သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

နယ္စပ္က တရားမ၀င္ ၀င္လာသူေတြေၾကာင့္ ကပ္ေရာဂါကူးစက္မွာ ရခုိင္ေဒသခံေတြစုိးရိမ္


ဘဂၤလားေဒ့ရွ္ႏိုင္ငံ Cox's Bazar ခရိုင္အတြင္းက ဒုကၡသည္စခန္းတခုမွာ ေတြ႔ရတဲ့ ရိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕။ (ဧၿပီ ၀၈၊ ၂၀၁၉)

[Zawgyi/Unicode]

COVID-19 ေရာဂါျဖစ္ပြားေနဆဲကာလမွာ ဘဂၤလားေဒ့ရွ္နိုင္ငံ ဒုကၡသည္စခန္းကေန ရခိုင္ျပည္နယ္ ေမာင္ေတာၿမိဳ႕နယ္ဘက္ကို တရားမ၀င္ နယ္စပ္ျဖတ္ေက်ာ္ ၀င္ေရာက္လာတဲ့သူေတြေၾကာင့္ ေဒသခံေတြ စိုးရိမ္ေနရတဲ့ အေျခအေနအေၾကာင္းကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုႏိုင္ကြန္းအိန္က တင္ဆက္ေပးပါမယ္။

ကိုဗစ္အနီေရာင္နယ္ေျမအျဖစ္ သတ္မွတ္ခံထားရတဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံ ေကာ့စ္ဘဇားခရိုင္အတြင္းက ရိုဟင္ဂ်ာဒုကၡသည္တခ်ိဳ႕ တရားမ၀င္အေပါက္ကေနတဆင့္ ေမာင္ေတာခရိုင္ဘက္ကို တရားမဝင္ ျပန္လည္ဝင္ေရာက္မႈေတြ ရွိေနလို႔ ေရာဂါျဖစ္ပြားမွာ ေဒသခံေတြ စိုးရိမ္ေနၾကတာပါ။

ဇြန္လ ၅ ရက္ေန႔တုန္းက ဘဂၤလားနယ္စပ္ကေနတဆင့္ ဘူးသီးေတာင္ၿမိဳ႕နယ္ထဲကို တရားမ၀င္ ၀င္ေရာက္လာသူ ရွစ္ ဦးကို ေတြ႕ရွိရျပီး သူတို႔တေတြကို သီးသန္႔ခြဲေဆးစစ္ေဆးေနတယ္လို႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးေ႐ႊလွေအာင္က ဗြီအိုေအကေျပာပါတယ္။

“ရြာကို ေရာက္လာတာရွိတယ္။ လူႀကီးက ေျခာက္ေယာက္၊ ကေလးက တႏွစ္၊ ႏွစ္ႏွစ္က ႏွစ္ေယာက္ အားလုံးက ရွစ္ ေယာက္။ က်ေနာ္တို႔ၿမိဳ႕နယ္က ေမာင္ေတာနယ္ဘက္နဲ႔ ထိစပ္ေနတာကိုး။ အဲတာအခု Facility Quarantine လုပ္ထားတယ္။ Facility Quarantine ၂၁ ရက္ထားမယ္။ ၂၁ ရက္ထားျပီးရင္ သူတို႔ အိမ္ေတြရွိပါတယ္။ သူတို႔ အိမ္မွာ တပတ္ထားျပီးတာနဲ႔ က်ေနာ္တို႔ ခိုး၀င္လာတဲ့လူေတြကို လုပ္ထုံးလုပ္နည္းနဲ႔အညီ ေနရပ္ကိုျပန္ပို႔ ေပးရမယ္။ အ၀င္ျပရမွာေပါ့ဗ်ာ။ အ၀င္ျပၿပီးမွ ကိုယ့္ေနရာကိုျပန္လာရမယ္။ နယ္စပ္လက္ခံေရးစခန္းကို ျပန္ပို႔ေပးရမယ္ က်ေနာ္တို႔က။”

ျပီးခဲ့တဲ့ဇြန္လ ၅ ရက္ေန႔က နယ္စပ္ကေနတဆင့္ ဒုကၡသည္ ေလးဦး ထပ္မံ၀င္ေရာက္လာသလို ဧျပီလကုန္ပိုင္းကလဲ လွဖိုးေခါင္စခန္းကတဆင့္ ၀င္ေရာက္လာသူေတြ ငါးေယာက္အထဲက တဦး ေရာဂါပိုးေတြ႕ရွိရတာေၾကာင့္ စိုးရိမ္ေနရတယ္လို႔ ေမာင္ေတာျမိဳ႕နယ္ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ဦးေမာင္အုန္းက ေျပာပါတယ္။

“ေျပာေနရင္းနဲ႔ ၀င္ကို၀င္လာတယ္။ ေနာက္ထပ္ ေလးေယာက္၀င္လာတယ္။ ၅ ရက္ေန႕က ၀င္လာတယ္။ ကဲ အဲတာ က်ေနာ္တို႔ ဘယ္လိုလုပ္ၾကမလဲ။ ပထမတေယာက္ေတြ႕တာကေတာ့ ၃၀ ရက္ေန႔ကခင္ဗ်။ ၃၀ ရက္ေန႔က ၀င္ျပီးေတာ့ သူ႕ေနအိမ္မွာ ဦးရွဥ့္က်မွာ သူတည အိပ္တယ္။ တညအိပ္ျပီးတာနဲ႔ ၃၁ ရက္ေန႔ လွဖိုးေခါင္ေရာက္တယ္။ လွဖိုး ေခါင္ေရာက္တယ္ဆိုတာက အဲဒီရြာက အုပ္ခ်ဳပ္ေရးမွဴးေတြက ေက်းရြာတာ၀န္ခံေတြက သတင္းေပးလို႔ ေရာက္တာ။ သူတို႔ ငါးေယာက္ကို။ သူတို႔ သတင္းလာမေပးလို႔ ရွိရင္ အကုန္လုံး ဟိုဒင္းျဖစ္သြားမွာပဲ။ အခုအဲဒီရြာမွာေနခဲ့တဲ့အတြက္ အဲဒီရြာက ၃၂ ေယာက္ကို က်ေနာ္တို႔ Quarantine လုပ္ထားတယ္။ လွဖိုးေခါင္စခန္းမွာ။ အဲဒီ COVID-19 နဲ႔ ပတ္သက္လို႔ စိုးရိမ္စရာကေတာ့ အတိုင္းထက္အလြန္ပါပဲ။ အဲဒီလိုနယ္စပ္ကို မထိန္းခ်ဳပ္နိုင္လို႔ အဲဒီလိုပုံစံမ်ိဳးေတြျဖစ္ျဖစ္ေနတာ။”

ေမာင္ေတာျမိဳ႕နယ္ ကပၸေကာင္းေက်း႐ြာအုပ္ခ်ဳပ္ေရးမွဴး ေမာင္ဆမ္းကလည္း ဒီလိုတရားမ၀င္ ၀င္ေရာက္မႈေတြ ရွိေနလို႔ စိုးရိမ္ေနရတယ္လို႔ ဆိုပါတယ္။

“သူတို႔ ဒီလို အလွမ္းက်ယ္တဲ့ေနရာကို ခိုး၀င္ျပီးေတာ့ လာလို႔ရွိရင္ေတာ့ တေယာက္စ၊ ႏွစ္ေယာက္စကေနျပီးေတာ့ ဒီလို အေလးမထားနိုင္ရင္ေတာ့ ဒုကၡေပးနိုင္ပါတယ္။ အမ်ားၾကီး ကူးစက္သြားနိုင္တယ္ေပါ့အဲတာကို။”

နယ္ျခားေစာင့္တပ္ေတြကို ARSA အဖြဲ႕ေတြနဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႔က ဒီရက္ပိုင္းအတြင္း တိုက္ခိုက္မႈေတြ ရွိေနလို႔ နယ္စပ္လံုၿခံဳေရးမွာ စိုးရိမ္စရာရိွေနတယ္လို႔ ေဒသခံအာဏာပိုင္ေတြက ေျပာပါတယ္။ ေမာင္ေတာခရိုင္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးေအာင္ကေတာ့ ျမန္မာအာဏာပိုင္ေတြအေနနဲ႔ နယ္စပ္လုံျခံဳေရးကို တတ္နိုင္သေလာက္လုပ္ေဆာင္ေနတယ္လို႔ ဆိုပါတယ္။

“ရသေလာက္ေတာ့ တားစီးေနတာပဲေလ။ အေစာင့္ေတြကေတာ့ လုပ္ထားတာပဲ ဧရိယာႀကီးက အက်ယ္ႀကီးပဲေလ။”

ေမာင္ေတာေဒသနဲ႔ နတ္ျမစ္တစ္ခုတည္းသာ ျခားထားတဲ့ ဘဂၤလားေဒ့ရွ္နိုင္ငံ ေကာ့စ္ဘဇားခရိုင္က ရိုဟင္ဂ်ာဒုကၡသည္စခန္းထဲမွာ ကိုရိုနာဗိုင္းရပ္ကူးစက္ခံရသူ ဒုကၡသည္ ၃၀ ေက်ာ္ေနျပီး အေတာ္မ်ားမ်ားကို သီးသန္႔ခဲြေစာင့္ၾကည့္မႈေတြ လုပ္ထားရတယ္လို႔ ဘဂၤလားေဒ့ရ္ွေဒသတြင္း သတင္းေတြမွာ ေဖာ္ျပပါတယ္။ ဒါေၾကာင့္လည္း ရိုဟင္ဂ်ာစခန္းတည္ရိွတဲ့ ခရိုင္ကို အနီေရာင္သတ္မွတ္ၿပီး အသြားအလာအ၀င္အထြက္ေတြ တင္းၾကပ္ထားပါတယ္။

ဘဂၤလားေဒ့ရွ္နိုင္ငံ က်န္းမာေရးဝန္ႀကီးဌာနရဲ့ ထုတ္ျပန္ခ်က္အရ အခု ဇြန္လ ၈ ရက္ေန႔ထိဆိုရင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ကိုရိုနာဗိုင္းရပ္ ဓါတ္ခဲြနမူနာယူစမ္းသပ္ေတြ႔ရိွသူ ၇၀,၀၀၀ နီးပါးရိွသြားၿပီး ေသဆံုးသူကလည္း ၉၀၀ ေက်ာ္သြားပါၿပီ။ ဒီလိုေရာဂါကူးစက္မႈ ျမင့္မားလာလို႔ ဒုကၡသည္စခန္းကလူေတြ ျမန္မာနိုင္ငံဘက္ကို တရားမ၀င္ ၀င္ေရာက္လာတာျဖစ္ တာလို႔လည္း ေဒသခံေတြက ဆိုပါတယ္။

ရခိုင္ျပည္နယ္မွာ၂၀၁၇ ခုႏွစ္တုန္းက အစိုးရတပ္ရဲ႕ နယ္ေျမရွင္းလင္းေရး စစ္ဆင္ေရးအတြင္း ေဒသခံ ရိုဟင္ဂ်ာ မြတ္စလင္ သိန္းဂဏန္း အိမ္နီးခ်င္း ဘဂၤလားေဒ့ရ္ွထဲ ထြက္ေျပးသြားခဲ့ၾကပါတယ္။ ျမန္မာအစိုးရဘက္က ရိုဟင္ဂ်ာ ဆိုတဲ့အသံုးအႏႈန္းကို လက္မခံေပမဲ့လို႔ ဒီ ဒုကၡသည္ေတြကို စိစစ္လက္ခံမယ္လို႔ ဂတိေပးထားပါတယ္။ လက္ရွိ COVID-19 ေရာဂါျဖစ္ပြားေနဆဲအေျခအေနေၾကာင့္ ျပန္လည္ၾကိဳဆိုေရးစခန္းေတြကို ပိတ္ပင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

နယ်စပ်က တရားမဝင် ဝင်လာသူတွေကြောင့် ကပ်ရောဂါကူးစက်မှာ ရခိုင်ဒေသခံတွေစိုးရိမ်

COVID-19 ရောဂါဖြစ်ပွားနေဆဲကာလမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းကနေ ရခိုင်ပြည်နယ် မောင်တောမြို့နယ်ဘက်ကို တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့သူတွေကြောင့် ဒေသခံတွေ စိုးရိမ်နေရတဲ့ အခြေအနေအကြောင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုနိုင်ကွန်းအိန်က တင်ဆက်ပေးပါမယ်။

ကိုဗစ်အနီရောင်နယ်မြေအဖြစ် သတ်မှတ်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်အတွင်းက ရိုဟင်ဂျာဒုက္ခသည်တချို့ တရားမဝင်အပေါက်ကနေတဆင့် မောင်တောခရိုင်ဘက်ကို တရားမဝင် ပြန်လည်ဝင်ရောက်မှုတွေ ရှိနေလို့ ရောဂါဖြစ်ပွားမှာ ဒေသခံတွေ စိုးရိမ်နေကြတာပါ။

ဇွန်လ ၅ ရက်နေ့တုန်းက ဘင်္ဂလားနယ်စပ်ကနေတဆင့် ဘူးသီးတောင်မြို့နယ်ထဲကို တရားမဝင် ဝင်ရောက်လာသူ ရှစ် ဦးကို တွေ့ရှိရပြီး သူတို့တတွေကို သီးသန့်ခွဲဆေးစစ်ဆေးနေတယ်လို့ ဘူးသီးတောင်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးရွှေလှအောင်က ဗွီအိုအေကပြောပါတယ်။

“ရွာကို ရောက်လာတာရှိတယ်။ လူကြီးက ခြောက်ယောက်၊ ကလေးက တနှစ်၊ နှစ်နှစ်က နှစ်ယောက် အားလုံးက ရှစ် ယောက်။ ကျနော်တို့မြို့နယ်က မောင်တောနယ်ဘက်နဲ့ ထိစပ်နေတာကိုး။ အဲတာအခု Facility Quarantine လုပ်ထားတယ်။ Facility Quarantine ၂၁ ရက်ထားမယ်။ ၂၁ ရက်ထားပြီးရင် သူတို့ အိမ်တွေရှိပါတယ်။ သူတို့ အိမ်မှာ တပတ်ထားပြီးတာနဲ့ ကျနော်တို့ ခိုးဝင်လာတဲ့လူတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ နေရပ်ကိုပြန်ပို့ ပေးရမယ်။ အဝင်ပြရမှာပေါ့ဗျာ။ အဝင်ပြပြီးမှ ကိုယ့်နေရာကိုပြန်လာရမယ်။ နယ်စပ်လက်ခံရေးစခန်းကို ပြန်ပို့ပေးရမယ် ကျနော်တို့က။”

ပြီးခဲ့တဲ့ဇွန်လ ၅ ရက်နေ့က နယ်စပ်ကနေတဆင့် ဒုက္ခသည် လေးဦး ထပ်မံဝင်ရောက်လာသလို ဧပြီလကုန်ပိုင်းကလဲ လှဖိုးခေါင်စခန်းကတဆင့် ဝင်ရောက်လာသူတွေ ငါးယောက်အထဲက တဦး ရောဂါပိုးတွေ့ရှိရတာကြောင့် စိုးရိမ်နေရတယ်လို့ မောင်တောမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဦးမောင်အုန်းက ပြောပါတယ်။

“ပြောနေရင်းနဲ့ ဝင်ကိုဝင်လာတယ်။ နောက်ထပ် လေးယောက်ဝင်လာတယ်။ ၅ ရက်နေ့က ဝင်လာတယ်။ ကဲ အဲတာ ကျနော်တို့ ဘယ်လိုလုပ်ကြမလဲ။ ပထမတယောက်တွေ့တာကတော့ ၃၀ ရက်နေ့ကခင်ဗျ။ ၃၀ ရက်နေ့က ဝင်ပြီးတော့ သူ့နေအိမ်မှာ ဦးရှဉ့်ကျမှာ သူတည အိပ်တယ်။ တညအိပ်ပြီးတာနဲ့ ၃၁ ရက်နေ့ လှဖိုးခေါင်ရောက်တယ်။ လှဖိုး ခေါင်ရောက်တယ်ဆိုတာက အဲဒီရွာက အုပ်ချုပ်ရေးမှူးတွေက ကျေးရွာတာဝန်ခံတွေက သတင်းပေးလို့ ရောက်တာ။ သူတို့ ငါးယောက်ကို။ သူတို့ သတင်းလာမပေးလို့ ရှိရင် အကုန်လုံး ဟိုဒင်းဖြစ်သွားမှာပဲ။ အခုအဲဒီရွာမှာနေခဲ့တဲ့အတွက် အဲဒီရွာက ၃၂ ယောက်ကို ကျနော်တို့ Quarantine လုပ်ထားတယ်။ လှဖိုးခေါင်စခန်းမှာ။ အဲဒီ COVID-19 နဲ့ ပတ်သက်လို့ စိုးရိမ်စရာကတော့ အတိုင်းထက်အလွန်ပါပဲ။ အဲဒီလိုနယ်စပ်ကို မထိန်းချုပ်နိုင်လို့ အဲဒီလိုပုံစံမျိုးတွေဖြစ်ဖြစ်နေတာ။”

မောင်တောမြို့နယ် ကပ္ပကောင်းကျေးရွာအုပ်ချုပ်ရေးမှူး မောင်ဆမ်းကလည်း ဒီလိုတရားမဝင် ဝင်ရောက်မှုတွေ ရှိနေလို့ စိုးရိမ်နေရတယ်လို့ ဆိုပါတယ်။

“သူတို့ ဒီလို အလှမ်းကျယ်တဲ့နေရာကို ခိုးဝင်ပြီးတော့ လာလို့ရှိရင်တော့ တယောက်စ၊ နှစ်ယောက်စကနေပြီးတော့ ဒီလို အလေးမထားနိုင်ရင်တော့ ဒုက္ခပေးနိုင်ပါတယ်။ အများကြီး ကူးစက်သွားနိုင်တယ်ပေါ့အဲတာကို။”

နယ်ခြားစောင့်တပ်တွေကို ARSA အဖွဲ့တွေနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့က ဒီရက်ပိုင်းအတွင်း တိုက်ခိုက်မှုတွေ ရှိနေလို့ နယ်စပ်လုံခြုံရေးမှာ စိုးရိမ်စရာရှိနေတယ်လို့ ဒေသခံအာဏာပိုင်တွေက ပြောပါတယ်။ မောင်တောခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးအောင်ကတော့ မြန်မာအာဏာပိုင်တွေအနေနဲ့ နယ်စပ်လုံခြုံရေးကို တတ်နိုင်သလောက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

“ရသလောက်တော့ တားစီးနေတာပဲလေ။ အစောင့်တွေကတော့ လုပ်ထားတာပဲ ဧရိယာကြီးက အကျယ်ကြီးပဲလေ။”

မောင်တောဒေသနဲ့ နတ်မြစ်တစ်ခုတည်းသာ ခြားထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့စ်ဘဇားခရိုင်က ရိုဟင်ဂျာဒုက္ခသည်စခန်းထဲမှာ ကိုရိုနာဗိုင်းရပ်ကူးစက်ခံရသူ ဒုက္ခသည် ၃၀ ကျော်နေပြီး အတော်များများကို သီးသန့်ခွဲစောင့်ကြည့်မှုတွေ လုပ်ထားရတယ်လို့ ဘင်္ဂလားဒေ့ရ်ှဒေသတွင်း သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါကြောင့်လည်း ရိုဟင်ဂျာစခန်းတည်ရှိတဲ့ ခရိုင်ကို အနီရောင်သတ်မှတ်ပြီး အသွားအလာအဝင်အထွက်တွေ တင်းကြပ်ထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ အခု ဇွန်လ ၈ ရက်နေ့ထိဆိုရင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ် ဓါတ်ခွဲနမူနာယူစမ်းသပ်တွေ့ရှိသူ ၇၀,၀၀၀ နီးပါးရှိသွားပြီး သေဆုံးသူကလည်း ၉၀၀ ကျော်သွားပါပြီ။ ဒီလိုရောဂါကူးစက်မှု မြင့်မားလာလို့ ဒုက္ခသည်စခန်းကလူတွေ မြန်မာနိုင်ငံဘက်ကို တရားမဝင် ဝင်ရောက်လာတာဖြစ် တာလို့လည်း ဒေသခံတွေက ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ၂၀၁၇ ခုနှစ်တုန်းက အစိုးရတပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ဒေသခံ ရိုဟင်ဂျာ မွတ်စလင် သိန်းဂဏန်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရ်ှထဲ ထွက်ပြေးသွားခဲ့ကြပါတယ်။ မြန်မာအစိုးရဘက်က ရိုဟင်ဂျာ ဆိုတဲ့အသုံးအနှုန်းကို လက်မခံပေမဲ့လို့ ဒီ ဒုက္ခသည်တွေကို စိစစ်လက်ခံမယ်လို့ ဂတိပေးထားပါတယ်။ လက်ရှိ COVID-19 ရောဂါဖြစ်ပွားနေဆဲအခြေအနေကြောင့် ပြန်လည်ကြိုဆိုရေးစခန်းတွေကို ပိတ်ပင်ထားပါတယ်။

XS
SM
MD
LG