သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

တုိက္ပဲြျဖစ္မွာ စုိးရိမ္မႈေၾကာင့္ ရခုိင္ေဒသခံ ေထာင္ခ်ီ တိမ္းေရွာင္


၂၀၁၈ ခုႏွစ္က ရခုိင္ျပည္နယ္တြင္း ျမန္မာ့တပ္မေတာ္နဲ႔ AA တုိက္ပြဲေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရသည့္ ေဒသခံမ်ား။ (ဒီဇင္ဘာ ၂၃၊ ၂၀၁၈)

(Zawgyi / Unicode)

ရခိုင္ျပည္နယ္မွာ နယ္ျခားေစာင့္စခန္းတခုကုိ AA ရခုိင္လက္နက္ကုိင္အဖဲြ႔က တိုက္ခုိက္ခဲ့ၿပီးေနာက္ ေနာက္ဆက္တဲြ တုိက္ပဲြေတြျဖစ္မွာ စုိးရိမ္မႈေတြေၾကာင့္ ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ တိမ္းေရွာင္ေနၾကပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။

ရေသ့ေတာင္ၿမိဳ႕နယ္ထဲက သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္းကို ၿပီးခဲ့တဲ့ ေသာၾကာေန႔တုန္းက တိုက္ခိုက္ခဲ့တဲ့ AA ရခိုင္လက္နက္ကိုင္အဖြဲ႔ကုိ ျမန္မာစစ္တပ္က လုိက္လံရွင္းလင္းေနခ်ိန္မွာပဲ တုိက္ပဲြေတြ ႀကီးထြားလာမွာကုိ ေဒသခံေတြ စုိးရိမ္ေနၾကတာပါ။ ဒီအတြက္လည္း ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္ အစပ္က ေက်းရြာေတြက ေထာင္နဲ႔ခ်ီတဲ့ ေဒသခံေတြ ရေသ့ေတာင္ၿမိဳ႕နယ္ ေစတီျပင္ စစ္ေရွာင္စခန္းဘက္ကို တိမ္းေရွာင္လာေနေၾကာင္း စခန္းတာ၀န္ရွိသူတဦးက ေျပာပါတယ္။

“ဘူးသီးေတာင္ၿမိဳ႕နယ္က အတြင္းျပင္၊ အိုးသည္မ၊ ဒိုးေ၀ရြာ၊ ေနာက္ ေအာင္ေဇယ် အဲဒီရြာေတြက ဘူးသီးေတာင္ၿမိဳ႕နယ္က ေျပးလာတဲ့ရြာေတြ။ ရေသ့ေတာင္ၿမိဳ႕နယ္က်ေတာ့ ဟိုတေန႔က ရဲစခန္းကို ၀င္တိုက္တုန္းကရြာ သဇင္ၿမိဳင္၊ ငလွမ္းျပင္၊ ျပင္ရွည္၊ ခၽြတ္ျပင္ အဲဒီဘက္ ရြာေတာ္ေတာ္မ်ားမ်ားကေတာ့ ေစတီျပင္ ေျပးလာၾကတယ္။ ၂၀၀၀ ေက်ာ္ေက်ာ္ေလာက္ေတာ့ ရွိမယ္ထင္တယ္။ ဖက္လိပ္ဘက္ကိုလည္း ဆင္းေျပးတာရွိတယ္။ တိုက္ပြဲျဖစ္မွာကိုစိုးလို႔။ ရြာနားမွာ တိုက္ပြဲျဖစ္ရင္ ရြာသားေတြက ၾကားညပ္မွာစိုးလို႔ေပါ့။”

မေန႔က ေအာင္ေဇယ်ေက်းရြာဘက္က ေပါက္ကြဲသံနဲ႔အတူ ေသနတ္ပစ္သံ ၾကားရလို႔ စိုးရိမ္စိတ္နဲ႔ တိမ္းေရွာင္လာၾကတာပါ။

ဒါ့အျပင္ ရေသ့ေတာင္နဲ႔ ဘူးသီးေတာင္ၿမိဳ႕နယ္အစပ္ ေမယုျမစ္ဘက္မွာ တပ္မေတာ္ ေရတပ္သေဘၤာေတြ တက္လာတာေၾကာင့္ အိုးေဖာက္ ေဇယ်ာၿမိဳင္ဘက္က ရြာသား ၃၀၀ ခန္႔ဟာ ဘူးသီးေတာင္ၿမိဳ႕နယ္ ေသကံခြဆုံ ရြာဘက္ကို တိမ္းေရွာင္ေနၾကတယ္လို႔ ခြဆံုေက်းရြာဆရာေတာ္ ဦးပညာဗလက မိန္႔ပါတယ္။

“အခုေရာက္ေနတယ္ ဒကာႀကီး။ အိုးေဖာက္ကရယ္ ၿပီးရင္ ေဇယ်ာၿမိဳင္က ေရာက္ၾကတယ္။ လူဦးေရကေတာ့ အခု ေရာက္လာတာက ၃၀၀ ေက်ာ္ေလာက္ရွိတယ္။ ဘာျဖစ္လဲဆိုေတာ NAVY တက္လာလို႔ေလ။ ျမစ္ေၾကာင္း တက္လာလို႔ေလ။ တက္လာလို႔ရွိရင္ ပစ္လည္း ပစ္တက္လာတယ္။ သူတို႔က စိုးရိမ္လို႔ ေရွာင္လာၾကတယ္ေလ။”

မေန႔က ေရတပ္ကေန ပစ္ခတ္မႈေၾကာင့္ ရေသ့ေတာင္ၿမိဳ႕နယ္၊ မယူကမ္း ေစတီျပင္ေက်းရြာ အနီးဝန္းက်င္မွာရွိတဲ့ ေက်းရြာဘက္မွာ လက္နက္က်ည္ က်ေရာက္ေပါက္ကြဲခဲ့လို႔ ကေလးငယ္ မိခင္ အမ်ိဳးသမီးတဦး အပါအဝင္ လူ ၅ ဦး ဒဏ္ရာရရွိခဲ့ပါတယ္။

ဒီဒဏ္ရာရရွိသူေတြကို ေစတီျပင္ေဆး႐ုံမွာ ေဆးကုသမႈ ခံယူေနရတယ္လို႔ ေစတီျပင္ စစ္ေရွာင္စခန္း တာ၀န္ရွိသူတဦးက ေျပာပါတယ္။

“မေန႔က စစ္တပ္က NAVY ကေနၿပီးေတာ့ ျမစ္ကို စုန္ဆန္သြားၿပီးေတာ့ ရြာေတြကို လွမ္းပစ္တာရွိတယ္။ ရြာသားေတြ ဒဏ္ရာရတာ ၅ ေယာက္ေလာက္ရွိတယ္။ ခံရတာက ရေသ့ေတာင္ၿမိဳ႕နယ္ ဒိုးေ၀ေခ်ာင္း၊ ေနာက္ၿပီး ေအာင္ေဇကုန္း၊ စဖိုကြ်န္း၊ ကံျပင္၊ အဲဒီရြာေတြကလူေတြ ၅ ေယာက္ေလာက္ ဒဏ္ရာရတယ္။ ေစတီျပင္ေဆး႐ုံ တင္ထားတယ္ အခု။”

ဒဏ္ရာရရွိသူေတြကေတာ့ စဖိုကၽြန္းေက်းရြာက ကေလးမိခင္ မမ်ိဳးသူဇာ ၂၃ ႏွစ္၊ ေအာင္ေဇကုန္းေက်းရြာက ၉ တန္းေက်ာင္းသား ေမာင္ေက်ာ္ဝင္းထြန္း၊ ကံျပင္ကယ္ဆယ္ေရးစခန္းက ဦးေမာင္သန္းထြန္း၊ ဒိုးေဝေခ်ာင္း ေက်းရြာက ၉ တန္းေက်ာင္းသား ေမာင္ၿငိမ္းသန္းနဲ႔ ကိုစိုးလႈိင္ထြန္း (၂၆) ႏွစ္တို႔ ျဖစ္ၾကပါတယ္။

ေဒသခံေတြကေတာ့ တိုက္ပြဲျဖစ္ပြားတာ မဟုတ္ဘဲ အေၾကာင္းမဲ့ ပစ္ခတ္တာလို႔ ဆိုပါတယ္။

တပ္မေတာ္ သတင္းမွန္ျပန္ၾကားေရးအဖြဲ႔ အတြင္းေရးမွဴး ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ရေသ့ေတာင္ၿမိဳ႕နယ္အတြင္း ျဖစ္ပြားခဲ့တဲ့ ပစ္ခတ္တိုက္ခိုက္မႈ ျဖစ္စဥ္ကို မသိရွိေသးဘူးလို႔ ေျပာပါတယ္။

ေမလ ၂၉ ရက္ေန႔ မနက္ပိုင္းမွာ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေန သဇင္ၿမိဳင္ နယ္ျခားေစာင့္စခန္းကို တိုက္ခိုက္ခဲ့ၿပီး ရဲတပ္ဖြဲ႔ဝင္တခ်ိဳ႕ကို ဖမ္းဆီးသြားခဲ့ပါတယ္။ ဒီျဖစ္စဥ္အၿပီး ရေသ့ေတာင္ၿမိဳ႕နယ္ဘက္မွာ တပ္မေတာ္ဘက္ကေန တန္ျပန္ ႏွိမ္နင္းေရးေတြ လုပ္ေဆာင္မႈေတြ ရွိေနတယ္လို႔ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းက ဆိုပါတယ္။

“လုံၿခံဳေရး အကာအကြယ္ေပးေနတဲ့ စခန္းငယ္ေတြကို တိုက္ခိုက္ခဲ့တာျဖစ္တယ္။ တပ္မေတာ္အေနနဲ႔ေတာ့ တန္ျပန္ အၾကမ္းဖက္တိုက္ဖ်က္မႈ ႏွိမ္နင္းေရး စစ္ဆင္ေရးကို ထိေရာက္စြာ ဆက္လက္ေဆာင္ရြက္ေနပါတယ္။”

လက္ရွိ ျမန္မာစစ္တပ္နဲ႔ AA အဖြဲ႔တို႔အၾကား ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာ တိုက္ပြဲျပင္းထန္ ျဖစ္ပြားေနဆဲ ျဖစ္ပါတယ္။

၂၀၁၈ ခုႏွစ္ ဒီဇင္ဘာလကေန ၂၀၂၀ ေမလ ၂၈ ရက္ေန႔အထိ ျဖစ္ပြားခဲ့တဲ့ ႏွစ္ဖက္ စစ္ေရးတင္းမာမႈအတြင္း အရပ္သား ၂၅၆ ဦး ေသဆုံး၊ ၅၅၅ ဦး ဒဏ္ရာရၿပီး ၂ သိန္းနီးပါး စစ္ေဘးတိမ္းေရွာင္ေနရတယ္လို႔ ရခိုင္တိုင္းရင္းသား မ်ိဳးႏြယ္မ်ား အစည္းအ႐ုံးကေန ထုတ္ျပန္ထားပါတယ္။

---------------------------------

(Unicode)

တိုက်ပွဲဖြစ်မှာ စိုးရိမ်မှုကြောင့် ရခိုင်ဒေသခံ ထောင်ချီ တိမ်းရှောင်

ရခိုင်ပြည်နယ်မှာ နယ်ခြားစောင့်စခန်းတခုကို AA ရခိုင်လက်နက်ကိုင်အဖွဲ့က တိုက်ခိုက်ခဲ့ပြီးနောက် နောက်ဆက်တွဲ တိုက်ပွဲတွေဖြစ်မှာ စိုးရိမ်မှုတွေကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ တိမ်းရှောင်နေကြပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။

ရသေ့တောင်မြို့နယ်ထဲက သဇင်မြိုင် နယ်ခြားစောင့်စခန်းကို ပြီးခဲ့တဲ့ သောကြာနေ့တုန်းက တိုက်ခိုက်ခဲ့တဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို မြန်မာစစ်တပ်က လိုက်လံရှင်းလင်းနေချိန်မှာပဲ တိုက်ပွဲတွေ ကြီးထွားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြတာပါ။ ဒီအတွက်လည်း ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ် အစပ်က ကျေးရွာတွေက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ရသေ့တောင်မြို့နယ် စေတီပြင် စစ်ရှောင်စခန်းဘက်ကို တိမ်းရှောင်လာနေကြောင်း စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

“ဘူးသီးတောင်မြို့နယ်က အတွင်းပြင်၊ အိုးသည်မ၊ ဒိုးဝေရွာ၊ နောက် အောင်ဇေယျ အဲဒီရွာတွေက ဘူးသီးတောင်မြို့နယ်က ပြေးလာတဲ့ရွာတွေ။ ရသေ့တောင်မြို့နယ်ကျတော့ ဟိုတနေ့က ရဲစခန်းကို ဝင်တိုက်တုန်းကရွာ သဇင်မြိုင်၊ ငလှမ်းပြင်၊ ပြင်ရှည်၊ ချွတ်ပြင် အဲဒီဘက် ရွာတော်တော်များများကတော့ စေတီပြင် ပြေးလာကြတယ်။ ၂၀၀၀ ကျော်ကျော်လောက်တော့ ရှိမယ်ထင်တယ်။ ဖက်လိပ်ဘက်ကိုလည်း ဆင်းပြေးတာရှိတယ်။ တိုက်ပွဲဖြစ်မှာကိုစိုးလို့။ ရွာနားမှာ တိုက်ပွဲဖြစ်ရင် ရွာသားတွေက ကြားညပ်မှာစိုးလို့ပေါ့။”

မနေ့က အောင်ဇေယျကျေးရွာဘက်က ပေါက်ကွဲသံနဲ့အတူ သေနတ်ပစ်သံ ကြားရလို့ စိုးရိမ်စိတ်နဲ့ တိမ်းရှောင်လာကြတာပါ။

ဒါ့အပြင် ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်အစပ် မေယုမြစ်ဘက်မှာ တပ်မတော် ရေတပ်သင်္ဘောတွေ တက်လာတာကြောင့် အိုးဖောက် ဇေယျာမြိုင်ဘက်က ရွာသား ၃၀၀ ခန့်ဟာ ဘူးသီးတောင်မြို့နယ် သေကံခွဆုံ ရွာဘက်ကို တိမ်းရှောင်နေကြတယ်လို့ ခွဆုံကျေးရွာဆရာတော် ဦးပညာဗလက မိန့်ပါတယ်။

“အခုရောက်နေတယ် ဒကာကြီး။ အိုးဖောက်ကရယ် ပြီးရင် ဇေယျာမြိုင်က ရောက်ကြတယ်။ လူဦးရေကတော့ အခု ရောက်လာတာက ၃၀၀ ကျော်လောက်ရှိတယ်။ ဘာဖြစ်လဲဆိုတော NAVY တက်လာလို့လေ။ မြစ်ကြောင်း တက်လာလို့လေ။ တက်လာလို့ရှိရင် ပစ်လည်း ပစ်တက်လာတယ်။ သူတို့က စိုးရိမ်လို့ ရှောင်လာကြတယ်လေ။”

မနေ့က ရေတပ်ကနေ ပစ်ခတ်မှုကြောင့် ရသေ့တောင်မြို့နယ်၊ မယူကမ်း စေတီပြင်ကျေးရွာ အနီးဝန်းကျင်မှာရှိတဲ့ ကျေးရွာဘက်မှာ လက်နက်ကျည် ကျရောက်ပေါက်ကွဲခဲ့လို့ ကလေးငယ် မိခင် အမျိုးသမီးတဦး အပါအဝင် လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

ဒီဒဏ်ရာရရှိသူတွေကို စေတီပြင်ဆေးရုံမှာ ဆေးကုသမှု ခံယူနေရတယ်လို့ စေတီပြင် စစ်ရှောင်စခန်း တာဝန်ရှိသူတဦးက ပြောပါတယ်။

“မနေ့က စစ်တပ်က NAVY ကနေပြီးတော့ မြစ်ကို စုန်ဆန်သွားပြီးတော့ ရွာတွေကို လှမ်းပစ်တာရှိတယ်။ ရွာသားတွေ ဒဏ်ရာရတာ ၅ ယောက်လောက်ရှိတယ်။ ခံရတာက ရသေ့တောင်မြို့နယ် ဒိုးဝေချောင်း၊ နောက်ပြီး အောင်ဇေကုန်း၊ စဖိုကျွန်း၊ ကံပြင်၊ အဲဒီရွာတွေကလူတွေ ၅ ယောက်လောက် ဒဏ်ရာရတယ်။ စေတီပြင်ဆေးရုံ တင်ထားတယ် အခု။”

ဒဏ်ရာရရှိသူတွေကတော့ စဖိုကျွန်းကျေးရွာက ကလေးမိခင် မမျိုးသူဇာ ၂၃ နှစ်၊ အောင်ဇေကုန်းကျေးရွာက ၉ တန်းကျောင်းသား မောင်ကျော်ဝင်းထွန်း၊ ကံပြင်ကယ်ဆယ်ရေးစခန်းက ဦးမောင်သန်းထွန်း၊ ဒိုးဝေချောင်း ကျေးရွာက ၉ တန်းကျောင်းသား မောင်ငြိမ်းသန်းနဲ့ ကိုစိုးလှိုင်ထွန်း (၂၆) နှစ်တို့ ဖြစ်ကြပါတယ်။

ဒေသခံတွေကတော့ တိုက်ပွဲဖြစ်ပွားတာ မဟုတ်ဘဲ အကြောင်းမဲ့ ပစ်ခတ်တာလို့ ဆိုပါတယ်။

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ရသေ့တောင်မြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပစ်ခတ်တိုက်ခိုက်မှု ဖြစ်စဉ်ကို မသိရှိသေးဘူးလို့ ပြောပါတယ်။

မေလ ၂၉ ရက်နေ့ မနက်ပိုင်းမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ သဇင်မြိုင် နယ်ခြားစောင့်စခန်းကို တိုက်ခိုက်ခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ကို ဖမ်းဆီးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပြီး ရသေ့တောင်မြို့နယ်ဘက်မှာ တပ်မတော်ဘက်ကနေ တန်ပြန် နှိမ်နင်းရေးတွေ လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

“လုံခြုံရေး အကာအကွယ်ပေးနေတဲ့ စခန်းငယ်တွေကို တိုက်ခိုက်ခဲ့တာဖြစ်တယ်။ တပ်မတော်အနေနဲ့တော့ တန်ပြန် အကြမ်းဖက်တိုက်ဖျက်မှု နှိမ်နင်းရေး စစ်ဆင်ရေးကို ထိရောက်စွာ ဆက်လက်ဆောင်ရွက်နေပါတယ်။”

လက်ရှိ မြန်မာစစ်တပ်နဲ့ AA အဖွဲ့တို့အကြား ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ တိုက်ပွဲပြင်းထန် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ် ဒီဇင်ဘာလကနေ ၂၀၂၀ မေလ ၂၈ ရက်နေ့အထိ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် စစ်ရေးတင်းမာမှုအတွင်း အရပ်သား ၂၅၆ ဦး သေဆုံး၊ ၅၅၅ ဦး ဒဏ်ရာရပြီး ၂ သိန်းနီးပါး စစ်ဘေးတိမ်းရှောင်နေရတယ်လို့ ရခိုင်တိုင်းရင်းသား မျိုးနွယ်များ အစည်းအရုံးကနေ ထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG