သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အေမရိကန္မွာ ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရးကုိ ေဒသႏၱရအစုိးရေတြ ဘယ္လုိေဆာင္ရြက္ေနလဲ


"Defund the Police" ရဲတပ္ဖဲြ႕ဆိုင္ရာ ရန္ပံုေငြ ျပဳျပင္ေျပာင္းလဲေရး ဆႏၵျပေန

(Zawgyi/Unicode)

အေမရိကန္ လူထုဆႏၵျပပဲြေတြက ေတာင္းဆိုေနတဲ့ "Defund the Police" ရဲတပ္ဖဲြ႕ဆိုင္ရာ ရန္ပံုေငြ ျပဳျပင္ေျပာင္းလဲေရး ဆိုတာ ဘာကိုဆိုလိုတာလဲ။

အေမရိကန္ျပည္ေထာင္စုမွာ ရဲတပ္ဖဲြ႕ဆိုင္ရာ ဘတ္ဂ်က္ကို သက္ဆိုင္ရာျပည္နယ္ေတြက သတ္မွတ္တာျဖစ္တဲ့အတြက္ လူထုကေတာင္းဆိုေနတဲ့ "Defund the Police" ကို ျပည္နယ္အစိုးရေတြဘက္က ဘယ္လိုျပဳျပင္ေျပာင္းလဲေရးေတြ လုပ္ေဆာင္ေနသလဲ။

ရဲေတြခ်ဳပ္ေႏွာင္ ဖမ္းဆီးမႈေၾကာင့္ ေသဆံုးခဲ့ရတဲ့ လူမည္းအမ်ဳိးသား George Floyd ရဲ႕ စ်ာပနအခမ္းအနားကို တကၠဆက္ ျပည္နယ္ ဟူစတန္ ၿမိဳ႕မွာ က်င္းပေနၿပီး နာမည္ေက်ာ္ အထင္ကရ ပုဂၢိဳလ္ေတြအပါအ၀င္ လူေပါင္း ရာနဲ႔ခ်ီတက္ေရာက္လာတဲ့ ေနာက္ဆံုးအေျခအေန စတာေတြကို ဗီြအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ ဒီေန႔ေတာ့ အေမရိကန္မွာ အေျခအေနက ေအးေအးေဆးေဆးျဖစ္တယ္ေနာ္ ေနာက္ၿပီးေတာ့ George Floyd ရဲ႕ အသုဘအခမ္းအနား က်င္းပေနတဲ့ Huston ၿမိဳ႕အေျခအေနနဲ႔ ပတ္သက္ၿပီးေတာ့ အန္ကယ္ ဘာေတြ ေတြ႔ရေသးသလဲ။

ဦးေက်ာ္ဇံသာ။ ။ ေအးေအးေဆးေဆးပါပဲ မအင္ၾကင္းေျပာသလို အသုဘအခမ္းအနား ကလည္း ေအးေဆးတည္ၿငိမ္တဲ့ ဘာသာေရးဆန္တဲ့ အခမ္းအနားျဖစ္ပါတယ္။ ေသဆံုးသြားသူရဲ႕ ေနာက္ဆံုးခရီးကို လိုက္ပို႕ၾကဖို႔အတြက္ သူ႔ကို ဂုဏ္ျပဳစကားေတြ ေျပာၾကတယ္ အဲဒီမွာ တက္ေရာက္သူေတြကေတာ့ ၅၀၀ ေလာက္ ၊ သူတို႔ကေတာ့ Private ceremony လို႔ေတာ့ေခၚတာပဲ ဒါေပမယ့္ အျပင္မွာ ရွိေနတဲ့ ပရိသတ္ကလည္း ေတာ္ေတာ္မ်ားမ်ားရွိတယ္။ သူ႔ရုပ္အေလာင္းကို သၿဂႋဳဟ္မယ့္ေနရာကို သယ္ေဆာင္တဲ့လူေတြပါ စီတန္းလိုက္ပါလာမယ္လို႔ ယူဆရပါတယ္။ အဲဒီမွာ သူ႕ကို ဂုဏ္ျပဳေျပာတဲ့ အထဲမွာ အေရးႀကီးတဲ့ ပုဂိဳလ္ ၂ ေယာက္ကေတာ့ ဒီမိုကရက္ သမၼတေလာင္း Joe Biden နဲ႔ လူ႔အခြင့္အေရး လႈပ္ရွားတဲ့ ေခါင္းေဆာင္တဦးျဖစ္တဲ့ Rev. Al Sharpton တို႔ျဖစ္ပါတယ္။ က်န္တဲ့လူေတြကလည္း သူ႔ကို ခ်ီးက်ဴးေထာပဌာျပဳတဲ့ စကားေတြ ေျပာၾကတယ္ ဓမၼေတးေတြ သီဆိုၾကတယ္ အားလံုး ေအးေအးေဆးေဆး ရွိေနပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခု အေမရိကန္ျပည္ေထာင္စုမွာ ျဖစ္ေနတဲ့ လူမ်ိဳးေရးခြဲျခားမႈ ဆန္႔က်င္တဲ့ ဆႏၵျပပြဲေတြမွာ "Defund the Police" ေၾကြးေၾကာ္သံေတြ ေတာ္ေတာ္ေလးျပင္းထန္လာတာကို ေတြ႔ရပါတယ္။ ရဲတပ္ဖြဲ႔ေတြ ျပဳျပင္ေျပာင္းလဲေရးဆိုင္ရာအပိုင္းမွာ ရဲတပ္ဖြဲ႔ေတြအတြက္ ဘတ္ဂ်က္က ျပည္နယ္အလိုက္ေပးတာဆိုေတာ့ "Defund the Police" ေၾကြးေၾကာ္ခ်က္ေတြအေပၚမွာ အန္ကယ္ ဘယ္လိုျမင္ပါသလဲ။

ဦးေက်ာ္ဇံသာ။ ။ Defund ဆိုတဲ့ စကားကို ျမန္မာလို တိုက္ရိုက္ျပန္ရင္ေတာ့ Fund လုပ္ေနတာ မလုပ္နဲ႔ေတာ့ဆိုေတာ့ ပိုက္ဆံေပးေနတာ မေပးနဲ႔ေတာ့ ၊ ပိုက္ဆံေပးေနတာ ရပ္လိုက္ဆိုတဲ့ သေဘာမ်ိဳး သက္ေရာက္ပါတယ္ ဒါေပမယ့္ ဒီေလာက္အထိ ေယဘုယ်အားျဖင့္ေတာ့ မျပင္းထန္ပါဘူး တကယ္လက္ေတြ႔ တင္ျပေနတဲ့ အစီအစဥ္ေတြကေတာ့ ရဲတပ္ဖြဲ႔ကို ေပးေနတဲ့ ဘတ္ဂ်က္ကို ပိုၿပီးထိေရာက္ေအာင္ ဘယ္လို သံုးမလဲဆိုတဲ့သေဘာကို အမ်ားအားျဖင့္ ဦးတည္ေနတယ္လို႔ ေတြ႔ရပါတယ္။ သူတို႔က ဘာလုပ္ေစခ်င္ သလဲဆိုေတာ ့ရဲတပ္ဖြဲ႔မွာ Policing ဆိုတာ လူဆိုးေတြကို ဖမ္းတာ ၊ ထိန္းတာ အျပင္ တျခား ပညာေရးကိစၥ ၊ ျပည္သူေတြအတြက္ ပိုလံုၿခံဳမႈ ရွိေစမယ့္ တျခားက႑ေတြ ေတာ္ေတာ္မ်ားမ်ား လႊဲေျပာင္းသံုးဖို႔ ေနာက္ၿပီးေတာ့ လူထုအသိုင္းအ၀ိုင္း ထဲက လူငယ္ေတြကိုလည္း လံုၿခံဳေရးကိစၥမွာ ပါ၀င္ေဆာင္ရြက္ႏိုင္ေအာင္ ကူညီပံ႔ပိုးဖို႔ေပါ့ေလ အဲဒီပိုက္ဆံနဲ႔ အဲဒီသေဘာနဲ႔ ေျပာတာျဖစ္ပါတယ္။ တခ်ိဳ႕က Defund ၊ Dismantle ၊ Divert လို႔ေျပာတယ္ တကယ္ေတာ့ တိတိက်က် ေျပာရင္ေတာ့ Defund လုပ္တာ Divert ေပါ့ေလ သူတို႔ကို ေပးေနတဲ့ ဘတ္ဂ်က္ကို တျခားေနရာေတြမွာ ျဖန္႔သံုးဖို႔ သက္ေရာက္ေနပါတယ္။ ဒါေပမယ့္ တခ်ိဳ႕ၿမိဳ႕နယ္ေတြမွာေတာ့ Minneapolis လိုၿမိဳ႕ေတြမွာေတာ့ ေတာ္ေတာ္ေလး ေရွ႕ေျပးၿပီးေတာ ့ရဲတပ္ဖြဲ႔ကို လံုး၀ ဖ်က္ၿပီးေတာ့ ပံုစံသစ္ တမ်ိဳးန႔ဲ အမ်ားျပည္သူေတြရဲ႕ လံုၿခံဳေရးကို ေဖာ္ေဆာင္ဖို႔ဆိုတာ စဥ္းစားေနတယ္လို႔ သိရပါတယ္။

မအင္ၾကင္းႏိုင္။ ။ ဆိုေတာ့ အခု ဒီ ဆႏၵျပပြဲေတြေပါ့ေနာ္ အေမရိကန္ သမိုင္းမွာလည္း အျပင္းထန္ဆံုး လူထု ဆႏၵျပပြဲေတြအေျခအေနေပါ့ေနာ္ အဲဒါလည္း ျဖစ္လာတယ္ဆိုတဲ့အခါက်ေတာ့ ဒီဆႏၵျပပြဲေတြရဲ႕ ႏိုင္ငံေရး ဂယက္ ဘယ္ေလာက္အထိ ႀကီးမလဲရွင့္။

ဦးေက်ာ္ဇံသာ။ ။ ႏိုင္ငံေရး ဂယက္ကေတာ့ ႀကီးႏိုင္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အရင္တုန္းက ေရြးေကာက္ပြဲေတြမွာ ထိပ္တန္း အျငင္းပြားစရာ ယွဥ္ႏိုင္စရာမဟုတ္ခဲ့တဲ့ အေၾကာင္းအရာ တခုက အခုအခါမွာ ထိပ္တန္းေရာက္လာပါတယ္။ အဲဒါကေတာ့ အသားအေရာင္ခြဲျခားမႈနဲ႔ တရားမွ်တမႈ မရွိတဲ့ကိစၥ ။

သုေတသနျပဳတဲ့ စစ္တမ္းေတြအရလည္း ဒီကိစၥဟာ အေရးႀကီးတဲ့ အခ်က္တခု ျဖစ္လာၿပီဆိုတာ ေျပာေနပါတယ္ ဆိုေတာ့ ဒါဟာ အေရးႀကီးတဲ့ ကိစၥတခုေတာ့ ျဖစ္လာမွာပါ။ Joe Biden တို႔ကို လူမည္းေတြရဲ႕ မဲဆႏၵက ပိုၿပီးေတာ့ ပံ႔ပိုးေပးလိမ့္မယ္ သူတို႔က လူမည္းေတြရဲ႕ မဲနဲ႔ ပိုၿပီးေတာ့ အားသာလိမ့္မယ္လို႔ တခ်ိဳ႕က တြက္ပါတယ္။ ဒါေပမယ့္ က်ေနာ္စဥ္းစားမိတာကေတာ့ Donald Trump က သူ႔ရဲ႕ အားသန္တဲ႔ စီးပြားေရးကို ခိုင္မာေတာင့္တင္းေအာင္လုပ္ႏိုင္တယ္ဆုိတဲ့ဟာနဲ႔ အဓိက သူထားၿပီးေတာ့ ယွဥ္ျပိဳင္လိမ့္မယ္လို႔ ထင္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခု ဆႏၵျပပြဲေတြရဲ႕ ေနာက္ဆံုးအေျခအေနကေရာ ဘယ္လို ဆက္ျဖစ္လာမလဲ။ အေျပာင္းအလဲေတြ ျဖစ္လာဦးမလား။

ဦးေက်ာ္ဇံသာ။ ။ဆႏၵျပပြဲေတြကေတာ့ အရွိန္နည္းနည္းေလ်ာ့သြားမယ္လို႔ ထင္ပါတယ္ သူ႔ရဲ႕ အသုဘအခမ္းအနား ျပီးသြားတဲ့အခါမွာ ဒါေပမယ့္ ဒီ Issue ကေတာ့ ဆက္ၿပီးေတာ့ ရွိေနမွာပါ။ ဒါဟာ ၁၉၆၀ မာတင္လူသာကင္းတို႔ေခတ္ လႈပ္ရွားမႈ ေနာက္ပိုင္းမွာ ဒီဆႏၵျပပြဲဟာ လူထု ပါ၀င္မႈ အမ်ားဆံုးျဖစ္တယ္။ အျဖဴ၊ အမဲ၊ အာရွ၊ လတီနို အားလံုးပါ၀င္ၾကတဲ့ လူထုအခမ္းအနားႀကီးျဖစ္ပါတယ္။ ဒီ Texas ျပည္နယ္က ေရဒါဆိုတဲ့ၿမိဳ႕ တခ်ိန္တုန္းက KKK အစြန္းေရာက္အျဖဴေတြရဲ႕ အဖြဲ႔ႀကီးစိုးတဲ့ ၿမိဳ႕ဆိုၿပီးေတာ့ နာမည္ ဆိုးခဲ့တဲ့ၿမိဳ႕ အဲဒီၿမိဳ႕မွာေတာင္မွာ ဒီအခါမွာ တန္းတူအခြင့္အေရးေပးဖို႔ ဆႏၵျပ စည္းေ၀းတာေတြ ေပၚထြက္ခဲ့တယ္ဆိုေတာ့ ေတာ္ေတာ့္ကို ထိေရာက္ေျပာင္းလဲသြားတဲ့ကိစၥလည္း ျဖစ္ပါတယ္။

မအင္ၾကင္းႏိုင္။ ။ ဟုတ္ကဲ့ အခုလို အေမရိကန္ကအေျခအေနေတြကို သံုးသပ္ေျပာျပသြားတဲ့အတြက္ အန္ကယ္ကို အမ်ားႀကီး ေက်းဇူးတင္ပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ေက်းဇူးတင္ပါတယ္ ခင္ဗ်။

အေမရိကန္ျပည္ေထာင္စုက ေနာက္ဆံုးအေျခအေန စတာေတြကို ဗီြအိုေအ အယ္ဒီတာ ဦးေက်ာ္ဇံသာကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားတာပါ။

တိုက္႐ိုက္ လင့္ခ္


..............

အမေရိကန်မှာ ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးကို ဒေသန္တရအစိုးရတွေ ဘယ်လိုဆောင်ရွက်နေလဲ

(Unicode)

အမေရိကန် လူထုဆန္ဒပြပွဲတွေက တောင်းဆိုနေတဲ့ "Defund the Police" ရဲတပ်ဖွဲ့ဆိုင်ရာ ရန်ပုံငွေ ပြုပြင်ပြောင်းလဲရေး ဆိုတာ ဘာကိုဆိုလိုတာလဲ။

အမေရိကန်ပြည်ထောင်စုမှာ ရဲတပ်ဖွဲ့ဆိုင်ရာ ဘတ်ဂျက်ကို သက်ဆိုင်ရာပြည်နယ်တွေက သတ်မှတ်တာဖြစ်တဲ့အတွက် လူထုကတောင်းဆိုနေတဲ့ "Defund the Police" ကို ပြည်နယ်အစိုးရတွေဘက်က ဘယ်လိုပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေသလဲ။

ရဲတွေချုပ်နှောင် ဖမ်းဆီးမှုကြောင့် သေဆုံးခဲ့ရတဲ့ လူမည်းအမျိုးသား George Floyd ရဲ့ ဈာပနအခမ်းအနားကို တက္ကဆက် ပြည်နယ် ဟူစတန် မြို့မှာ ကျင်းပနေပြီး နာမည်ကျော် အထင်ကရ ပုဂ္ဂိုလ်တွေအပါအဝင် လူပေါင်း ရာနဲ့ချီတက်ရောက်လာတဲ့ နောက်ဆုံးအခြေအနေ စတာတွေကို ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ ဒီနေ့တော့ အမေရိကန်မှာ အခြေအနေက အေးအေးဆေးဆေးဖြစ်တယ်နော် နောက်ပြီးတော့ George Floyd ရဲ့ အသုဘအခမ်းအနား ကျင်းပနေတဲ့ Huston မြို့အခြေအနေနဲ့ ပတ်သက်ပြီးတော့ အန်ကယ် ဘာတွေ တွေ့ရသေးသလဲ။

ဦးကျော်ဇံသာ။ ။ အေးအေးဆေးဆေးပါပဲ မအင်ကြင်းပြောသလို အသုဘအခမ်းအနား ကလည်း အေးဆေးတည်ငြိမ်တဲ့ ဘာသာရေးဆန်တဲ့ အခမ်းအနားဖြစ်ပါတယ်။ သေဆုံးသွားသူရဲ့ နောက်ဆုံးခရီးကို လိုက်ပို့ကြဖို့အတွက် သူ့ကို ဂုဏ်ပြုစကားတွေ ပြောကြတယ် အဲဒီမှာ တက်ရောက်သူတွေကတော့ ၅၀၀ လောက် ၊ သူတို့ကတော့ Private ceremony လို့တော့ခေါ်တာပဲ ဒါပေမယ့် အပြင်မှာ ရှိနေတဲ့ ပရိသတ်ကလည်း တော်တော်များများရှိတယ်။ သူ့ရုပ်အလောင်းကို သင်္ဂြိုဟ်မယ့်နေရာကို သယ်ဆောင်တဲ့လူတွေပါ စီတန်းလိုက်ပါလာမယ်လို့ ယူဆရပါတယ်။ အဲဒီမှာ သူ့ကို ဂုဏ်ပြုပြောတဲ့ အထဲမှာ အရေးကြီးတဲ့ ပုဂိုလ် ၂ ယောက်ကတော့ ဒီမိုကရက် သမ္မတလောင်း Joe Biden နဲ့ လူ့အခွင့်အရေး လှုပ်ရှားတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့ Rev. Al Sharpton တို့ဖြစ်ပါတယ်။ ကျန်တဲ့လူတွေကလည်း သူ့ကို ချီးကျူးထောပဌာပြုတဲ့ စကားတွေ ပြောကြတယ် ဓမ္မတေးတွေ သီဆိုကြတယ် အားလုံး အေးအေးဆေးဆေး ရှိနေပါတယ်။

မအင်ကြင်းနိုင်။ ။ အခု အမေရိကန်ပြည်ထောင်စုမှာ ဖြစ်နေတဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေမှာ "Defund the Police" ကြွေးကြော်သံတွေ တော်တော်လေးပြင်းထန်လာတာကို တွေ့ရပါတယ်။ ရဲတပ်ဖွဲ့တွေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာအပိုင်းမှာ ရဲတပ်ဖွဲ့တွေအတွက် ဘတ်ဂျက်က ပြည်နယ်အလိုက်ပေးတာဆိုတော့ "Defund the Police" ကြွေးကြော်ချက်တွေအပေါ်မှာ အန်ကယ် ဘယ်လိုမြင်ပါသလဲ။

ဦးကျော်ဇံသာ။ ။ Defund ဆိုတဲ့ စကားကို မြန်မာလို တိုက်ရိုက်ပြန်ရင်တော့ Fund လုပ်နေတာ မလုပ်နဲ့တော့ဆိုတော့ ပိုက်ဆံပေးနေတာ မပေးနဲ့တော့ ၊ ပိုက်ဆံပေးနေတာ ရပ်လိုက်ဆိုတဲ့ သဘောမျိုး သက်ရောက်ပါတယ် ဒါပေမယ့် ဒီလောက်အထိ ယေဘုယျအားဖြင့်တော့ မပြင်းထန်ပါဘူး တကယ်လက်တွေ့ တင်ပြနေတဲ့ အစီအစဉ်တွေကတော့ ရဲတပ်ဖွဲ့ကို ပေးနေတဲ့ ဘတ်ဂျက်ကို ပိုပြီးထိရောက်အောင် ဘယ်လို သုံးမလဲဆိုတဲ့သဘောကို အများအားဖြင့် ဦးတည်နေတယ်လို့ တွေ့ရပါတယ်။ သူတို့က ဘာလုပ်စေချင် သလဲဆိုတော့ရဲတပ်ဖွဲ့မှာ Policing ဆိုတာ လူဆိုးတွေကို ဖမ်းတာ ၊ ထိန်းတာ အပြင် တခြား ပညာရေးကိစ္စ ၊ ပြည်သူတွေအတွက် ပိုလုံခြုံမှု ရှိစေမယ့် တခြားကဏ္ဍတွေ တော်တော်များများ လွှဲပြောင်းသုံးဖို့ နောက်ပြီးတော့ လူထုအသိုင်းအဝိုင်း ထဲက လူငယ်တွေကိုလည်း လုံခြုံရေးကိစ္စမှာ ပါဝင်ဆောင်ရွက်နိုင်အောင် ကူညီပံ့ပိုးဖို့ပေါ့လေ အဲဒီပိုက်ဆံနဲ့ အဲဒီသဘောနဲ့ ပြောတာဖြစ်ပါတယ်။ တချို့က Defund ၊ Dismantle ၊ Divert လို့ပြောတယ် တကယ်တော့ တိတိကျကျ ပြောရင်တော့ Defund လုပ်တာ Divert ပေါ့လေ သူတို့ကို ပေးနေတဲ့ ဘတ်ဂျက်ကို တခြားနေရာတွေမှာ ဖြန့်သုံးဖို့ သက်ရောက်နေပါတယ်။ ဒါပေမယ့် တချို့မြို့နယ်တွေမှာတော့ Minneapolis လိုမြို့တွေမှာတော့ တော်တော်လေး ရှေ့ပြေးပြီးတော့ရဲတပ်ဖွဲ့ကို လုံး၀ ဖျက်ပြီးတော့ ပုံစံသစ် တမျိုးနဲ့ အများပြည်သူတွေရဲ့ လုံခြုံရေးကို ဖော်ဆောင်ဖို့ဆိုတာ စဉ်းစားနေတယ်လို့ သိရပါတယ်။

မအင်ကြင်းနိုင်။ ။ ဆိုတော့ အခု ဒီ ဆန္ဒပြပွဲတွေပေါ့နော် အမေရိကန် သမိုင်းမှာလည်း အပြင်းထန်ဆုံး လူထု ဆန္ဒပြပွဲတွေအခြေအနေပေါ့နော် အဲဒါလည်း ဖြစ်လာတယ်ဆိုတဲ့အခါကျတော့ ဒီဆန္ဒပြပွဲတွေရဲ့ နိုင်ငံရေး ဂယက် ဘယ်လောက်အထိ ကြီးမလဲရှင့်။

ဦးကျော်ဇံသာ။ ။ နိုင်ငံရေး ဂယက်ကတော့ ကြီးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အရင်တုန်းက ရွေးကောက်ပွဲတွေမှာ ထိပ်တန်း အငြင်းပွားစရာ ယှဉ်နိုင်စရာမဟုတ်ခဲ့တဲ့ အကြောင်းအရာ တခုက အခုအခါမှာ ထိပ်တန်းရောက်လာပါတယ်။ အဲဒါကတော့ အသားအရောင်ခွဲခြားမှုနဲ့ တရားမျှတမှု မရှိတဲ့ကိစ္စ ။

သုတေသနပြုတဲ့ စစ်တမ်းတွေအရလည်း ဒီကိစ္စဟာ အရေးကြီးတဲ့ အချက်တခု ဖြစ်လာပြီဆိုတာ ပြောနေပါတယ် ဆိုတော့ ဒါဟာ အရေးကြီးတဲ့ ကိစ္စတခုတော့ ဖြစ်လာမှာပါ။ Joe Biden တို့ကို လူမည်းတွေရဲ့ မဲဆန္ဒက ပိုပြီးတော့ ပံ့ပိုးပေးလိမ့်မယ် သူတို့က လူမည်းတွေရဲ့ မဲနဲ့ ပိုပြီးတော့ အားသာလိမ့်မယ်လို့ တချို့က တွက်ပါတယ်။ ဒါပေမယ့် ကျနော်စဉ်းစားမိတာကတော့ Donald Trump က သူ့ရဲ့ အားသန်တဲ့ စီးပွားရေးကို ခိုင်မာတောင့်တင်းအောင်လုပ်နိုင်တယ်ဆိုတဲ့ဟာနဲ့ အဓိက သူထားပြီးတော့ ယှဉ်ပြိုင်လိမ့်မယ်လို့ ထင်ပါတယ်။

မအင်ကြင်းနိုင်။ ။ အခု ဆန္ဒပြပွဲတွေရဲ့ နောက်ဆုံးအခြေအနေကရော ဘယ်လို ဆက်ဖြစ်လာမလဲ။ အပြောင်းအလဲတွေ ဖြစ်လာဦးမလား။

ဦးကျော်ဇံသာ။ ။ဆန္ဒပြပွဲတွေကတော့ အရှိန်နည်းနည်းလျော့သွားမယ်လို့ ထင်ပါတယ် သူ့ရဲ့ အသုဘအခမ်းအနား ပြီးသွားတဲ့အခါမှာ ဒါပေမယ့် ဒီ Issue ကတော့ ဆက်ပြီးတော့ ရှိနေမှာပါ။ ဒါဟာ ၁၉၆၀ မာတင်လူသာကင်းတို့ခေတ် လှုပ်ရှားမှု နောက်ပိုင်းမှာ ဒီဆန္ဒပြပွဲဟာ လူထု ပါဝင်မှု အများဆုံးဖြစ်တယ်။ အဖြူ၊ အမဲ၊ အာရှ၊ လတီနို အားလုံးပါဝင်ကြတဲ့ လူထုအခမ်းအနားကြီးဖြစ်ပါတယ်။ ဒီ Texas ပြည်နယ်က ရေဒါဆိုတဲ့မြို့ တချိန်တုန်းက KKK အစွန်းရောက်အဖြူတွေရဲ့ အဖွဲ့ကြီးစိုးတဲ့ မြို့ဆိုပြီးတော့ နာမည် ဆိုးခဲ့တဲ့မြို့ အဲဒီမြို့မှာတောင်မှာ ဒီအခါမှာ တန်းတူအခွင့်အရေးပေးဖို့ ဆန္ဒပြ စည်းဝေးတာတွေ ပေါ်ထွက်ခဲ့တယ်ဆိုတော့ တော်တော့်ကို ထိရောက်ပြောင်းလဲသွားတဲ့ကိစ္စလည်း ဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့ အခုလို အမေရိကန်ကအခြေအနေတွေကို သုံးသပ်ပြောပြသွားတဲ့အတွက် အန်ကယ်ကို အများကြီး ကျေးဇူးတင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ကျေးဇူးတင်ပါတယ် ခင်ဗျ။

အမေရိကန်ပြည်ထောင်စုက နောက်ဆုံးအခြေအနေ စတာတွေကို ဗွီအိုအေ အယ်ဒီတာ ဦးကျော်ဇံသာကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားတာပါ။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG