သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မႏၱေလး ေရႊဂဲ ေရထိန္းတံခါးအနီး က်ိဳးေပါက္လို႔ ေဒသခံေတြ ေဘးလြတ္ရာ ေျပာင္းေရႊ႕


အမရပူရၿမိဳ႕ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရ စီးဆင္းဝင္လာေနတဲ့အေပၚ စက္ယႏၱရားအသုံးျပဳ ထိန္းသိမ္းေဆာင္ရြက္ေနတဲ့ ျမင္ကြင္း။ (ဇူလုိင္ ၁၉၊ ၂၀၂၀။ ဓာတ္ပုံ - MOI)

(Zawgyi / Unicode)

ျမန္မာႏိုင္ငံ အထက္ပိုင္းမွာ ၿပီးခဲ့တဲ့ ရက္အနည္းငယ္အတြင္း မိုးသည္းထန္စြာ ရြာသြန္းမႈေၾကာင့္ ဧရာဝတီျမစ္ေရ ျမင့္တက္လာၿပီး ကခ်င္ျပည္နယ္ အပါအဝင္ စစ္ကိုင္းနဲ႔ မႏၲေလးတိုင္းတေလွ်ာက္ ေဒသခံျပည္သူေတြ ျမစ္ေရႀကီးမႈ အႏၲရာယ္ ရင္ဆိုင္ေနရပါတယ္။

တနဂၤေႏြေန႔ညက မႏၲေလးတိုင္း အမရပူရၿမိဳ႕နယ္ မႏၲေလး-စစ္ကိုင္း ကမ္းနားလမ္းမွာရွိတဲ့ ေရႊဂဲ ေရထိန္းတံခါး က်ိဳးေပါက္ၿပီး ဧရာဝတီျမစ္ေရေတြ စီးဆင္းဝင္လာေနတဲ့ အေရးေပၚအေျခအေနကို သက္ဆိုင္ရာ တာဝန္ရွိသူေတြက စက္ယႏၲရားေတြ အသုံးျပဳၿပီး အေျခအေန ထိန္းသိမ္း ေဆာင္ရြက္ခဲ့ၾကပါတယ္။

ျမန္မာအစိုးရ ထုတ္ျပန္တဲ့ သတင္းမွာေတာ့ ည ၉ နာရီေလာက္မွာ ေရႊဂဲ ေရထိန္းတံခါးကေန ဧရာဝတီျမစ္ေရေတြ စီးဝင္လာေၾကာင္း ေဖာ္ျပထားၿပီး အခ်ိန္မီ ပိတ္ဆို႔တားဆီးႏိုင္ေရး သက္ဆိုင္ရာက ေဆာင္ရြက္ေနေၾကာင္း ေဖာ္ျပထားပါတယ္။

မႏၲေလးကေန စစ္ကိုင္းတံတားဘက္သြားတဲ့ လမ္းေပၚထိ ျမစ္ေရလွ်ံမႈနဲ႔အတူ ျမစ္ေရတိုက္စားမႈေၾကာင့္ လမ္းေတြၿပိဳက် ပ်က္စီးေနေၾကာင္း မႏၲေလးအေျခစိုက္ VOM သတင္းဌာနရဲ႕ Facebook တိုက္႐ိုက္ထုတ္လႊင့္ခ်က္မွာ ေဖာ္ျပထားပါတယ္။

လက္ရွိအေျခအေနမွာေတာ့ စိုးရိမ္ေနရဆဲရွိၿပီး က်ိဳးေပါက္သြားတဲ့ ေရထိန္းတံခါးကေန ျမစ္ေရေတြ ဝင္လာေနတာေၾကာင့္ ေရႊဂဲ ေရထိန္းတံခါး အနီးတဝိုက္ ရြာေတြမွာ ေနထိုင္သူေတြကို ေဘးလြတ္ရာ အမရပူရၿမိဳ႕ ဓမၼာ႐ုံေတြဆီ ကယ္ဆယ္ေရးအဖြဲ႔ေတြနဲ႔ တာဝန္ရွိ အဖြဲ႔အစည္းေတြက အေရးေပၚ ေရႊ႕ေျပာင္းေပးေနပါတယ္။

အလားတူ ဇူလိုင္လ ၁၂၊ ၁၃၊ ၁၄ ရက္ေတြမွာ ျမန္မာျပည္အထက္ပိုင္း မိုးႀကီးမႈေၾကာင့္ ကခ်င္ျပည္နယ္ ျမစ္ႀကီးနား၊ ဆင္ဘိုနဲ႔ ေရႊကူၿမိဳ႕ေတြမွာ အိမ္ေထာင္စုေပါင္း ၁၅၅ စု၊ လူဦးေရ ၇၀၀ နီးပါး ေဘးလြတ္ရာ ယာယီေရေဘးစခန္းေတြကို ေျပာင္းေရႊ႕ေပးခဲ့ရတယ္လို႔ လူမႈဝန္ထမ္း၊ ကယ္ဆယ္ေရးႏွင့္ ျပန္လည္ေနရာခ်ထားေရး ဝန္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ဒါ့အျပင္ လက္ရွိအေျခအေနမွာ ျမန္မာႏိုင္ငံ အထက္ပိုင္းက ဧရာ၀တီျမစ္ေရဟာ ေရႊကူနဲ႔ ကသာၿမိဳ႕ေတြကို စီးဆင္းလာၿပီ ျဖစ္တဲ့အတြက္ လာမယ့္ ရက္အနည္းငယ္အတြင္း သပိတ္က်င္း၊ မႏၱေလး၊ စစ္ကိုင္း၊ ျမင္းမူ စတဲ့ၿမိဳ႕ေတြမွာ ျမစ္ေရႀကီးမႈ အႏၱရာယ္ ရွိႏိုင္ေၾကာင္း အဲဒီထုတ္ျပန္ခ်က္မွာ သတိေပးထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

-----------------------------

(Unicode)

မန္တလေး ရွှေဂဲ ရေထိန်းတံခါးအနီး ကျိုးပေါက်လို့ ဒေသခံတွေ ဘေးလွတ်ရာ ပြောင်းရွှေ့

မြန်မာနိုင်ငံ အထက်ပိုင်းမှာ ပြီးခဲ့တဲ့ ရက်အနည်းငယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး ကချင်ပြည်နယ် အပါအဝင် စစ်ကိုင်းနဲ့ မန္တလေးတိုင်းတလျှောက် ဒေသခံပြည်သူတွေ မြစ်ရေကြီးမှု အန္တရာယ် ရင်ဆိုင်နေရပါတယ်။

တနင်္ဂနွေနေ့ညက မန္တလေးတိုင်း အမရပူရမြို့နယ် မန္တလေး-စစ်ကိုင်း ကမ်းနားလမ်းမှာရှိတဲ့ ရွှေဂဲ ရေထိန်းတံခါး ကျိုးပေါက်ပြီး ဧရာဝတီမြစ်ရေတွေ စီးဆင်းဝင်လာနေတဲ့ အရေးပေါ်အခြေအနေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေက စက်ယန္တရားတွေ အသုံးပြုပြီး အခြေအနေ ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြပါတယ်။

မြန်မာအစိုးရ ထုတ်ပြန်တဲ့ သတင်းမှာတော့ ည ၉ နာရီလောက်မှာ ရွှေဂဲ ရေထိန်းတံခါးကနေ ဧရာဝတီမြစ်ရေတွေ စီးဝင်လာကြောင်း ဖော်ပြထားပြီး အချိန်မီ ပိတ်ဆို့တားဆီးနိုင်ရေး သက်ဆိုင်ရာက ဆောင်ရွက်နေကြောင်း ဖော်ပြထားပါတယ်။

မန္တလေးကနေ စစ်ကိုင်းတံတားဘက်သွားတဲ့ လမ်းပေါ်ထိ မြစ်ရေလျှံမှုနဲ့အတူ မြစ်ရေတိုက်စားမှုကြောင့် လမ်းတွေပြိုကျ ပျက်စီးနေကြောင်း မန္တလေးအခြေစိုက် VOM သတင်းဌာနရဲ့ Facebook တိုက်ရိုက်ထုတ်လွှင့်ချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိအခြေအနေမှာတော့ စိုးရိမ်နေရဆဲရှိပြီး ကျိုးပေါက်သွားတဲ့ ရေထိန်းတံခါးကနေ မြစ်ရေတွေ ဝင်လာနေတာကြောင့် ရွှေဂဲ ရေထိန်းတံခါး အနီးတဝိုက် ရွာတွေမှာ နေထိုင်သူတွေကို ဘေးလွတ်ရာ အမရပူရမြို့ ဓမ္မာရုံတွေဆီ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ တာဝန်ရှိ အဖွဲ့အစည်းတွေက အရေးပေါ် ရွှေ့ပြောင်းပေးနေပါတယ်။

အလားတူ ဇူလိုင်လ ၁၂၊ ၁၃၊ ၁၄ ရက်တွေမှာ မြန်မာပြည်အထက်ပိုင်း မိုးကြီးမှုကြောင့် ကချင်ပြည်နယ် မြစ်ကြီးနား၊ ဆင်ဘိုနဲ့ ရွှေကူမြို့တွေမှာ အိမ်ထောင်စုပေါင်း ၁၅၅ စု၊ လူဦးရေ ၇၀၀ နီးပါး ဘေးလွတ်ရာ ယာယီရေဘေးစခန်းတွေကို ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံ အထက်ပိုင်းက ဧရာဝတီမြစ်ရေဟာ ရွှေကူနဲ့ ကသာမြို့တွေကို စီးဆင်းလာပြီ ဖြစ်တဲ့အတွက် လာမယ့် ရက်အနည်းငယ်အတွင်း သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူ စတဲ့မြို့တွေမှာမြစ်ရေကြီးမှု အန္တရာယ် ရှိနိုင်ကြောင်း အဲဒီထုတ်ပြန်ချက်မှာ သတိပေးထားပါတယ်။

XS
SM
MD
LG