သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ဘဂၤလားေဒ့ရွ္က ရုိဟင္ဂ်ာဒုကၡသည္စခန္းအတြင္း ကုိဗစ္ကူးစက္သူ အေရအတြက္တုိး


Cox's bazar စခန္းရွိ က်န္းမာေရး ၀န္ထမ္းမ်ား

(Zawgyi/Unicode)

လူသိန္းခ်ီ စုျပံဳေနထိုင္ရာ ဘဂၤလားေဒ့ရွ္ဒုကၡသည္စခန္းေတြထဲ COVID-19ေရာဂါပိုးေတြ႔ရွိမႈ ပိုၿပီးေတာ့မွ မ်ားျပားလာတဲ့အတြက္ ေရာဂါကုသႏုိင္ေရး ေဆးဝါးလိုအပ္ခ်က္ေတြအေပၚ အကူအညီေပးေရးအဖြဲ႔ေတြရဲ႕စိုးရိမ္မႈေတြနဲ႔ ႐ိုဟင္ဂ်ာ ဒုကၡသည္ေတြၾကား ေၾကာက္ရြ႔ံမႈေတြ ပိုတိုးလာေနတဲ့ အေျခအေနကို မဆုမြန္ တင္ျပထားပါတယ္။

ဘဂၤလားေဒ့ရွ္ႏုိင္ငံမွာရွိတဲ့ ႐ုိဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ ေနာက္ဆံုးထုတ္ျပန္ခ်က္ စာရင္းေတြအရဆိုရင္COVID-19 ေရာဂါေၾကာင့္ ေသဆုံးသူက ၁ ဦး၊ ကူးစက္ခံထားရသူ ၂၉ေယာက္အထိ ရွိလာရာက စုိးရိမ္မႈေတြလည္း ႀကီးထြားလာေနတာပါ။ စုိးရိမ္မႈေတြေၾကာင့္ ဒုကၡသည္စခန္းကေန ထြက္ေျပးသြားသူေတြထဲမွာ ေရာဂါကူးစက္ခံထားရသူေတြပါ ပါ၀င္ေနတယ္လုိ႔လည္း သတင္းေတြ ထြက္ေပၚေနပါတယ္။ ဒီလုိအေျခအေနမွာ က်န္းမာေရးအသိပညာေပးဖုိ႔ ထိထိေရာက္ေရာက္ လုပ္ဖုိ႔လုိေနၿပီလုိ႔လည္း ကုတုပေလာင္ ဒုကၡသည္စခန္းက ဦးေအာင္ၿမိဳင္ကေျပာပါတယ္။

“ ကိုဗစ္နဲ႔ပတ္သက္ၿပီးေတာ့ သိပ္နားမလည္ၾကဘူး။ ၿပီးေတာ့ Isolation ဆိုတာဘာလဲQuarantine ဆိုတာဘာလဲ လံုးဝ နားမလည္ဘူးျဖစ္ေနၾကတယ္။ အဲ့သလို Quarantine တို႔ Isolation တို႔ေခၚရင္ သူတို႔က အရမ္းစိုးရိမ္တယ္။ ဘယ္လိုစိုးရိမ္သလဲဆိုရင္ သူတို႔ကို အျပင္ေခၚသြားၿပီးေတာ့ ဘယ္ကေန ဘယ္ကိုေခၚသြားမွန္းမသိ ေဆးထိုးၿပီးေတာ့ အေသသတ္လိုက္မွာကို ဒုကၡသည္ေတြက စိုးရိမ္စိတ္ေတြျဖစ္ေနၾကတာ အမ်ားအားျဖင့္ေတာ့ဒီေရာဂါနဲ႔ပတ္သက္ၿပီးေတာ့ ဒီမွာက နားမလည္တဲ့ သူေတြျဖစ္ေနတယ္။ ဒါေၾကာင့္ ဒီမွာ အဖြဲ႔အစည္းေတြအေနနဲ႔ အင္အားေတြတုိးခ်ဲ႕ၿပီး လုပ္သင့္တယ္၊က်ေနာ္တို႔ ရိုဟင္ဂ်ာဒုကၡသည္ေတြကို ဝန္ထမ္းခန္႔ရမယ္။ ဒုကၡသည္ေတြထဲကေန ေခၚၿပီး သင္တန္းေတြ တက္ရမယ္။ အဲ့ကေနတဆင့္ စခန္းထဲကို ျပန္ၿပီးေတာ့ ပညာေပးတာတို႔ ဘာတို႔ အဲ့တာလုပ္သင့္တယ္။ ဒါမ်ိဳးမဟုတ္ရင္ေတာ့ ဒုကၡသည္ေတြက နားလည္မွာမဟုတ္ပါဘူး။ က်န္တာကေတာ့ ဒီမွာေလာေလာဆယ္ Lock Down ပါ ေကာ့ဇ္ဘဇားခ႐ိုင္ကို အနီေရာင္နယ္ေျမအျဖစ္သတ္မွတ္လိုက္တယ္။ ဒီေန႔ကေနစၿပီးေတာ့ ကားေတြ ပိတ္ထားလိုက္တာ ရွိတယ္။”

အခုဆိုရင္ေတာ့ ရိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ ေစ်းဆိုင္ေတြကိုေတာင္ ဖြင့္ခြင့္မေပးေတာ့ပဲ ယာဥ္အသြားအလာ လံုးဝကန္႔သတ္ ပိတ္ပင္လိုက္သလို ဒုကၡသည္ေတြကိုလည္း အျပင္ထြက္ခြင့္ မျပဳေတာ့ပဲ လံုျခံဳေရး တုိးခ်လိုက္တဲ့အတြက္ အလြန္စိုးရိမ္ေနၾကတယ္လို႔ ကုတုပေလာင္ ဒုကၡသည္စခန္းက ရိုဟင္ဂ်ာဒုကၡသည္ ဦးအီစလံကေျပာပါတယ္။

“ ကိုဗစ္၁၉ ကိုရိုနာဗိုင္းရပ္စ္ အဲ့ဒီ့အတြက္ေၾကာင့္ ႐ိုဟင္ဂ်ာဒုကၡသည္စခန္းေတြထဲ အသြားအလာ လံုးဝပိတ္လိုက္ပါတယ္။ အရင္ဆို ေစ်းဆိုင္ေတြ ဖြင့္လွစ္လို႔ရေသးတယ္။ အခုကေတာ့ ဒီေန႔ကစၿပီး ေစ်းဆိုင္ေတြ အကုန္ပိတ္ခိုင္းထားပါတယ္။ ေနာက္ ကားအသြားအလာေတြလည္း လံုးဝ ပိတ္ခုိင္းလို္က္ပါတယ္။ ေနာက္ လမ္းမၾကီးေတြေပၚမွာဆိုရင္ လံုျခံဳေရးတပ္ဖြဲ႔ဝင္ေတြ စစ္တပ္ေတြကေတာ့- သူတို႔က အေစာင့္ေနရာယူထားပါတယ္။ လမ္းမၾကီးေတြေပၚမွာ ဆိုရင္ လူအသြားအလာပိတ္လိုက္ပါတယ္။ ဒုကၡသည္စခန္းတုိင္းမွာ ဘဂၤလားေဒ့ရွ္အစိုးရေရာ၊ ကုလအဖြဲ႔အစည္းေတြကေရာ ဒီေန႔လည္း အသံခ်ဲ႕စက္ေတြနဲ႔ ေရာ ေဆာင္းေဘာက္စ္ေတြနဲ႔ပါ သူတို႔လိုက္လံေၾကညာေနပါတယ္ ကိုဗစ္၁၉နဲ႔ပတ္သက္ၿပီးေတာ့ ဒီမွာက ေရာဂါရဲ႕အေျခအေနကို လူတုိင္းက မသိၾကဘူးခင္ဗ်။ ခက္ေနတာက လူေတြက ကိုဗစ္၁၉ ဆိုတာဘာလဲ ဒီေရာဂါကူးစက္လာရင္ ဘယ္လိုျဖစ္လာမလဲ ဒီေရာဂါေၾကာင့္ ဘယ္လိုေသဆံုးမႈေတြရွိသလဲဆိုတဲ့ က်မ္းမာေရးအသိပညာပိုင္း နားမလည္ၾကတာမ်ားပါတယ္ခင္ဗ်ာ။ အခု ကိုဗစ္ေရာဂါျဖစ္ေနတဲ့ ဒုကၡသည္ ၂ဦးက အဲ့ဒီ့ကြာရမ္တင္းေနရာကေန တိမ္းေရွာင္သြားတယ္လို႔ ၾကားရတာကို စိတ္မေကာင္းဘူး အမွန္ေတာ့ သူတို႔က နားမလည္လို႔ တိမ္းေရွာင္သြားၾကတာလို႔ တိမ္းေရွာင္တာလို႔ ယူဆတယ္။ ဒီအတြက္ေၾကာင့္ ႐ိုဟင္ဂ်ာေတြက တေနရာတည္းစုျပံဳေနၾကရတာဆိုေတာ့- ကူးစက္မႈေတြ ပ်ံ႕ႏွံ႕လာမွာကို အထူးစိုးရိမ္ေနၾကပါတယ္။ ဒါေၾကာင့္ ကုလအဖြဲ႔အစည္းေတြေရာ ဘဂၤလားေဒ့ရွ္အစိုးရကပါ ႐ိုဟင္ဂ်ာဒုကၡသည္ေတြ အတြက္ က်န္းမာေရးေစာင့္ေရွာက္မႈပိုင္း ဒီ့ထက္ပိုရေစဖို႔ အထူးေတာင္းဆိုခ်င္ပါတယ္ခင္ဗ်။”

ဂ်န္ေတာ္လီဒုကၡသည္စခန္းက ဦးေမာင္ေက်ာ္ျမင့္ကလည္း အေျခအေနက နဂိုကမွ စိုးရိမ္ေနၾကရတဲ့ အထဲ အခုလို ကူးစက္မႈေတြျဖစ္လာတာ ပိတ္ပင္တားဆီးမႈေတြနဲ႔စစ္ေဆးတာေတြ လုပ္လာေတာ့ ဒုကၡသည္ေတြ ၾကားမွာ သတင္းအခ်က္အလက္ အတိအက်လည္း မရတာမို႔ စိုးရိမ္ထိတ္လန္႔ေနၾကတယ္လို႔ေျပာပါတယ္။

“ အေျခအေနက ေတာ္ေတာ္ကိုဆိုးလာေနၿပီ ေကာ့ဇ္ဘဇားခ႐ိုင္ကို Red Zone လို႔သတ္မွတ္လိုက္တယ္ၾကားတယ္။ အဲ့တာေၾကာင့္မို႔ က်ေနာ္တို႔က တအားကို စိတ္ပူေနပါတယ္။ အဲ့တာေၾကာင့္ အေျခအေနက မေကာင္းဘူး လူေတြလည္း အေျခအေနဆိုးဝါးသြားၿပီလို႔ လူေတြက ကမ့္ထဲမွာပဲ ေနၾကရတာဆိုေတာ့ စိုးရိမ္တာက စိုးရိမ္တာ ဘာျဖစ္လို႔ဆိုရင္ အေျခအေနက အရမ္းဆိုးသြားၿပီ အခုက ဘာတခုမွ ေသခ်ာျပင္ဆင္ထားတာမရွိဘူး နဂိုအတုိင္းပဲ။”

ဒုကၡသည္စခန္းေတြမွာ ကို႐ိုနာဗုိင္းရပ္စ္ကူးစက္မႈႀကီး ျဖစ္ပြားခဲ့မယ္ဆုိရင္ က်န္းမာေရး၀န္ထမ္းေတြနဲ႔ ေဆးဝါးပစၥည္း အေထာက္အပံ့ေတြ အေရးေပၚလိုအပ္လာႏုိင္တယ္လို႔ လူသားခ်င္းစာနာမႈ အကူအညီေပးေရး အဖဲြ႔ေတြက မၾကာေသးခင္ကပဲ သတိေပးထားတာပါ။

ရခုိင္ျပည္နယ္ေျမာက္ပိုင္းမွာ ျမန္မာစစ္တပ္ရဲ႕ နယ္ေျမရွင္းလင္းေရးေတြအတြင္း အဲဒီမွာရွိတဲ့ ႐ုိဟင္ဂ်ာေတြသိန္းနဲ႔ခ်ီၿပီး ဘဂၤလားေဒ့ရွ္ႏုိင္ငံဘက္ကို ထြက္ေျပးတိမ္းေရွာင္ ခိုလံႈေနၾကရတာျဖစ္ၿပီး သူတုိ႔ေတြ ေနရပ္ျပန္လာႏိုင္ေရး ႐ိုဟင္ဂ်ာဆိုတဲ့အသံုးကို လက္မခံထားတဲ့ ျမန္မာအစိုးရဘက္ကေတာ့ ဒုကၡသည္ေတြ လက္ခံေရး ေဆာင္ရြက္ခ်က္ သေဘာတူညီမႈေတြနဲ႔ ေဆာင္ရြက္ေနဆဲျဖစ္ပါတယ္။ အခုအခ်ိန္အထိကေတာ့ ဘဂၤလားေဒ့ရွ္ႏုိင္ငံတဝွမ္း COVID-19ကူးစက္သူေပါင္း ၆၅၇၆၉ ဦး ေက်ာ္သြားၿပီ ကိုဗစ္ေၾကာင့္ ေသဆံုးသူ ၉၀၀ နီးပါး ရွိေနပါတယ္။

တိုက္႐ိုက္ လင့္ခ္


................

ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်စခန်းအတွင်း ကိုဗစ်ကူးစက်သူအရေအတွက်တိုး

(Unicode)

လူသိန်းချီ စုပြုံနေထိုင်ရာ ဘင်္ဂလားဒေ့ရှ်ဒုက္ခသည်စခန်းတွေထဲ COVID-19ရောဂါပိုးတွေ့ရှိမှု ပိုပြီးတော့မှ များပြားလာတဲ့အတွက် ရောဂါကုသနိုင်ရေး ဆေးဝါးလိုအပ်ချက်တွေအပေါ် အကူအညီပေးရေးအဖွဲ့တွေရဲ့စိုးရိမ်မှုတွေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကြား ကြောက်ရွံ့မှုတွေ ပိုတိုးလာနေတဲ့ အခြေအနေကို မဆုမွန် တင်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ နောက်ဆုံးထုတ်ပြန်ချက် စာရင်းတွေအရဆိုရင်COVID-19 ရောဂါကြောင့် သေဆုံးသူက ၁ ဦး၊ ကူးစက်ခံထားရသူ ၂၉ယောက်အထိ ရှိလာရာက စိုးရိမ်မှုတွေလည်း ကြီးထွားလာနေတာပါ။ စိုးရိမ်မှုတွေကြောင့် ဒုက္ခသည်စခန်းကနေ ထွက်ပြေးသွားသူတွေထဲမှာ ရောဂါကူးစက်ခံထားရသူတွေပါ ပါဝင်နေတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ဒီလိုအခြေအနေမှာ ကျန်းမာရေးအသိပညာပေးဖို့ ထိထိရောက်ရောက် လုပ်ဖို့လိုနေပြီလို့လည်း ကုတုပလောင် ဒုက္ခသည်စခန်းက ဦးအောင်မြိုင်ကပြောပါတယ်။

“ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ သိပ်နားမလည်ကြဘူး။ ပြီးတော့ Isolation ဆိုတာဘာလဲQuarantine ဆိုတာဘာလဲ လုံးဝ နားမလည်ဘူးဖြစ်နေကြတယ်။ အဲ့သလို Quarantine တို့ Isolation တို့ခေါ်ရင် သူတို့က အရမ်းစိုးရိမ်တယ်။ ဘယ်လိုစိုးရိမ်သလဲဆိုရင် သူတို့ကို အပြင်ခေါ်သွားပြီးတော့ ဘယ်ကနေ ဘယ်ကိုခေါ်သွားမှန်းမသိ ဆေးထိုးပြီးတော့ အသေသတ်လိုက်မှာကို ဒုက္ခသည်တွေက စိုးရိမ်စိတ်တွေဖြစ်နေကြတာ အများအားဖြင့်တော့ဒီရောဂါနဲ့ပတ်သက်ပြီးတော့ ဒီမှာက နားမလည်တဲ့ သူတွေဖြစ်နေတယ်။ ဒါကြောင့် ဒီမှာ အဖွဲ့အစည်းတွေအနေနဲ့ အင်အားတွေတိုးချဲ့ပြီး လုပ်သင့်တယ်၊ကျနော်တို့ ရိုဟင်ဂျာဒုက္ခသည်တွေကို ဝန်ထမ်းခန့်ရမယ်။ ဒုက္ခသည်တွေထဲကနေ ခေါ်ပြီး သင်တန်းတွေ တက်ရမယ်။ အဲ့ကနေတဆင့် စခန်းထဲကို ပြန်ပြီးတော့ ပညာပေးတာတို့ ဘာတို့ အဲ့တာလုပ်သင့်တယ်။ ဒါမျိုးမဟုတ်ရင်တော့ ဒုက္ခသည်တွေက နားလည်မှာမဟုတ်ပါဘူး။ ကျန်တာကတော့ ဒီမှာလောလောဆယ် Lock Down ပါ ကော့ဇ်ဘဇားခရိုင်ကို အနီရောင်နယ်မြေအဖြစ်သတ်မှတ်လိုက်တယ်။ ဒီနေ့ကနေစပြီးတော့ ကားတွေ ပိတ်ထားလိုက်တာ ရှိတယ်။”

အခုဆိုရင်တော့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ ဈေးဆိုင်တွေကိုတောင် ဖွင့်ခွင့်မပေးတော့ပဲ ယာဉ်အသွားအလာ လုံးဝကန့်သတ် ပိတ်ပင်လိုက်သလို ဒုက္ခသည်တွေကိုလည်း အပြင်ထွက်ခွင့် မပြုတော့ပဲ လုံခြုံရေး တိုးချလိုက်တဲ့အတွက် အလွန်စိုးရိမ်နေကြတယ်လို့ ကုတုပလောင် ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ဦးအီစလံကပြောပါတယ်။

“ ကိုဗစ်၁၉ ကိုရိုနာဗိုင်းရပ်စ် အဲ့ဒီ့အတွက်ကြောင့် ရိုဟင်ဂျာဒုက္ခသည်စခန်းတွေထဲ အသွားအလာ လုံးဝပိတ်လိုက်ပါတယ်။ အရင်ဆို ဈေးဆိုင်တွေ ဖွင့်လှစ်လို့ရသေးတယ်။ အခုကတော့ ဒီနေ့ကစပြီး ဈေးဆိုင်တွေ အကုန်ပိတ်ခိုင်းထားပါတယ်။ နောက် ကားအသွားအလာတွေလည်း လုံးဝ ပိတ်ခိုင်းလိုက်ပါတယ်။ နောက် လမ်းမကြီးတွေပေါ်မှာဆိုရင် လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်တပ်တွေကတော့- သူတို့က အစောင့်နေရာယူထားပါတယ်။ လမ်းမကြီးတွေပေါ်မှာ ဆိုရင် လူအသွားအလာပိတ်လိုက်ပါတယ်။ ဒုက္ခသည်စခန်းတိုင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရရော၊ ကုလအဖွဲ့အစည်းတွေကရော ဒီနေ့လည်း အသံချဲ့စက်တွေနဲ့ ရော ဆောင်းဘောက်စ်တွေနဲ့ပါ သူတို့လိုက်လံကြေညာနေပါတယ် ကိုဗစ်၁၉နဲ့ပတ်သက်ပြီးတော့ ဒီမှာက ရောဂါရဲ့အခြေအနေကို လူတိုင်းက မသိကြဘူးခင်ဗျ။ ခက်နေတာက လူတွေက ကိုဗစ်၁၉ ဆိုတာဘာလဲ ဒီရောဂါကူးစက်လာရင် ဘယ်လိုဖြစ်လာမလဲ ဒီရောဂါကြောင့် ဘယ်လိုသေဆုံးမှုတွေရှိသလဲဆိုတဲ့ ကျမ်းမာရေးအသိပညာပိုင်း နားမလည်ကြတာများပါတယ်ခင်ဗျာ။ အခု ကိုဗစ်ရောဂါဖြစ်နေတဲ့ ဒုက္ခသည် ၂ဦးက အဲ့ဒီ့ကွာရမ်တင်းနေရာကနေ တိမ်းရှောင်သွားတယ်လို့ ကြားရတာကို စိတ်မကောင်းဘူး အမှန်တော့ သူတို့က နားမလည်လို့ တိမ်းရှောင်သွားကြတာလို့ တိမ်းရှောင်တာလို့ ယူဆတယ်။ ဒီအတွက်ကြောင့် ရိုဟင်ဂျာတွေက တနေရာတည်းစုပြုံနေကြရတာဆိုတော့- ကူးစက်မှုတွေ ပျံ့နှံ့လာမှာကို အထူးစိုးရိမ်နေကြပါတယ်။ ဒါကြောင့် ကုလအဖွဲ့အစည်းတွေရော ဘင်္ဂလားဒေ့ရှ်အစိုးရကပါ ရိုဟင်ဂျာဒုက္ခသည်တွေ အတွက် ကျန်းမာရေးစောင့်ရှောက်မှုပိုင်း ဒီ့ထက်ပိုရစေဖို့ အထူးတောင်းဆိုချင်ပါတယ်ခင်ဗျ။”

ဂျန်တော်လီဒုက္ခသည်စခန်းက ဦးမောင်ကျော်မြင့်ကလည်း အခြေအနေက နဂိုကမှ စိုးရိမ်နေကြရတဲ့ အထဲ အခုလို ကူးစက်မှုတွေဖြစ်လာတာ ပိတ်ပင်တားဆီးမှုတွေနဲ့စစ်ဆေးတာတွေ လုပ်လာတော့ ဒုက္ခသည်တွေ ကြားမှာ သတင်းအချက်အလက် အတိအကျလည်း မရတာမို့ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ပြောပါတယ်။

“ အခြေအနေက တော်တော်ကိုဆိုးလာနေပြီ ကော့ဇ်ဘဇားခရိုင်ကို Red Zone လို့သတ်မှတ်လိုက်တယ်ကြားတယ်။ အဲ့တာကြောင့်မို့ ကျနော်တို့က တအားကို စိတ်ပူနေပါတယ်။ အဲ့တာကြောင့် အခြေအနေက မကောင်းဘူး လူတွေလည်း အခြေအနေဆိုးဝါးသွားပြီလို့ လူတွေက ကမ့်ထဲမှာပဲ နေကြရတာဆိုတော့ စိုးရိမ်တာက စိုးရိမ်တာ ဘာဖြစ်လို့ဆိုရင် အခြေအနေက အရမ်းဆိုးသွားပြီ အခုက ဘာတခုမှ သေချာပြင်ဆင်ထားတာမရှိဘူး နဂိုအတိုင်းပဲ။”

ဒုက္ခသည်စခန်းတွေမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြီး ဖြစ်ပွားခဲ့မယ်ဆိုရင် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ဆေးဝါးပစ္စည်း အထောက်အပံ့တွေ အရေးပေါ်လိုအပ်လာနိုင်တယ်လို့ လူသားချင်းစာနာမှု အကူအညီပေးရေး အဖွဲ့တွေက မကြာသေးခင်ကပဲ သတိပေးထားတာပါ။

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးတွေအတွင်း အဲဒီမှာရှိတဲ့ ရိုဟင်ဂျာတွေသိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးတိမ်းရှောင် ခိုလှုံနေကြရတာဖြစ်ပြီး သူတို့တွေ နေရပ်ပြန်လာနိုင်ရေး ရိုဟင်ဂျာဆိုတဲ့အသုံးကို လက်မခံထားတဲ့ မြန်မာအစိုးရဘက်ကတော့ ဒုက္ခသည်တွေ လက်ခံရေး ဆောင်ရွက်ချက် သဘောတူညီမှုတွေနဲ့ ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ အခုအချိန်အထိကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတဝှမ်း COVID-19ကူးစက်သူပေါင်း ၆၅၇၆၉ ဦး ကျော်သွားပြီ ကိုဗစ်ကြောင့် သေဆုံးသူ ၉၀၀ နီးပါး ရှိနေပါတယ်။

ဆက္စပ္သတင္းမ်ား ...

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG