သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

မိုးသည္း ေရႀကီးလို႔ ျမန္မာႏိုင္ငံတ၀န္း ထိခိုက္ပ်က္စီး


ကရင္ျပည္နယ္၊ ေကာ့ကရိတ္ၿမိဳ႕မွာ မိုးသည္းထန္စြာ႐ြာသြန္းၿပီး ေရဝင္တာေၾကာင့္ ေ႐ႊ႕ေျပာင္းႏိုင္ဖို႔နဲ႔ ကူညီကယ္ဆယ္ေဆာင္႐ြက္ႏိုင္ဖို႔ လိုက္လံႏိႈးေဆာ္ေနတဲ့ မီးသတ္တပ္ဖဲြ႔၀င္မ်ား။ (ဓာတ္ပံု - Myanmar Fire Services Department - ၾသဂုတ္ ၄၊ ၂၀၂၀)

[Zawgyi/Unicode]

ျမန္မာႏိုင္ငံတ၀န္း ေနရာေတာ္ေတာ္မ်ားမ်ားမွာ ဒီရက္ပုိင္းအတြင္း မုိးသည္းထန္ ေရႀကီးမႈေတြေၾကာင့္ ထိခုိက္ပ်က္စီးမႈေတြ ႀကံဳေနရတဲ့အေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မစႏၵာႏြန္က ေျပာျပေပးပါမယ္။

ဒီရက္ပိုင္းအတြင္း မိုးသည္းထန္ရြာသြန္းမႈေၾကာင့္ ေရႀကီးမႈေတြနဲ႔ ႀကံဳခဲ့ရတဲ့ ပဲခူးတိုင္းအုတ္တြင္းၿမိဳ႕မွာ မေန႔တုန္းက ေနအိမ္ ရွစ္ လံုး ေရထဲေမ်ာပါသြားၿပီး မိသားစုဝင္ သံုး ဦးလည္း ပါသြားခဲ့ပါတယ္။ ေရေနာက္ ေမ်ာပါသြားတဲ့ ဖခင္ျဖစ္သူနဲ႔သမီး ႏွစ္ ေယာက္ကိုေတာ့ ေနာက္ပုိင္းမွာ အသက္ရွင္လ်က္ ျပန္ရွာေတြ႔တယ္လို႔လည္း ေဒသခံအကူအညီေပးေရးအဖြဲ႕ရင္ခုန္သံအသင္း နာယကဆရာေတာ္အရွင္ေတဇကမိန္႔ၾကားပါတယ္။

“သားအဖ သုံးေယာက္လုံးျပန္ေတြ႕ၿပီး အသက္ရွင္လ်က္ပဲေနာ္။ သူတို႔က ေတာင္က်ေခ်ာင္းက ေတာင္က်ေရကို ဝုန္းကနဲ အိမ္ ရွစ္ လုံးတိုင္ကေရာ အကုန္လုံးကြၽတ္ပါသြားတယ္။ အိမ္ ရွစ္လုံး ၁၄ လုံးက အိမ္ထဲက ပစၥည္းေတြပါသြားတယ္။ သူတို႔ အဲ့ဒီလိုမ်ိဳး ေမ်ာသြားတာလားေဖာင္နဲ႔ ေမ်ာတာလား မသိဘူး၊ သူတို႔က တမံေပါက္ဆိုတဲ့ေနရာလယ္ကြက္ထဲမွာ ေရာက္ေနတယ္။’’

မြန္ျပည္နယ္ထဲက ၿမိဳ႕နယ္တခ်ဳိ႕မွာလည္း မိုးသည္းထန္မႈေၾကာင့္ ကားလမ္းေတြနဲ႔ အနိမ့္ပုိင္း လူေနရပ္ကြက္ေတြမွာ ေရႀကီးမႈေတြ ႀကံဳေနရပါတယ္။ က်ဳိက္မေရာၿမိဳ႕မွာ ဆုိရင္လည္း ၿပီးခဲ့တဲ့ရက္ေတြအတြင္း မုိးျပားခဲ့တဲ့အတြက္ အိမ္ေျခ ၁၇၀ ေလာက္ ေရ၀င္ေနတယ္လုိ႔ ျပန္ၾကားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။ သထုံၿမိဳ႕နယ္မွာေတာ့ ေရေဘးအႏၱရာယ္ရွိတဲ့ ေဒသခံတခ်ဳိ႕ကုိ ေဘးလြတ္ရာ ေျပာင္းေရႊ႕ေပးထားရတယ္လုိ႔ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေအာင္ေက်ာ္က ေျပာပါတယ္။

မြန္ျပည္နယ္၊ သထုံခ႐ိုင္၊ ေပါင္ၿမိဳ႕နယ္တြင္ မိုး႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်းရြာတခ်ိဳ႕ရွိ ေနအိမ္တဲမ်ား အမိုးလန္ ၿပိဳက်မႈတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Myanmar Fire Services Department - ၾသဂုတ္ ၄၊ ၂၀၂၀)
မြန္ျပည္နယ္၊ သထုံခ႐ိုင္၊ ေပါင္ၿမိဳ႕နယ္တြင္ မိုး႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်းရြာတခ်ိဳ႕ရွိ ေနအိမ္တဲမ်ား အမိုးလန္ ၿပိဳက်မႈတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Myanmar Fire Services Department - ၾသဂုတ္ ၄၊ ၂၀၂၀)

“ရပ္ကြက္ သံုးခုေလာက္ကို ေရဝင္တယ္ေပါ့ေနာ္၊ အိမ္ထဲမွာေရဝင္တယ္။ ဒါေပမဲ့ ခ်က္ခ်င္းေျပာင္းေရႊ႕ဖို႔က်ေတာ့လည္း အိမ္ေတြမွာ သူတို႔က ပစၥည္းပစၥယေတြနဲ႔ဆိုေတာ့ သူတို႔ကမေျပာင္းခ်င္ေသးဘူးေပါ့ေနာ္။ တစ္ညေလာက္ေစာင့္ဆိုၿပီး ေစာင့္ၾကည့္တယ္၊ ေစာင့္ေနတဲ့အခ်ိန္မွာ ဒီမနက္ကေရျပန္က်တယ္၊ ေနာက္တစ္ခါ ေတာင္မွာေျမၿပိဳတဲ့ ကိစၥရွိတယ္၊ ညတြင္းႀကီးသြားဖို႔ အဆင္အေျပဖို႔ ဒီမနက္ပဲ ရွင္းလင္းေရးလုပ္တယ္။ လက္ရွိကေတာ့ မိုးလည္းဆက္ရြက္ေနတယ္။ အစ္ကိုတို႔က ေစာင့္ၾကည့္ေနရတယ္ေပါ့ေနာ္။ ေနာက္ၿပီးရင္ သထံုမွာရွိတဲ့ ဒူးရင္းဆိပ္ေက်းရြာ အဲ့ဒူးရင္းဆိပ္ေက်းရြာက ႏွစ္စဥ္ပံုမွန္ အေျပာင္းေရႊ႕ေနၾကအိမ္ေထာင္စုေတြေပါ့။ ေခ်ာင္းေတြ ကမ္းေလးေတြေနတဲ့ မိသားစုေတြ ဒီမနက္ သမၼာရုံကိုေျပာင္းေရႊ႕တာမ်ဳိးေတာ့ရွိတယ္။ က်န္တဲ့ထူးထူးျခားျခားေတာ့ မရွိေသးပါဘူး။”

ဧရာ၀တီတိုင္း ဟသၤာတၿမိဳ႕နယ္မွာလည္း ျမစ္ေရႀကီးမႈေတြေၾကာင့္ ေဘးလြတ္ရာေျပာင္းေရႊ႕ေပးထားရသလုိ စုိက္ခင္းေတြ ေရႀကီးမယ့္အႏၱရာယ္ ႀကံဳေနရေၾကာင္းလည္း ျပန္ၾကားေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားပါတယ္။

ျမန္မာႏုိင္ငံ ေနရာေတာ္ေတာ္မ်ားမ်ားမွာ မုိးမ်ားေရႀကီးမႈေတြ ႀကံဳေနရခ်ိန္မွာပဲ ၀င္ေရာက္လာတဲ့ မုန္တိုင္း Sinlaku ကေတာ့ အခုအခါ အားေပ်ာ့သြားၿပီျဖစ္ေၾကာင္း မိုးေလဝသနဲ႔ ဇလေဗဒညႊန္ၾကားမႈဦးစီးဌာန ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာေက်ာ္မိုးဦးကေျပာပါတယ္။

“မုန္တိုင္းကေလ မေန႔တုန္းက ဗီယက္နမ္ကို ျဖတ္တယ္ျဖတ္ၿပီးသြားရင္ ဗီယက္နမ္ကတဆင့္ လာအိုကိုျဖတ္တယ္ေပါ့ေနာ္။ လာအိုေပၚမွာ ေလဖိအားနည္း ရပ္ဝန္း ျဖစ္သြားတယ္။ ၿပီးသြားၿပီးေတာ့ မေန႔ကညေနပိုင္းမွာေတာ့ ျမန္မာနိုင္ငံကို ေလေကြ႕လႈိင္းအေနနဲ႔ပဲ သူကျဖစ္သြားတယ္ေပါ့ေနာ္။”

ၿပီးခဲ့တဲ့ သီတင္းပတ္ကုန္ကစၿပီး လာအုိ၊ ဗီယက္နမ္နဲ႔ ထုိင္းႏုိင္ငံေတြကုိ Sinlaku ၀င္ေရာက္ခဲ့ရာမွာေတာ့ ထိခုိက္ပ်က္စီးမႈေတြ ႀကီးမားခဲ့ပါတယ္။ ဗီယက္နမ္ႏုိင္ငံကုိ မုန္တုိင္း ၀င္ေရာက္ခ်ိန္မွာလည္း လူ ႏွစ္ ေယာက္ထက္မနည္း ေသဆုံးခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

မိုးသည်း ရေကြီးလို့ မြန်မာနိုင်ငံတဝန်း ထိခိုက်ပျက်စီး

မြန်မာနိုင်ငံတဝန်း နေရာတော်တော်များများမှာ ဒီရက်ပိုင်းအတွင်း မိုးသည်းထန် ရေကြီးမှုတွေကြောင့် ထိခိုက်ပျက်စီးမှုတွေ ကြုံနေရတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မစန္ဒာနွန်က ပြောပြပေးပါမယ်။

ဒီရက်ပိုင်းအတွင်း မိုးသည်းထန်ရွာသွန်းမှုကြောင့် ရေကြီးမှုတွေနဲ့ ကြုံခဲ့ရတဲ့ ပဲခူးတိုင်းအုတ်တွင်းမြို့မှာ မနေ့တုန်းက နေအိမ် ရှစ် လုံး ရေထဲမျောပါသွားပြီး မိသားစုဝင် သုံး ဦးလည်း ပါသွားခဲ့ပါတယ်။ ရေနောက် မျောပါသွားတဲ့ ဖခင်ဖြစ်သူနဲ့သမီး နှစ် ယောက်ကိုတော့ နောက်ပိုင်းမှာ အသက်ရှင်လျက် ပြန်ရှာတွေ့တယ်လို့လည်း ဒေသခံအကူအညီပေးရေးအဖွဲ့ရင်ခုန်သံအသင်း နာယကဆရာတော်အရှင်တေဇကမိန့်ကြားပါတယ်။

“သားအဖ သုံးယောက်လုံးပြန်တွေ့ပြီး အသက်ရှင်လျက်ပဲနော်။ သူတို့က တောင်ကျချောင်းက တောင်ကျရေကို ဝုန်းကနဲ အိမ် ရှစ် လုံးတိုင်ကရော အကုန်လုံးကျွတ်ပါသွားတယ်။ အိမ် ရှစ်လုံး ၁၄ လုံးက အိမ်ထဲက ပစ္စည်းတွေပါသွားတယ်။ သူတို့ အဲ့ဒီလိုမျိုး မျောသွားတာလားဖောင်နဲ့ မျောတာလား မသိဘူး၊ သူတို့က တမံပေါက်ဆိုတဲ့နေရာလယ်ကွက်ထဲမှာ ရောက်နေတယ်။’’

မွန်ပြည်နယ်ထဲက မြို့နယ်တချို့မှာလည်း မိုးသည်းထန်မှုကြောင့် ကားလမ်းတွေနဲ့ အနိမ့်ပိုင်း လူနေရပ်ကွက်တွေမှာ ရေကြီးမှုတွေ ကြုံနေရပါတယ်။ ကျိုက်မရောမြို့မှာ ဆိုရင်လည်း ပြီးခဲ့တဲ့ရက်တွေအတွင်း မိုးပြားခဲ့တဲ့အတွက် အိမ်ခြေ ၁၇၀ လောက် ရေဝင်နေတယ်လို့ ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ သထုံမြို့နယ်မှာတော့ ရေဘေးအန္တရာယ်ရှိတဲ့ ဒေသခံတချို့ကို ဘေးလွတ်ရာ ပြောင်းရွှေ့ပေးထားရတယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်က ပြောပါတယ်။

မြန္ျပည္နယ္၊ သထုံခ႐ိုင္၊ ေပါင္ၿမိဳ႕နယ္တြင္ မိုး႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်းရြာတခ်ိဳ႕ရွိ ေနအိမ္တဲမ်ား အမိုးလန္ ၿပိဳက်မႈတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Myanmar Fire Services Department - ၾသဂုတ္ ၄၊ ၂၀၂၀)
မြန္ျပည္နယ္၊ သထုံခ႐ိုင္၊ ေပါင္ၿမိဳ႕နယ္တြင္ မိုး႐ြာသြန္းၿပီး ေလျပင္းတိုက္ခတ္မႈေၾကာင့္ ေက်းရြာတခ်ိဳ႕ရွိ ေနအိမ္တဲမ်ား အမိုးလန္ ၿပိဳက်မႈတဲ့ ျမင္ကြင္း။ (ဓာတ္ပုံ - Myanmar Fire Services Department - ၾသဂုတ္ ၄၊ ၂၀၂၀)

“ရပ်ကွက် သုံးခုလောက်ကို ရေဝင်တယ်ပေါ့နော်၊ အိမ်ထဲမှာရေဝင်တယ်။ ဒါပေမဲ့ ချက်ချင်းပြောင်းရွှေ့ဖို့ကျတော့လည်း အိမ်တွေမှာ သူတို့က ပစ္စည်းပစ္စယတွေနဲ့ဆိုတော့ သူတို့ကမပြောင်းချင်သေးဘူးပေါ့နော်။ တစ်ညလောက်စောင့်ဆိုပြီး စောင့်ကြည့်တယ်၊ စောင့်နေတဲ့အချိန်မှာ ဒီမနက်ကရေပြန်ကျတယ်၊ နောက်တစ်ခါ တောင်မှာမြေပြိုတဲ့ ကိစ္စရှိတယ်၊ ညတွင်းကြီးသွားဖို့ အဆင်အပြေဖို့ ဒီမနက်ပဲ ရှင်းလင်းရေးလုပ်တယ်။ လက်ရှိကတော့ မိုးလည်းဆက်ရွက်နေတယ်။ အစ်ကိုတို့က စောင့်ကြည့်နေရတယ်ပေါ့နော်။ နောက်ပြီးရင် သထုံမှာရှိတဲ့ ဒူးရင်းဆိပ်ကျေးရွာ အဲ့ဒူးရင်းဆိပ်ကျေးရွာက နှစ်စဉ်ပုံမှန် အပြောင်းရွှေ့နေကြအိမ်ထောင်စုတွေပေါ့။ ချောင်းတွေ ကမ်းလေးတွေနေတဲ့ မိသားစုတွေ ဒီမနက် သမ္မာရုံကိုပြောင်းရွှေ့တာမျိုးတော့ရှိတယ်။ ကျန်တဲ့ထူးထူးခြားခြားတော့ မရှိသေးပါဘူး။”

ဧရာဝတီတိုင်း ဟင်္သာတမြို့နယ်မှာလည်း မြစ်ရေကြီးမှုတွေကြောင့် ဘေးလွတ်ရာပြောင်းရွှေ့ပေးထားရသလို စိုက်ခင်းတွေ ရေကြီးမယ့်အန္တရာယ် ကြုံနေရကြောင်းလည်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ နေရာတော်တော်များများမှာ မိုးများရေကြီးမှုတွေ ကြုံနေရချိန်မှာပဲ ဝင်ရောက်လာတဲ့ မုန်တိုင်း Sinlaku ကတော့ အခုအခါ အားပျော့သွားပြီဖြစ်ကြောင်း မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးကပြောပါတယ်။

“မုန်တိုင်းကလေ မနေ့တုန်းက ဗီယက်နမ်ကို ဖြတ်တယ်ဖြတ်ပြီးသွားရင် ဗီယက်နမ်ကတဆင့် လာအိုကိုဖြတ်တယ်ပေါ့နော်။ လာအိုပေါ်မှာ လေဖိအားနည်း ရပ်ဝန်း ဖြစ်သွားတယ်။ ပြီးသွားပြီးတော့ မနေ့ကညနေပိုင်းမှာတော့ မြန်မာနိုင်ငံကို လေကွေ့လှိုင်းအနေနဲ့ပဲ သူကဖြစ်သွားတယ်ပေါ့နော်။”

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်ကစပြီး လာအို၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေကို Sinlaku ဝင်ရောက်ခဲ့ရာမှာတော့ ထိခိုက်ပျက်စီးမှုတွေ ကြီးမားခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံကို မုန်တိုင်း ဝင်ရောက်ချိန်မှာလည်း လူ နှစ် ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

XS
SM
MD
LG