သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

George Floyd ကုိ ေျမျမဳပ္သၿဂၤ ိဳလ္


(Zawgyi/Unicode)

ေမလ ၂၅ ရက္ေန႔က ရဲဖမ္းထားစဥ္အတြင္း ေသဆံုးခဲ့ရတဲ့ အာဖရိကန္ - အေမရိကန္ အမ်ိဳးသား George Floyd အတြက္ သီးသန္႔စ်ာပန အခမ္းအနားကို Texas ျပည္နယ္က Houston ၿမိဳ႕မွာ Texas စံေတာ္ခ်ိန္ ေန႔လည္ ၁၁ နာရီက စတင္က်င္းပခဲ့ပါတယ္။

အခမ္းအနားမွာ လူ႔အခြင့္ေရးတက္ၾကြလႈပ္ရွားသူ ခရစ္ယာန္တရားေဟာဆရာ Al Sharpton က Floyd နဲ႔ပတ္သက္တဲ့ ေအာက္ေမ့ဘြယ္ ရာေတြနဲ႔အတူ ခြဲျခားဆက္ဆံမႈ မရွိေစဖို႔ ေဟာေျပာခဲ့သလို Huston ၿမိဳ႕ေတာ္ဝန္ Sylvester Turner ကေတာ့ ရဲေတြ လည္ပင္းကို ညွစ္ၿပီး ဖမ္းဆီးမႈကို တားျမစ္လုိက္ေၾကာင္း အခမ္းအနားမွာပဲ ေၾကညာခဲ့ပါတယ္။

ဒီမိုကရက္တစ္ပါတီက သမၼတေလာင္းအျဖစ္ ဝင္ေရာက္ယွဥ္ၿပိဳင္မယ့္ ဒုသမၼတေဟာင္း ဂ်ိဳးဘိုင္ဒင္က လည္း စ်ာပနအခမ္းအနားအတြက္ ဗီဒီယို ေခြ ေပးပို႔ၿပီး အခုအခ်ိန္ဟာ ခြဲျခားဆက္ဆံမႈအတြက္ တရားမ ွ်တမႈကို ေဆာင္က်ဥ္းေပးရမယ့္အခ်ိန္ေရာက္ၿပီ ျဖစ္ေၾကာင္း ေျပာပါတယ္။

စ်ာပန အခမ္းအနားအၿပီးမွာ Houston ရဲေတြ ၿခံရံၿပီး Houston နားက Pearland မွာ ရွိတဲ့ Houston Memorial Gardens မွာ Floyd ရဲ့ ရုပ္ၾကြင္းကို သူ႔မိခင္ ဂူေဘးမွာ ေျမျမဳပ္ သၿဂၤ ိဳလ္မွာ ျဖစ္ပါတယ္။

Floyd ငယ္စဥ္က တက္ခဲ့တဲ့ အထက္တန္းေက်ာင္းမွာ တနလၤာေန႔ညက မိီးေရာင္စံုထြန္းၿပီး ဂုဏ္ျပဳ ခဲ့သလို Los Angeles, Boston, Oakland, Las Vegas နဲ႔ New York အျပင္ အေမရိကန္ တျခားၿမိဳ႕ႀကီးေတြက ၿမိဳ႕ေတာ္ခန္းမေတြမွာလည္း မီးေတြ ထိန္ေအာင္ထြန္းၿပီး ဂုဏ္ျပဳခဲ့ပါတယ္။

Floyd ေသဆံုးခဲ့တဲ့ ေနာက္ပိုင္း တရားေရး မ ွ်တမႈ ရွိေစဖို႔နဲ႔ စနစ္တက် ျပဳျပင္ေျပာင္းလဲမႈေတြ လုပ္ဖုိ႔ အေမရိကန္ႏုိင္ငံတဝွမ္း သီတင္း ၂ ပတ္ေက်ာ္ၾကာ ဆႏၵျပမႈေတြ ျဖစ္ပြားခဲ့သလို ကမာၻတလႊား ၿမိဳ႕ႀကီးေတြမွာ ခြဲဲျခားဆက္ဆံမႈ မရွိေစဖုိ႔ ဆႏၵျပမႈေတြ ေပၚေပါက္ခဲ့ရပါတယ္။

Floyd ေသဆံုးခဲ့ရတဲ့ ေနာက္ပိုင္း Minneapolis ရဲဌာနကို ဖ်က္သိမ္းဖို႔ ၿမိဳ႕ေတာ္ေကာင္စီဝင္ ၁၂ ဦးထဲက ၉ ဦးက ကတိေပးခဲ့တာပါ။ ကယ္လီဖိုးနီးယား အုပ္ခ်ဳပ္ေရးမွဴးကလည္း ရဲသင္တန္းေက်ာင္း ေတြမွာ လည္ပင္းကိုညွစ္ၿပီးဖမ္းတဲ့ အစီအစဥ္ကို မသင္ၾကားဖို႔ အမိန္႔ထုတ္ခဲ့သလို Denver ရဲဌာနကလည္း လည္ပင္းညွစ္ဖမ္းဆီးမႈကို တားျမစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။

George Floyd ကုိ ေျမျမဳပ္သၿဂၤ ိဳလ္
please wait

No media source currently available

0:00 0:01:34 0:00
တိုက္႐ိုက္ လင့္ခ္


............

George Floyd ကို မြေမြုပ်သင်္ဂြ ိုလ်

(Unicode)

မေလ ၂၅ ရက်နေ့က ရဲဖမ်းထားစဉ်အတွင်း သေဆုံးခဲ့ရတဲ့ အာဖရိကန် - အမေရိကန် အမျိုးသား George Floyd အတွက် သီးသန့်ဈာပန အခမ်းအနားကို Texas ပြည်နယ်က Houston မြို့မှာ Texas စံတော်ချိန် နေ့လည် ၁၁ နာရီက စတင်ကျင်းပခဲ့ပါတယ်။

အခမ်းအနားမှာ လူ့အခွင့်ရေးတက်ကြွလှုပ်ရှားသူ ခရစ်ယာန်တရားဟောဆရာ Al Sharpton က Floyd နဲ့ပတ်သက်တဲ့ အောက်မေ့ဘွယ် ရာတွေနဲ့အတူ ခွဲခြားဆက်ဆံမှု မရှိစေဖို့ ဟောပြောခဲ့သလို Huston မြို့တော်ဝန် Sylvester Turner ကတော့ ရဲတွေ လည်ပင်းကို ညှစ်ပြီး ဖမ်းဆီးမှုကို တားမြစ်လိုက်ကြောင်း အခမ်းအနားမှာပဲ ကြေညာခဲ့ပါတယ်။

ဒီမိုကရက်တစ်ပါတီက သမ္မတလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ့် ဒုသမ္မတဟောင်း ဂျိုးဘိုင်ဒင်က လည်း ဈာပနအခမ်းအနားအတွက် ဗီဒီယို ခွေ ပေးပို့ပြီး အခုအချိန်ဟာ ခွဲခြားဆက်ဆံမှုအတွက် တရားမ ျှတမှုကို ဆောင်ကျဉ်းပေးရမယ့်အချိန်ရောက်ပြီ ဖြစ်ကြောင်း ပြောပါတယ်။

ဈာပန အခမ်းအနားအပြီးမှာ Houston ရဲတွေ ခြံရံပြီး Houston နားက Pearland မှာ ရှိတဲ့ Houston Memorial Gardens မှာ Floyd ရဲ့ ရုပ်ကြွင်းကို သူ့မိခင် ဂူဘေးမှာ မြေမြုပ် သင်္ဂြ ိုလ်မှာ ဖြစ်ပါတယ်။

Floyd ငယ်စဉ်က တက်ခဲ့တဲ့ အထက်တန်းကျောင်းမှာ တနင်္လာနေ့ညက မီးရောင်စုံထွန်းပြီး ဂုဏ်ပြု ခဲ့သလို Los Angeles, Boston, Oakland, Las Vegas နဲ့ New York အပြင် အမေရိကန် တခြားမြို့ကြီးတွေက မြို့တော်ခန်းမတွေမှာလည်း မီးတွေ ထိန်အောင်ထွန်းပြီး ဂုဏ်ပြုခဲ့ပါတယ်။

Floyd သေဆုံးခဲ့တဲ့ နောက်ပိုင်း တရားရေး မ ျှတမှု ရှိစေဖို့နဲ့ စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ အမေရိကန်နိုင်ငံတဝှမ်း သီတင်း ၂ ပတ်ကျော်ကြာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့သလို ကမ္ဘာတလွှား မြို့ကြီးတွေမှာ ခွဲခြားဆက်ဆံမှု မရှိစေဖို့ ဆန္ဒပြမှုတွေ ပေါ်ပေါက်ခဲ့ရပါတယ်။

Floyd သေဆုံးခဲ့ရတဲ့ နောက်ပိုင်း Minneapolis ရဲဌာနကို ဖျက်သိမ်းဖို့ မြို့တော်ကောင်စီဝင် ၁၂ ဦးထဲက ၉ ဦးက ကတိပေးခဲ့တာပါ။ ကယ်လီဖိုးနီးယား အုပ်ချုပ်ရေးမှူးကလည်း ရဲသင်တန်းကျောင်း တွေမှာ လည်ပင်းကိုညှစ်ပြီးဖမ်းတဲ့ အစီအစဉ်ကို မသင်ကြားဖို့ အမိန့်ထုတ်ခဲ့သလို Denver ရဲဌာနကလည်း လည်ပင်းညှစ်ဖမ်းဆီးမှုကို တားမြစ်ကြောင်း ကြေညာခဲ့ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG