သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်မှာ ၂ လအတွင်း တရက်ထဲ ကိုဗစ်ကူးစက်မှုနှုန်းအများဆုံးဖြစ်


Japan နိုင်ငံက Disney Land မှာကိုရိုနာဗိုင်းရပ်စ်ရန်ကာကွယ်ရန် နှာခေါင်းစည်းတပ်ထားသောပြည်သူများ
Japan နိုင်ငံက Disney Land မှာကိုရိုနာဗိုင်းရပ်စ်ရန်ကာကွယ်ရန် နှာခေါင်းစည်းတပ်ထားသောပြည်သူများ

Zawgyi/Unicode

ဂျပန်နိုင်ငံ၊ Tokyo မြို့မှာ မနေ့က တရက်တည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁၀၇ ယောက် ရှိတဲ့အတွက်၂ လအတွင်း တရက်တည်း ကူးစက်မှုနှုန်း အများဆုံးဖြစ်တယ်လို့ ပြည်နယ်အုပ်ချုပ်ရေးမှုး YURIKO KOIKE က ပြောပါတယ်။

“ဒီကနေ့ အတည်ပြုလူနာသစ် ၁၀၇ ယောက်ရှိကြောင်း၊ ဒါဟာ လွန်ခဲ့တဲ့နှစ်လ မေလ ၂ ရက်နေ့က အရေးပေါ်အခြေအနေကြေညာထားတုန်းက ၁၅၄ ယောက် အတည်ပြုခဲ့ပြီးတဲ့နောက်ပိုင်း ၂ လအတွင်း ပထမဆုံးအကြိမ် ၁၀၀ အထက်ကို ပြန်တက်လာတာဖြစ်ကြောင်း” အုပ်ချုပ်ရေးမှုး Yuriko Koike ကမနေ့တုန်းက သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောသွားတာပါ။

လူဦးရေ ၁၄ သန်းရှိတဲ့ Tokyo မှာ မေလ ၂၅ ရက်နေ့က ပြည်နယ်အရေး ပေါ် အခြေအနေ ကြေညာထားတာကို ရုပ်သိမ်းခဲ့ပြီး တနေ့ကို ကူးစက်မှု ၂၀ အောက်မှာ ထိန်းထားဖို့ မျှော်မှန်းခဲ့ပေမဲ့ပြီးခဲ့တဲ့ အပတ်တွေထဲ တရက်ကို ၅၀ ကျော်အထိ ကူးစက်မှုတွေ ရှိခဲ့ပြီးး မနေ့ကတော့ ကူးစက်မှုနှုန်း အခုလို ၂ ဆ မြင့်တက်ခဲ့တာဖြစ်ပါတယ်။

COVID -19 ဒုတိယလှိုင်းကို ကာကွယ်နိုင်ဖို့ ပြည်သူတွေအနေနဲ့ သတိရှိကြဖို့ကိုလည်း အုပ်ချုပ်ရေးမှုး Koike ကတိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် ညဘက် ဖျော်ဖြေရေးတွေရှိတဲ့ Tokyo မြို့ ၊ Shinjuku နဲ့ Ikebukuro အရပ်တွေမှာ ကူးစက်မှုနှုန်း မြင့်မားနေလို့ သတိရှိကြဖို့ တိုက်တွန်းခဲ့ပါတယ်။

အခုလို ကူးစက်မှုနှုန်း မြင့်တက်ခဲ့ပေမဲ့ ဂျပန်နိုင်ငံရဲ့ ကူးစက်သူ လူနာ ၁၉၀၀၀ ဝန်းကျင်နဲ့ သေဆုံးသူ ၉၇၆ ယောက် အရေအတွက်က တခြားနိုင်ငံကြီးတွေနဲ့ နှိုင်းယှဉ်ရင် နည်းပါးပါတယ်။

ဂျပန်မှာ ၂ လအတွင်း တရက်ထဲ ကိုဗစ်ကူးစက်မှုနှုန်းအများဆုံးဖြစ်
please wait

No media source currently available

0:00 0:01:10 0:00
တိုက်ရိုက် လင့်ခ်


[Unicode]






XS
SM
MD
LG