(Zawgyi / Unicode)
ထိုင္းႏုိင္ငံနဲ႔နီးတဲ့ မေလးရွား အပန္းေျဖကြ်န္းတခုမွာ ႐ုိဟင္ဂ်ာ ၂၄ ေယာက္ ေရနစ္မယ့္အေရး စိုးရိမ္ရေၾကာင္း မေလးရွား အာဏာပိုင္ေတြက ေျပာပါတယ္။
အပန္းေျဖကြ်န္း Langkaw ကို ေရကူးၿပီးသြားမယ့္ အႀကံနဲ႔ ေလွေပၚကေန ခုန္ခ်ၿပီးေနာက္ ေပ်ာက္ဆံုးေနတဲ့ ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြကို မေလးရွား အာဏာပိုင္တို႔ တနဂၤေႏြေန႔မွာ ရွာေဖြကယ္ဆယ္ေရး ေဆာင္ရြက္ေနပါတယ္။
စေနေန႔ေႏွာင္းပုိင္းမွာ ကမ္းေျခကို ဦးတည္ ေရကူးသြားၾကသူ ၂၅ ေယာက္ထဲမွာ အသက္ ၂၇ ႏွစ္အရြယ္ Nor Hossain ဆိုသူတဦးပဲ ကမ္းေျခ ေရာက္လာခဲ့တယ္လို႔ မေလးရွား ကမ္းေျခေစာင့္တပ္ဖြဲ႔က ေျပာပါတယ္။ သူ ကမ္းေျခေရာက္လာခ်ိန္မွာ ရဲတပ္ဖြဲ႔က ထိန္းသိမ္း စစ္ေဆးခဲ့တယ္လို႔လည္း အာဏာပိုင္တို႔က ေျပာပါတယ္။
မေလးရွားႏုိင္ငံဟာ ႐ုိဟင္ဂ်ာဒုကၡသည္ေတြ အမ်ားစု လာေရာက္ဖို႔ ႀကိဳးပမ္းရာႏုိင္ငံ ျဖစ္ပါတယ္။
ဘဂၤလားေဒ့ရွ္မွာ ခိုလံႈေနတဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး လက္ခံမယ္လို႔ ျမန္မာဘက္က ေျပာဆိုထားေပမယ့္ ႐ုိဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံပါဘူး။
------------------------------
(Unicode)
မလေးရှားကမ်းလွန်မှာ ရိုဟင်ဂျာ ၂၄ ဦး ပျောက်ဆုံးနေ
ထိုင်းနိုင်ငံနဲ့နီးတဲ့ မလေးရှား အပန်းဖြေကျွန်းတခုမှာ ရိုဟင်ဂျာ ၂၄ ယောက် ရေနစ်မယ့်အရေး စိုးရိမ်ရကြောင်း မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။
အပန်းဖြေကျွန်း Langkaw ကို ရေကူးပြီးသွားမယ့် အကြံနဲ့ လှေပေါ်ကနေ ခုန်ချပြီးနောက် ပျောက်ဆုံးနေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို မလေးရှား အာဏာပိုင်တို့ တနင်္ဂနွေနေ့မှာ ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေပါတယ်။
စနေနေ့နှောင်းပိုင်းမှာ ကမ်းခြေကို ဦးတည် ရေကူးသွားကြသူ ၂၅ ယောက်ထဲမှာ အသက် ၂၇ နှစ်အရွယ် Nor Hossain ဆိုသူတဦးပဲ ကမ်းခြေ ရောက်လာခဲ့တယ်လို့ မလေးရှား ကမ်းခြေစောင့်တပ်ဖွဲ့က ပြောပါတယ်။ သူ ကမ်းခြေရောက်လာချိန်မှာ ရဲတပ်ဖွဲ့က ထိန်းသိမ်း စစ်ဆေးခဲ့တယ်လို့လည်း အာဏာပိုင်တို့က ပြောပါတယ်။
မလေးရှားနိုင်ငံဟာ ရိုဟင်ဂျာဒုက္ခသည်တွေ အများစု လာရောက်ဖို့ ကြိုးပမ်းရာနိုင်ငံ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး လက်ခံမယ်လို့ မြန်မာဘက်က ပြောဆိုထားပေမယ့် ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပါဘူး။