သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်က ရေဘေးသင့်သူတွေအတွက် ကုလ ဒေါ်လာ ၅ သန်းကျော်ပေး


ဘင်္ဂလားဒေ့ရှ်က ရေဘေးသင့် ပြည်သူများ
ဘင်္ဂလားဒေ့ရှ်က ရေဘေးသင့် ပြည်သူများ

(Zawgyi/Unicode)

ရေဘေးဒဏ် ဆိုးဆိုးရွားရွား ခံနေရတဲ့ အာရှနိုင်ငံတွေကို ကုလသမဂ္ဂအဖွဲ့က အကူအညီပေးနေတဲ့အထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း က ရေဘေးသင့် မိသားစုတွေကို ကူညီဖို့ကုလသမဂ္ဂ ဗဟို အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ရန်ပုံငွေ အဖွဲ (CERF) က ကုလ သမဂ္ဂ အဖွဲ့အစည်းတွေကို ကနဦး ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅ ဒဿမ ၂ သန်း ပေးအပ်ထားပြီလို့ ကုလသမဂ္ဂအဖွဲ့ပြောခွင့်ရ Farhan Haq က ပြောပါတယ်။

လူ ၁ ဒဿမ ၄ သန်းလောက် ရေဘေးဒဏ်ခံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခရိုင်နယ်မြေအားလုံးရဲ့ ထက်ဝက် လောက် လာမယ့် သီတင်းပတ်တွေထဲ ရေဘေးဒဏ် ခံရလိမ့်မယ်လို့ ခန့်မှန်းထားပြီး ကုလသမဂ္ဂအနေနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အထောက်အပံ့ပေးနေတယ်လို့လည်း Farhan Haq က ပြောပါတယ်။

တရုတ်နိုင်ငံမှာလည်း ဇွန်လက စပြီး မိုးကြီးတာကြောင့် ပြည်နယ် ၂၇ ပြည်နယ်မှာ လူ ၃၈ သန်း ရေဘေးဒဏ် ခံနေရပါတယ်။ တရုတ်အစိုးရက နိုင်ငံတကာကို အကူအညီတောင်းခံထားတာ မရှိသေးပေမဲ့ ကုလသမဂ္ဂအနေနဲ့ လိုအပ်ရင် ကူညီဖို့ အသင့်ရှိတယ် လို့လည်း ကုလပြောခွင့်ရ Haq က ပြောပါတယ်။

ရေကြီးတာနဲ့ မြေပြိုတာကြောင့် လူ ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ နီပေါနိုင်ငံမှာတော့ ဝေးလံခေါင်ဖျားတဲ့ဒေသတွေမှာ မြေပြိုမှုတွေကကယ်ဆယ်ရေးလုပ်ငန်းတွေကို နှောင်နှေးစေခဲ့ရကြောင်း၊ မုတ်သုံရာသီ ကြိုတင်ပြင်ဆင်ရေး လုပ်ငန်းတွေ နောက်ထပ် လုပ်ဖို့ ဆွေးနွေးနေပြီး နီပေါနိုင်ငံတွင်းက အကူအညီ လိုအပ်နေသူတွေအတွက် ကုသသမဂ္ဂက အကူအညီ ထပ်တိုးပေးဖို့ အသင့် ရှိနေ တယ်လို့လည်း ကုလ ပြောခွင့်ရ Farhan Haq က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


...............


(Unicode)





XS
SM
MD
LG