သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဧရာဝတီျမစ္ေရတက္လို႔ ေညာင္ဦးဘက္မွာ ေရႊ႕ေျပာင္းၾကရ


မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘးက ေနအိမ္အတြင္းရွိ ပစၥည္းမ်ားကို ကူညီ ေရႊ႕ေျပာင္းေပးေနတဲ့အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား။ (ဓာတ္ပံု - Myanamr Fire Services Department - ဇူလိုင္ ၃၁၊ ၂၀၂၀)

[Zawgyi/Unicode]

ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္ ေက်ာ္လြန္လာေနၿပီး ေညာင္ဦးဘက္မွာ ေရႊ႕ေျပာင္းေနၾကရသလို က်န္တဲ့ေဒသေတြက ျမစ္ေဘးနားေနသူေတြလည္း သတိထားၾကဖို႔ ႏိႈးေဆာ္ေနတဲ့ အေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က ေျပာျပထားပါတယ္။

ဒီသီတင္းပတ္အတြင္းမွာ ကပၸလီပင္လယ္ျပင္နဲ႔ ဘဂၤလားပင္လယ္ေအာ္ေတာင္ပိုင္းမွာ မုတ္သံုေလအား အလြန္ေကာင္းေနတဲ့ အတြက္ ျမစ္ဝကၽြန္းေပၚအပါအဝင္ ဧရာဝတီတိုင္း၊ ပဲခူးတုိင္း၊ တနသၤာရီတိုင္း၊ မြန္ျပည္နယ္၊ ကရင္ျပည္နယ္စတဲ့ ျပည္နယ္တုိင္း အေတာ္မ်ားမ်ားမွာ မိုးေရခ်ိန္ျမင့္ၿပီး ေနရာအႏွံ႔အျပား မိုးမ်ားေရၾကီးမႈေတြ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ျမစ္ေရ အေတာ္မ်ားမ်ား စိုးရိမ္ေရမွတ္ အထက္ကို ျမင့္တက္လာေနၿပီး ဧရာဝတီျမစ္ေရနဲ႔ ခ်င္းတြင္းျမစ္ေရက စိုးရိမ္ေရမွတ္ကို ေက်ာ္လြန္ေနတဲ့ အေနအထားျဖစ္တာေၾကာင့္ ျမစ္ေရဝင္ေရာက္လာလို႔ ျမစ္ကမ္းနားေဘးေနျပည္သူတခ်ိဳ႕ ေရေဘးလြတ္ရာကို တိမ္းေရွာင္ေနၾကရပါတယ္။

ႏုိင္ငံတဝန္းက ျမစ္ေတြရဲ႕ ေနာက္ဆံုးအေနအထားကိုေတာ့ မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ဦးေက်ာ္မိုးဦးက ဗီြအိုေအျမန္မာပိုင္းကို ရွင္းျပပါတယ္။

"လက္ရွိ ဧရာဝတီျမစ္ဘက္မွာေတာ့ စိုးရိမ္ေရမွတ္ကို ေရာက္ေနတာကေတာ့ ေညာင္ဦးေပါ့ေနာ္။ ေညာင္ဦးကေတာ့ ဒါ စိုးရိမ္ေရမွတ္အထက္မွာ ၂၆ စင္တီမီတာေလာက္ရွိပါတယ္။ ဒီႏွစ္ရက္ေလာက္အထိကို စိုးရိမ္ေရမွတ္အထက္ကို ဆက္ရွိေနပါမယ္။ ေနာက္တခုကေတာ့ ဆိပ္သာပါ ဆိပ္သာကေတာ့ စိုးရိမ္ေရမွတ္အထက္မွာ ၁၂ စင္တီမီတာအထက္ရွိေနတယ္။ သူ႔ရဲ႕ အထက္စခန္းေတြျဖစ္တဲ့ မင္းဘူးတို႔ မေကြးတို႔က ေရဆက္တက္ေနတုန္းျဖစ္တဲ့အတြက္ ေနာက္ ၃ ရက္အတြင္း ဆက္တက္လာႏိုင္တဲ့ အေနအထားရွိပါတယ္။ ေနာက္တခုက ဧရာဝတီဘက္က ဟသၤာတပါ သူကေတာ့ ဒီေန႔ခင္းမွာပဲ စိုးရိမ္ေရမွတ္အထက္ေရာက္သြားတဲ့ အေနအထားမွာရွိတယ္။ သူကလည္း ေနာက္ ၃ ရက္အတြင္းမွာ ၁ ေပေလာက္ စိုးရိမ္ေရမွတ္အထက္ကို ဆက္တက္လာႏိုင္တဲ့ အေနအထားမ်ိဳးမွာရွိပါတယ္။

ဧရာဝတီ ဇလြန္ဘက္ကေတာ့ စိုးရိမ္ေရမွတ္အထက္ေရာက္ဖို႔ ၂ စင္တီမီတာေလာက္ပဲလိုပါေတာ့တယ္။ ဒီညေနပိုင္းေလာက္ဆိုရင္ေတာ့ စိုးရိမ္ေရမွတ္အထက္ေရာက္သြားမယ့္အေနအထားမ်ိဳးျဖစ္ပါတယ္။ ဧရာဝတီျမစ္မွာ ေရေတြ တက္လာတာကေတာ့ အထက္ပိုင္းက မိုးမ်ားခဲ့တဲ့ေရေတြက ေအာက္ပိုင္းကို ဆင္းလာတဲ့အေနအထားေၾကာင့္ ဧရာဝတီျမစ္ေရ တက္လာတဲ့အေနအထားပါ။ ေနာက္ ငဝန္ျမစ္နဲ႔ ငါးသိုင္းေခ်ာင္းကလည္း စိုးရိမ္ေရမွတ္အထက္ကိုေရာက္ဖို႔အတြက္ကို ေပဝက္ေလာက္ပဲ လိုပါေတာ့တယ္။ ေနာက္ ၃ ရက္အတြင္း စိုးရိမ္ေရမွတ္ေရာက္ႏိုင္တဲ့ အေနအထားပါ။ စစ္ေတာင္းျမစ္တို႔ ေရႊက်င္ျမစ္ ပဲခူးျမစ္တို႔ သံလြင္ျမစ္တို႔ က်န္တဲ့ျမစ္ေတြကေတာ့ စိုးရိမ္ေရမွတ္အထက္ကို ေရာက္ဖို႔ လိုေသးတယ္ခင္ဗ်။"

(ဓာတ္ပံု - Department of Meteorology and Hydrology (MYANMAR) - ဇူလိုင္ ၃၁၊ ၂၀၂၀)
(ဓာတ္ပံု - Department of Meteorology and Hydrology (MYANMAR) - ဇူလိုင္ ၃၁၊ ၂၀၂၀)

မိုးဇလညႊန္ခ်ဳပ္ေျပာျပခဲ့သလိုပါပဲ အခုလက္ရွိမွာေတာ့ ဧရာဝတီျမစ္ေရ စိုးရိမ္ေရမွတ္အထက္ကိုေရာက္ေနတဲ့ ေညာင္ဦးဘက္မွာေတာ့ ဧရာဝတီျမစ္ေရ ဝင္လာတဲ့အတြက္ျမစ္ကမ္းနေဘးေနျပည္သူအနည္းဆံုး ၂၀၀ ေက်ာ္ အိမ္ေထာင္စု ၅၇ စုေလာက္ သူတို႔ရဲ႕ လယ္ယာသံုး ႏြားေတြ၊ ျမင္းေတြပါ ေခၚလာျပီး ေရေဘးကယ္ဆယ္ေရးစခန္းေတြမွာ ယာယီ ခိုလံႈေနၾကရပါတယ္လို႔ ျပန္ၾကားေရးက သတင္းထုတ္ျပန္ထားပါတယ္။

ဧရာဝတီျမစ္ေရျမင့္တက္လာၿပီး ေညာင္ဦးက ကမ္းပါးေတြ ၿပိဳက်လာတဲ့ အႏၱရာယ္ေၾကာင့္ အဲ့ဒီ့မွာေနတဲ့ ေညာင္ဦးေဒသခံေတြ အေရးေပၚေျပာင္းေရႊ႕ေနၾကရတဲ့ အေနအထားကို ပုဂံၿမိဳ႕ခံ ကိုမင္းမင္းဦးက သူသိထားသေလာက္ေျပာျပပါတယ္။

"ကၽြန္းေတြက ဧရာဝတီျမစ္လည္ေခါင္မွာ ရြာေလးေတြ ရွိပါတယ္။ ေၾကာက္ရတာက ကၽြန္းထဲက ရြာေတြပဲ ေၾကာက္ရတာ။ အဲ့ဒီ့ရြာေတြမွာ ကမ္းပါးေတြၿပိဳတာ မၿပိဳတာၾကည့္ေနၾကရတယ္ အခု ရြာတရြာေတာ့ၿပိဳေနတယ္။ အခု အေနာက္သီရိရြာက ၿပိဳေနတယ္။ သူက ပုဂံၿမိဳ႕သစ္ရဲ႕ အေနာက္ဘက္တည့္တည့္ ဧရာဝတီျမစ္အလည္ေခါင္က ကၽြန္းေပါ့။ အဲ့ဒီ့ရြာမွာေတာ့ ဘုန္းၾကီးေက်ာင္းေတြဖ်က္၊ အိမ္ေတြဖ်က္ ေရႊ႕ေနၾကတယ္။ ဘာျဖစ္လို႔ဆိုေတာ့ ကမ္းပါးေတြ ၿပိဳက်ေနလို႔ အဲ့တာေတာ့ေတြ႔ရတယ္ အဲ့ဒီ့က ေနတဲ့သူေတြက ပုဂံၿမိဳ႕ေပၚမွာလည္းေနတယ္။ အဲ့ဒီ့ကၽြန္းေလးေတြထဲမွာလည္းေနၾကတယ္။ လြန္ခဲ့တဲ့ ၂ နွစ္ေလာက္က သီရိရြာက တျခမ္းပါသြားတာ ဘုရားၾကီးေတာင္ ေမ်ာပါသြားတယ္။ ကမ္းပါးၿပိဳလို႔ေပါ့ေနာ္။ အဲ့ဒီ့ကမ္းပါးၿပိဳလို႔ ဘုရားၾကီးေရထဲပါသြားတဲ့ရြာပဲ တျခမ္းက်န္ခဲ့တဲ့ရြာက ဒီႏွစ္မွာ ထပ္ၿပီးၿပိဳလို႔ သူတို႔က အခုလူေတြကို ေဘးလြတ္ရာကို ေျပာင္းၾကေရႊ႕ၾကရတာေပါ့ေလ။ ဧရာဝတီျမစ္ေရၾကီးလာၿပီဆို ဧရာဝတီျမစ္ေရလည္ေခါင္က ရြာေတြ အကုန္ေရႊ႕ၾကရတယ္။ ဒါေၾကာင့္ ေညာင္ဦးဘက္မွာ အကြက္စိတ္ေလးေတြရိုက္ၿပီး ကၽြန္းထဲကသူေတြ ၿမိဳ႕ေပၚတင္ေပးလိုက္ရတာ။"

မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘးက ေနအိမ္အတြင္းရွိ ပစၥည္းမ်ားကို ကူညီ ေရႊ႕ေျပာင္းေပးေနတဲ့အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား။ (ဓာတ္ပံု - Myanamr Fire Services Department - ဇူလိုင္ ၃၁၊ ၂၀၂၀)
မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘးက ေနအိမ္အတြင္းရွိ ပစၥည္းမ်ားကို ကူညီ ေရႊ႕ေျပာင္းေပးေနတဲ့အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား။ (ဓာတ္ပံု - Myanamr Fire Services Department - ဇူလိုင္ ၃၁၊ ၂၀၂၀)

ျမစ္ေရစိုးရိမ္ေရမွတ္ေတြ ေရာက္လာခ်ိန္ ျမစ္ကမ္းနားေဘးေနျပည္သူေတြ မိုးေလဝသတင္းနဲ႔ ျမစ္ေရသတင္းေတြကို စဥ္ဆက္မျပတ္ သတိထားၾကဖို႔နဲ႔ အထူးသျဖင့္ ကမာၻ႔ကပ္ေရာဂါ ကိုဗစ္ ၁၉ ျဖစ္ပြားေနခ်ိန္မွာ ေရေဘးေရွာင္ျပည္သူေတြအေနနဲ႔ေရာဂါကူးစက္မႈ မရွိေအာင္ က်န္းမာေရး ကာကြယ္မႈေတြ ဂရုတစိုက္ ၾကဖို႔ကိုလည္း မိုးဇလညႊန္ၾကားေရးမွဴးခ်ဳပ္က အထူးသတိေပးပါတယ္။

"အဓိကကေတာ့ ျမစ္ကမ္းနားေဘးေနျပည္သူေတြ အထူးသတိထားၾကပါ မိမိတို႔ေနတဲ့ေနရာေတြက ျမစ္ေရေတြ စိုးရိမ္ေရမွတ္ေရာက္လာၿပီဆိုရင္ ေရေဘးကင္းတဲ့ေနရာေတြကို အျမန္ဆံုးေရွာင္ႏုိင္ေအာင္ ၾကိဳတင္ျပင္ဆင္ပါ။ ျမစ္ေရေတြဝင္လာၿပီ စိုးရိမ္ေရမွတ္ကိုေရာက္လာၿပီဆိုရင္ သက္ဆိုင္ရာ သဘာဝေဘးကာကြယ္ေရးအဖြဲ႔ေတြရဲ႕ လမ္းညႊန္ခ်က္ေတြအတိုင္း လိုက္နာေဆာင္ရြက္ေပးပါ လိုက္နာေဆာင္ရြက္တဲ့ေနရာမွာလည္း ေရေဘးကာကြယ္ေရးစခန္းေတြမွာ အရင္တုန္းကေတာ့ စခန္းေတြမွာသြားေနတယ္ဆိုရင္ ျပႆနာက အမ်ားၾကီးမရွိခဲ့ဘူး။ ဒါေပမဲ့ အခုဒီကာလက COVID 19 ကာလျဖစ္ေနတဲ့အခ်ိန္ဆိုေတာ့ က်န္းမာေရးနဲ႔ဆုိင္တဲ့ အသိပညာေတြ ဗဟုသတေတြ ရွိဖို႔ အထူးလိုပါတယ္။ အဲ့ဒီ့အတြက္ သဘာဝေဘးကာကြယ္ေရးအဖြဲ႔ေတြက က်န္းမာေရးဆိုင္ရာဝန္ထမ္းေတြရဲ႕ လမ္းညႊန္မႈေတြကိုလည္း လုိက္နာေဆာင္ရြက္သင့္ပါတယ္။"

အခုဆိုရင္ေတာ့ျမစ္ေရစိုးရိမ္ေရမွတ္အထက္နဲ႔ စိုးရိမ္ေရမွတ္ေရာက္လာၿပီဆိုရင္ ျမစ္ကမ္းနေဘးေနျပည္သူေတြ ေရေဘးအႏၱရာယ္ သတိထားၾကဖို႔ ရပ္ကြက္ေက်းရြာေတြထဲ သက္ဆုိင္ရာအုပ္ခ်ဳပ္ေရး တာဝန္ရွိသူေတြနဲ႔ မီးသတ္တပ္ဖြဲ႔ဝင္ေတြ ကူညီကယ္ဆယ္ေရး အဖြဲ႔ေတြကလည္း လိုက္လံႏိႈးေဆာ္သတိေပးေနၾကၿပီး ဧရာဝတီျမစ္ေရဝင္ေရာက္လာႏိုင္မယ့္ ေနရာေတြကိုလည္း ေရထိန္းတံခါးေတြ အေရးေပၚေရတားေစာင့္ၾကည့္မႈေတြနဲ႔ ကာကြယ္ေဆာင္ရြက္ေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ဧရာဝတီမြစ်ရေတက်လို့ ညောင်ဦးဘက်မှာ ရွှေ့ပြောင်းကြရ

ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ် ကျော်လွန်လာနေပြီး ညောင်ဦးဘက်မှာ ရွှေ့ပြောင်းနေကြရသလို ကျန်တဲ့ဒေသတွေက မြစ်ဘေးနားနေသူတွေလည်း သတိထားကြဖို့ နှိုးဆော်နေတဲ့ အကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က ပြောပြထားပါတယ်။

ဒီသီတင်းပတ်အတွင်းမှာ ကပ္ပလီပင်လယ်ပြင်နဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ မုတ်သုံလေအား အလွန်ကောင်းနေတဲ့ အတွက် မြစ်ဝကျွန်းပေါ်အပါအဝင် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်စတဲ့ ပြည်နယ်တိုင်း အတော်များများမှာ မိုးရေချိန်မြင့်ပြီး နေရာအနှံ့အပြား မိုးများရေကြီးမှုတွေ ဖြစ်နေပါတယ်။ ဒါကြောင့် မြစ်ရေ အတော်များများ စိုးရိမ်ရေမှတ် အထက်ကို မြင့်တက်လာနေပြီး ဧရာဝတီမြစ်ရေနဲ့ ချင်းတွင်းမြစ်ရေက စိုးရိမ်ရေမှတ်ကို ကျော်လွန်နေတဲ့ အနေအထားဖြစ်တာကြောင့် မြစ်ရေဝင်ရောက်လာလို့ မြစ်ကမ်းနားဘေးနေပြည်သူတချို့ ရေဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

နိုင်ငံတဝန်းက မြစ်တွေရဲ့ နောက်ဆုံးအနေအထားကိုတော့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက ဗွီအိုအေမြန်မာပိုင်းကို ရှင်းပြပါတယ်။

မႏၲေလးတိုင္း ေညာင္ဦးၿမိဳ႕နယ္က ေရေဘးေရွာင္သူ တခ်ိဳ႕ကို ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္ေတြ လွဴဒါန္းေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန - ဇူလိုင္ ၃၁၊ ၂၀၂၀)
မႏၲေလးတိုင္း ေညာင္ဦးၿမိဳ႕နယ္က ေရေဘးေရွာင္သူ တခ်ိဳ႕ကို ဆန္၊ ဆီ၊ ဆား၊ ၾကက္သြန္ေတြ လွဴဒါန္းေနတဲ့ ျမင္ကြင္း။ (ဓာတ္ပံု - ျပန္ၾကားေရးနဲ႔ ျပည္သူ႔ဆက္ဆံေရးဦးစီးဌာန - ဇူလိုင္ ၃၁၊ ၂၀၂၀)

"လက်ရှိ ဧရာဝတီမြစ်ဘက်မှာတော့ စိုးရိမ်ရေမှတ်ကို ရောက်နေတာကတော့ ညောင်ဦးပေါ့နော်။ ညောင်ဦးကတော့ ဒါ စိုးရိမ်ရေမှတ်အထက်မှာ ၂၆ စင်တီမီတာလောက်ရှိပါတယ်။ ဒီနှစ်ရက်လောက်အထိကို စိုးရိမ်ရေမှတ်အထက်ကို ဆက်ရှိနေပါမယ်။ နောက်တခုကတော့ ဆိပ်သာပါ ဆိပ်သာကတော့ စိုးရိမ်ရေမှတ်အထက်မှာ ၁၂ စင်တီမီတာအထက်ရှိနေတယ်။ သူ့ရဲ့ အထက်စခန်းတွေဖြစ်တဲ့ မင်းဘူးတို့ မကွေးတို့က ရေဆက်တက်နေတုန်းဖြစ်တဲ့အတွက် နောက် ၃ ရက်အတွင်း ဆက်တက်လာနိုင်တဲ့ အနေအထားရှိပါတယ်။ နောက်တခုက ဧရာဝတီဘက်က ဟင်္သာတပါ သူကတော့ ဒီနေ့ခင်းမှာပဲ စိုးရိမ်ရေမှတ်အထက်ရောက်သွားတဲ့ အနေအထားမှာရှိတယ်။ သူကလည်း နောက် ၃ ရက်အတွင်းမှာ ၁ ပေလောက် စိုးရိမ်ရေမှတ်အထက်ကို ဆက်တက်လာနိုင်တဲ့ အနေအထားမျိုးမှာရှိပါတယ်။

ဧရာဝတီ ဇလွန်ဘက်ကတော့ စိုးရိမ်ရေမှတ်အထက်ရောက်ဖို့ ၂ စင်တီမီတာလောက်ပဲလိုပါတော့တယ်။ ဒီညနေပိုင်းလောက်ဆိုရင်တော့ စိုးရိမ်ရေမှတ်အထက်ရောက်သွားမယ့်အနေအထားမျိုးဖြစ်ပါတယ်။ ဧရာဝတီမြစ်မှာ ရေတွေ တက်လာတာကတော့ အထက်ပိုင်းက မိုးများခဲ့တဲ့ရေတွေက အောက်ပိုင်းကို ဆင်းလာတဲ့အနေအထားကြောင့် ဧရာဝတီမြစ်ရေ တက်လာတဲ့အနေအထားပါ။ နောက် ငဝန်မြစ်နဲ့ ငါးသိုင်းချောင်းကလည်း စိုးရိမ်ရေမှတ်အထက်ကိုရောက်ဖို့အတွက်ကို ပေဝက်လောက်ပဲ လိုပါတော့တယ်။ နောက် ၃ ရက်အတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်တဲ့ အနေအထားပါ။ စစ်တောင်းမြစ်တို့ ရွှေကျင်မြစ် ပဲခူးမြစ်တို့ သံလွင်မြစ်တို့ ကျန်တဲ့မြစ်တွေကတော့ စိုးရိမ်ရေမှတ်အထက်ကို ရောက်ဖို့ လိုသေးတယ်ခင်ဗျ။"

မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘးက ေနအိမ္အတြင္းရွိ ပစၥည္းမ်ားကို ကူညီ ေရႊ႕ေျပာင္းေပးေနတဲ့အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား။ (ဓာတ္ပံု - Myanamr Fire Services Department - ဇူလိုင္ ၃၁၊ ၂၀၂၀)
မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးၿမိဳ႕ ဧရာဝတီျမစ္ကမ္းေဘးက ေနအိမ္အတြင္းရွိ ပစၥည္းမ်ားကို ကူညီ ေရႊ႕ေျပာင္းေပးေနတဲ့အရန္မီးသတ္တပ္ဖြဲ႕ဝင္မ်ား။ (ဓာတ္ပံု - Myanamr Fire Services Department - ဇူလိုင္ ၃၁၊ ၂၀၂၀)

မိုးဇလညွှန်ချုပ်ပြောပြခဲ့သလိုပါပဲ အခုလက်ရှိမှာတော့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အထက်ကိုရောက်နေတဲ့ ညောင်ဦးဘက်မှာတော့ ဧရာဝတီမြစ်ရေ ဝင်လာတဲ့အတွက်မြစ်ကမ်းနဘေးနေပြည်သူအနည်းဆုံး ၂၀၀ ကျော် အိမ်ထောင်စု ၅၇ စုလောက် သူတို့ရဲ့ လယ်ယာသုံး နွားတွေ၊ မြင်းတွေပါ ခေါ်လာပြီး ရေဘေးကယ်ဆယ်ရေးစခန်းတွေမှာ ယာယီ ခိုလှုံနေကြရပါတယ်လို့ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ဧရာဝတီမြစ်ရေမြင့်တက်လာပြီး ညောင်ဦးက ကမ်းပါးတွေ ပြိုကျလာတဲ့ အန္တရာယ်ကြောင့် အဲ့ဒီ့မှာနေတဲ့ ညောင်ဦးဒေသခံတွေ အရေးပေါ်ပြောင်းရွှေ့နေကြရတဲ့ အနေအထားကို ပုဂံမြို့ခံ ကိုမင်းမင်းဦးက သူသိထားသလောက်ပြောပြပါတယ်။

"ကျွန်းတွေက ဧရာဝတီမြစ်လည်ခေါင်မှာ ရွာလေးတွေ ရှိပါတယ်။ ကြောက်ရတာက ကျွန်းထဲက ရွာတွေပဲ ကြောက်ရတာ။ အဲ့ဒီ့ရွာတွေမှာ ကမ်းပါးတွေပြိုတာ မပြိုတာကြည့်နေကြရတယ် အခု ရွာတရွာတော့ပြိုနေတယ်။ အခု အနောက်သီရိရွာက ပြိုနေတယ်။ သူက ပုဂံမြို့သစ်ရဲ့ အနောက်ဘက်တည့်တည့် ဧရာဝတီမြစ်အလည်ခေါင်က ကျွန်းပေါ့။ အဲ့ဒီ့ရွာမှာတော့ ဘုန်းကြီးကျောင်းတွေဖျက်၊ အိမ်တွေဖျက် ရွှေ့နေကြတယ်။ ဘာဖြစ်လို့ဆိုတော့ ကမ်းပါးတွေ ပြိုကျနေလို့ အဲ့တာတော့တွေ့ရတယ် အဲ့ဒီ့က နေတဲ့သူတွေက ပုဂံမြို့ပေါ်မှာလည်းနေတယ်။ အဲ့ဒီ့ကျွန်းလေးတွေထဲမှာလည်းနေကြတယ်။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က သီရိရွာက တခြမ်းပါသွားတာ ဘုရားကြီးတောင် မျောပါသွားတယ်။ ကမ်းပါးပြိုလို့ပေါ့နော်။ အဲ့ဒီ့ကမ်းပါးပြိုလို့ ဘုရားကြီးရေထဲပါသွားတဲ့ရွာပဲ တခြမ်းကျန်ခဲ့တဲ့ရွာက ဒီနှစ်မှာ ထပ်ပြီးပြိုလို့ သူတို့က အခုလူတွေကို ဘေးလွတ်ရာကို ပြောင်းကြရွှေ့ကြရတာပေါ့လေ။ ဧရာဝတီမြစ်ရေကြီးလာပြီဆို ဧရာဝတီမြစ်ရေလည်ခေါင်က ရွာတွေ အကုန်ရွှေ့ကြရတယ်။ ဒါကြောင့် ညောင်ဦးဘက်မှာ အကွက်စိတ်လေးတွေရိုက်ပြီး ကျွန်းထဲကသူတွေ မြို့ပေါ်တင်ပေးလိုက်ရတာ။"

မြစ်ရေစိုးရိမ်ရေမှတ်တွေ ရောက်လာချိန် မြစ်ကမ်းနားဘေးနေပြည်သူတွေ မိုးလေဝသတင်းနဲ့ မြစ်ရေသတင်းတွေကို စဉ်ဆက်မပြတ် သတိထားကြဖို့နဲ့ အထူးသဖြင့် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ် ၁၉ ဖြစ်ပွားနေချိန်မှာ ရေဘေးရှောင်ပြည်သူတွေအနေနဲ့ရောဂါကူးစက်မှု မရှိအောင် ကျန်းမာရေး ကာကွယ်မှုတွေ ဂရုတစိုက် ကြဖို့ကိုလည်း မိုးဇလညွှန်ကြားရေးမှူးချုပ်က အထူးသတိပေးပါတယ်။

"အဓိကကတော့ မြစ်ကမ်းနားဘေးနေပြည်သူတွေ အထူးသတိထားကြပါ မိမိတို့နေတဲ့နေရာတွေက မြစ်ရေတွေ စိုးရိမ်ရေမှတ်ရောက်လာပြီဆိုရင် ရေဘေးကင်းတဲ့နေရာတွေကို အမြန်ဆုံးရှောင်နိုင်အောင် ကြိုတင်ပြင်ဆင်ပါ။ မြစ်ရေတွေဝင်လာပြီ စိုးရိမ်ရေမှတ်ကိုရောက်လာပြီဆိုရင် သက်ဆိုင်ရာ သဘာဝဘေးကာကွယ်ရေးအဖွဲ့တွေရဲ့ လမ်းညွှန်ချက်တွေအတိုင်း လိုက်နာဆောင်ရွက်ပေးပါ လိုက်နာဆောင်ရွက်တဲ့နေရာမှာလည်း ရေဘေးကာကွယ်ရေးစခန်းတွေမှာ အရင်တုန်းကတော့ စခန်းတွေမှာသွားနေတယ်ဆိုရင် ပြဿနာက အများကြီးမရှိခဲ့ဘူး။ ဒါပေမဲ့ အခုဒီကာလက COVID 19 ကာလဖြစ်နေတဲ့အချိန်ဆိုတော့ ကျန်းမာရေးနဲ့ဆိုင်တဲ့ အသိပညာတွေ ဗဟုသတတွေ ရှိဖို့ အထူးလိုပါတယ်။ အဲ့ဒီ့အတွက် သဘာဝဘေးကာကွယ်ရေးအဖွဲ့တွေက ကျန်းမာရေးဆိုင်ရာဝန်ထမ်းတွေရဲ့ လမ်းညွှန်မှုတွေကိုလည်း လိုက်နာဆောင်ရွက်သင့်ပါတယ်။"

အခုဆိုရင်တော့မြစ်ရေစိုးရိမ်ရေမှတ်အထက်နဲ့ စိုးရိမ်ရေမှတ်ရောက်လာပြီဆိုရင် မြစ်ကမ်းနဘေးနေပြည်သူတွေ ရေဘေးအန္တရာယ် သတိထားကြဖို့ ရပ်ကွက်ကျေးရွာတွေထဲ သက်ဆိုင်ရာအုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ကူညီကယ်ဆယ်ရေး အဖွဲ့တွေကလည်း လိုက်လံနှိုးဆော်သတိပေးနေကြပြီး ဧရာဝတီမြစ်ရေဝင်ရောက်လာနိုင်မယ့် နေရာတွေကိုလည်း ရေထိန်းတံခါးတွေ အရေးပေါ်ရေတားစောင့်ကြည့်မှုတွေနဲ့ ကာကွယ်ဆောင်ရွက်နေကြပါတယ်။

XS
SM
MD
LG