သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူမ်ိဳးေရးခြဲျခားမႈ ဆန္႔က်င္ ဆႏၵျပပြဲေတြ အေမရိကန္မွာ ဆက္လက္ဆင္ႏႊဲ


George Floyd ေသဆုံးမႈအတြက္ ဝါရွင္တန္ရွိ သမၼတအိမ္ျဖဴေတာ္အနီး ဆႏၵျပေနသူမ်ား။ (ဇြန္ ၁၃၊ ၂၀၂၀)

(Zawgyi / Unicode)

ေမလ ၂၅ ရက္ေန႔က အာဖရိကန္-အေမရိကန္ အမ်ိဳးသား George Floyd ရဲဖမ္းထားစဥ္ ေသဆံုးခဲ့ရတာအတြက္ တရားမမွ်တတဲ့ ခြဲျခားဆက္ဆံမႈေတြ အဆံုးသတ္ေရး ေတာင္းဆို ဆႏၵျပမႈေတြကို အေမရိကန္ျပည္ေထာင္စု ၿမိဳ႕ေတာ္ ဝါရွင္တန္ဒီစီက လမ္းမေတြေပၚမွာ တတိယေျမာက္ သီတင္းပတ္အျဖစ္ ဆက္ၿပီး ေတြ႔ေနရပါတယ္။

ဆႏၵျပပြဲကို ဦးေဆာင္စီစဥ္သူ မရွိတဲ့အတြက္ ဆႏၵျပသူ အေရအတြက္ ဘယ္ေလာက္ရွိမယ္လို႔ မခန္႔မွန္းႏုိင္သလို ဘယ္ႏွစ္ေယာက္လာၿပီး ဆႏၵျပမယ္ ဆိုတာလည္း မသိဘူးလို႔ တာဝန္ခံ အရာရွိေတြက ေျပာပါတယ္။

ခြဲျခားဆက္ဆံမႈ မရွိေစေရးအတြက္ ဆႏၵျပမႈေတြကို စေနေန႔မွာ ဝါရွင္တန္ဒီစီ ၿမိဳ႕ျပင္မွာပါ ေတြ႔ရတဲ့အျပင္ ၿဗိတိန္ႏိုင္ငံ လန္ဒန္နဲ႔ ျပင္သစ္ႏိုင္ငံ ပါရီၿမိဳ႕ေတြမွာပါ ေတြ႔ေနရပါတယ္။

အေမရိကန္ႏိုင္ငံမွာေတာ့ အေရွ႕ေျမာက္ပိုင္းက Atlanta ၿမိဳ႕နဲ႔ အေနာက္ေျမာက္ပိုင္းက Seattle ၿမိဳ႕ေတြမွာလည္း စေနေန႔က ဆႏၵျပမႈေတြ ရွိပါတယ္။ ဝါရွင္တန္ဒီစီမွာ သမၼတအိမ္ျဖဴနဲ႔ ျပည္သူ႔ဥယ်ာဥ္ တဝိုက္က လမ္းအမ်ားအျပားကို စေနေန႔ကေန တနဂၤေႏြေန႔အထိ ႀကိဳးၾကားႀကိဳးၾကား ပိတ္ထားမယ္လို႔ တာဝန္ခံ အရာရွိေတြက ေျပာပါတယ္။

ခြဲျခားဆက္ဆံမႈ မရွိေစေရးအတြက္ ဆႏၵျပမႈေတြမွာ အေျခအေန ထိန္းႏိုင္ေအာင္ စစ္တပ္ကို အသံုးျပဳဖို႔ လုပ္ေဆာင္တာနဲ႔ ပတ္သက္ၿပီး အေဝဖန္ခံေနရတဲ့ သမၼတ Donald Trump ကေတာ့ စေနေန႔မွာပဲ West Point အေမရိကန္ စစ္တကၠသိုလ္ ဘြဲ႔ႏွင္းသဘင္ပြဲကို သြားေရာက္ၿပီး မိန္႔ခြန္းေျပာခဲ့တာပါ။ သင္တန္းဆင္းေတြ အေနနဲ႔ အေမရိကန္ႏိုင္ငံရဲ႕ အက်ိဳးစီးပြားကို ကာကြယ္ေရးဟာ အဓိကျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------------------

(Unicode)

လူမျိုးရေးခွဲခြားမှု ဆန့်ကျင် ဆန္ဒပြပွဲတွေ အမေရိကန်မှာ ဆက်လက်ဆင်နွှဲ

မေလ ၂၅ ရက်နေ့က အာဖရိကန်-အမေရိကန် အမျိုးသား George Floyd ရဲဖမ်းထားစဉ် သေဆုံးခဲ့ရတာအတွက် တရားမမျှတတဲ့ ခွဲခြားဆက်ဆံမှုတွေ အဆုံးသတ်ရေး တောင်းဆို ဆန္ဒပြမှုတွေကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီက လမ်းမတွေပေါ်မှာ တတိယမြောက် သီတင်းပတ်အဖြစ် ဆက်ပြီး တွေ့နေရပါတယ်။

ဆန္ဒပြပွဲကို ဦးဆောင်စီစဉ်သူ မရှိတဲ့အတွက် ဆန္ဒပြသူ အရေအတွက် ဘယ်လောက်ရှိမယ်လို့ မခန့်မှန်းနိုင်သလို ဘယ်နှစ်ယောက်လာပြီး ဆန္ဒပြမယ် ဆိုတာလည်း မသိဘူးလို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ခွဲခြားဆက်ဆံမှု မရှိစေရေးအတွက် ဆန္ဒပြမှုတွေကို စနေနေ့မှာ ဝါရှင်တန်ဒီစီ မြို့ပြင်မှာပါ တွေ့ရတဲ့အပြင် ဗြိတိန်နိုင်ငံ လန်ဒန်နဲ့ ပြင်သစ်နိုင်ငံ ပါရီမြို့တွေမှာပါ တွေ့နေရပါတယ်။

အမေရိကန်နိုင်ငံမှာတော့ အရှေ့မြောက်ပိုင်းက Atlanta မြို့နဲ့ အနောက်မြောက်ပိုင်းက Seattle မြို့တွေမှာလည်း စနေနေ့က ဆန္ဒပြမှုတွေ ရှိပါတယ်။ ဝါရှင်တန်ဒီစီမှာ သမ္မတအိမ်ဖြူနဲ့ ပြည်သူ့ဥယျာဉ် တဝိုက်က လမ်းအများအပြားကို စနေနေ့ကနေ တနင်္ဂနွေနေ့အထိ ကြိုးကြားကြိုးကြား ပိတ်ထားမယ်လို့ တာဝန်ခံ အရာရှိတွေက ပြောပါတယ်။

ခွဲခြားဆက်ဆံမှု မရှိစေရေးအတွက် ဆန္ဒပြမှုတွေမှာ အခြေအနေ ထိန်းနိုင်အောင် စစ်တပ်ကို အသုံးပြုဖို့ လုပ်ဆောင်တာနဲ့ ပတ်သက်ပြီး အဝေဖန်ခံနေရတဲ့ သမ္မတ Donald Trump ကတော့ စနေနေ့မှာပဲ West Point အမေရိကန် စစ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ပွဲကို သွားရောက်ပြီး မိန့်ခွန်းပြောခဲ့တာပါ။ သင်တန်းဆင်းတွေ အနေနဲ့ အမေရိကန်နိုင်ငံရဲ့ အကျိုးစီးပွားကို ကာကွယ်ရေးဟာ အဓိကဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG