သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၲေလးေရေဘး ကယ္ဆယ္ကူညီေရးမ်ားေဆာင္ရြက္


မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ခဲ့တာေၾကာင့္ ကူညီကယ္ဆယ္ေရးမ်ား လုပ္ေပးေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department - ဇူလိုင္ ၂၀၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏုိင္ငံ အထက္ပုိင္းေဒသေတြမွာ ေရႀကီးႏုိင္တဲ့ အႏၱရာယ္ သတိေပးေနခ်ိန္မွာပဲ မႏၱေလးတုိင္းမွာ ေရထိန္းတံခါး က်ိဳးေပါက္ရာက ေဒသခံေတြေဘးလြတ္ရာ ေျပာင္းေရႊ႕ေနရတဲ့ အေၾကာင္း ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္စုစုက ေျပာျပပါမယ္။

မႏၱေလးတုိင္း၊ အမရပူရၿမိဳ႕နယ္၊ မႏၱေလး-စစ္ကုိင္း ကမ္းနားလမ္းမွာရွိတဲ့ ေရႊဂဲေရထိန္းတံခါး မေန႔က တနဂၤေႏြညမွာ က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဝင္လာတာေၾကာင့္ အနီးအနားကေဒသခံေတြ ကုန္းျမင့္ပုိင္းဆီေရႊ႕ေျပာင္းေနၾကပါတယ္။ ဒီကေန႔ မြန္းလဲြပုိင္းအထိ ရြာ ၄ ရြာမွာ ေရဝင္ေနတာေၾကာင့္ ေဒသခံေတြ ကယ္ဆယ္ေရးစခန္းေတြမွာ တိမ္းေရွာင္ေနရတယ္လုိ႔လည္း ရြာဘံုလူမႈကူညီေရးအသင္းက ကုိေက်ာ္ဇင္ထြန္းက VOA ကိုေျပာပါတယ္။

“ေရကေတာ့ ေတာက္ေလွ်ာက္တုိးေနတာပဲ။ ေရဝင္လာေတာ့ သူတုိ႔ေလာေလာဆယ္ ကုန္းျမင့္ရာကို ေရႊ႕ေနၾကရတာေပါ့။ ေဆြမ်ိဳးနီးစပ္ေတာ္ရာဆီ၊ ကယ္ဆယ္ေရးစခန္းေတြဆီ ေလာေလာဆယ္ေရႊ႕ေနၾကတယ္။ က်ေနာ္တို႔ ဒီစစ္ကုိင္းလမ္းေပၚက ဘုရားဝင္းေတြ၊ ဘုန္းႀကီးေက်ာင္းဝင္းေတြထဲမွာ ကယ္ဆယ္ေရးစခန္းဖြင့္ထားတယ္။ လူအေသအေပ်ာက္ေတာ့ မရွိဘူးဗ်။ ဒီပြဲေတာ္ရြာကေတာ့ မနက္ ၃နာရီကတည္းက က်ေနာ္တို႔ stand by ေနတဲ့အခ်ိန္မွာေတာ့ ေရမဝင္ေသးဘူး။ မနက္ ၁၀နာရီထုိးမွ ေရစဝင္တာပါ။”

မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဆင္းဝင္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department (MDY) - ဇူလိုင္ ၂၀၊ ၂၀၂၀)
မႏၱေလးတိုင္း အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဆင္းဝင္တဲ့ ျမင္ကြင္း။ (ဓာတ္ပံု - Myanmar Fire Services Department (MDY) - ဇူလိုင္ ၂၀၊ ၂၀၂၀)

ဒီေန႔ ေန႔လယ္ပိုင္းအထိ ကယ္ဆယ္ေရးစခန္းမွာ ေရာက္ရွိေနသူ ခန္႔မွန္းေျခ လူ ၄,၀၀၀ ေလာက္ရွိမယ္လုိ႔လည္း လူမူ၀န္ထမ္း ကယ္ဆယ္ေရးနဲ႔ ျပန္လည္ေနရာခ်ထားေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ လူကယ္ျပန္၀န္ႀကီး ေဒါက္တာ၀င္းျမတ္ေအး ကေတာ့ ျမစ္ေရဝင္ေရာက္တာကုိ ဟန္႔တားႏုိင္ဖို႔အတြက္ ေက်ာက္ႀကီးခ် ေရထိန္းတဲ့လုပ္ငန္းေတြကုိ ဒီကေန႔ ေန႔လည္ပုိင္းကစ ေဆာင္ရြက္ေနၿပီ ျဖစ္ေၾကာင္း အစုိးရပုိင္သတင္းမီဒီယာေတြကုိ ေျပာဆုိခဲ့ပါတယ္။

“အခု က်ေနာ္တို႔ သဲအိတ္ေတြ သိန္း သံုးဆယ္ နီးပါးဖိုးေပါ့၊ သဲအိတ္ေတြလုပ္ေနတယ္။ အဲဒါကေတာ့ ဒီၾကားကေနၿပီးေတာ့ ကန္႔လန္႔ျဖတ္တာကို မေက်ာ္ေအာင္ဆိုၿပီးေတာ့ ေဆာင္ရြက္တဲ့ကိစၥေပါ့။ ေပါက္တည္တဲ့ကိစၥအတြက္ကေတာ့ သက္ဆုိင္ရာဌာနဆုိင္ရာေတြကေနၿပီးေတာ့ ဒီအတြက္ကုိ ေက်ာက္အိတ္ေတြ ခ်ဖုိ႔အတြက္ စီစဥ္ေဆာင္ရြက္ေနတယ္ေပါ့ေနာ္။”

တခ်ိန္တည္းမွာပဲ မုိးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာနကလည္း ဧရာဝတီျမစ္ေရဟာ ေနာက္၂ ရက္အတြင္း စုိးရိမ္ေရမွတ္ ေရာက္လာႏုိင္တာေၾကာင့္ ျမစ္ကမ္းေဘးနဲ႔ ေျမနိမ့္ပိုင္းတြင္း ေနထိုင္သူေတြ သတိထားၾကဖုိ႔ ႏႈိးေဆာ္ထားပါတယ္။ ဧရာဝတီနဲ႔ ခ်င္းတြင္းျမစ္ အထက္ပုိင္းေဒသေတြမွာ ဒီရက္ပုိင္းအတြင္း မုိးမ်ားတဲ့အတြက္ စုိးရိမ္ေရမွတ္အထိ ေရာက္ခဲ့တာေတြ ရွိခဲ့တာေၾကာင့္ ျမစ္ေၾကာင္းတေလွ်ာက္မွာလည္း သတိထားၾကဖုိ႔ မုိးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈ ဦးစီးဌာန လက္ေထာက္ညႊန္ၾကားေရးမွဴး ဦးမ်ိဳးထြန္းဦးက ေျပာပါတယ္။

“မႏၱေလး၊ စစ္ကုိင္း၊ ျမင္းမူ၊ ပခုကၠဴ၊ ေညာင္ဦးတုိ႔ ဒီစခန္းေတြက စုိးရိမ္ေရမွတ္ကို ေရာက္ဖုိ႔ရာဆုိရင္ ၂ေပကေန ၃ေပေလာက္အလုိအထိ ရွိေနတာကိုေတြ႕ရတယ္။ ေတြ႕ရတဲ့အတြက္ေၾကာင့္ ဒါကေရခံလည္းေကာင္းေနၿပီေပါ့။ ဒုတိယထပ္ၿပီးေတာ့သာ တတိယဆည္ဘက္မွာ မုိးေတြက ေကာင္းလာခဲ့မယ္ဆုိရင္ ေအာက္ဘက္မွာလည္း ေရကေရခံေကာင္းေနတယ္။ ဒါေၾကာင့္မုိ႔ ဧရာဝတီျမစ္ေအာက္ပုိင္း စခန္းေတြကဆုိရင္လည္း အဓိက ဒီၿမိဳ႕ေတြေပါ့။ ျမစ္ကမ္းနားမွာရွိေနတဲ့ ၿမိဳ႕ေတြဟာ သတိထားသင့္တယ္ေပါ့ေနာ္။”

ကခ်င္ျပည္နယ္မွာလည္း မေန႔တုန္းက မုိးသည္းထန္မႈေၾကာင့္ ျမစ္ႀကီးနားခ႐ိုင္၊ ကန္ပိုက္တီၿမိဳ႕နယ္က ဝိုင္းေမာ္-ဆဒုံး-ကန္ပိုက္တီ ကားလမ္းမႀကီးေဘး ကမ္းပါးေျမၿပိဳက်မႈျဖစ္ပြားခဲ့တာေၾကာင့္ ဆဒုံးၿမိဳ႕ဝင္ဂိတ္မွာ ယာဥ္အသြားအလာ ရပ္ဆုိင္းထားရေၾကာင္းလည္း ျပန္ၾကားေရး ၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ကခ်င္ျပည္နယ္၊ ဖားကန္႔ၿမိဳ႕နယ္မွာလည္း လူေပါင္း ၂၀၀ ေက်ာ္ ေသေၾကထိခုိက္ခဲ့တဲ့ ေျမၿပိဳက်မႈ ႀကံဳခဲ့ရတဲ့ ေဝွခါမွာပဲ ဒီကေန႔မနက္အေစာပိုင္းေလာက္က ေျမၿပိဳက်မႈ ထပ္မံျဖစ္ပြားရာက အိမ္တခ်ဳိ႕ ပ်က္စီးသြားခဲ့ေပမဲ့ ထိခုိက္ေသဆုံးမႈေတာ့ မရွိခဲ့ပါဘူးရွင္။

မႏၲေလးေရေဘး ကယ္ဆယ္ကူညီေရးမ်ားေဆာင္ရြက္
please wait

No media source currently available

0:00 0:03:05 0:00
တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မန္တလေးရေဘေး ကယ်ဆယ်ကူညီရေးများဆောင်ရွက်

မြန်မာနိုင်ငံ အထက်ပိုင်းဒေသတွေမှာ ရေကြီးနိုင်တဲ့ အန္တရာယ် သတိပေးနေချိန်မှာပဲ မန္တလေးတိုင်းမှာ ရေထိန်းတံခါး ကျိုးပေါက်ရာက ဒေသခံတွေဘေးလွတ်ရာ ပြောင်းရွှေ့နေရတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်း သတင်းထောက်စုစုက ပြောပြပါမယ်။

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းမှာရှိတဲ့ ရွှေဂဲရေထိန်းတံခါး မနေ့က တနင်္ဂနွေညမှာ ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေ စီးဝင်လာတာကြောင့် အနီးအနားကဒေသခံတွေ ကုန်းမြင့်ပိုင်းဆီရွှေ့ပြောင်းနေကြပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းအထိ ရွာ ၄ ရွာမှာ ရေဝင်နေတာကြောင့် ဒေသခံတွေ ကယ်ဆယ်ရေးစခန်းတွေမှာ တိမ်းရှောင်နေရတယ်လို့လည်း ရွာဘုံလူမှုကူညီရေးအသင်းက ကိုကျော်ဇင်ထွန်းက VOA ကိုပြောပါတယ်။

“ရေကတော့ တောက်လျှောက်တိုးနေတာပဲ။ ရေဝင်လာတော့ သူတို့လောလောဆယ် ကုန်းမြင့်ရာကို ရွှေ့နေကြရတာပေါ့။ ဆွေမျိုးနီးစပ်တော်ရာဆီ၊ ကယ်ဆယ်ရေးစခန်းတွေဆီ လောလောဆယ်ရွှေ့နေကြတယ်။ ကျနော်တို့ ဒီစစ်ကိုင်းလမ်းပေါ်က ဘုရားဝင်းတွေ၊ ဘုန်းကြီးကျောင်းဝင်းတွေထဲမှာ ကယ်ဆယ်ရေးစခန်းဖွင့်ထားတယ်။ လူအသေအပျောက်တော့ မရှိဘူးဗျ။ ဒီပွဲတော်ရွာကတော့ မနက် ၃နာရီကတည်းက ကျနော်တို့ stand by နေတဲ့အချိန်မှာတော့ ရေမဝင်သေးဘူး။ မနက် ၁၀နာရီထိုးမှ ရေစဝင်တာပါ။”

ဒီနေ့ နေ့လယ်ပိုင်းအထိ ကယ်ဆယ်ရေးစခန်းမှာ ရောက်ရှိနေသူ ခန့်မှန်းခြေ လူ ၄,၀၀၀ လောက်ရှိမယ်လို့လည်း လူမူဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ လူကယ်ပြန်ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ကတော့ မြစ်ရေဝင်ရောက်တာကို ဟန့်တားနိုင်ဖို့အတွက် ကျောက်ကြီးချ ရေထိန်းတဲ့လုပ်ငန်းတွေကို ဒီကနေ့ နေ့လည်ပိုင်းကစ ဆောင်ရွက်နေပြီ ဖြစ်ကြောင်း အစိုးရပိုင်သတင်းမီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။

“အခု ကျနော်တို့ သဲအိတ်တွေ သိန်း သုံးဆယ် နီးပါးဖိုးပေါ့၊ သဲအိတ်တွေလုပ်နေတယ်။ အဲဒါကတော့ ဒီကြားကနေပြီးတော့ ကန့်လန့်ဖြတ်တာကို မကျော်အောင်ဆိုပြီးတော့ ဆောင်ရွက်တဲ့ကိစ္စပေါ့။ ပေါက်တည်တဲ့ကိစ္စအတွက်ကတော့ သက်ဆိုင်ရာဌာနဆိုင်ရာတွေကနေပြီးတော့ ဒီအတွက်ကို ကျောက်အိတ်တွေ ချဖို့အတွက် စီစဉ်ဆောင်ရွက်နေတယ်ပေါ့နော်။”

တချိန်တည်းမှာပဲ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကလည်း ဧရာဝတီမြစ်ရေဟာ နောက်၂ ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်လာနိုင်တာကြောင့် မြစ်ကမ်းဘေးနဲ့ မြေနိမ့်ပိုင်းတွင်း နေထိုင်သူတွေ သတိထားကြဖို့ နှိုးဆော်ထားပါတယ်။ ဧရာဝတီနဲ့ ချင်းတွင်းမြစ် အထက်ပိုင်းဒေသတွေမှာ ဒီရက်ပိုင်းအတွင်း မိုးများတဲ့အတွက် စိုးရိမ်ရေမှတ်အထိ ရောက်ခဲ့တာတွေ ရှိခဲ့တာကြောင့် မြစ်ကြောင်းတလျှောက်မှာလည်း သတိထားကြဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးထွန်းဦးက ပြောပါတယ်။

“မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ၊ ပခုက္ကူ၊ ညောင်ဦးတို့ ဒီစခန်းတွေက စိုးရိမ်ရေမှတ်ကို ရောက်ဖို့ရာဆိုရင် ၂ပေကနေ ၃ပေလောက်အလိုအထိ ရှိနေတာကိုတွေ့ရတယ်။ တွေ့ရတဲ့အတွက်ကြောင့် ဒါကရေခံလည်းကောင်းနေပြီပေါ့။ ဒုတိယထပ်ပြီးတော့သာ တတိယဆည်ဘက်မှာ မိုးတွေက ကောင်းလာခဲ့မယ်ဆိုရင် အောက်ဘက်မှာလည်း ရေကရေခံကောင်းနေတယ်။ ဒါကြောင့်မို့ ဧရာဝတီမြစ်အောက်ပိုင်း စခန်းတွေကဆိုရင်လည်း အဓိက ဒီမြို့တွေပေါ့။ မြစ်ကမ်းနားမှာရှိနေတဲ့ မြို့တွေဟာ သတိထားသင့်တယ်ပေါ့နော်။”

ကချင်ပြည်နယ်မှာလည်း မနေ့တုန်းက မိုးသည်းထန်မှုကြောင့် မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့နယ်က ဝိုင်းမော်-ဆဒုံး-ကန်ပိုက်တီ ကားလမ်းမကြီးဘေး ကမ်းပါးမြေပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် ဆဒုံးမြို့ဝင်ဂိတ်မှာ ယာဉ်အသွားအလာ ရပ်ဆိုင်းထားရကြောင်းလည်း ပြန်ကြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း လူပေါင်း ၂၀၀ ကျော် သေကြေထိခိုက်ခဲ့တဲ့ မြေပြိုကျမှု ကြုံခဲ့ရတဲ့ ဝှေခါမှာပဲ ဒီကနေ့မနက်အစောပိုင်းလောက်က မြေပြိုကျမှု ထပ်မံဖြစ်ပွားရာက အိမ်တချို့ ပျက်စီးသွားခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတော့ မရှိခဲ့ပါဘူးရှင်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG