သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာစခန္းတြင္း ေရေဘးအေရးေပၚကာကြယ္မႈ ေဆာင္ရြက္ေန


၂၀၁၈ ခုႏွစ္တုန္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ကုတုပေလာင္ရိုဟင္ဂ်ာဒုကၡသည္စခန္းမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၄၊ ၂၀၁၈)

[Zawgyi/Unicode]

မုတ္သုန္ရာသီခ်ိန္ မိုးမ်ားေရၾကီးၿပီး လူသန္းခ်ီ ေရေဘးသင့္ေနရတဲ့ ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲက ႐ိုဟင္ဂ်ာ camp ေတြထဲ ေရေဘးအႏၱရာယ္ ၾကိဳတင္ကာကြယ္ေနတဲ့အေျခအေနကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မဆုမြန္က တင္ျပေပးပါမယ္။

၂၀၁၇ ခုႏွစ္တုန္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ရိုဟင္ဂ်ာဒုကၡသည္စခန္း တခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၉၊ ၂၀၁၇)
၂၀၁၇ ခုႏွစ္တုန္းက ဘဂၤလားေဒ့ရွ္ႏိုင္ငံ ရိုဟင္ဂ်ာဒုကၡသည္စခန္း တခုမွာ ေတြ႔ရတဲ့ ျမင္ကြင္း။ (စက္တင္ဘာ ၁၉၊ ၂၀၁၇)

ဘဂၤလားေဒ့ရွ္ႏိုင္ငံတဝွမ္း ဒီသီတင္းပတ္ေတြထဲ မုတ္သုန္မိုး ျပင္းထန္စြာရြာသြန္းၿပီး မိုးမ်ားေရၾကီးၿပီး ျမစ္ေရေတြ ျမင့္တက္လာတဲ့အတြက္ ႏိုင္ငံရဲ႕ေနရာေတာ္ေတာ္မ်ားမ်ားမွာ ေရလႊမ္းမိုးမႈ ေျမၿပိဳက်မႈေတြ ျဖစ္ပြားတာေၾကာင့္ လူ ၃,၀၀၀,၀၀၀ ေက်ာ္ ေရေဘးအႏၱရာယ္ၾကံဳေနရၿပီး အနည္းဆံုး လူ ၁၀၀ ေက်ာ္ ေသဆံုးခဲ့ရပါတယ္။ ဒီလို ဘဂၤလားေဒ့ရွ္မွာ ႏုိင္ငံတဝက္ေလာက္ ေရေဘးအႏၱရာယ္နဲ႔ ရာသီဥတုဆိုးဆုိးဝါးဝါး ရင္ဆိုင္ေနရခ်ိန္က ကမာၻ႔ကပ္ေရာဂါ COVID -19 ျဖစ္ပြားခ်ိန္လည္းျဖစ္ေနတာမို႔ ေရာဂါကူးစက္မႈကာကြယ္ေရးအတြက္ေရာ ေရေဘးကူညီကယ္ဆယ္ေရးအစီအစဥ္ေတြကိုပါ ဘဂၤလားေဒ့ရွ္အစိုးရဘက္က အေတာ္ေလးကို အင္တိုက္အားတုိက္ ေဆာင္ရြက္ေပးေနရပါတယ္။

တၿပိဳင္တည္းမွာပဲ လူသန္းခ်ီ စုေဝးေနထိုင္ရာ ဘဂၤလားေဒ့ရွ္ႏိုင္ငံထဲက ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲမွာလည္း ေရၾကီးမိုးမ်ား ေျမၿပိဳက်မႈ အႏၱရာယ္ေတြနဲ႔ ရင္ဆိုင္ရမယ့္အေရး ၾကိဳတင္ကာကြယ္မႈေတြနဲ႔ အေရးေပၚေရႊ႕ေျပာင္းမႈေတြ လုပ္ေဆာင္ေပးေနတယ္လို႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြက ဗီြအိုေအျမန္မာပိုင္းကိုေျပာပါတယ္။

အထူးသျဖင့္ကေတာ့ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲက ေျမၿပိဳက်ႏိုင္တဲ့အႏၱရာယ္ရွိတဲ့ ေတာင္ကုန္းအျမင့္ေနရာေတြမွာ ေနထိုင္သူေတြကို အေရးေပၚေရႊ႕ေျပာင္းေပးၿပီး မိုးမ်ားေရၾကီးလာရင္ ေျမၿပိဳက်မႈအႏၱရာယ္ကို ၾကိဳတင္ကာကြယ္ႏုိင္ေအာင္ အစီအမံေတြနဲ႔ေဆာင္ရြက္ေနတယ္လို႔ ကုတုပေလာင္ဒုကၡသည္စခန္းေန ႐ိုဟင္ဂ်ာဒုကၡသည္ ကိုကာေမလ္ကေျပာျပပါတယ္။

"ဘဂၤလားေဒ့ရွ္အစိုးရအေနနဲ႔ တာဝန္ယူေဆာင္ရြက္ေပးေနတာ အမ်ားၾကီးရွိပါတယ္။ NGO တို႔ INGO တို႔ေရာ။ သူတို႔အေနနဲ႔ ၾကိဳတင္ျပင္ဆင္မႈေတြ အမ်ားၾကီးလုပ္ေပးေနပါတယ္။ ေျမၿပိဳက်မႈ ေတာ္ေတာ္ေလးျဖစ္ႏုိင္တဲ့ေနရာေတြမွာ ေစတနာ့ဝန္ထမ္းေတြက ျဖစ္ႏုိင္တာေတြကို ၾကိဳၿပီးေတာ့ လုပ္ေပးေနတာရွိတယ္။ ေတာ္ေတာ္ေလးျပင္ဆင္ထားတာ ရွိပါတယ္။ ေျမၿပိဳက်ႏိုင္တဲ့ေနရာေတြမွာ အုတ္တိုင္ေတြနဲ႔ကာၿပီး အုတ္နံရံေတြကာထားတာရွိတယ္။ ေနာက္ ၿပီးေတာ့ ဆာလာအိတ္ေတြနဲ႔ ျဖန္႔ခင္းထားၿပီး ကမ့္ေတြ မၿပိဳက်ေအာင္ သူတို႔ အကာအကြယ္လုပ္ထားတာရွိတယ္။ အုတ္နဲ႔ လုပ္ထားတာလည္းရွိတယ္ ဘိလပ္ေျမေတြနဲ႔လုပ္ထားတာေတြလည္းရွိတယ္။ ေရသြားေရလာ ေျမာင္းေတြေဖာက္ၿပီး ေတာ္ေတာ္ေလး လုပ္ထားတာရွိတယ္။ မိုးရြာလာရင္ ကာကြယ္လို႔ရေအာင္ မိုးကာေတြထုတ္ေပးဖို႔နဲ႔ ဝါးေတြ ေတာင္းဆိုတာရွိေတာ့ ကမ့္တာဝန္ခံေတြဘက္က COVID 19 အကန္႔အသတ္ေတြၾကားထဲကေန သူတို႔ လုပ္ေပးႏုိင္တာကို ေတာ္ေတာ္ေလး ေက်းဇူးတင္ဖို႔ေကာင္းပါတယ္။"

ဒီသီတင္းပတ္ထဲ မိုးအေတာ္ေလးကို ရြာသြန္းတာေၾကာင့္ ဒုကၡသည္စခန္းေတြထဲ မိုးမ်ားေရၾကီးၿပီး ေျမၿပိဳက်မႈ အႏၱရာယ္ရွိတဲ့ေနရာေတြက မိသားစုလိုက္ ေခတၱေရေဘးကယ္ဆယ္ေရးစခန္းေတြဖြင့္ထားတဲ့ စာသင္ေက်ာင္းေတြဆီ အေရးေပၚေရႊ႕ေျပာင္းေပးေနတယ္လို႔လည္း ကုတုပေလာင္ဒုကၡသည္စခန္းအမွတ္ ၅ မွာေနထိုင္တဲ့ ဦးေမာင္ေမာင္ကလည္း အေျခအေနကိုေျပာျပပါတယ္။

"ေလာေလာဆယ္ မေန႔ကနဲ႔ ဒီေန႔ မိုးသည္းတယ္။ ကမ့္ေတြထဲမွာေတာ့ NGO ေတြက ေနရာတိုင္းကို အေတာ္မ်ားမ်ား လိုက္ၿပီး ကူညီေနပါတယ္။ ကမ့္ေတြထဲမွာ အေဆာင္ေတြေရႊ႕ေျပာင္းေနရာခ်ထားဖို႔ အတြက္ ေနရာတိုင္းမွာ သူတို႔လုိက္လုပ္ေနတာေတြ႔ရပါတယ္။ က်ေနာ္တို႔ ေနတဲ့ေနရာေတြမွာ ေျမၿပိဳက်ဖို႔ အႏၱရာယ္က်ေရာက္ႏုိင္မယ့္ အေနအထားရွိတယ္ဆိုရင္ အဲ့ဒီ့လူေတြကို သူတို႔ေရႊ႕ေျပာင္းေနတယ္။ ေရၾကီးႏုိင္္တဲ့ေနရာေတြဆိုလို႔ရွိရင္ အဲ့ဒီ့လူေတြကို သူတို႔က စခန္းေတြထဲက စာသင္ေဆာင္ေတြရွိတယ္ အဲ့ဒီ့ေနရာေတြကို စီစဥ္ေပးၿပီးေတာ့ အမိုးအကာေတြထားၿပီး စီစဥ္ေပးေနတာရွိတယ္။ ဥပမာ က်ေနာ္တို႔အိမ္မွာ မိသားစု ၁၀ ေယာက္ရွိမယ္ဆိုလို႔ရွိရင္ ၁၀ေယာက္ကို တခါတည္း ေခၚသြားၿပီးေတာ့ အဲ့ဒီ့ေနရာမွာထားဖို႔ စီစဥ္ေပးထားတယ္။ စခန္းေဆာက္ထားတဲ့ေနရာေတြမွာ သူတို႔စီစဥ္ၿပီးေနရာခ်ေပးတာရွိတယ္။ ဒါေပမဲ့ က်ေနာ္တို႔ကေတာ့ ျမန္မာႏုိင္ငံကိုပဲျပန္ခ်င္တယ္။ ဒီမွာမေနခ်င္ဘူး။"

႐ိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္ခံမထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒီဒုကၡသည္ေတြျပန္လည္လက္ခံေရး စီစဥ္ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္။ လတ္တေလာမွာေတာ့-ဘဂၤလားေဒ့ရွ္နိုင္ငံအတြင္း ေရေဘးကယ္ဆယ္ေရးစခန္း ၁၀၀၀ နီးပါးေလာက္ဖြင့္လွစ္ထားၿပီး အေရးေပၚကူညီကယ္ဆယ္ေရးေဆးအဖြဲ႔ ၁၇၀ ေက်ာ္ကိုလည္း ေစလႊတ္ကုသေပးေနပါတယ္။ ဘဂၤလားေဒ့ရွ္ကေရေဘးသင့္ မိသားစုေတြကို ကူညီဖို႔ကုလသမဂၢ ဗဟို အေရးေပၚ အေျခအေန တံု႔ျပန္ေရး ရန္ပုံေငြ အဖြဲ (CERF) က ကုလ သမဂၢ အဖြဲ႕အစည္းေတြကို ကနဦး ေထာက္ပံ့ေငြ အေမရိကန္ ေဒၚလာ ၅,၀၀၀,၀၀၀ ေက်ာ္ ေပးအပ္ထားၿပီး ကူညီကယ္ဆယ္ေရးလုပ္ငန္းေတြမွာ ကုလသမဂၢအဖြဲ႔အစည္းေတြဘက္က ကူညီေပးၾကပါတယ္။

ဒီသီတင္းပတ္အတြင္းမွာေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံရဲ႕ ထက္ဝက္ေက်ာ္ေလာက္ မုတ္သုန္မိုးသည္းထန္စြာရြာသြန္းမႈေၾကာင့္ ေရေဘးအႏၱရာယ္ဆိုးဆိုးဝါးဝါး ၾကံဳရႏုိင္ၿပီး ဒီႏွစ္ေရလႊမ္းမိုးၿပီး မိုးၾကီးမႈက ဆယ္စုႏွစ္ေတြအတြင္းမွာ အဆိုးဝါးဆံုးႏွစ္ျဖစ္တယ္လို႔လည္း မိုးေလဝသပညာရွင္ေတြက ခန္႔မွန္းထားၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာစခန်းတွင်း ရေဘေးအရေးပေါ်ကာကွယ်မှုဆောင်ရွက်နေ

မုတ်သုန်ရာသီချိန် မိုးများရေကြီးပြီး လူသန်းချီ ရေဘေးသင့်နေရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာ camp တွေထဲ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်နေတဲ့အခြေအနေကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မဆုမွန်က တင်ပြပေးပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်း ဒီသီတင်းပတ်တွေထဲ မုတ်သုန်မိုး ပြင်းထန်စွာရွာသွန်းပြီး မိုးများရေကြီးပြီး မြစ်ရေတွေ မြင့်တက်လာတဲ့အတွက် နိုင်ငံရဲ့နေရာတော်တော်များများမှာ ရေလွှမ်းမိုးမှု မြေပြိုကျမှုတွေ ဖြစ်ပွားတာကြောင့် လူ ၃,၀၀၀,၀၀၀ ကျော် ရေဘေးအန္တရာယ်ကြုံနေရပြီး အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ရပါတယ်။ ဒီလို ဘင်္ဂလားဒေ့ရှ်မှာ နိုင်ငံတဝက်လောက် ရေဘေးအန္တရာယ်နဲ့ ရာသီဥတုဆိုးဆိုးဝါးဝါး ရင်ဆိုင်နေရချိန်က ကမ္ဘာ့ကပ်ရောဂါ COVID -19 ဖြစ်ပွားချိန်လည်းဖြစ်နေတာမို့ ရောဂါကူးစက်မှုကာကွယ်ရေးအတွက်ရော ရေဘေးကူညီကယ်ဆယ်ရေးအစီအစဉ်တွေကိုပါ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က အတော်လေးကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးနေရပါတယ်။

တပြိုင်တည်းမှာပဲ လူသန်းချီ စုဝေးနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲမှာလည်း ရေကြီးမိုးများ မြေပြိုကျမှု အန္တရာယ်တွေနဲ့ ရင်ဆိုင်ရမယ့်အရေး ကြိုတင်ကာကွယ်မှုတွေနဲ့ အရေးပေါ်ရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ ရိုဟင်ဂျာ ဒုက္ခသည်တွေက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

အထူးသဖြင့်ကတော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲက မြေပြိုကျနိုင်တဲ့အန္တရာယ်ရှိတဲ့ တောင်ကုန်းအမြင့်နေရာတွေမှာ နေထိုင်သူတွေကို အရေးပေါ်ရွှေ့ပြောင်းပေးပြီး မိုးများရေကြီးလာရင် မြေပြိုကျမှုအန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်အောင် အစီအမံတွေနဲ့ဆောင်ရွက်နေတယ်လို့ ကုတုပလောင်ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာဒုက္ခသည် ကိုကာမေလ်ကပြောပြပါတယ်။

"ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ တာဝန်ယူဆောင်ရွက်ပေးနေတာ အများကြီးရှိပါတယ်။ NGO တို့ INGO တို့ရော။ သူတို့အနေနဲ့ ကြိုတင်ပြင်ဆင်မှုတွေ အများကြီးလုပ်ပေးနေပါတယ်။ မြေပြိုကျမှု တော်တော်လေးဖြစ်နိုင်တဲ့နေရာတွေမှာ စေတနာ့ဝန်ထမ်းတွေက ဖြစ်နိုင်တာတွေကို ကြိုပြီးတော့ လုပ်ပေးနေတာရှိတယ်။ တော်တော်လေးပြင်ဆင်ထားတာ ရှိပါတယ်။ မြေပြိုကျနိုင်တဲ့နေရာတွေမှာ အုတ်တိုင်တွေနဲ့ကာပြီး အုတ်နံရံတွေကာထားတာရှိတယ်။ နောက် ပြီးတော့ ဆာလာအိတ်တွေနဲ့ ဖြန့်ခင်းထားပြီး ကမ့်တွေ မပြိုကျအောင် သူတို့ အကာအကွယ်လုပ်ထားတာရှိတယ်။ အုတ်နဲ့ လုပ်ထားတာလည်းရှိတယ် ဘိလပ်မြေတွေနဲ့လုပ်ထားတာတွေလည်းရှိတယ်။ ရေသွားရေလာ မြောင်းတွေဖောက်ပြီး တော်တော်လေး လုပ်ထားတာရှိတယ်။ မိုးရွာလာရင် ကာကွယ်လို့ရအောင် မိုးကာတွေထုတ်ပေးဖို့နဲ့ ဝါးတွေ တောင်းဆိုတာရှိတော့ ကမ့်တာဝန်ခံတွေဘက်က COVID 19 အကန့်အသတ်တွေကြားထဲကနေ သူတို့ လုပ်ပေးနိုင်တာကို တော်တော်လေး ကျေးဇူးတင်ဖို့ကောင်းပါတယ်။"

ဒီသီတင်းပတ်ထဲ မိုးအတော်လေးကို ရွာသွန်းတာကြောင့် ဒုက္ခသည်စခန်းတွေထဲ မိုးများရေကြီးပြီး မြေပြိုကျမှု အန္တရာယ်ရှိတဲ့နေရာတွေက မိသားစုလိုက် ခေတ္တရေဘေးကယ်ဆယ်ရေးစခန်းတွေဖွင့်ထားတဲ့ စာသင်ကျောင်းတွေဆီ အရေးပေါ်ရွှေ့ပြောင်းပေးနေတယ်လို့လည်း ကုတုပလောင်ဒုက္ခသည်စခန်းအမှတ် ၅ မှာနေထိုင်တဲ့ ဦးမောင်မောင်ကလည်း အခြေအနေကိုပြောပြပါတယ်။

"လောလောဆယ် မနေ့ကနဲ့ ဒီနေ့ မိုးသည်းတယ်။ ကမ့်တွေထဲမှာတော့ NGO တွေက နေရာတိုင်းကို အတော်များများ လိုက်ပြီး ကူညီနေပါတယ်။ ကမ့်တွေထဲမှာ အဆောင်တွေရွှေ့ပြောင်းနေရာချထားဖို့ အတွက် နေရာတိုင်းမှာ သူတို့လိုက်လုပ်နေတာတွေ့ရပါတယ်။ ကျနော်တို့ နေတဲ့နေရာတွေမှာ မြေပြိုကျဖို့ အန္တရာယ်ကျရောက်နိုင်မယ့် အနေအထားရှိတယ်ဆိုရင် အဲ့ဒီ့လူတွေကို သူတို့ရွှေ့ပြောင်းနေတယ်။ ရေကြီးနိုင်တဲ့နေရာတွေဆိုလို့ရှိရင် အဲ့ဒီ့လူတွေကို သူတို့က စခန်းတွေထဲက စာသင်ဆောင်တွေရှိတယ် အဲ့ဒီ့နေရာတွေကို စီစဉ်ပေးပြီးတော့ အမိုးအကာတွေထားပြီး စီစဉ်ပေးနေတာရှိတယ်။ ဥပမာ ကျနော်တို့အိမ်မှာ မိသားစု ၁၀ ယောက်ရှိမယ်ဆိုလို့ရှိရင် ၁၀ယောက်ကို တခါတည်း ခေါ်သွားပြီးတော့ အဲ့ဒီ့နေရာမှာထားဖို့ စီစဉ်ပေးထားတယ်။ စခန်းဆောက်ထားတဲ့နေရာတွေမှာ သူတို့စီစဉ်ပြီးနေရာချပေးတာရှိတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ မြန်မာနိုင်ငံကိုပဲပြန်ချင်တယ်။ ဒီမှာမနေချင်ဘူး။"

ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်ခံမထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒီဒုက္ခသည်တွေပြန်လည်လက်ခံရေး စီစဉ်ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ လတ်တလောမှာတော့-ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၁၀၀၀ နီးပါးလောက်ဖွင့်လှစ်ထားပြီး အရေးပေါ်ကူညီကယ်ဆယ်ရေးဆေးအဖွဲ့ ၁၇၀ ကျော်ကိုလည်း စေလွှတ်ကုသပေးနေပါတယ်။ ဘင်္ဂလားဒေ့ရှ်ကရေဘေးသင့် မိသားစုတွေကို ကူညီဖို့ကုလသမဂ္ဂ ဗဟို အရေးပေါ် အခြေအနေ တုံ့ပြန်ရေး ရန်ပုံငွေ အဖွဲ (CERF) က ကုလ သမဂ္ဂ အဖွဲ့အစည်းတွေကို ကနဦး ထောက်ပံ့ငွေ အမေရိကန် ဒေါ်လာ ၅,၀၀၀,၀၀၀ ကျော် ပေးအပ်ထားပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေဘက်က ကူညီပေးကြပါတယ်။

ဒီသီတင်းပတ်အတွင်းမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ ထက်ဝက်ကျော်လောက် မုတ်သုန်မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေဘေးအန္တရာယ်ဆိုးဆိုးဝါးဝါး ကြုံရနိုင်ပြီး ဒီနှစ်ရေလွှမ်းမိုးပြီး မိုးကြီးမှုက ဆယ်စုနှစ်တွေအတွင်းမှာ အဆိုးဝါးဆုံးနှစ်ဖြစ်တယ်လို့လည်း မိုးလေဝသပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။

XS
SM
MD
LG