သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲတပ်ဖွဲ့ဖမ်းဆီးစဉ် သေဆုံးသူ George Floyd ဈာပန Houston မြို့မှာကျင်းပမည်


George Floyd ရဲ့ ဈာပနမြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)
George Floyd ရဲ့ ဈာပနမြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)

[Zawgyi/Unicode]

အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့သီတင်း နှစ်ပတ်က ရဲတို့ဖမ်းဆီးချိန်မှာ သေဆုံးခဲ့တဲ့ George Floyd ရဲ့ဈာပန အခမ်းအနားကို Texas ပြည်နယ် Houston မြို့မှာ မိသားစု၊ မိတ်ဆွေတချို့နဲ့ ဒီကနေ့ သီးသန့်ကျင်းပမှာဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကြောင့်ရဲတပ်ဖွဲ့ရဲ့ ရက်စက်တဲ့လုပ်ရပ်အပေါ် အကြီးအကျယ် ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ အမေရိကန် နိုင်ငံတဝှမ်းမြို့ကြီးအတော်များများမှာ ပေါ်ပေါက်လာခဲ့တာပါ။ ဈာပနအခမ်းအနားပြီးရင်တော့ George Floyd ရဲ့ ကြွင်းကျန်ရစ်တဲ့ရုပ်အလောင်းကို ရဲတို့ရဲ့အစောင့်အကြပ်နဲ့ Pearland မြို့ကို သယ်သွားပြီး သူ့အမေအုတ်ဂူဘေးမှာ မြှုပ်နှံမှာဖြစ်ပါတယ်။

George Floyd ဈာပန မြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)
George Floyd ဈာပန မြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)

မနေ့ညကတော့ Floyd ရဲ့ဘဝကို အောက်မေ့တဲ့အနေနဲ့ သူတက်ခဲ့တဲ့အထက်တန်းကျောင်းရဲ့ သင်္ကေတ ကြက်သွေးရောင်နဲ့ရွှေရောင် မီးလုံးတွေကို Houston မြို့တော်ခန်းမမှာ ထွန်းညှိခဲ့တာပါ။

Los Angeles, Boston, Oakland, Las Vegas, New York နဲ့ အခြားမြို့ကြီးတွေမှာလည်း အလားတူ မီးရောင်တွေ ထွန်းညှိခဲ့ပါတယ်။ George Floyd ရဲ့ ရုပ်အလောင်း ကိုအများပြည်သူကြည့်နိုင်အောင် ထားပေးတဲ့ The Fountain of Praise ခရစ်ယာန်ဘုရားကျောင်းကို တနင်္လာနေ့က လူထောင်နဲ့ချီ လာရောက်ဂါရဝပြုခဲ့ကြပါတယ်။

ပြီးခဲ့တဲ့တပတ်ကလည်း Floyd ရဲ့ မွေးရပ်မြေ အနီးက North Caroliand အပြင် Minneapolis နဲ့ Raeford မှာလည်း အောက်မေ့ဖွယ်အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

Texas ပြည်နယ်ရီပါဘလစ်ကန် အုပ်ချုပ်ရေးမှူး Greg Abbott လည်း Floyd ကို မနေ့က လာရောက် ဂါရဝပြုခဲ့တာပါ။ ရဲတပ်ဖွဲ့ ပြုပြင်ဖွဲ့စည်းရေးဆွေးနွေးတဲ့နေရာမှာ Floyd ရဲ့မိသားစုကိုပါ ပါဝင်စေမယ်လို့ အုပ်ချုပ်ရေးမှူး Abbott က Church ကျောင်းအပြင်ဘက်မှာ သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။

ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း Joe Biden က Floyd ရဲ့ဆွေမျိုးတွေနဲ့ Texas ပြည်နယ် Houston မြို့မှာ တနင်္လာနေ့က တနာရီကျော်ကြာအောင် တွေ့ဆုံနှစ်သိမ့်ခဲ့တယ်လို့ မိသားစုရှေ့နေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



George Floyd ရဲ့ ဈာပနမြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)
George Floyd ရဲ့ ဈာပနမြင်ကွင်း။ (ဇွန် ၀၈၊ ၂၀၂၀)







XS
SM
MD
LG