝါၾကီးမားတဲ့ အထက္လႊတ္ေတာ္အမတ္တေယာက္ပါဝင္တယ္ဆိုတာ ထူးျခားခ်က္ျဖစ္တယ္ဆုိတာကို ေျပာရမွာျဖစ္ပါတယ္ ဆုမြန္ေရ။

မဆုမြန္။ ။ ဆုိေတာ့ အခုလို ဆႏၵျပသူေတြဘက္ကလည္း သူတို႔လိုလားေတာင္းဆိုခ်က္ေတြ ဆႏၵထုတ္ေဖာ္ေနၾကတယ္ဆိုေတာ့ သက္ဆိုင္ရာ တာဝန္ရွိသူေတြဘက္ကေရာ ဘယ္လိုတုံ႔ျပန္မႈေတြရွိတာေတြ႔ရလဲ ဆရာေက်ာ္။

ဦးေက်ာ္ဇံသာ။ ။ အဓိက ကေတာ့ ရဲတပ္ဖြဲ႔နဲ႔ ပတ္သက္ၿပီးေတာ့ ျပဳျပင္ေရးေတြ အမ်ားၾကီးေတြ႔လာရပါတယ္။ အဓိကကေတာ့ ေအာက္လႊတ္ေတာ္ လူမည္းအမတ္မ်ားအဖြဲ႔ရဲ႕ေခါင္းေဆာင္ျဖစ္တဲ့ Karen Bass က ရဲတပ္ဖြဲ႔ လုပ္ပံုလုပ္နည္း ဥပေဒၾကမ္းကို ေအာက္လႊတ္ေတာ္မွာ တင္သြင္းတယ္ဆိုၿပီး မေန႔က သတင္းစာရွင္းလင္းပြဲေတြမွာ ေျပာခဲ့ပါတယ္။ သတင္းသမားေတြကို အမ်ားၾကီးရွင္းျပခဲ့ပါတယ္။ အဲ့ဒီအထဲမွာ အမ်ားျပည္သူ ၿငိမ္ဝပ္ပိျပားမႈ လံုျခံဳမႈအတြက္ ထိန္းသိမ္းတဲ့အခါမွာ ရဲေတြရဲ႕လုပ္ေဆာင္မႈဟာ အလြန္အကၽြံျဖစ္ခဲ့ရင္ အဲ့ဒီ့ကိစၥနဲ႔႔ပတ္သက္ၿပီး တာဝန္ခံမႈရွိေစရမယ္ Accountability ရွိေစရမယ္ဆိုၿပီး ပါဝင္တယ္ လည္ပင္းကိုညွစ္ၿပီး မဖမ္းရဘူး။ အဲ့ဒီအခ်က္ေတြနဲ႔တျခားအခ်က္ေတြလည္း အမ်ားၾကီးပါဝင္ပါလိမ့္မယ္လို႔သူကေျပာပါတယ္။ ဒါဟာ ဗဟိုအဆင့္ အဆင့္အျမင့္ဆံုး ျပည္ေထာင္စုု ေအာက္လႊတ္ေတာ္မွာ လုပ္မယ့္ကိစၥပါ။ ဟိုး ေအာက္ေျခအဆင့္ျဖစ္တဲ့ ၿမိဳ႕ေတာ္ေကာင္စီအဆင့္မွာလည္း စၿပီး လုပ္လာတာကို မေန႔က ထူးထူးျခားျခား ေတြ႔ရပါတယ္။

အခင္းစျဖစ္ခဲ့တဲ့ Minneapolis ၿမိဳ႕မွာ ၿမိဳ႕ေတာ္ဝန္ေကာင္စီဝန္ ၁၃ ဦးရွိတဲ့အနက္ ၉ ဦးက သူတို႔ေၾကညာခ်က္တရပ္ကို လူထုေရွ႕မွာ ထုတ္ျပန္ခဲ့ပါတယ္ အဲ့တာကို သူတို႔က ဘယ္လိုနာမည္ေပးထားလဲဆိုေတာ့ “Dismantle the Police” ဆိုၿပီး ရဲတပ္ဖြဲ႔ဖ်က္သိမ္းေရးလို႔ေျပာထားပါတယ္။ သူတို႔ဆိုလိုတဲ့သေဘာက အမ်ားျပည္သူ လံုျခံဳေရး ပံုစံသစ္တရပ္ကို ဖန္တီးမယ္။ ဒီရဲတပ္ဖြဲ႔ဟာ အမ်ားျပည္သူ လံုျခံဳေရးကို အာမ -မခံေပးႏုိင္ဘူး ဒါေၾကာင့္ အမ်ားျပည္သူ လံုျခံဳေရးပံုစံသစ္တခုကို လုပ္မယ္လို႔ ေျပာတယ္။ အေသးစိတ္ကိုေတာ့ မေျပာထားေပမဲ့ အၾကမ္းဖ်င္းနားလည္ထားတာ ျဖစ္ႏုိင္တာကေတာ့ ရဲတပ္ဖြဲ႔ကို ေပးမယ့္ ဘတ္ဂ်က္ကို ရဲတပ္ဖြဲ႔က ခ်မေပးေတာ့ပဲနဲ႔ အမ်ားျပည္သူ ဝန္ေဆာင္မႈ လုပ္ငန္းတရပ္အေနနဲ႔ Public Service လံုျခံဳမႈကို ထိန္းသိမ္းတာလည္း ဝန္ေဆာင္မႈျဖစ္တယ္ဆိုၿပီး အဲ့ဒီဌာနေအာက္ကို အဲ့ကိုလႊဲေပးလိုက္မယ္။ အဲ့ဒီဘတ္ဂ်က္ကို - ဆိုေတာ့ အဲ့ဒီ့ဌာနရဲ႕အစီအစဥ္နဲ႔ အမ်ားျပည္သူ လံုျခံဳေအာင္ ဘယ္လိုလုပ္ၾကမလဲဆိုတာကို လုပ္တာဆိုေတာ့ ဒါဟာ ရဲတပ္ဖြဲ႔ရဲ႕ ျပဳျပင္ေျပာင္းလဲေရး ပထမဆံုးလုပ္တဲ့ေျခလွမ္းတရပ္ျဖစ္ပါတယ္။ သို႔ေသာ္ သူတို႔ ဒါကို အေသးစိတ္ ဆက္လက္ေဆြးေႏြးသြားဖို႔ရွိတယ္ ဆိုတာကိုေျပာထားပါတယ္။

အဲ့ကိစၥကို အဲ့ဒီၿမိဳ႕က ၿမိဳ႕ေတာ္ဝန္ကေတာ့ သေဘာမတူေသးဘူး။ သို႔ေသာ္ အဲ့ဒီၿမိဳ႕ေတာ္ဝန္ဟာလည္းပဲ လူ႔အခြင့္အေရးေရွ႕ေန တေယာက္ျဖစ္ပါတယ္။ သူကေတာ့ လုပ္နည္းကိုင္နည္းနဲ႔ပတ္သက္ၿပီး ကန္႔ကြက္ထားတာသာျဖစ္ပါတယ္။ ဆက္လက္ၿပီးေတာ့ ေဆြးေႏြးသြားမယ့္အလားလာရွိပါတယ္။ ဒါဟာျဖင့္ အဓိကအားျဖင့္ ရဲတပ္ဖြဲ႔နဲ႔ ပတ္သက္ၿပီး အထက္ေအာက္ ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရးေတြကို တေျပးညီလုပ္လာတယ္လို႔ ဆိုရမွာပါ မဆုမြန္။

မဆုမြန္။ ။ ဟုတ္ကဲ့။ ေက်းဇူးအမ်ားၾကီးတင္ပါတယ္ ဦးေက်ာ္ဇံသာရွင့္။ ဒါကေတာ့ ဒီအေမရိကန္တဝွမ္း ဆႏၵျပပြဲေတြကို အထူးေလ့လာေစာင့္ၾကည့္ေနတဲ့ ဗီြအိုေအအယ္ဒီတာဦးေက်ာ္ဇံသာကို ဆက္သြယ္ေမးျမန္းခဲ့တာျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

အမေရိကန် ဆန္ဒပြပွဲ နောက်ဆုံးအခြေအနေ သုံးသပ်ချက်

အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးစဉ် လူမည်းအမျိုးသားတဦး သေဆုံးခဲ့တဲ့အပေါ် ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ဖြစ်နေတာ အခုဆိုရင် သီတင်း နှစ် ပတ်လောက် ရှိလာနေပါပြီ။ ဆန္ဒပြပွဲတွေ နောက်ဆုံးအခြေအနေနဲ့ တာဝန်ရှိသူတွေရဲ့ တုံ့ပြန်မှုတွေ ရှေ့အလားအလာတွေနဲ့ ပတ်သက်လို့ အနီးကပ်စောင့်ကြည့်နေတဲ့ ဗွီအိုအေ အကြီးတန်းအယ်ဒီတာ ဦးကျော်ဇံသာကို မဆုမွန်က ဆက်သွယ်မေးမြန်းတင်ဆက်ထားပါတယ်။

မဆုမွန်။ ။ ဆန္ဒပြပွဲတွေ နှစ်ပတ်လောက် ရှိလာတဲ့အချိန်အထိ ရှိလာနေပြီးတော့ တော်တော်လေး အရှိန်ကောင်းနေတာ တွေ့ပါတယ်။ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေမှာဆိုရင်လည်း မြို့တော် ဝါရှင်တန်ဒီစီ အပါအဝင် မြို့ကြီးတွေမှာ အကြီးအကျယ် ဆန္ဒပြခဲ့ကြပါတယ်။ အဲ့တော့ ဆရာဦးကျော်ဇံသာကလည်း ဒီအမေရိကန်တဝှမ်း ဆန္ဒပြပွဲတွေကို အထူးလေ့လာစောင့်ကြည့်နေတာဆိုတော့- ဘာထူးခြားချက်တွေတွေ့လာရလဲ ပြောပြပေးပါဦး။

ဦးကျော်ဇံသာ။ ။ တပြည်လုံးမှာ ဆန္ဒပြပွဲတွေ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ခဲ့တာတွေ့ရပါတယ်။ တခုဖြစ်ခဲ့တာ ဝါရှင်တန်ပြည်နယ် Seattle မြို့ထဲမှာ ဆန္ဒပြ လူအုပ်ထဲကို လူတယောက်က ကားမောင်းဝင်လာပြီးတော့ သေနတ်နဲ့ပစ်ခဲ့ပါတယ်။ အဲ့ဒီလူကို ဖမ်းထားတယ်လို့ ရဲတွေကပြောတယ်။ အသေးစိတ်တော့ ဘာမှပြောတာ မတွေ့ရပါဘူး။ နောက်တခုက ထူးခြားချက်ကတော့ အမေရိကန်ပြည်ထောင်စုရဲ့မြို့တော် ဝါရှင်တန်ဒီစီရဲ့မနေ့က ဆန္ဒပြပွဲမှာ အထက်လွှတ်တော် ဆီနိတ်အမတ် Mitt Romney ကိုယ်တိုင် ပါဝင်ဆင်နွှဲတာတွေ့ရပါတယ် ဒါဟာ လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ပြောရရင် သူဟာ ဒေါနယ်လ်ထရမ့်ကို ဝေဖန်နေသူမို့ သိပ်မထူးခြားသော်လည်းပဲ သူဟာ Republican ပါတီက အရှိန်အဝါကြီးမားတဲ့ အရင်တုန်းက သမ္မတလောင်းအဖြစ်တောင်မှ သူတို့ပါတီ ကိုယ်စားပြုပြီးတော့ ရွေးချယ်ခံခဲ့ရတဲ့ပုဂ္ဂိုလ်တယောက်ဖြစ်ပါတယ်။ ဒီလို ရီပတ်ပလင်ကမ်ပါတီရဲ့ အရှိန်အဝါကြီးမားတဲ့ အထက်လွှတ်တော်အမတ်တယောက်ပါဝင်တယ်ဆိုတာ ထူးခြားချက်ဖြစ်တယ်ဆိုတာကို ပြောရမှာဖြစ်ပါတယ် ဆုမွန်ရေ။

မဆုမွန်။ ။ ဆိုတော့ အခုလို ဆန္ဒပြသူတွေဘက်ကလည်း သူတို့လိုလားတောင်းဆိုချက်တွေ ဆန္ဒထုတ်ဖော်နေကြတယ်ဆိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေဘက်ကရော ဘယ်လိုတုံ့ပြန်မှုတွေရှိတာတွေ့ရလဲ ဆရာကျော်။

ဦးကျော်ဇံသာ။ ။ အဓိက ကတော့ ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီးတော့ ပြုပြင်ရေးတွေ အများကြီးတွေ့လာရပါတယ်။ အဓိကကတော့ အောက်လွှတ်တော် လူမည်းအမတ်များအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ Karen Bass က ရဲတပ်ဖွဲ့ လုပ်ပုံလုပ်နည်း ဥပဒေကြမ်းကို အောက်လွှတ်တော်မှာ တင်သွင်းတယ်ဆိုပြီး မနေ့က သတင်းစာရှင်းလင်းပွဲတွေမှာ ပြောခဲ့ပါတယ်။ သတင်းသမားတွေကို အများကြီးရှင်းပြခဲ့ပါတယ်။ အဲ့ဒီအထဲမှာ အများပြည်သူ ငြိမ်ဝပ်ပိပြားမှု လုံခြုံမှုအတွက် ထိန်းသိမ်းတဲ့အခါမှာ ရဲတွေရဲ့လုပ်ဆောင်မှုဟာ အလွန်အကျွံဖြစ်ခဲ့ရင် အဲ့ဒီ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ခံမှုရှိစေရမယ် Accountability ရှိစေရမယ်ဆိုပြီး ပါဝင်တယ် လည်ပင်းကိုညှစ်ပြီး မဖမ်းရဘူး။ အဲ့ဒီအချက်တွေနဲ့တခြားအချက်တွေလည်း အများကြီးပါဝင်ပါလိမ့်မယ်လို့သူကပြောပါတယ်။ ဒါဟာ ဗဟိုအဆင့် အဆင့်အမြင့်ဆုံး ပြည်ထောင်စု အောက်လွှတ်တော်မှာ လုပ်မယ့်ကိစ္စပါ။ ဟိုး အောက်ခြေအဆင့်ဖြစ်တဲ့ မြို့တော်ကောင်စီအဆင့်မှာလည်း စပြီး လုပ်လာတာကို မနေ့က ထူးထူးခြားခြား တွေ့ရပါတယ်။

အခင်းစဖြစ်ခဲ့တဲ့ Minneapolis မြို့မှာ မြို့တော်ဝန်ကောင်စီဝန် ၁၃ ဦးရှိတဲ့အနက် ၉ ဦးက သူတို့ကြေညာချက်တရပ်ကို လူထုရှေ့မှာ ထုတ်ပြန်ခဲ့ပါတယ် အဲ့တာကို သူတို့က ဘယ်လိုနာမည်ပေးထားလဲဆိုတော့ “Dismantle the Police” ဆိုပြီး ရဲတပ်ဖွဲ့ဖျက်သိမ်းရေးလို့ပြောထားပါတယ်။ သူတို့ဆိုလိုတဲ့သဘောက အများပြည်သူ လုံခြုံရေး ပုံစံသစ်တရပ်ကို ဖန်တီးမယ်။ ဒီရဲတပ်ဖွဲ့ဟာ အများပြည်သူ လုံခြုံရေးကို အာမ -မခံပေးနိုင်ဘူး ဒါကြောင့် အများပြည်သူ လုံခြုံရေးပုံစံသစ်တခုကို လုပ်မယ်လို့ ပြောတယ်။ အသေးစိတ်ကိုတော့ မပြောထားပေမဲ့ အကြမ်းဖျင်းနားလည်ထားတာ ဖြစ်နိုင်တာကတော့ ရဲတပ်ဖွဲ့ကို ပေးမယ့် ဘတ်ဂျက်ကို ရဲတပ်ဖွဲ့က ချမပေးတော့ပဲနဲ့ အများပြည်သူ ဝန်ဆောင်မှု လုပ်ငန်းတရပ်အနေနဲ့ Public Service လုံခြုံမှုကို ထိန်းသိမ်းတာလည်း ဝန်ဆောင်မှုဖြစ်တယ်ဆိုပြီး အဲ့ဒီဌာနအောက်ကို အဲ့ကိုလွှဲပေးလိုက်မယ်။ အဲ့ဒီဘတ်ဂျက်ကို - ဆိုတော့ အဲ့ဒီ့ဌာနရဲ့အစီအစဉ်နဲ့ အများပြည်သူ လုံခြုံအောင် ဘယ်လိုလုပ်ကြမလဲဆိုတာကို လုပ်တာဆိုတော့ ဒါဟာ ရဲတပ်ဖွဲ့ရဲ့ ပြုပြင်ပြောင်းလဲရေး ပထမဆုံးလုပ်တဲ့ခြေလှမ်းတရပ်ဖြစ်ပါတယ်။ သို့သော် သူတို့ ဒါကို အသေးစိတ် ဆက်လက်ဆွေးနွေးသွားဖို့ရှိတယ် ဆိုတာကိုပြောထားပါတယ်။

Michigan ျပည္နယ္ Detroit ၿမိဳ႕မွာ ေတြ႕ရတဲ့ ဆႏၵျပပဲြျမင္ကြင္း။ (ဇြန္ ၀၆၊ ၂၀၂၀)
Michigan ျပည္နယ္ Detroit ၿမိဳ႕မွာ ေတြ႕ရတဲ့ ဆႏၵျပပဲြျမင္ကြင္း။ (ဇြန္ ၀၆၊ ၂၀၂၀)

အဲ့ကိစ္စကို အဲ့ဒီမြို့က မြို့တော်ဝန်ကတော့ သဘောမတူသေးဘူး။ သို့သော် အဲ့ဒီမြို့တော်ဝန်ဟာလည်းပဲ လူ့အခွင့်အရေးရှေ့နေ တယောက်ဖြစ်ပါတယ်။ သူကတော့ လုပ်နည်းကိုင်နည်းနဲ့ပတ်သက်ပြီး ကန့်ကွက်ထားတာသာဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ဆွေးနွေးသွားမယ့်အလားလာရှိပါတယ်။ ဒါဟာဖြင့် အဓိကအားဖြင့် ရဲတပ်ဖွဲ့နဲ့ ပတ်သက်ပြီး အထက်အောက် ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးတွေကို တပြေးညီလုပ်လာတယ်လို့ ဆိုရမှာပါ မဆုမွန်။

မဆုမွန်။ ။ ဟုတ်ကဲ့။ ကျေးဇူးအများကြီးတင်ပါတယ် ဦးကျော်ဇံသာရှင့်။ ဒါကတော့ ဒီအမေရိကန်တဝှမ်း ဆန္ဒပြပွဲတွေကို အထူးလေ့လာစောင့်ကြည့်နေတဲ့ ဗွီအိုအေအယ်ဒီတာဦးကျော်ဇံသာကို ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG