သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

George Floyd ေသဆံုးမႈ ဆႏၵျပပြဲေတြကေန ေနာက္ဆက္တြဲ ႐ိုက္ခတ္မႈမ်ား


နယူးေယာက္ျပည္နယ္ နယူးေယာက္ၿမိဳ႕မွာ ေတြ႔ရတဲ့ ဆႏၵျပပဲြ ျမင္ကြင္း။ (ဇြန္ ၀၆၊ ၂၀၂၀)

[Zawgyi/Unicode]

အေမရိကန္ျပည္ေထာင္စုမွာ လူမည္းအမ်ဳိးသား George Floyd ရဲဖမ္းဆီးခံထားရစဥ္ လူျဖဴရဲေၾကာင့္ ေသဆံုးခဲ့ရတဲ့အေပၚ မေက်နပ္တဲ့ ဆႏၵျပပြဲလႈပ္႐ွားမႈ ေနာက္ဆံုး အေျခအေန ဂယက္႐ိုက္ခတ္မႈေတြကို VOA ျမန္မာပိုင္းအယ္ဒီတာ ဦးေက်ာ္ဇံသာနဲ႔ မစုျမတ္မြန္ ေမးျမန္းထားပါတယ္။

George Floyd ရဲ႕အသုဘအခမ္းအနား (ဇြန္ ၀၉၊ ၂၀၂၀)
George Floyd ရဲ႕အသုဘအခမ္းအနား (ဇြန္ ၀၉၊ ၂၀၂၀)

မစုျမတ္မြန္။ ။ George Floyd ရဲ႕အသုဘ အဂၤါေန႔ကၿပီးသြားတဲ့ေနာက္ပိုင္း အဂၤါေန႔ ညပိုင္း ဆႏၵျပမႈေတြ ေတာ္ေတာ္ေလး နည္းသြားတယ္ထင္တယ္ ဦးေက်ာ္ဇံသာ။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ပါတယ္။ ၿငိမ္းသက္ေျပေလ်ာ့စျပဳၿပီလို႔ ေျပာရမွာျဖစ္ပါတယ္။ အိမ္ျဖဴေတာ္ေ႐ွ႕ မွာ လံုၿခံဳေရး တင္းတင္းၾကပ္ၾကပ္ခ်ထားခဲ့တဲ့ သံစကာၿခံစည္း႐ိုးေတြဆို ဒီကေန႔ကစၿပီး တခ်ဳိ႕ဖယ္႐ွားမယ္ဆိုတဲ့ သတင္းေတြထြက္ေနပါတယ္။ တကယ္ေတာ့ အဲဒီေနရာဟာ George Floyd ရဲ႕ အထိမ္းအမွတ္ ေနရာတခုလိုကို ျဖစ္ေနပါၿပီ။ ဓါတ္ပံုေတြ၊ ႐ုပ္ပံုေတြ၊ ပန္းခ်ီကားေတြ၊ ပိုစတာေတြနဲ႔၊ အခုအဲဒါတခ်ဳိ႕ ႐ုပ္သိမ္းမယ္ ေျပာေနေတာ့ အေျခအေနကေတာ့ ပံုမွန္အေျခအေန၊ ပံုမွန္ဆိုေပမဲ့ COVID-19 အေျခအေနေတာ့ ႐ွိေနဦးမွာပါ။ ဒါေပမဲ့ ပံုမွန္အေျခအေနကို တျဖည္းျဖည္း ေရာက္႐ွိသြားမယ္လို႔ ယူဆရပါတယ္။

မစုျမတ္မြန္။ ။ George Floyd ေသဆံုးသြားလို႔ျဖစ္လာတဲ့ လႈပ္႐ွားမႈ ဂယက္ကလည္း အေမရိကန္ႏိုင္ငံေရးေလာကကို ေတာ္ေတာ္ေလး ဂယက္႐ိုက္ေနပါတယ္။ ဥပမာတခုဆိုရင္ လာမယ့္သမၼတေ႐ြးေကာက္ပြဲက်ရင္ Democratic ပါတီဘက္က သမၼတေလာင္း ဝင္အေ႐ြးခံမယ့္ Joe Biden နဲ႔အတူ ဒုသမၼတေလာင္း Running mate ကို လူမည္းအမ်ဳိးသမီးတေယာက္ေယာက္ကို ေ႐ြးပါဆိုတဲ့ တိုက္တြန္းမႈေတြလည္း ႐ွိေနပါတယ္။ ဒီအေပၚမွာေရာ ဦးေက်ာ္ဇံသာ ဘယ္လိုျမင္ပါလဲ။

Senator Kamala Harris
Senator Kamala Harris

ဦးေက်ာ္ဇံသာ။ ။ အစထဲကလည္း Joe Biden နဲ႔အတူတြဲ ဒုသမၼတေလာင္း အေ႐ြးခံမယ့္သူေတြထဲမွ လူမည္း အမ်ဳိးသမီးပါသင့္တယ္ဆိုတာလည္း ေတြ႔ခဲ့ရပါတယ္။ ဒီကိစၥ မျဖစ္ခင္ထဲကပါ။ ဥပမာ California က Senator Kamala Harris ေနာက္တခါ သမၼတကေတာ္ေဟာင္း Michelle Obama ဆိုရင္လည္း လူေတြက ေတာ္ေတာ္ေလး တစ္ေပးၾကပါတယ္။ အခုေတာ့ ဒီအသံက ပိုၿပီး က်ယ္က်ယ္ေလာင္ေလာင္ ထြက္လာပါတယ္။ မ်ားေသာအားျဖင့္ Kamala Harris က ဒုသမၼတေလာင္းအျဖစ္ ပါဝင္ယွဥ္ၿပိဳင္လာမလားဆိုတာ ေတာ္ေတာ္ေလး ေျပာလာတာ ေတ႔ြရပါတယ္။ ဒါကေတာ့ လာမယ့္ေ႐ြးေကာက္ပြဲအတြက္ အေ႐ြးခံဖို႔ကိစၥေတြပါ။ တခ်ိန္ထဲမွာပဲ Congress မွာ ရဲဥပေဒျပဳျပင္ေရးနဲ႔ ပတ္သက္ၿပီး Democrat က တင္သြင္းတာ႐ွိတယ္။ Republican ဘက္ကလည္း အၿပိဳင္လုပ္မယ္ဆုိၿပီး တင္သြင္းတာ ေတြ႔ရပါတယ္။ ရဲျပဳျပင္ေရးကိစၥနဲ႔ပါတ္သက္ၿပီး ႏွစ္ ဘက္ အၿပိဳင္အဆိုင္ႀကိဳးပမ္းေနၾကတာကေတာ့ နာမည္သာ၊ အဓိပၸါယ္သာကြဲၿပီး တသေဘာထဲလို႔ ဆိုရမွာျဖစ္ပါတယ္။ ထူးျခားမႈတခုက သမၼတ Donald Trump ရဲ႕ Twitter မွာေရးသားမႈျဖစ္ပါတယ္။ New York ျပည္နယ္ Buffalo ၿမိဳ႕မွာ အသက္ ၇၅ ႏွစ္အ႐ြယ္ လူႀကီးတေယာက္ကို ရဲက တြန္းလိုက္လို႔ လဲသြားၿပီး ေခါင္းမွာ ေသြးေထြထြက္ေနတဲ့ Video ဟာတဲ့ Scam လုပ္တာတဲ့ Conspiracy သာျဖစ္တယ္တဲ့။ ရဲတြန္းလိုက္တာက သာသာေလးရယ္။ ေဆာင့္ၾကသြားတာက အ႐ွိန္ျပင္းတယ္ဆိုတာ တမင္လုပ္ၿပီး နာမည္ဖ်က္တာျဖစ္တယ္လို႔ Donald Trump က ခုခံၿပီးေရးပါတယ္။ အဲဒီ Twitter မွာ ေရးသားခ်က္နဲ႔ ပတ္သက္လို႔ သတင္းသမားေတြက ေတာ္ေတာ္ေလး စိတ္ဝင္တစားနဲ႔ သမၼတရဲ႕ Republican ပါတီအမတ္ေတြကို ေမးဖို႔ႀကိဳးစားတာ ၁၀ ေလာက္ေတာင္႐ွိတယ္ထင္ပါတယ္။ ဘယ္သူကမွ ဒဲ့ထိုး မေျဖဘဲ Senator Mitt Romney တေယာက္ကပဲ ထူးျခားတယ္။ သူကေတာ့ ဆႏၵျပပဲြကိုလည္း ကိုယ္တုိင္သြားခဲ့တယ္။ အခု Donald Trump ရဲ႕ Twitter မွာေရးသားခ်က္နဲ႔ ပတ္သက္ၿပီးေတာ့လည္း “အဲဒီပံုေတ႔ြရတာ သူေတာ္ေတာ့္ကို ထိတ္လန္႔သြားတယ္။ ဘယ္သူေတြက ေျပာေန ေျပာေန သူတို႔ေျပာတာကို အေထြအထူး ဂ႐ုစိုက္ေနမွာ မဟုတ္ဘူး။ သူ႔အျမင္ကေတာ့ ဒီဟာၾကည့္ရဟာ အင္မတန္ ထိတ္လန္႔စရာျဖစ္ရပ္ပဲလို႔ ယူဆတယ္။” ဆိုၿပီးေတာ့ သတင္းေထာက္ေတြရဲ႕ ေမးခြန္းကို သူက တံု႔ျပန္ေျပာသြားပါတယ္ခင္ဗ်။

လန္ဒန္ၿမိဳ႕ အေမရိကန္သံရံုးေရွ႕က ဆႏၵျပပဲြျမင္ကြင္း။ (ဇြန္ ၀၇၊ ၂၀၂၀)
လန္ဒန္ၿမိဳ႕ အေမရိကန္သံရံုးေရွ႕က ဆႏၵျပပဲြျမင္ကြင္း။ (ဇြန္ ၀၇၊ ၂၀၂၀)

စုျမတ္မြန္။ ။ အခုလိုမ်ဳိး ဦးေက်ာ္ဇံသာေျပာသြားသလိုပဲ အေမရိကန္ႏိုင္ငံေရးအေပၚ ဂယက္႐ိုက္ခတ္မႈအပါအဝင္ George Floyd ေသဆံုးသြားမႈေၾကာင့္ ျဖစ္လာတာက၊ ရဲေတြအလြန္အကၽြံ အင္အားသံုးတာေတြ၊ လူမ်ဳိးေရးခဲြျခားမႈ၊ အသားအေရာင္ခြဲျခားမႈျပႆနာေတြက ဒီေန႔အထိ ႐ွိေနေသးတယ္ဆိုတာကို လႈပ္႐ွားမႈေတြနဲ႔ မီးေမာင္းထိုးျပေနၾကတာပါ။ လႈပ္႐ွားမႈအ႐ွိန္ကလည္း အေမရိကန္ တခုထဲမွာ မဟုတ္ပါဘူး။ တကမာၻလံုးမွာ ျပန္႔ေနတာပါ။ အဲဒီလႈပ္႐ွားမႈေတြ အ႐ွိန္ကေရာ လြယ္လြယ္နဲ႔ ၿငိမ္သြားမယ္လို႔ ဦးေက်ာ္ဇံသာ ျမင္ပါလား။

ဦးေက်ာ္ဇံသာ။ ။ ေျမျပင္မွာျဖစ္ေနတဲ့ Ground situation ကေတာ့ တျဖည္းျဖည္း ၿငိမ္သက္သြားမယ့္ သေဘာ႐ွိပါတယ္။ ဒါေပမဲ့လည္း ဒီလႈပ္႐ွားမႈရဲ႕ ရည္မွန္းခ်က္ကေတာ့ ရဲရဲ႕ အကိုင္အတြယ္ တခုထဲနဲ႔ ၿပီးသြားမွာ မဟုတ္ပါဘူး။ လူျဖဴ လူမည္း လူတန္းစားကြာဟမႈ၊ စီးပြားေရး မညီမ ွ်မႈ၊ လူမႈေရးမွာ သဟဇာတ မျဖစ္ႏိုင္မႈ စသျဖင့္ ျပႆနာေတြက အမ်ားႀကီး႐ွိေနတာပါ။ ဒီကိစၥေတြက တေငြ႔ေငြ႔နဲ႔သြားရမယ္။ ေရ႐ွည္ တိုက္ယူ လုပ္ယူရမယ့္ ကိစၥျဖစ္တယ္လို႔လည္း ထင္ပါတယ္။ စီးပြားေရးမညီမ ွ်မႈ၊ လူတန္းစား မညီမ ွ်မႈေတြက်ေတာ့ ပိုၿပီးေတာ့ ခက္ခဲလိမ့္မယ္လို႔ ယူဆပါတယ္ မစုျမတ္မြန္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

George Floyd သေဆုံးမှု ဆန္ဒပြပွဲတွေကနေ နောက်ဆက်တွဲ ရိုက်ခတ်မှုများ

အမေရိကန်ပြည်ထောင်စုမှာ လူမည်းအမျိုးသား George Floyd ရဲဖမ်းဆီးခံထားရစဉ် လူဖြူရဲကြောင့် သေဆုံးခဲ့ရတဲ့အပေါ် မကျေနပ်တဲ့ ဆန္ဒပြပွဲလှုပ်ရှားမှု နောက်ဆုံး အခြေအနေ ဂယက်ရိုက်ခတ်မှုတွေကို VOA မြန်မာပိုင်းအယ်ဒီတာ ဦးကျော်ဇံသာနဲ့ မစုမြတ်မွန် မေးမြန်းထားပါတယ်။

မစုမြတ်မွန်။ ။ George Floyd ရဲ့အသုဘ အင်္ဂါနေ့ကပြီးသွားတဲ့နောက်ပိုင်း အင်္ဂါနေ့ ညပိုင်း ဆန္ဒပြမှုတွေ တော်တော်လေး နည်းသွားတယ်ထင်တယ် ဦးကျော်ဇံသာ။

ဦးကျော်ဇံသာ။ ။ ဟုတ်ပါတယ်။ ငြိမ်းသက်ပြေလျော့စပြုပြီလို့ ပြောရမှာဖြစ်ပါတယ်။ အိမ်ဖြူတော်ရှေ့ မှာ လုံခြုံရေးတင်းတင်းကြပ်ကြပ်ချထားခဲ့တဲ့ သံစကာခြံစည်းရိုးတွေဆို ဒီကနေ့ကစပြီး တချို့ဖယ်ရှားမယ်ဆိုတဲ့ သတင်းတွေထွက်နေပါတယ်။ တကယ်တော့ အဲဒီနေရာဟာ George Floyd ရဲ့ အထိမ်းအမှတ် နေရာတခုလိုကို ဖြစ်နေပါပြီ။ ဓါတ်ပုံတွေ၊ ရုပ်ပုံတွေ၊ ပန်းချီကားတွေ၊ ပိုစတာတွေနဲ့၊ အခုအဲဒါတချို့ ရုပ်သိမ်းမယ် ပြောနေတော့ အခြေအနေကတော့ ပုံမှန်အခြေအနေ၊ ပုံမှန်ဆိုပေမဲ့ COVID-19 အခြေအနေတော့ ရှိနေဦးမှာပါ။ ဒါပေမဲ့ ပုံမှန်အခြေအနေကို တဖြည်းဖြည်း ရောက်ရှိသွားမယ်လို့ ယူဆရပါတယ်။

မစုမြတ်မွန်။ ။ George Floyd သေဆုံးသွားလို့ဖြစ်လာတဲ့ လှုပ်ရှားမှု ဂယက်ကလည်း အမေရိကန်နိုင်ငံရေးလောကကို တော်တော်လေး ဂယက်ရိုက်နေပါတယ်။ ဥပမာတခုဆိုရင် လာမယ့်သမ္မတရွေးကောက်ပွဲကျရင် Democratic ပါတီဘက်က သမ္မတလောင်း ဝင်အရွေးခံမယ့် Joe Biden နဲ့အတူ ဒုသမ္မတလောင်း Running mate ကို လူမည်းအမျိုးသမီးတယောက်ယောက်ကို ရွေးပါဆိုတဲ့ တိုက်တွန်းမှုတွေလည်း ရှိနေပါတယ်။ ဒီအပေါ်မှာရော ဦးကျော်ဇံသာ ဘယ်လိုမြင်ပါလဲ။

ဦးကျော်ဇံသာ။ ။ အစထဲကလည်း Joe Biden နဲ့အတူတွဲ ဒုသမ္မတလောင်း အရွေးခံမယ့်သူတွေထဲမှ လူမည်း အမျိုးသမီးပါသင့်တယ်ဆိုတာလည်း တွေ့ခဲ့ရပါတယ်။ ဒီကိစ္စ မဖြစ်ခင်ထဲကပါ။ ဥပမာ California က Senator Kamala Harris နောက်တခါ သမ္မတကတော်ဟောင်း Michelle Obama ဆိုရင်လည်း လူတွေက တော်တော်လေး တစ်ပေးကြပါတယ်။ အခုတော့ ဒီအသံက ပိုပြီး ကျယ်ကျယ်လောင်လောင် ထွက်လာပါတယ်။ များသောအားဖြင့် Kamala Harris က ဒုသမ္မတလောင်းအဖြစ် ပါဝင်ယှဉ်ပြိုင်လာမလားဆိုတာ တော်တော်လေး ပြောလာတာ တေ့ွရပါတယ်။ ဒါကတော့ လာမယ့်ရွေးကောက်ပွဲအတွက် အရွေးခံဖို့ကိစ္စတွေပါ။ တချိန်ထဲမှာပဲ Congress မှာ ရဲဥပဒေပြုပြင်ရေးနဲ့ ပတ်သက်ပြီး Democrat က တင်သွင်းတာရှိတယ်။ Republican ဘက်ကလည်း အပြိုင်လုပ်မယ်ဆိုပြီး တင်သွင်းတာ တွေ့ရပါတယ်။ ရဲပြုပြင်ရေးကိစ္စနဲ့ပါတ်သက်ပြီး နှစ် ဘက် အပြိုင်အဆိုင်ကြိုးပမ်းနေကြတာကတော့ နာမည်သာ၊ အဓိပ္ပါယ်သာကွဲပြီး တသဘောထဲလို့ ဆိုရမှာဖြစ်ပါတယ်။ ထူးခြားမှုတခုက သမ္မတ Donald Trump ရဲ့ Twitter မှာရေးသားမှုဖြစ်ပါတယ်။

နယူးေယာက္ျပည္နယ္ Buffalo ၿမိဳ႕က ဆႏၵျပပဲြ တခုအတြင္း လဲက်သြားတဲ့ အသက္ ၇၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦး။
နယူးေယာက္ျပည္နယ္ Buffalo ၿမိဳ႕က ဆႏၵျပပဲြ တခုအတြင္း လဲက်သြားတဲ့ အသက္ ၇၅ ႏွစ္အ႐ြယ္ အမ်ိဳးသားတဦး။

New York ပြည်နယ် Buffalo မြို့မှာ အသက် ၇၅ နှစ်အရွယ် လူကြီးတယောက်ကို ရဲက တွန်းလိုက်လို့ လဲသွားပြီး ခေါင်းမှာ သွေးထွေထွက်နေတဲ့ Video ဟာတဲ့ Scam လုပ်တာတဲ့ Conspiracy သာဖြစ်တယ်တဲ့။ ရဲတွန်းလိုက်တာက သာသာလေးရယ်။ ဆောင့်ကြသွားတာက အရှိန်ပြင်းတယ်ဆိုတာ တမင်လုပ်ပြီး နာမည်ဖျက်တာဖြစ်တယ်လို့ Donald Trump က ခုခံပြီးရေးပါတယ်။ အဲဒီ Twitter မှာ ရေးသားချက်နဲ့ ပတ်သက်လို့ သတင်းသမားတွေက တော်တော်လေး စိတ်ဝင်တစားနဲ့ သမ္မတရဲ့ Republican ပါတီအမတ်တွေကို မေးဖို့ကြိုးစားတာ ၁၀ လောက်တောင်ရှိတယ်ထင်ပါတယ်။ ဘယ်သူကမှ ဒဲ့ထိုး မဖြေဘဲ Senator Mitt Romney တယောက်ကပဲ ထူးခြားတယ်။ သူကတော့ ဆန္ဒပြပွဲကိုလည်း ကိုယ်တိုင်သွားခဲ့တယ်။ အခု Donald Trump ရဲ့ Twitter မှာရေးသားချက်နဲ့ ပတ်သက်ပြီးတော့လည်း “အဲဒီပုံတေ့ွရတာ သူတော်တော့်ကို ထိတ်လန့်သွားတယ်။ ဘယ်သူတွေက ပြောနေ ပြောနေ သူတို့ပြောတာကို အထွေအထူး ဂရုစိုက်နေမှာ မဟုတ်ဘူး။ သူ့အမြင်ကတော့ ဒီဟာကြည့်ရဟာ အင်မတန် ထိတ်လန့်စရာဖြစ်ရပ်ပဲလို့ ယူဆတယ်။” ဆိုပြီးတော့ သတင်းထောက်တွေရဲ့ မေးခွန်းကို သူက တုံ့ပြန်ပြောသွားပါတယ်ခင်ဗျ။

စုမြတ်မွန်။ ။ အခုလိုမျိုး ဦးကျော်ဇံသာပြောသွားသလိုပဲ အမေရိကန်နိုင်ငံရေးအပေါ် ဂယက်ရိုက်ခတ်မှုအပါအဝင် George Floyd သေဆုံးသွားမှုကြောင့် ဖြစ်လာတာက၊ ရဲတွေအလွန်အကျွံ အင်အားသုံးတာတွေ၊ လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုပြဿနာတွေက ဒီနေ့အထိ ရှိနေသေးတယ်ဆိုတာကို လှုပ်ရှားမှုတွေနဲ့ မီးမောင်းထိုးပြနေကြတာပါ။ လှုပ်ရှားမှုအရှိန်ကလည်း အမေရိကန် တခုထဲမှာ မဟုတ်ပါဘူး။ တကမ္ဘာလုံးမှာ ပြန့်နေတာပါ။ အဲဒီလှုပ်ရှားမှုတွေ အရှိန်ကရော လွယ်လွယ်နဲ့ ငြိမ်သွားမယ်လို့ ဦးကျော်ဇံသာ မြင်ပါလား။

ဦးကျော်ဇံသာ။ ။ မြေပြင်မှာဖြစ်နေတဲ့ Ground situation ကတော့ တဖြည်းဖြည်း ငြိမ်သက်သွားမယ့် သဘောရှိပါတယ်။ ဒါပေမဲ့လည်း ဒီလှုပ်ရှားမှုရဲ့ ရည်မှန်းချက်ကတော့ ရဲရဲ့ အကိုင်အတွယ် တခုထဲနဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။ လူဖြူ လူမည်း လူတန်းစားကွာဟမှု၊ စီးပွားရေး မညီမ ျှမှု၊ လူမှုရေးမှာ သဟဇာတ မဖြစ်နိုင်မှု စသဖြင့် ပြဿနာတွေက အများကြီးရှိနေတာပါ။ ဒီကိစ္စတွေက တငွေ့ငွေ့နဲ့သွားရမယ်။ ရေရှည် တိုက်ယူ လုပ်ယူရမယ့် ကိစ္စဖြစ်တယ်လို့လည်း ထင်ပါတယ်။ စီးပွားရေးမညီမ ျှမှု၊ လူတန်းစား မညီမ ျှမှုတွေကျတော့ ပိုပြီးတော့ ခက်ခဲလိမ့်မယ်လို့ ယူဆပါတယ် မစုမြတ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG