သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူထုလႈပ္ရွားမႈဂယက္ႏွင့္ Donald Trump မဲဆြယ္ခရီး


အေမရိကန္သမၼတ Trump က ဇြန္လ ၁၁ ရက္ေန႔ Dallas ၿမိဳ႕ကို ေရာက္ရွိစဥ္

(Zawgyi/Unicode)

လူမည္းအမ်ိဳးသား George Floyd ရဲလက္ထဲမွာ ေသဆံုးသြားရၿပီးတဲ့ေနာက္ Black Lives Matter လူမည္းေတြရဲ့ အသက္ဟာ အေရးပါတယ္ လို႔ ေၾကြးေၾကာ္ၿပီး တရားမ်ွတမႈ ေတာင္းဆိုတဲ့ ဆႏၵျပပြဲေတြ ကမာၻ႔အႏွံ႔ေပၚေပါက္ခဲ့ရပါတယ္။ အေမရိကန္ သမၼတထရမ့္အစိုးရဟာ ဒီလႈပ္ရွားမႈအေပၚ ဘယ္လိုတံု႔ျပန္ေနသလဲဆိုတာ နဲ႔ ဒီလူထုလႈပ္ရွားမႈေနာက္ဆက္တြဲ အေျခအေနေတြကို ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို ကိုၿငိမ္းခ်မ္းက ဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုၿငိမ္းခ်မ္း။ ။ မဂၤလာပါ အန္ကယ္။

ဦးေက်ာ္ဇံသာ။ ။ မဂၤလာပါ ကိုၿငိမ္းခ်မ္း။

ကိုၿငိမ္းခ်မ္း။ ။ Black Lives Matter လူမည္းေတြရဲ့ အသက္ဟာ အေရးပါတယ္လႈပ္ရွားမႈေန အေပၚတု႔ံျပန္တဲ့အေနနဲ႔ Donald Trump အစိုးရ နဲ႔ အထက္လႊတ္ေတာ္ လူမ်ားစု ရီပါပလစ္ကန္အမတ္ေတြကလည္း ရဲတပ္ဖြဲ႔ျပဳျပင္ေျပာင္းလဲေရးလုပ္ဖို႔ သီးျခားဥပေဒၾကမ္း ေရးဆြဲ ေနၾကပါတယ္။ အဲ့ဒီဟာဘယ္ေလာက္ ထိေရာက္မႈရွိမလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ လႊတ္ေတာ္ကေတာ့ ရီပါပလစ္ကန္ပါတီ၀င္ေတြက ဥပေဒ ေရးဆြဲၿပီးေတာ့ ျပဳျပင္ေနတယ္ေပါ့ေလ အဲဒါ ရဲကို ထိန္းသိမ္းဖို႔လည္း ပါတယ္ ေနာက္ၿပီးေတာ့ လူမ်ိဳးေရး ကြာဟမႈေတြကိုလည္း ဘယ္လိုဟန္႔တားမလဲဆိုတာလည္း သူတို႔ စဥ္းစားေရးဆြဲၾကမွာျဖစ္ပါတယ္။ တခ်ိန္တည္းမွာပဲ Donald Trump က သူ႔ရဲ႕ Executive order အုပ္ခ်ဳပ္ေရး အမိန္႔အာဏာ ထုတ္ၿပီးေတာ့ လုပ္မယ္လို႔ ေျပာေနပါတယ္။ ဒီမိုကရက္ေတြရဲ႕ အဆိုျပဳခ်က္နဲ႔ ဘာကြဲလြဲသလဲဆိုေတာ့ ဒီမိုကရက္ေတြကေတာ့ ဆႏၵျပသူေတြကို ရပ္တည္အားေပးတယ္။ ၿပီးေတာ့ ရဲေတြရဲ႕ လုပ္ရက္ေတြကို ရႈတ္ခ်တယ္။

Donald Trump က ရဲေတြရဲ႕ လုပ္ရက္ေတြကို သိပ္ၿပီးေတာ့ မေ၀ဖန္ပါဘူး။ ဆႏၵျပ လူထုကေတာ့ သိပ္ၿပီးေတ့ာ ေက်နပ္မွာမဟုတ္ေသာ္လည္း သူက တာ၀န္ရွိ ပုဂၢိဳလ္ တေယာက္အေနနဲ႔ လုပ္ေဆာင္တဲ့အပိုင္းမွာေတာ့ ထိေရာက္သင့္သေလာက္ ထိေရာက္မယ္ထင္ပါတယ္။ တာ၀န္ရွိတဲ့အစိုးရအေနနဲ႔လည္း ၊ လက္ရွိအာဏာရအစိုးရအေနနဲ႔လည္း ရဲေတြရဲ႕ လုပ္ရက္ေတြကို သူကျပန္ၿပီး ေ၀ဖန္ရမယ္ဆိုေတာ့ “ကိုယ့္ေပါင္ လွန္ေထာင္း”သလိုမ်ား ျဖစ္မယ္ဆိုတာ စဥ္းစား ေနသလားေတာ့ မေျပာတတ္ဘူးေပါ့ေနာ္။

ကိုၿငိမ္းခ်မ္း။ ။ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က သူ႔မဲဆြယ္စည္းရံုးေရးပြဲေတြကို အိုကလာဟုိးမားျပည္နယ္ Tulsa ၿမိဳ႔ မွာ ဇြန္လ ၁၉ရက္ေန႔ ျပန္စလုပ္မယ္လို႔ ေၾကညာထားပါတယ္။ သမၼတထရမ့္ ဟာ ဘာေၾကာင့္ အဲ့ဒီၿမိဳ႔ နဲ႔ အဲ့ဒီအခ်ိန္ကို ေရြးရတာလဲခင္ဗ်။

ဦးေက်ာ္ဇံသာ။ ။ ဒါသိပ္ၿပီးေတာ့ ခ်င့္ခ်ိန္စဥ္းစားၿပီးေတာ့ ေရြးခ်ယ္တယ္လို႔ ထင္ပါတယ္။ အဲဒီၿမိဳ႕ကို ေရြးတာကေတာ့ အိုကလာဟုိးမားျပည္နယ္ Tulsa ၿမိဳ႔ မွာ လြန္ခဲ့တဲ့ ႏွစ္ ၇၀ ေလာက္က လူမည္းေတြကို လူျဖဴေတြရဲ႕ အၾကမ္းဖက္သတ္ျဖတ္မႈေၾကာင့္ လူမည္း ၃၀၀ ေလာက္ေသတယ္ ၊ သူတို႔ စီးပြားေရးေတြ ပ်က္ခဲ့ရတယ္ အဲဒီအထိမ္းအမွတ္ေန႔လည္း ျဖစ္ေနပါတယ္။ ေနာက္ၿပီးေတာ့ ဇြန္လ ၁၉ ရက္ေန႔ JUNE 19 ေခၚသလို Juneteenth လို႔လည္း ေခၚပါတယ္ ဒါဟာ အေမရိကန္ျပည္ေထာင္စုမွာ ကၽြန္စနစ္ ဆံုးခန္းတိုင္တဲ့ေန႔လို႔ဆိုၿပီး Texas ျပည္နယ္ေတြမွာ အခမ္းအနားက်င္းပတာလည္းျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ေရြးေကာက္ပြဲတုန္းက Donald Trump ဟာ အျပတ္အသတ္အႏိုင္ရခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီေနရာဟာ သူ႔အတြက္ အခ်ိန္ေကာင္းလည္းျဖစ္တယ္၊ ေနရာေကာင္းလည္း ျဖစ္တယ္ဆိုၿပီးေတာ့ ကြက္တိ ေရြးခ်ယ္တယ္လို႔ ထင္ရပါတယ္။ ဆိုေတာ့ ဒီအခ်ိန္မွာ လူစုလူေ၀းလုပ္သင့္သလားဆိုတဲ့ ေမးခြန္းတခုလည္း ေပၚလာပါတယ္။ အဲဒီေတာ့ ဘာကို ေထာက္ျပဖို႔ သူ႔ဘက္က သတင္းေတြထြက္မလဲဆိုေတာ ့ လူေတြ လမ္းေပၚထြက္ဆႏၵျပေနၾကတာေရာဆိုၿပီး သူက ျပန္ေျပာလိမ့္မယ္ထင္ပါတယ္

ကိုၿငိမ္းခ်မ္း။ ။ အခုေနာက္ဆံုးအေနနဲ႔ အေမရိကန္ ျပည္တြင္းစစ္မွာ ေတာင္ပိုင္းျပည္နယ္ေတြကို ဦးေဆာင္ခဲ့တဲ့ ဗိုလ္ခ်ဳပ္ေတြရဲ့ ရုပ္ထုေတြ၊ ေနာက္ အေမရိကားတိုက္ကို ေတြ႔ခဲ့တဲ့ Christopher Columbus ရဲ့ ရုပ္ထုေတြကို ဖယ္ရွားတာ၊ ဖ်က္ဆီးတဲ့ အေျခအေနေတြျဖစ္ေနပါတယ္။ အဲ့ဒီအေပၚမွာေကာ သံုးသပ္ေပးပါဦး။

ဦးေက်ာ္ဇံသာ။ ။ အဲဒီလို ဖယ္ရွားတာေတြဟာ လူထုဆႏၵျပသူေတြ လူထုၾကားမွာ လုပ္ေနတာတင္မကဘူး ေအာက္လႊတ္ေတာ္ဥကၠ႒ ဒီမိုကရက္ေခါင္းေဆာင္ Nancy Pelosi ကလည္း capitol အေဆာက္အအံုမွာ ထားရွိတဲ့ ရုပ္ထု တဒါဇင္ေလာက္ကို ဖယ္ရွားဖို႔ သူက အျပင္းအထန္ေဆာ္ၾသေနပါတယ္။ တကယ္ေတာ့ အဲဒီ capitol hill ထဲမွာ ထားတဲ့ ရုပ္ထုေတြကဆိုရင္ ျပည္နယ္တခုက ၂ ရုပ္ထုစီ ေပးပို႔ၿပီးေတာ့ ထားခဲ့ရတဲ့ ကိစၥျဖစ္ပါတယ္ ဒါက ဥပေဒနဲ႔ သူတို႔လုပ္ရမွာ ။ အဓိကေတာ့ ဒီရုပ္ထုေတြဟာ ကၽြန္စနစ္ကို အားေပးတဲ့ျပည္နယ္ျဖစ္တယ္ ၊ ျပည္ေထာင္စုက ခြဲထြက္ဖို႔ လုပ္ခဲ့တဲ့ ျပည္နယ္ျဖစ္တယ္။ ေစာေစာက ရုပ္ထုေတြဟာလည္း ဒီကိစၥနဲ႔ ပတ္သက္ေနတယ္ ဘယ္လိုပဲ ျဖစ္ေစ ဒါက သမိုင္းနဲ႔ ပတ္သက္တဲ့ သမိုင္းအေထာက္အထားေတြ ျဖစ္ပါတယ္။ ဒါေတြဟာ မုန္းတီးမႈကို အေျချပဳသလား Heritage လား၊ Hate လားဆိုတာ သိပ္စဥ္းစားစရာပါ။ ဆိုေတာ့ အခုဆႏၵျပသမားေတြကေတာ့ Hate ကိုဦးစားေပးတိုက္ေနတာဆိုေတာ့ သူတို႔ လူထုဆႏၵနဲ႔ လုပ္ေနတာ မွန္ပါတယ္။ ဒါေပမယ့္ ႏိုင္ငံေရးသမားေတြက Nancy Pelosi တို႔လို ပုဂၢိဳလ္္ေတြက ဒါကို ဖယ္ရွားဖို႔ တိုက္တြန္းလာတာကေတာ့ အရင္တုန္းက ဘာလုပ္ေနခဲ့သလဲ ၊ အဲဒီေတာ့ အစကတည္းက ရွိလာခဲ့တာဆိုေတာ့ ဒါဟာ လူထုေထာက္ခံမႈနဲ႔ လူထုေလသံနဲ႔တေၾကာတည္းျဖစ္ေအာင္ ခါေတာ္မီ ႏိုင္ငံေရး လုပ္တယ္ဆိုရင္ မွားမယ္မဟုတ္ဘူးထင္ပါတယ္။

ကိုၿငိမ္းခ်မ္း။ ။ ဟုတ္ကဲ့ပါ အန္ကယ္ အခုလို သံုးသပ္ေပးတဲ့အတြက္ေက်းဇူးတင္ပါတယ္။

ဦးေက်ာ္ဇံသာ။ ။ ဟုတ္ကဲ့ပါခင္ဗ်။

အေမရိကန္ကလူထုလႈပ္ရွားမႈေနာက္ဆက္တြဲ အေျခအေနေတြကို ဗီြအိုေအ ျမန္မာပိုင္း အယ္ဒီတာ ဦးေက်ာ္ဇံသာကို ၿငိမ္းခ်မ္းက ဆက္သြယ္ေမးျမန္းခဲ့တာပါ။

လူထုလႈပ္ရွားမႈဂယက္ႏွင့္ Donald Trump မဲဆြယ္ခရီး
please wait

No media source currently available

0:00 0:04:45 0:00
တိုက္႐ိုက္ လင့္ခ္

...............

လူထုလှုပ်ရှားမှုဂယက်နှင့် Donald Trump မဲဆွယ်ခရီး

(Unicode)

လူမည်းအမျိုးသား George Floyd ရဲလက်ထဲမှာ သေဆုံးသွားရပြီးတဲ့နောက် Black Lives Matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ် လို့ ကြွေးကြော်ပြီး တရားမျှတမှု တောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ ကမ္ဘာ့အနှံ့ပေါ်ပေါက်ခဲ့ရပါတယ်။ အမေရိကန် သမ္မတထရမ့်အစိုးရဟာ ဒီလှုပ်ရှားမှုအပေါ် ဘယ်လိုတုံ့ပြန်နေသလဲဆိုတာ နဲ့ ဒီလူထုလှုပ်ရှားမှုနောက်ဆက်တွဲ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ကိုငြိမ်းချမ်းက ဆက်သွယ်မေးမြန်းထားပါတယ်။

ကိုငြိမ်းချမ်း။ ။ မင်္ဂလာပါ အန်ကယ်။

ဦးကျော်ဇံသာ။ ။ မင်္ဂလာပါ ကိုငြိမ်းချမ်း။

ကိုငြိမ်းချမ်း။ ။ Black Lives Matter လူမည်းတွေရဲ့ အသက်ဟာ အရေးပါတယ်လှုပ်ရှားမှုနေ အပေါ်တုံ့ပြန်တဲ့အနေနဲ့ Donald Trump အစိုးရ နဲ့ အထက်လွှတ်တော် လူများစု ရီပါပလစ်ကန်အမတ်တွေကလည်း ရဲတပ်ဖွဲ့ပြုပြင်ပြောင်းလဲရေးလုပ်ဖို့ သီးခြားဥပဒေကြမ်း ရေးဆွဲ နေကြပါတယ်။ အဲ့ဒီဟာဘယ်လောက် ထိရောက်မှုရှိမလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ လွှတ်တော်ကတော့ ရီပါပလစ်ကန်ပါတီဝင်တွေက ဥပဒေ ရေးဆွဲပြီးတော့ ပြုပြင်နေတယ်ပေါ့လေ အဲဒါ ရဲကို ထိန်းသိမ်းဖို့လည်း ပါတယ် နောက်ပြီးတော့ လူမျိုးရေး ကွာဟမှုတွေကိုလည်း ဘယ်လိုဟန့်တားမလဲဆိုတာလည်း သူတို့ စဉ်းစားရေးဆွဲကြမှာဖြစ်ပါတယ်။ တချိန်တည်းမှာပဲ Donald Trump က သူ့ရဲ့ Executive order အုပ်ချုပ်ရေး အမိန့်အာဏာ ထုတ်ပြီးတော့ လုပ်မယ်လို့ ပြောနေပါတယ်။ ဒီမိုကရက်တွေရဲ့ အဆိုပြုချက်နဲ့ ဘာကွဲလွဲသလဲဆိုတော့ ဒီမိုကရက်တွေကတော့ ဆန္ဒပြသူတွေကို ရပ်တည်အားပေးတယ်။ ပြီးတော့ ရဲတွေရဲ့ လုပ်ရက်တွေကို ရှုတ်ချတယ်။

Donald Trump က ရဲတွေရဲ့ လုပ်ရက်တွေကို သိပ်ပြီးတော့ မဝေဖန်ပါဘူး။ ဆန္ဒပြ လူထုကတော့ သိပ်ပြီးတေ့ာ ကျေနပ်မှာမဟုတ်သော်လည်း သူက တာဝန်ရှိ ပုဂ္ဂိုလ် တယောက်အနေနဲ့ လုပ်ဆောင်တဲ့အပိုင်းမှာတော့ ထိရောက်သင့်သလောက် ထိရောက်မယ်ထင်ပါတယ်။ တာဝန်ရှိတဲ့အစိုးရအနေနဲ့လည်း ၊ လက်ရှိအာဏာရအစိုးရအနေနဲ့လည်း ရဲတွေရဲ့ လုပ်ရက်တွေကို သူကပြန်ပြီး ဝေဖန်ရမယ်ဆိုတော့ “ကိုယ့်ပေါင် လှန်ထောင်း”သလိုများ ဖြစ်မယ်ဆိုတာ စဉ်းစား နေသလားတော့ မပြောတတ်ဘူးပေါ့နော်။

ကိုငြိမ်းချမ်း။ ။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က သူ့မဲဆွယ်စည်းရုံးရေးပွဲတွေကို အိုကလာဟိုးမားပြည်နယ် Tulsa မြို့ မှာ ဇွန်လ ၁၉ရက်နေ့ ပြန်စလုပ်မယ်လို့ ကြေညာထားပါတယ်။ သမ္မတထရမ့် ဟာ ဘာကြောင့် အဲ့ဒီမြို့ နဲ့ အဲ့ဒီအချိန်ကို ရွေးရတာလဲခင်ဗျ။

ဦးကျော်ဇံသာ။ ။ ဒါသိပ်ပြီးတော့ ချင့်ချိန်စဉ်းစားပြီးတော့ ရွေးချယ်တယ်လို့ ထင်ပါတယ်။ အဲဒီမြို့ကို ရွေးတာကတော့ အိုကလာဟိုးမားပြည်နယ် Tulsa မြို့ မှာ လွန်ခဲ့တဲ့ နှစ် ၇၀ လောက်က လူမည်းတွေကို လူဖြူတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် လူမည်း ၃၀၀ လောက်သေတယ် ၊ သူတို့ စီးပွားရေးတွေ ပျက်ခဲ့ရတယ် အဲဒီအထိမ်းအမှတ်နေ့လည်း ဖြစ်နေပါတယ်။ နောက်ပြီးတော့ ဇွန်လ ၁၉ ရက်နေ့ JUNE 19 ခေါ်သလိုJuneteenth လို့လည်း ခေါ်ပါတယ် ဒါဟာ အမေရိကန်ပြည်ထောင်စုမှာ ကျွန်စနစ် ဆုံးခန်းတိုင်တဲ့နေ့လို့ဆိုပြီး Texas ပြည်နယ်တွေမှာ အခမ်းအနားကျင်းပတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက Donald Trump ဟာ အပြတ်အသတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဒီနေရာဟာ သူ့အတွက် အချိန်ကောင်းလည်းဖြစ်တယ်၊ နေရာကောင်းလည်း ဖြစ်တယ်ဆိုပြီးတော့ ကွက်တိ ရွေးချယ်တယ်လို့ ထင်ရပါတယ်။ ဆိုတော့ ဒီအချိန်မှာ လူစုလူဝေးလုပ်သင့်သလားဆိုတဲ့ မေးခွန်းတခုလည်း ပေါ်လာပါတယ်။ အဲဒီတော့ ဘာကို ထောက်ပြဖို့ သူ့ဘက်က သတင်းတွေထွက်မလဲဆိုတော့ လူတွေ လမ်းပေါ်ထွက်ဆန္ဒပြနေကြတာရောဆိုပြီး သူက ပြန်ပြောလိမ့်မယ်ထင်ပါတယ်

ကိုငြိမ်းချမ်း။ ။ အခုနောက်ဆုံးအနေနဲ့ အမေရိကန် ပြည်တွင်းစစ်မှာ တောင်ပိုင်းပြည်နယ်တွေကို ဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်တွေရဲ့ ရုပ်ထုတွေ၊ နောက် အမေရိကားတိုက်ကို တွေ့ခဲ့တဲ့ Christopher Columbus ရဲ့ ရုပ်ထုတွေကို ဖယ်ရှားတာ၊ ဖျက်ဆီးတဲ့ အခြေအနေတွေဖြစ်နေပါတယ်။ အဲ့ဒီအပေါ်မှာကော သုံးသပ်ပေးပါဦး။

ဦးကျော်ဇံသာ။ ။ အဲဒီလို ဖယ်ရှားတာတွေဟာ လူထုဆန္ဒပြသူတွေ လူထုကြားမှာ လုပ်နေတာတင်မကဘူး အောက်လွှတ်တော်ဥက္ကဋ္ဌ ဒီမိုကရက်ခေါင်းဆောင် Nancy Pelosi ကလည်း capitol အဆောက်အအုံမှာ ထားရှိတဲ့ ရုပ်ထု တဒါဇင်လောက်ကို ဖယ်ရှားဖို့ သူက အပြင်းအထန်ဆော်သြနေပါတယ်။ တကယ်တော့ အဲဒီ capitol hill ထဲမှာ ထားတဲ့ ရုပ်ထုတွေကဆိုရင် ပြည်နယ်တခုက ၂ ရုပ်ထုစီ ပေးပို့ပြီးတော့ ထားခဲ့ရတဲ့ ကိစ္စဖြစ်ပါတယ် ဒါက ဥပဒေနဲ့ သူတို့လုပ်ရမှာ ။ အဓိကတော့ ဒီရုပ်ထုတွေဟာ ကျွန်စနစ်ကို အားပေးတဲ့ပြည်နယ်ဖြစ်တယ် ၊ ပြည်ထောင်စုက ခွဲထွက်ဖို့ လုပ်ခဲ့တဲ့ ပြည်နယ်ဖြစ်တယ်။ စောစောက ရုပ်ထုတွေဟာလည်း ဒီကိစ္စနဲ့ ပတ်သက်နေတယ် ဘယ်လိုပဲ ဖြစ်စေ ဒါက သမိုင်းနဲ့ ပတ်သက်တဲ့ သမိုင်းအထောက်အထားတွေ ဖြစ်ပါတယ်။ ဒါတွေဟာ မုန်းတီးမှုကို အခြေပြုသလား Heritage လား၊ Hate လားဆိုတာ သိပ်စဉ်းစားစရာပါ။ ဆိုတော့ အခုဆန္ဒပြသမားတွေကတော့ Hate ကိုဦးစားပေးတိုက်နေတာဆိုတော့ သူတို့ လူထုဆန္ဒနဲ့ လုပ်နေတာ မှန်ပါတယ်။ ဒါပေမယ့် နိုင်ငံရေးသမားတွေက Nancy Pelosi တို့လို ပုဂ္ဂိုလ်တွေက ဒါကို ဖယ်ရှားဖို့ တိုက်တွန်းလာတာကတော့ အရင်တုန်းက ဘာလုပ်နေခဲ့သလဲ ၊ အဲဒီတော့ အစကတည်းက ရှိလာခဲ့တာဆိုတော့ ဒါဟာ လူထုထောက်ခံမှုနဲ့ လူထုလေသံနဲ့တကြောတည်းဖြစ်အောင် ခါတော်မီ နိုင်ငံရေး လုပ်တယ်ဆိုရင် မှားမယ်မဟုတ်ဘူးထင်ပါတယ်။

ကိုငြိမ်းချမ်း။ ။ ဟုတ်ကဲ့ပါ အန်ကယ် အခုလို သုံးသပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဟုတ်ကဲ့ပါခင်ဗျ။

အမေရိကန်ကလူထုလှုပ်ရှားမှုနောက်ဆက်တွဲ အခြေအနေတွေကို ဗွီအိုအေ မြန်မာပိုင်း အယ်ဒီတာ ဦးကျော်ဇံသာကို ငြိမ်းချမ်းက ဆက်သွယ်မေးမြန်းခဲ့တာပါ။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG