သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမစ္ေရႀကီးအႏၲရာယ္ မျပတ္ေစာင့္ၾကည့္ဖို႔ မိုးဇလသတိေပး


ခ်င္းတြင္းျမစ္ေရ သတိေပးေၾကညာခ်က္။ (ဇူလုိင္ ၁၈၊ ၂၀၂၀။ ဓာတ္ပုံ - မုိးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာန)

(Zawgyi / Unicode)

ဒီသီတင္းပတ္ေတြထဲ ျမန္မာႏိုင္ငံတဝန္း ျမစ္ေရေတြ စိုးရိမ္ေရမွတ္အထက္ ျမင့္တက္လာတာေတြရွိလို႔ ျမစ္ကမ္းနံေဘး ျပည္သူေတြအေနနဲ႔ မိုးေလဝသနဲ႔ ျမစ္ေရအေျခအေန သတင္းေတြကို မ်က္ျခည္မျပတ္ နားစြင့္ေနၾကဖို႔နဲ႔ ေရေဘး ႀကိဳတင္ျပင္ဆင္မႈေတြ ‌ေဆာင္ရြက္ထားဖို႔ မိုးဇလနဲ႔ က်န္းမာေရးဦးစီးဌာန တာဝန္ရွိသူေတြက သတိေပး ေျပာဆိုလိုက္ပါတယ္။ အျပည့္အစုံကို မဆုမြန္ ဆက္သြယ္ေမးျမန္း တင္ျပေပးထားပါတယ္။

အခုဆိုရင္ မုန္သုံမုိးရာသီခ်ိန္ ေရာက္လာၿပီ ျဖစ္တဲ့အတြက္ တခ်ိဳ႕ေနရာေတြမွာ မုတ္သုံမုိး အားေကာင္းတာေတြ ရွိသလို မိုးႀကီးေရလွ်ံမႈေတြ ျဖစ္ေပၚေနတဲ့အတြက္ ျမစ္ေရေတြလည္း စိုးရိမ္ေရမွတ္အထက္ကို ျမင့္တက္လာေနပါတယ္။

စိုးရိမ္ေရမွတ္အထက္ကို ေရာက္ရွိခဲ့တဲ့ ခ်င္းတြင္းျမစ္နဲ႔ ဧရာဝတီျမစ္ရဲ႕ လက္ရွိ စိုးရိမ္ေရမွတ္ အေျခအေနနဲ႔ ျမန္မာႏုိင္ငံတဝန္းက ျမစ္ေခ်ာင္းေတြမွာ စိုးရိမ္ေရမွတ္ေတြအထိ ျမစ္ေရျမင့္တက္လာေနတဲ့ အေနအထားေတြကိုေတာ့ မိုးေလဝသနဲ႔ ဇလေဗဒ ညႊန္ၾကားမႈ ဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက ဗီြအိုေအျမန္မာပိုင္းကို ရွင္းျပပါတယ္။

“လက္ရွိအေနနဲ႔ကေတာ့ စိုးရိမ္ေရမွတ္အထက္ ေရာက္ခဲ့တာနဲ႔ လက္ရွိ စိုးရိမ္ေရမွတ္ကို ေရာက္ေနတာကေတာ့ ဧရာဝတီျမစ္နဲ႔ ခ်င္းတြင္းျမစ္ ၂ ခုပါ။ သံလြင္ကေတာ့ စိုးရိမ္ေရမွတ္အထက္ကို ေရာက္ဖို႔ ၄ ေပေလာက္ လုိေသးတယ္။ လက္ရွိ ဧရာဝတီျမစ္ေရကေတာ့ ၿပီးခဲ့တဲ့ တရက္ေက်ာ္က ေရႊကူမွာေတာ့ သူက စိုးရိမ္ေရမွတ္ကို အနည္းငယ္ ေက်ာ္သြားတဲ့အတြက္ေၾကာင့္မို႔လို႔ ကသာဘက္မွာေတာ့ စိုးရိမ္ေရမွတ္ မေရာက္ခဲ့ဘူး၊ ျပန္က်ေနတယ္။

“ဒါေပမယ့္ သူတို႔ဆီကေန တက္ခဲ့တဲ့ေရေၾကာင့္ က်န္တဲ့ ေအာက္ကစခန္းေတြေပါ့ သပိတ္က်င္းတုိ႔ မႏၱေလး၊ စစ္ကိုင္း၊ ျမင္းမူတို႔ဘက္ကိုေတာ့ ဆက္ၿပီးေတာ့ ေရတက္ေနတဲ့ အေနအထားရွိတယ္။ အဲ့လိုမ်ိဳးပဲ ဒီ ခ်င္းတြင္းျမစ္ေပါ့၊ ခ်င္းတြင္းျမစ္မွာေတာ့ ဟုမၼလင္းနဲ႔ ေဖာင္းျပင္ကို ေရထိုးခဲ့တယ္။ ေဖာင္းျပင္ကေတာ့ စိုးရိမ္ေရမွတ္အထက္ကို ေက်ာ္သြားၿပီေပါ့ေနာ္။ ေဖာင္းျပင္ရဲ႕ ေအာက္ကစခန္းေတြျဖစ္တဲ့ ကေလးဝတို႔ ေမာ္လိုက္တို႔ မင္းကင္းတို႔ မံုရြာတို႔မွာေတာ့ စိုးရိမ္ေရမွတ္ကို ေရာက္ႏုိင္တဲ့ အေနအထားမ်ိဳးေတြ ရွိပါတယ္၊ အခုတက္ခဲ့တဲ့ ေရအရေပါ့ေနာ္။”

ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္အထက္ ျမင့္တက္လာေနတဲ့ အခ်ိန္မွာေတာ့ ဧရာဝတီတုိင္းတြင္းမွာလည္း ျမစ္ေရျမင့္တက္လာမႈေတြနဲ႔ ေရႀကီး ေရလႊမ္းမိုးမႈဒဏ္ေတြ ႀကံဳလာရႏုိင္တာမို႔ က်န္းမာေရးဦးစီးဌာနဘက္ကလည္း အေရးေပၚ ကူညီကယ္ဆယ္ေရးနဲ႔ ေရေဘးအႏၱရာယ္ ႀကိဳတင္ျပင္ဆင္မႈေတြ ေဆာင္ရြက္ေနၾကၿပီ ျဖစ္ပါတယ္။ အေရးေပၚ က်န္းမာေရးေစာင့္ေရွာက္မႈေတြနဲ႔ ေရေဘးအႏၱရာယ္ ႀကိဳတင္ကာကြယ္ႏုိင္ေရး လက္ရွိေဆာင္ရြက္ေနတဲ့ အေျခအေနေတြကို ဧရာဝတီတုိင္း က်န္းမာေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြဋ္ေအာင္ကလည္း ဗီြအိုေအကို ေျပာျပပါတယ္။

“က်ေနာ္တို႔က ၿပီးခဲ့တဲ့ သံုးလေလာက္ကတည္းက သႀကၤန္အၿပီးမွာ သဘာဝေဘးစီမံခ်က္ေလး ေရးလိုက္တယ္။ Disaster အတြက္ ေဆးဝါးေတြကို ၿမိဳ႕နယ္အလိုက္ ၁၀ ပံုး၊ တုိင္းေဒသႀကီးေတြမွာလည္း ပံုး ၅၀ စီစဥ္ထားတယ္။ ေနာက္ ေရသန္႔ေဆးျပားေတြေပါ့။ အဓိကကေတာ့ မိုးေရႀကီးလာရင္ ျမစ္ေရလွ်ံလာရင္ အဓိက ေသာက္သံုးေရေတြ ညစ္ညမ္းမွာ စိုးတဲ့အတြက္ ေရသန္႔ေဆးေတြလည္း က်ေနာ္တို႔ ပို႔ထားတယ္။

“ေနာက္ ေရအႏၱရာယ္မျဖစ္ေအာင္ Early Warning System လည္း လုပ္ထားတယ္။ အဓိကကေတာ့ လူေနရပ္ကြက္ေတြထဲ အသံခ်ဲ႕စက္နဲ႔ေအာ္တဲ့ Early Warning System ေပါ့။ ပင္လယ္ကမ္းေျခက သူေတြကိုလည္း သင္တန္းေတြ ေပးထားတယ္။ ေနာက္ ေဆး႐ံုေတြလည္း Evacuation Plans ေတြေပါ့၊ အေရးေပၚ ဘယ္လိုေရႊ႕မလဲ၊ အေရးေပၚေဆး႐ံု ဘယ္မွာထားမလဲေပါ့။ ဒါေတြကို စီစဥ္ထားပါတယ္။ ေနာက္ ေႁမြအဆိပ္ေျဖေဆးမ်ားကိုလည္း အထူးစီမံထားပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ေရႀကီးလာၿပီဆိုရင္ ေႁမြဆိုးအႏၱရာယ္ ရွိတဲ့အတြက္ ေႁမြဆိပ္ေျဖေဆးကို အထူးစီစဥ္ထားတယ္။ ေနာက္ လူေတြအတြက္ေပါ့၊ အသက္ကယ္အက်ႌေတြ Life Jackets ေတြလည္း အမ်ားႀကီးျဖန္႔ထားတယ္၊ တတိုင္းလံုး ျဖန္႔ထားတာပါ။”

ဒီလို စိုးရိမ္ေရမွတ္အထက္ ျမစ္ေရလွ်ံမႈေတြ ျဖစ္လာႏုိင္တဲ့အတြက္ ျမစ္ကမ္းနံေဘးေန ျပည္သူေတြေရာ ေရလႊမ္းမိုးမႈဒဏ္ ခံခဲ့ရဖူးတဲ့ေဒသက ျပည္သူေတြအေနနဲ႔ မိုးလဝသ သတင္းေတြကို စဥ္ဆက္မျပတ္ နားစြင့္ထားၾကဖို႔နဲ႔ အေရးေပၚအေျခအေနေတြ ႀကံဳလာရရင္ ႀကိဳတင္ျပင္ဆင္ထားသင့္တဲ့ အေျခအေနေတြကိုလည္း မိုးဇလ ညႊန္ၾကားေရးမွဴးခ်ဳပ္က သတိေပးပါတယ္။

“အဲဒီအတြက္ေၾကာင့္မို႔လို႔ ျမစ္ကမ္းနံေဘးမွာေနတဲ့ ျပည္သူေတြအေနနဲ႔ မိုးေကာင္းလာၿပီဆိုရင္ ျမစ္ေရေတြ ႐ုတ္တရက္ ျမင့္တက္လာႏိုင္တာတို႔ ျမစ္ေရေတြ ႀကီးလာႏုိင္တာတို႔ ဒီလိုမ်ိဳး အႏၱရာယ္ေတြ ရွိလာႏုိင္တဲ့အတြက္ အထူးသျဖင့္ ျမစ္ကမ္းနံေဘးမွာ ေနသူေတြက ေန႔စဥ္ထုတ္ျပန္ေနတဲ့ ျမစ္ေရအေျခအေနသတင္း ေန႔စဥ္ေစာင့္ၾကည့္ၿပီး မိမိတို႔ေနထိုင္တဲ့ ေနရာေဒသေတြမွာ ျမစ္ေရနဲ႔ ပတ္သက္ၿပီးေတာ့ ေဘးအႏၱရာယ္ ျဖစ္လာႏိုင္တယ္ဆိုရင္ ေဘးအႏၱရာယ္ ျဖစ္လာႏိုင္တဲ့ အေျခအေနမ်ိဳး ျဖစ္လာၿပီဆိုရင္ ေဘးအႏၱရာယ္ကင္းတဲ့ ေနရာေတြကို ေခတၱခဏ ေရႊ႕ေျပာင္းေနထိုင္သင့္ပါတယ္။ ဒါေတြကိုလည္း ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။

“အဓိကကေတာ့ ဒီကာလက COVID-19 ျဖစ္ေနတဲ့ကာလလည္း ျဖစ္ေနတဲ့ အခါက်ေတာ့ ေဘးအႏၱရာယ္ကင္းေရး ခါတိုင္းဆိုရင္ေတာ့ က်ေနာ္တို႔ ေရေဘးကယ္ဆယ္ေရးစခန္းေတြ ဖြင့္ပါတယ္။ ဒါေၾကာင့္ ေရေဘးတင္ မဟုတ္ေတာ့ဘူး၊ က်န္းမာေရးဆိုင္ရာ COVID-19 နဲ႔ ပတ္သက္ၿပီးေတာ့ က်န္းမာေရးဝန္ထမ္းေတြရဲ႕ လမ္းညႊန္ခ်က္ေတြအတိုင္း လိုက္နာေဆာင္ရြက္သင့္ပါတယ္။ သက္ဆုိင္ရာ တုိင္းေဒသ ျပည္နယ္ေတြ ၿမိဳ႕နယ္ေတြ အလိုက္မွာ ဖြဲ႔စည္းထားတဲ့ သဘာဝေဘးအဖြဲ႔ေတြ ရွိပါတယ္။ ဒီသဘာဝေဘးအဖြဲ႔ေတြရဲ႕ လမ္းညႊန္ခ်က္ေတြအတိုင္းလည္း ျပည္သူေတြက လိုက္နာေဆာင္ရြက္သင့္တယ္လို႔ က်ေနာ့္အေနနဲ႔ အႀကံျပဳလိုပါတယ္။”

ၿမိဳ႕အလုိက္ ျမစ္ေရႀကီးႏုိင္တဲ့ အေျခအေန သတိေပးခ်က္။ (ဇူလုိင္ ၁၈၊ ၂၀၂၀။ ဓာတ္ပုံ - မုိးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာန)
ၿမိဳ႕အလုိက္ ျမစ္ေရႀကီးႏုိင္တဲ့ အေျခအေန သတိေပးခ်က္။ (ဇူလုိင္ ၁၈၊ ၂၀၂၀။ ဓာတ္ပုံ - မုိးေလဝသႏွင့္ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာန)


အထူးသျဖင့္ ျမစ္ေရ တဟုန္ထိုးႀကီးၿပီး ျမစ္ကမ္းပါး ၿပိဳက်တာမ်ိဳး လူေနရပ္ကြက္ေတြထဲအထိ ေရလႊမ္းမိုးမႈေတြ ႀကံဳလာရရင္ အေရးေပၚ သဘာဝေဘးအႏၱရာယ္ကေန ေရွာင္တိမ္းႏိုင္ဖို႔အတြက္ ေရကင္း ေရတားစနစ္ေတြ သက္ဆိုင္ရာက စီမံေပးေနသလို ေဒသခံ ျပည္သူေတြဘက္ကလည္း သတိဝီရိယထားၿပီး ေစာင့္ၾကည့္ၾကဖို႔ လိုတယ္လို႔လည္း က်န္းမာေရးဦးစီးဌာန ဒုတိယညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသန္းထြဋ္ေအာင္က အႀကံေပးပါတယ္။

“အၿမဲတမ္း မိုးတြင္းမွာ ျမစ္ေရသည္ တဟုန္ထိုးႀကီးတတ္တယ္။ ျမစ္ေရတိုးတာထက္ Flash Flood လို႔ေခၚတဲ့ Flash Flood ေပ့ါ၊ ႐ုတ္တရက္ ေရႀကီးျခင္းေပါ့၊ ေရ ႐ုတ္တရက္တိုးၿပီး ေတာင္က်ေရလိုမ်ိဳး အကုန္လံုး ေမ်ာပါသြားတာေပ့ါ၊ အဲဒီေတာ့ အၿမဲတမ္း “ေရကင္း” ေစာင့္တဲ့ အက်င့္ေလးကို ရြာသူရြာသားေတြေရာ ၿမိဳ႕သူၿမိဳ႕သားေတြေရာ ေရကင္းေစာင့္ၿပီးေတာ့ ေရသတင္း ခ်က္ခ်င္းပို႔ၾကမယ္ေပါ့။

“အထူးသျဖင့္ မိုးတြင္းမွာဆိုရင္ ေရႀကီးတာကို အၿမဲတမ္းႀကံဳရတဲ့ ဧရာဝတီတုိင္း အေနနဲ႔ေရာ က်န္တဲ့ တုိင္းနဲ႔ျပည္နယ္ေတြမွာေရာ ႀကိဳတင္ျပင္ဆင္ၿပီးေတာ့မွ ဘယ္ကို အေရးေပၚေရႊ႕ၾကမလဲ၊ ေနာက္ Shelters ေတြ ဘယ္ဘက္ေတြကို ေရႊ႕ၾကမလဲေပါ့၊ ဒါေတြကို ျပင္ထားရမယ္။ ေနာက္ စားဖို႔ေသာက္ဖို႔အတြက္လည္း ျပင္ဆင္ထားရမယ္။ ေနာက္ က်န္းမာေရးအတြက္လည္း အေရးေပၚလိုအပ္တဲ့ ပစၥည္းပစၥယေတြ ေဆာင္ထားရမယ္ခင္ဗ်။ အဲဒါေလး ေျပာလိုပါတယ္။”

လတ္တေလာမွာေတာ့ ကခ်င္ျပည္နယ္ ျမစ္ႀကီးနားမွာ ဧရာဝတီျမစ္႐ိုးတေလွ်ာက္ ျမစ္ေရျမင့္တက္လာႏုိင္လို႔ ေျမနိမ့္ပိုင္းေဒသ ျပည္သူေတြ ေရလႊမ္းမိုးမႈကေန ကာကြယ္ႏိုင္ေအာင္ ကခ်င္ျပည္နယ္ဝန္ႀကီးခ်ဳပ္ကိုယ္တုိင္ ဦးေဆာင္ၿပီးလည္း ျမစ္ကမ္းပါး ေရထိန္းနံရံနဲ႔ ေရတားတာေဘာင္ေတြ၊ ေရတံခါး တည္ေဆာက္ေရးေတြကို ဒီကေန႔မွာ ကြင္းဆင္းေဆာင္ရြက္ေနပါတယ္။

လက္ရွိ မိုးေလဝသ အေျခအေနမွာေတာ့ ဘဂၤလားပင္လယ္ေအာ္ဘက္ မုတ္သံုေလ အားအသင့္အတင့္ရွိေနၿပီး ကခ်င္ျပည္နယ္၊ ရခိုင္ျပည္နယ္နဲ႔ စစ္ကိုင္းတိုင္းေဒသႀကီးေတြမွာ မိုးႀကီးႏုိင္သလို ဧရာဝတီ၊ တနသၤာရီ စတဲ့ က်န္ တုိင္းနဲ႔ျပည္နယ္ေတြမွာလည္း မိုးထစ္ခ်ဳန္းရြာႏိုင္တယ္လို႔ မိုးဇလဌာနက သတိေပး ေျပာဆိုထားပါတယ္။ အခုဆိုရင္ေတာ့ အိမ္နီးခ်င္း တ႐ုတ္၊ ဘဂၤလားေဒ့ရွ္ အပါအဝင္ အာရွေဒသႏိုင္ငံ တခ်ိဳ႕မွာလည္း ေရေဘးအႏၱရာယ္က စိုးရိမ္စရာ အေျခအေန ရွိေနတာေၾကာင့္ ႀကိဳတင္ျပင္ဆင္မႈေတြ ေဆာင္ရြက္ေနခ်ိန္လည္း ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

------------------------------

(Unicode)

မြစ်ရေကြီးအန္တရာယ် မပြတ်စောင့်ကြည့်ဖို့ မိုးဇလသတိပေး

ဒီသီတင်းပတ်တွေထဲ မြန်မာနိုင်ငံတဝန်း မြစ်ရေတွေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာတာတွေရှိလို့ မြစ်ကမ်းနံဘေး ပြည်သူတွေအနေနဲ့ မိုးလေဝသနဲ့ မြစ်ရေအခြေအနေ သတင်းတွေကို မျက်ခြည်မပြတ် နားစွင့်နေကြဖို့နဲ့ ရေဘေး ကြိုတင်ပြင်ဆင်မှုတွေ ‌ဆောင်ရွက်ထားဖို့ မိုးဇလနဲ့ ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူတွေက သတိပေး ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကို မဆုမွန် ဆက်သွယ်မေးမြန်း တင်ပြပေးထားပါတယ်။

အခုဆိုရင် မုန်သုံမိုးရာသီချိန် ရောက်လာပြီ ဖြစ်တဲ့အတွက် တချို့နေရာတွေမှာ မုတ်သုံမိုး အားကောင်းတာတွေ ရှိသလို မိုးကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတဲ့အတွက် မြစ်ရေတွေလည်း စိုးရိမ်ရေမှတ်အထက်ကို မြင့်တက်လာနေပါတယ်။

စိုးရိမ်ရေမှတ်အထက်ကို ရောက်ရှိခဲ့တဲ့ ချင်းတွင်းမြစ်နဲ့ ဧရာဝတီမြစ်ရဲ့ လက်ရှိ စိုးရိမ်ရေမှတ် အခြေအနေနဲ့ မြန်မာနိုင်ငံတဝန်းက မြစ်ချောင်းတွေမှာ စိုးရိမ်ရေမှတ်တွေအထိ မြစ်ရေမြင့်တက်လာနေတဲ့ အနေအထားတွေကိုတော့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

“လက်ရှိအနေနဲ့ကတော့ စိုးရိမ်ရေမှတ်အထက် ရောက်ခဲ့တာနဲ့ လက်ရှိ စိုးရိမ်ရေမှတ်ကို ရောက်နေတာကတော့ ဧရာဝတီမြစ်နဲ့ ချင်းတွင်းမြစ် ၂ ခုပါ။ သံလွင်ကတော့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ဖို့ ၄ ပေလောက် လိုသေးတယ်။ လက်ရှိ ဧရာဝတီမြစ်ရေကတော့ ပြီးခဲ့တဲ့ တရက်ကျော်က ရွှေကူမှာတော့ သူက စိုးရိမ်ရေမှတ်ကို အနည်းငယ် ကျော်သွားတဲ့အတွက်ကြောင့်မို့လို့ ကသာဘက်မှာတော့ စိုးရိမ်ရေမှတ် မရောက်ခဲ့ဘူး၊ ပြန်ကျနေတယ်။

“ဒါပေမယ့် သူတို့ဆီကနေ တက်ခဲ့တဲ့ရေကြောင့် ကျန်တဲ့ အောက်ကစခန်းတွေပေါ့ သပိတ်ကျင်းတို့ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူတို့ဘက်ကိုတော့ ဆက်ပြီးတော့ ရေတက်နေတဲ့ အနေအထားရှိတယ်။ အဲ့လိုမျိုးပဲ ဒီ ချင်းတွင်းမြစ်ပေါ့၊ ချင်းတွင်းမြစ်မှာတော့ ဟုမ္မလင်းနဲ့ ဖောင်းပြင်ကို ရေထိုးခဲ့တယ်။ ဖောင်းပြင်ကတော့ စိုးရိမ်ရေမှတ်အထက်ကို ကျော်သွားပြီပေါ့နော်။ ဖောင်းပြင်ရဲ့ အောက်ကစခန်းတွေဖြစ်တဲ့ ကလေးဝတို့ မော်လိုက်တို့ မင်းကင်းတို့ မုံရွာတို့မှာတော့ စိုးရိမ်ရေမှတ်ကို ရောက်နိုင်တဲ့ အနေအထားမျိုးတွေ ရှိပါတယ်၊ အခုတက်ခဲ့တဲ့ ရေအရပေါ့နော်။”

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက် မြင့်တက်လာနေတဲ့ အချိန်မှာတော့ ဧရာဝတီတိုင်းတွင်းမှာလည်း မြစ်ရေမြင့်တက်လာမှုတွေနဲ့ ရေကြီး ရေလွှမ်းမိုးမှုဒဏ်တွေ ကြုံလာရနိုင်တာမို့ ကျန်းမာရေးဦးစီးဌာနဘက်ကလည်း အရေးပေါ် ကူညီကယ်ဆယ်ရေးနဲ့ ရေဘေးအန္တရာယ် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေကြပြီ ဖြစ်ပါတယ်။ အရေးပေါ် ကျန်းမာရေးစောင့်ရှောက်မှုတွေနဲ့ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လက်ရှိဆောင်ရွက်နေတဲ့ အခြေအနေတွေကို ဧရာဝတီတိုင်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်ကလည်း ဗွီအိုအေကို ပြောပြပါတယ်။

“ကျနော်တို့က ပြီးခဲ့တဲ့ သုံးလလောက်ကတည်းက သင်္ကြန်အပြီးမှာ သဘာဝဘေးစီမံချက်လေး ရေးလိုက်တယ်။ Disaster အတွက် ဆေးဝါးတွေကို မြို့နယ်အလိုက် ၁၀ ပုံး၊ တိုင်းဒေသကြီးတွေမှာလည်း ပုံး ၅၀ စီစဉ်ထားတယ်။ နောက် ရေသန့်ဆေးပြားတွေပေါ့။ အဓိကကတော့ မိုးရေကြီးလာရင် မြစ်ရေလျှံလာရင် အဓိက သောက်သုံးရေတွေ ညစ်ညမ်းမှာ စိုးတဲ့အတွက် ရေသန့်ဆေးတွေလည်း ကျနော်တို့ ပို့ထားတယ်။

“နောက် ရေအန္တရာယ်မဖြစ်အောင်Early Warning System လည်း လုပ်ထားတယ်။ အဓိကကတော့ လူနေရပ်ကွက်တွေထဲ အသံချဲ့စက်နဲ့အော်တဲ့ Early Warning System ပေါ့။ ပင်လယ်ကမ်းခြေက သူတွေကိုလည်း သင်တန်းတွေ ပေးထားတယ်။ နောက် ဆေးရုံတွေလည်း Evacuation Plans တွေပေါ့၊ အရေးပေါ် ဘယ်လိုရွှေ့မလဲ၊ အရေးပေါ်ဆေးရုံ ဘယ်မှာထားမလဲပေါ့။ ဒါတွေကို စီစဉ်ထားပါတယ်။ နောက် မြွေအဆိပ်ဖြေဆေးများကိုလည်း အထူးစီမံထားပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ရေကြီးလာပြီဆိုရင် မြွေဆိုးအန္တရာယ် ရှိတဲ့အတွက် မြွေဆိပ်ဖြေဆေးကို အထူးစီစဉ်ထားတယ်။ နောက် လူတွေအတွက်ပေါ့၊ အသက်ကယ်အင်္ကျီတွေ Life Jackets တွေလည်း အများကြီးဖြန့်ထားတယ်၊ တတိုင်းလုံး ဖြန့်ထားတာပါ။”

ဒီလို စိုးရိမ်ရေမှတ်အထက် မြစ်ရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့အတွက် မြစ်ကမ်းနံဘေးနေ ပြည်သူတွေရော ရေလွှမ်းမိုးမှုဒဏ် ခံခဲ့ရဖူးတဲ့ဒေသက ပြည်သူတွေအနေနဲ့ မိုးလဝသ သတင်းတွေကို စဉ်ဆက်မပြတ် နားစွင့်ထားကြဖို့နဲ့ အရေးပေါ်အခြေအနေတွေ ကြုံလာရရင် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ အခြေအနေတွေကိုလည်း မိုးဇလ ညွှန်ကြားရေးမှူးချုပ်က သတိပေးပါတယ်။

“အဲဒီအတွက်ကြောင့်မို့လို့ မြစ်ကမ်းနံဘေးမှာနေတဲ့ ပြည်သူတွေအနေနဲ့ မိုးကောင်းလာပြီဆိုရင် မြစ်ရေတွေ ရုတ်တရက် မြင့်တက်လာနိုင်တာတို့ မြစ်ရေတွေ ကြီးလာနိုင်တာတို့ ဒီလိုမျိုး အန္တရာယ်တွေ ရှိလာနိုင်တဲ့အတွက် အထူးသဖြင့် မြစ်ကမ်းနံဘေးမှာ နေသူတွေက နေ့စဉ်ထုတ်ပြန်နေတဲ့ မြစ်ရေအခြေအနေသတင်း နေ့စဉ်စောင့်ကြည့်ပြီး မိမိတို့နေထိုင်တဲ့ နေရာဒေသတွေမှာ မြစ်ရေနဲ့ ပတ်သက်ပြီးတော့ ဘေးအန္တရာယ် ဖြစ်လာနိုင်တယ်ဆိုရင် ဘေးအန္တရာယ် ဖြစ်လာနိုင်တဲ့ အခြေအနေမျိုး ဖြစ်လာပြီဆိုရင် ဘေးအန္တရာယ်ကင်းတဲ့ နေရာတွေကို ခေတ္တခဏ ရွှေ့ပြောင်းနေထိုင်သင့်ပါတယ်။ ဒါတွေကိုလည်း ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။

“အဓိကကတော့ ဒီကာလက COVID-19 ဖြစ်နေတဲ့ကာလလည်း ဖြစ်နေတဲ့ အခါကျတော့ ဘေးအန္တရာယ်ကင်းရေး ခါတိုင်းဆိုရင်တော့ ကျနော်တို့ ရေဘေးကယ်ဆယ်ရေးစခန်းတွေ ဖွင့်ပါတယ်။ ဒါကြောင့် ရေဘေးတင် မဟုတ်တော့ဘူး၊ ကျန်းမာရေးဆိုင်ရာ COVID-19 နဲ့ ပတ်သက်ပြီးတော့ ကျန်းမာရေးဝန်ထမ်းတွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်သင့်ပါတယ်။ သက်ဆိုင်ရာ တိုင်းဒေသ ပြည်နယ်တွေ မြို့နယ်တွေ အလိုက်မှာ ဖွဲ့စည်းထားတဲ့ သဘာဝဘေးအဖွဲ့တွေ ရှိပါတယ်။ ဒီသဘာဝဘေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်းလည်း ပြည်သူတွေက လိုက်နာဆောင်ရွက်သင့်တယ်လို့ ကျနော့်အနေနဲ့ အကြံပြုလိုပါတယ်။”

အထူးသဖြင့် မြစ်ရေ တဟုန်ထိုးကြီးပြီး မြစ်ကမ်းပါး ပြိုကျတာမျိုး လူနေရပ်ကွက်တွေထဲအထိ ရေလွှမ်းမိုးမှုတွေ ကြုံလာရရင် အရေးပေါ် သဘာဝဘေးအန္တရာယ်ကနေ ရှောင်တိမ်းနိုင်ဖို့အတွက် ရေကင်း ရေတားစနစ်တွေ သက်ဆိုင်ရာက စီမံပေးနေသလို ဒေသခံ ပြည်သူတွေဘက်ကလည်း သတိဝီရိယထားပြီး စောင့်ကြည့်ကြဖို့ လိုတယ်လို့လည်း ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်အောင်က အကြံပေးပါတယ်။

“အမြဲတမ်း မိုးတွင်းမှာ မြစ်ရေသည် တဟုန်ထိုးကြီးတတ်တယ်။ မြစ်ရေတိုးတာထက် Flash Flood လို့ခေါ်တဲ့ Flash Flood ပေ့ါ၊ ရုတ်တရက် ရေကြီးခြင်းပေါ့၊ ရေ ရုတ်တရက်တိုးပြီး တောင်ကျရေလိုမျိုး အကုန်လုံး မျောပါသွားတာပေ့ါ၊ အဲဒီတော့ အမြဲတမ်း “ရေကင်း” စောင့်တဲ့ အကျင့်လေးကို ရွာသူရွာသားတွေရော မြို့သူမြို့သားတွေရော ရေကင်းစောင့်ပြီးတော့ ရေသတင်း ချက်ချင်းပို့ကြမယ်ပေါ့။

“အထူးသဖြင့် မိုးတွင်းမှာဆိုရင် ရေကြီးတာကို အမြဲတမ်းကြုံရတဲ့ ဧရာဝတီတိုင်း အနေနဲ့ရော ကျန်တဲ့ တိုင်းနဲ့ပြည်နယ်တွေမှာရော ကြိုတင်ပြင်ဆင်ပြီးတော့မှ ဘယ်ကို အရေးပေါ်ရွှေ့ကြမလဲ၊ နောက် Shelters တွေ ဘယ်ဘက်တွေကို ရွှေ့ကြမလဲပေါ့၊ ဒါတွေကို ပြင်ထားရမယ်။ နောက် စားဖို့သောက်ဖို့အတွက်လည်း ပြင်ဆင်ထားရမယ်။ နောက် ကျန်းမာရေးအတွက်လည်း အရေးပေါ်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေ ဆောင်ထားရမယ်ခင်ဗျ။ အဲဒါလေး ပြောလိုပါတယ်။”

လတ်တလောမှာတော့ ကချင်ပြည်နယ် မြစ်ကြီးနားမှာ ဧရာဝတီမြစ်ရိုးတလျှောက် မြစ်ရေမြင့်တက်လာနိုင်လို့ မြေနိမ့်ပိုင်းဒေသ ပြည်သူတွေ ရေလွှမ်းမိုးမှုကနေ ကာကွယ်နိုင်အောင် ကချင်ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီးလည်း မြစ်ကမ်းပါး ရေထိန်းနံရံနဲ့ ရေတားတာဘောင်တွေ၊ ရေတံခါး တည်ဆောက်ရေးတွေကို ဒီကနေ့မှာ ကွင်းဆင်းဆောင်ရွက်နေပါတယ်။

လက်ရှိ မိုးလေဝသ အခြေအနေမှာတော့ ဘင်္ဂလားပင်လယ်အော်ဘက် မုတ်သုံလေ အားအသင့်အတင့်ရှိနေပြီး ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ မိုးကြီးနိုင်သလို ဧရာဝတီ၊ တနင်္သာရီ စတဲ့ ကျန် တိုင်းနဲ့ပြည်နယ်တွေမှာလည်း မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးဇလဌာနက သတိပေး ပြောဆိုထားပါတယ်။ အခုဆိုရင်တော့ အိမ်နီးချင်း တရုတ်၊ ဘင်္ဂလားဒေ့ရှ် အပါအဝင် အာရှဒေသနိုင်ငံ တချို့မှာလည်း ရေဘေးအန္တရာယ်က စိုးရိမ်စရာ အခြေအနေ ရှိနေတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေချိန်လည်း ဖြစ်ပါတယ်။

XS
SM
MD
LG