သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရိုဟင္ဂ်ာဒုကၡသည္ေတြ လံုးဝလက္ခံေတာ့မွာမဟုတ္ (မေလးရွားဝန္ႀကီးခ်ဳပ္)


မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin (ဓါတ္ပံု-Muhyiddin Yassin facebook )

(Zawgyi/Unicode)

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ တိုင္းျပည္ရဲ့အရင္းအျမစ္ေတြ ဆုတ္ယုတ္လာနဲ႔ စီးပြားေရးထိခိုက္မႈေတြေၾကာင့္ ျမန္မာနိုင္ငံကေန ေနရပ္စြန္႔ခြာလာတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို လုံးဝလက္ခံေတာ့မွာ မဟုတ္ဘူးလို႔ မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ေသာၾကာေန႔က ေျပာလိုက္ပါတယ္။

ဒုကၡသည္စခန္းေတြမွာ အေနအစားဆင္းရဲတဲ့အတြက္ မူဆလင္အမ်ားစုရွိတဲ့ မေလးရွားနိုင္ငံကို ဒုကၡသည္ေတြက ေလွေတြနဲ႔ တဆင့္ သြား ေရာက္နိုင္ဖို႔ အရင္ကတည္းက ႀကိဳးပမ္းေနၾကတာပါ။ ကပ္ေရာဂါကာလ ျပည္ပကလာေရာက္သူေတြကေနတဆင့္ ေရာဂါကူးစက္နိုင္ၿပီး နိုင္ငံ့ဘ႑ာေငြလည္း ထိခိုက္နိုင္တာေၾကာင့္ မေလးရွားႏိုင္ငံက ဒုကၡသည္ေလွေတြကို လက္မခံခဲ့သလို ရာနဲ႔ခ်ီတဲ့ ဒုကၡသည္ေတြကို ဖမ္းဆီးထိန္းသိမ္းထားခဲ့ပါတယ္။ မေလးရွားျပည္သူေတြအၾကားလည္း ကိုရိုနာဗိုင္းရပ္စ္ ျပန္႔ပြားေစတဲ့ လက္သည္ေတြဟာ နိုင္ငံျခား သားေတြ ျဖစ္တယ္လို႔ ယူဆၿပီး အမ်က္ ေဒါသထြက္ေနၾကတာပါ။

COVID-19 ကပ္ေရာဂါ ထိန္းခ်ဳပ္ေရး ရွိၿပီးသား အရင္းအျမစ္စြမ္းအားေတြ အသုံးျပဳထားရတဲ့အတြက္ ေနာက္ထပ္ ဒုကၡသည္ ေတြလက္မခံနိုင္ေတာ့ေၾကာင္းနဲ႔ မေလးရွားကို ေနာက္ထပ္ ဒုကၡသည္ေတြ လက္ခံေပးဖို႔ ေမၽွာ္လင့္ေနတာ တရားမၽွတမႈ မရွိေၾကာင္း ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin က ျမန္မာအပါအဝင္ အေရွ႕ေတာင္အာရွနိုင္ငံမ်ား အဖြဲ႕ (ASEAN) ၁၀နိုင္ငံ ေခါင္းေဆာင္ေတြနဲ႔ ျပဳလုပ္တဲ့ ႐ုပ္သံေဆြးေႏြးပြဲအတြင္း ေျပာၾကားခဲ့ပါတယ္။

ဒီအပတ္ထဲ အင္ဒိုနီးရွားနိုင္ငံ Aceh ေဒသ ကမ္းလြန္ပင္လယ္ျပင္မွာ ေမ်ာေနတဲ့ စက္ေလွေပၚက ရိုဟင္ဂ်ာဒုကၡသည္ ၁၀၀ နီးပါး ကို အင္ဒိုနီးရွား ငါးဖမ္းသမားေတြက ကယ္ဆယ္ခဲ့တဲ့ကိစၥနဲ႔ ပတ္သက္ၿပီး အင္ဒိုနီးရွားနိုင္ငံျခားေရး ဝန္ႀကီး Retno Marsudi ကေတာ့ ရခိုင္ ျပည္နယ္က လုံၿခဳံေရး အေျခအေနေတြနဲ႔ လက္ရွိျဖစ္ေနတဲ့ COVID-19 ကပ္ေရာဂါအေျခအေနေတြေၾကာင့္ ဒုကၡသည္ေတြဟာ သူတို႔ရဲ႕ ေနရပ္ရင္းကို မိမိ ဆႏၵအေလၽွာက္၊ ဂုဏ္သိကၡာရွိရွိနဲ႔ ေဘးကင္းလုံျခဳံစြာ ျပန္ဖို႔ မျဖစ္နိုင္ေသးေၾကာင္းနဲ႔ ရိုဟင္ဂ်ာဒုကၡသည္ေတြ ေနရပ္ရင္း ျပန္ေရးကိစၥက အင္ဒိုနီးရွား အစိုးရ အတြက္ ဦးစားေပးကိစၥျဖစ္ေၾကာင္း ေျပာပါတယ္။

၂၀၁၇ ခုႏွစ္တုန္းက ျမန္မာစစ္တပ္နဲ႔ ARSA လက္နက္ကိုင္ အၾကမ္းဖက္အဖြဲ႕ၾကား တိုက္ပြဲေတြ အတြင္း စစ္တပ္က နယ္ေျမရွင္းလင္းတာမွာ ရိုဟင္ဂ်ာ သိန္းနဲ႔ ခ်ီ ဘဂၤလားေဒ့ရွ္နိုင္ငံ ဒုကၡသည္ စခန္းေတြမွာ ထြက္ေျပးခိုလႈံေနၾကရတာပါ။ ျမန္မာအစိုးရကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို ျပန္စီစစ္လက္ခံသြားဖို႔ ကတိျပဳထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ရိုဟင်ဂျာဒုက္ခသည်တွေ လုံးဝလက်ခံတော့မှာမဟုတ် (မလေးရှားဝန်ကြီးချုပ်)

(Unicode)

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တိုင်းပြည်ရဲ့အရင်းအမြစ်တွေ ဆုတ်ယုတ်လာနဲ့ စီးပွားရေးထိခိုက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လုံးဝလက်ခံတော့မှာ မဟုတ်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin က သောကြာနေ့က ပြောလိုက်ပါတယ်။

ဒုက္ခသည်စခန်းတွေမှာ အနေအစားဆင်းရဲတဲ့အတွက် မူဆလင်အများစုရှိတဲ့ မလေးရှားနိုင်ငံကို ဒုက္ခသည်တွေက လှေတွေနဲ့ တဆင့် သွား ရောက်နိုင်ဖို့ အရင်ကတည်းက ကြိုးပမ်းနေကြတာပါ။ ကပ်ရောဂါကာလ ပြည်ပကလာရောက်သူတွေကနေတဆင့် ရောဂါကူးစက်နိုင်ပြီး နိုင်ငံ့ဘဏ္ဍာငွေလည်း ထိခိုက်နိုင်တာကြောင့် မလေးရှားနိုင်ငံက ဒုက္ခသည်လှေတွေကို လက်မခံခဲ့သလို ရာနဲ့ချီတဲ့ ဒုက္ခသည်တွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ မလေးရှားပြည်သူတွေအကြားလည်း ကိုရိုနာဗိုင်းရပ်စ် ပြန့်ပွားစေတဲ့ လက်သည်တွေဟာ နိုင်ငံခြား သားတွေ ဖြစ်တယ်လို့ ယူဆပြီး အမျက် ဒေါသထွက်နေကြတာပါ။

COVID-19 ကပ်ရောဂါ ထိန်းချုပ်ရေး ရှိပြီးသား အရင်းအမြစ်စွမ်းအားတွေ အသုံးပြုထားရတဲ့အတွက် နောက်ထပ် ဒုက္ခသည် တွေလက်မခံနိုင်တော့ကြောင်းနဲ့ မလေးရှားကို နောက်ထပ် ဒုက္ခသည်တွေ လက်ခံပေးဖို့ မျှော်လင့်နေတာ တရားမျှတမှု မရှိကြောင်း ဝန်ကြီးချုပ် Muhyiddin Yassin က မြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ အဖွဲ့ (ASEAN) ၁၀နိုင်ငံ ခေါင်းဆောင်တွေနဲ့ ပြုလုပ်တဲ့ ရုပ်သံဆွေးနွေးပွဲအတွင်း ပြောကြားခဲ့ပါတယ်။

ဒီအပတ်ထဲ အင်ဒိုနီးရှားနိုင်ငံ Aceh ဒေသ ကမ်းလွန်ပင်လယ်ပြင်မှာ မျောနေတဲ့ စက်လှေပေါ်က ရိုဟင်ဂျာဒုက္ခသည် ၁၀၀ နီးပါး ကို အင်ဒိုနီးရှား ငါးဖမ်းသမားတွေက ကယ်ဆယ်ခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi ကတော့ ရခိုင် ပြည်နယ်က လုံခြုံရေး အခြေအနေတွေနဲ့ လက်ရှိဖြစ်နေတဲ့ COVID-19 ကပ်ရောဂါအခြေအနေတွေကြောင့် ဒုက္ခသည်တွေဟာ သူတို့ရဲ့ နေရပ်ရင်းကို မိမိ ဆန္ဒအလျှောက်၊ ဂုဏ်သိက္ခာရှိရှိနဲ့ ဘေးကင်းလုံခြုံစွာ ပြန်ဖို့ မဖြစ်နိုင်သေးကြောင်းနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ရင်း ပြန်ရေးကိစ္စက အင်ဒိုနီးရှား အစိုးရ အတွက် ဦးစားပေးကိစ္စဖြစ်ကြောင်း ပြောပါတယ်။

၂၀၁၇ ခုနှစ်တုန်းက မြန်မာစစ်တပ်နဲ့ ARSA လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ကြား တိုက်ပွဲတွေ အတွင်း စစ်တပ်က နယ်မြေရှင်းလင်းတာမှာ ရိုဟင်ဂျာ သိန်းနဲ့ ချီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည် စခန်းတွေမှာ ထွက်ပြေးခိုလှုံနေကြရတာပါ။ မြန်မာအစိုးရကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို ပြန်စီစစ်လက်ခံသွားဖို့ ကတိပြုထားပါတယ်။

XS
SM
MD
LG