သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရုိဟင္ဂ်ာေလွစီးေျပးဒုကၡသည္ ၂၆၀ ေက်ာ္ မေလးကုိေရာက္


၂၀၁၈ ခုႏွစ္အတြင္း Langkawi ကြ်န္းကိုေရာက္လာသည့္ ရုိဟင္ဂ်ာဒုကၡသည္မ်ား (မွတ္တမ္းဓာတ္ပံု)

Zawgyi/Unicode

မေလးရွားႏိုင္ငံမွာ ကိုဗစ္ေရာဂါ ကာကြယ္ေရးအတြက္ ေလွစီးေျပးဒုကၡသည္ေတြကို တားျမစ္ေနတဲ့ၾကားကပဲ ၊ ရုိဟင္ဂ်ာ ၂၆၀ ကေ်ာ္ဟာ ေလွစီးခရီးနဲ႔ တနလၤာေန႔မွာ မေလးရွားႏိုင္ငံကို ေရာက္လာတယ္လို႔ တာဝန္ရွိသူေတြက ေျပာပါတယ္။

မလေးရွား အနောက္ေျမာက္ဘက္ လမ္ကာဝီကၽြန္းနားမွာ တနလၤာေန႔တုန္းက သံသယရွိဖ ြယ္ ေလွတစင္းကို မလေးရွားကမ္း႐ုိးတန္းေစာင့္ သေဘၤာက ရွာေတြ႔ခဲ့ၿပီး ႏိုင္ငံတကာ ေရပိုင္နက္ထဲ ျပန္ေမာင္းထုတ္ဖို႔ လုပ္ရင္း ၊ အနားကိုခ်ဥ္းကပ္သ ြားခ်ိန္မွာ ရုိဟင္ဂ်ာ (၅၃)ဦး ပင္လယ္ထဲ ခုန္ခ်ၿပီး အဖမ္းခံခဲ့တယ္လို႔ အာဏာပိုင္ေတြက ေျပာပါတယ္။ စစ္ေဆးေတ ြ႔ရွိတဲ့ အျခားလေွတစင္းေပၚမွာ ေနာက္ထပ္ ရုိဟင္ဂ်ာ( ၂၁၆)ဦ းပါဝင္ၿပီး ၊ လေွပေၚမွာ အမ်ဳိးသမီး တဦး ေသဆုံးေနတာ ေတြ႔ရတယ္လို႔ မေလးရွား ကမ္းေျခေစာင့္တပ္ရဲ႕ ထုတ္ျပန္ခ်က္မွာ ေဖၚျပပါတယ္။

သူတို႔စီးလာတဲ့ ေလွကလည္း ပ်က္စီးေနၿပီး ျပန္ျပင္သုံးႏိုင္တဲ့အနေအထားမွာ မရွိတာေၾကာင့္ ျပန္ေမာင္းထုတ္ေရး အစီအစဥ္ကို ဆိုင္းငံ့ထားလိုက္ေၾကာင္း အဲဒီၾေကညာခ်က္က ဆုိပါတယ္။ အခုဖမ္းမိထားတဲ့ ရုိဟင္ဂ်ာ စုစုေပါင္း (၂၆၉)ဦးနဲ႔ သူတို႔ေလွကို လာကာဝီကၽြန္းေပၚ ေခၚထားၿပီး အစားအသောက္နဲ႔ ေရကို ေထာက္ပ့ံထားပါတယ္။ ဒီရုိဟင္ဂ်ာေတြဟာ ဘယ္အခ်ိန္တုန္းက ဘယ္ေနရာကနေ ထြက္လာခဲ့ၾကသလဲ ဆိုတာကိုေတာ့ မလေး ကမ္းေျခေစာင့္တပ္က ထုတ္ေျပာတာ မရွိပါဘူး။

ၿပီးခဲ့တဲ့ ဧၿပီလတုန္းကလည္း ႐ုိဟင္ဂ်ာေတြဟာ လေွစီးခရီးနဲ႔ မလေးရွားႏိုင္ငံကို ဝင္ဖို႔ႀကဳိးစားခဲ့ေပမဲ့ ကုိရိုနာဗိုင္းရပ္စ္အႏၱရာယ္ကုိ အေၾကာင္းျပၿပီး ဒီလိုတရားမဝင္ ဝင္လာသူေတြကို ျပန္ေမာင္းထုတ္ခဲ့တာၾေကာင့္ ႐ုိဟင္ဂ်ာေတြ ပင္လယ္ျပင္ထဲမွာ ေမ်ာေနခဲ့တာပါ။ အဲဒီထဲက တခ်ဳိ႕လည္း ပင္လယ္ျပင္မွာ ေသဆုံးခဲ့ၿပီး တခ်ဳိ႕ကုိကေတာ့ ဘဂၤလားေဒ့ရွ္က ျပန္လက္ခံခဲ့ပါတယ္။

၂၀၁၇ ခုႏွစ္ ရခုိင္ျပည္နယ္ ေျမာက္ပိုင္း ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရး ျဖစ္စဥ္ေနာက္ပိုင္း သိန္းနဲ႔ခ်ီတဲ့ ရိုဟင္ဂ်ာေတြ ထြက္ေျပးလာၾကတယ္လို႔ ကုလသမဂၢက ေျပာထားပါတယ္။

ႏုိင္ငံတကာက ေခၚနေတဲ့ ရိုဟင္ဂ်ာဆိုတဲ့ အသုံးအႏႈန္းကို ျမန္မာအစိုးရက လုံးဝလက္မခံပေမဲ့ ဒီလူေတြ သူတို႔မူလဒေသမွာ ျပန္လည္ အေျခခ်ခ ြင့္ရရေးကို ျမန္မာအစိုးရက ဘဂၤလားေဒ့ရွ္ အပါအ၀င္ ႏိုင္ငံတကာနဲ႔ ပူးေပါင္းလုပ္ေဆာင္ေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode]

မလေးရှားနိုင်ငံမှာ ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် လှေစီးပြေးဒုက္ခသည်တွေကို တားမြစ်နေတဲ့ကြားကပဲ ၊ရိုဟင်ဂျာ ၂၆၀ ကျော်ဟာ လှေစီးခရီးနဲ့ တနင်္လာနေ့မှာ မလေးရှားနိုင်ငံကို ရောက်လာတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

မလေးရှား အနောက်မြောက်ဘက် လမ်ကာဝီကျွန်းနားမှာ တနင်္လာနေ့တုန်းက သံသယရှိဖ ွယ် လှေတစင်းကို မလေးရှားကမ်းရိုးတန်းစောင့် သင်္ဘောက ရှာတွေ့ခဲ့ပြီး နိုင်ငံတကာ ရေပိုင်နက်ထဲ ပြန်မောင်းထုတ်ဖို့ လုပ်ရင်း ၊ အနားကိုချဉ်းကပ်သ ွားချိန်မှာ ရိုဟင်ဂျာ (၅၃)ဦး ပင်လယ်ထဲ ခုန်ချပြီး အဖမ်းခံခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။စစ်ဆေးတေ ွ့ရှိတဲ့ အခြားလှေတစင်းပေါ်မှာနောက်ထပ် ရိုဟင်ဂျာ( ၂၁၆)ဦ းပါဝင်ပြီး ၊ လှေပေါ်မှာ အမျိုးသမီး တဦး သေဆုံးနေတာ တွေ့ရတယ်လို့မလေးရှား ကမ်းခြေစောင့်တပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြပါတယ်။

သူတို့စီးလာတဲ့ လှေကလည်း ပျက်စီးနေပြီး ပြန်ပြင်သုံးနိုင်တဲ့အနအေထားမှာ မရှိတာကြောင့် ပြန်မောင်းထုတ်ရေး အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း အဲဒီြကေညာချက်က ဆိုပါတယ်။အခုဖမ်းမိထားတဲ့ ရိုဟင်ဂျာ စုစုပေါင်း (၂၆၉)ဦးနဲ့ သူတို့လှေကို လာကာဝီကျွန်းပေါ် ခေါ်ထားပြီး အစားအသောက်နဲ့ ရေကို ထောက်ပံ့ထားပါတယ်။ ဒီရိုဟင်ဂျာတွေဟာ ဘယ်အချိန်တုန်းက ဘယ်နေရာကနေ ထွက်လာခဲ့ကြသလဲ ဆိုတာကိုတော့ မလေး ကမ်းခြေစောင့်တပ်က ထုတ်ပြောတာ မရှိပါဘူး။

ပြီးခဲ့တဲ့ ဧပြီလတုန်းကလည်း ရိုဟင်ဂျာတွေဟာ လှေစီးခရီးနဲ့မလေးရှားနိုင်ငံကို ဝင်ဖို့ကြိုးစားခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို အကြောင်းပြပြီး ဒီလိုတရားမဝင် ဝင်လာသူတွေကို ပြန်မောင်းထုတ်ခဲ့တာြကောင့် ရိုဟင်ဂျာတွေ ပင်လယ်ပြင်ထဲမှာ မျောနေခဲ့တာပါ။ အဲဒီထဲကတချို့လည်း ပင်လယ်ပြင်မှာ သေဆုံးခဲ့ပြီး တချို့ကိုကတော့ ဘင်္ဂလားဒေ့ရှ်က ပြန်လက်ခံခဲ့ပါတယ်။

၂၀၁၇ ခုနှစ် ရခိုင်ပြည်နယ် မြောက်ပိုင်း မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ဖြစ်စဉ်နောက်ပိုင်း သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ ထွက်ပြေးလာကြတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

နိုင်ငံတကာက ခေါ်နတေဲ့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို မြန်မာအစိုးရက လုံးဝလက်မခံပမေဲ့ ဒီလူတွေ သူတို့မူလဒသေမှာ ပြန်လည် အခြေချခ ွင့်ရရေးကို မြန်မာအစိုးရက ဘင်္ဂလားဒေ့ရှ် အပါအဝင် နိုင်ငံတကာနဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

ဆက္စပ္သတင္းမ်ား ...

XS
SM
MD
LG