(Zawgyi / Unicode)
ရေသ့ေတာင္ၿမိဳ႕နယ္က သဇင္ၿမိဳင္ နယ္ျခားရဲကင္းစခန္းကို AA က ဝင္တိုက္ၿပီး ဖမ္းဆီးသြားတဲ့ထဲက ရဲတပ္ဖြဲ႔ မိသားစုဝင္ေတြကို ျပန္လႊတ္ေပးလိုက္ပါတယ္။ အျပည့္အစုံကို ႏုိင္ကြန္းအိန္ တင္ျပေပးထားပါတယ္။
AA ရခိုင္လက္နက္ကိုင္အဖြဲ႔က မေန႔က ဖမ္းဆီးေခၚေဆာင္သြားတဲ့ သူေတြအနက္က အမ်ိဳးသမီးႏွစ္ဦးနဲ႔ ကေလးငယ္တဦးကို ဒီေန႔မနက္မွာ ျပန္လႊတ္ေပးလိုက္ၿပီးေတာ့ ရဲတပ္ဖြဲ႔ဝင္ေတြကို ဆက္ဖမ္းထားတယ္လုိ႔ AA အဖြဲ႔ ေျပာခြင့္ရ ခုိင္သုခက ဗီြအိုေအကို ေျပာပါတယ္။
“မေန႔က သဇင္ၿမိဳင္စခန္းကို သိမ္းတုန္းက ပါလာတဲ့ အမ်ိဳးသမီး ကေလးတေယာက္ကိုေတာ့ မေန႔ကတည္းက က်ေနာ္တုိ႔ ေကာင္းေကာင္းမြန္မြန္ပဲ ျပန္လႊတ္ေပးခဲ့ၿပီးျဖစ္တယ္ဗ်။ က်န္တဲ့ ဒီ ဖမ္းဆီးရမိတဲ့ စစ္သုံ႔ပန္း ၆ ေယာက္ကိုေတာ့ က်ေနာ္တုိ႔ ရခိုင္တပ္ေတာ္ရဲ႕ စစ္သုံ႔ပန္းဆိုင္ရာ စည္းမ်ဥ္းစည္းကမ္းေတြ ေနာက္ၿပီးေတာ့ ႏုိင္ငံတကာ စစ္သုံ႔ပန္းဥပေဒနဲ႔အညီ က်ေနာ္တုိ႔က ဆက္လက္ၿပီး ထိန္းသိမ္းထားဆဲပဲရွိတယ္။”
ရဲမိသားစုဝင္ေတြကို သဇင္ၿမိဳင္စခန္းနဲ႔ ၅ မိုင္အကြာက ေအာက္ေက်ာင္းေတာင္ေက်းရြာမွာ ျပန္လႊတ္ေပးခဲ့တယ္ဆိုတာ ေအာက္ေက်ာင္းေတာင္ေက်းရြာ အုပ္ခ်ဳပ္ေရးမွဴး ဦးေအာင္သန္းထြန္းကလည္း ဗီြအိုေအကို အတည္ျပဳ ေျပာဆိုပါတယ္။
“ဟုတ္ပါတယ္။ က်ေနာ္တုိ႔ရြာကတဆင့္ ဒီမွာ ေစတီျပင္နယ္ေျမရဲစခန္းကို ပို႔ေပးလိုက္တယ္။ အခုမွ ဒီ ၿမိဳ႕နယ္ေထြအုပ္ဆီ ပို႔ေပးရဖို႔ က်ေနာ္တို႔ ၿမိဳ႕နယ္ေထြအုပ္ကို ပို႔ေပးရဖို႔ အစီအစဥ္လုပ္ေနတယ္။ ၃ ေယာက္။ ၃ ေယာက္က အမ်ိဳးသမီးႏွစ္ေယာက္ ကေလးတေယာက္ပါ။ အဲဒါ အခုက ေစတီျပင္မွာပါ။”
တပ္မေတာ္ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳဳပ္ ေဇာ္မင္းထြန္းကေတာ့ ျပန္လြတ္လာတဲ့သူေတြ ၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးအဖြဲ႔နဲ႔ အဆက္သြယ္ ရရွိေနၿပီလို႔ ေျပာပါတယ္။
“က်ေနာ္တုိ႔ ဒီ ေက်းရြာတရြာမွာ ထားခဲ့တယ္လို႔ေတာ့ သတင္းရတယ္။ အုပ္ခ်ဳပ္ေရးပိုင္းကေတာ့ အဆက္သြယ္ရေနၿပီလို႔ က်ေနာ္တုိ႔ သိရပါတယ္ဗ်။”
ရဲတပ္ဖြဲ႔ဝင္ ၆ ဦးကို ဆက္ၿပီး ဖမ္းထားတယ္လုိ႔ AA ဘက္က ေျပာေပမယ့္ တပ္မေတာ္ဘက္ကေတာ့ ရဲတပ္ဖြဲ႔၀င္ ၁၀ ဦး ေပ်ာက္ဆုံးေနတယ္လို႔ ဗြီအိုေအကို ေျပာထားပါတယ္။
သဇင္ၿမိဳင္ ရဲကင္းစခန္းကေန ေရာ့ကက္ေလာင္ခ်ာတလက္ အပါအဝင္ လက္နက္ ၁၄ လက္ ရခဲ့ၿပီး တပ္ဘက္က အက်အဆံုးရွိတယ္လို႔ ခုိင္သုခက ေျပာေပမယ့္ ဒါနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္က အတည္မျပဳခဲ့ပါဘူး။
AA ရဲ႕ အခုလိုတိုက္ခိုက္မႈမ်ဳိးဟာ အၾကမ္းဖက္လုပ္ရပ္ ျဖစ္တယ္လုိ႔ သမၼတ႐ံုး ေျပာခြင့္ရ ဦးေဇာ္ေဌးက ဒီေန႔လုပ္တဲ့ သတင္းစာရွင္းလင္းပြဲအတြင္း ေျပာသြားပါတယ္။
“တကယ့္ တိုင္းရင္းသားအခြင့္အေရးေတြ လက္နက္ကိုင္ ေတာင္းဆိုတာ မဟုတ္ေတာ့ဘူး။ အဲဒါေၾကာင့္လည္း ဒီလို အၾကမ္းဖက္လုပ္ရပ္ေတြ လုပ္ေနတာျဖစ္တယ္။ ဒီအေပၚမွာေတာ့ က်ေနာ္တုိ႔ကေတာ့ အၾကမ္းဖက္အဖြဲ႔အစည္းအျဖစ္ ေၾကညာထားတယ္။ အၾကမ္းဖက္လုပ္ရပ္ေတြနဲ႔ ပတ္သက္လို႔ေတာ့ အစိုးရအေနနဲ႔ ေသာင္းက်န္းသူႏွိမ္နင္းေရး စစ္ဆင္ေရးေပါ့ေနာ္။ အၾကမ္းဖက္ႏွိမ္နင္းေရး စစ္ဆင္ေရး ဒါေတြကိုေတာ့ တပ္မေတာ္က ဆက္လက္ေဆာင္ရြက္သြားဖို႔ ရွိပါတယ္။”
၂၀၁၉ ခုႏွစ္နဲ႔ ၂၀၂၀ ခုႏွစ္မွာ AA ဘက္ကေန ရဲကင္းစခန္းေတြကို ပစ္မွတ္ထား တိုက္ခိုက္ခဲ့တာ ၅ ႀကိမ္ရွိၿပီလို႔ တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။
AA နဲ႔ ျမန္မာ့တပ္မေတာ္ၾကား ရခိုင္ျပည္နယ္ မင္းျပားၿမိဳ႕နယ္နဲ႔ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕နယ္ဘက္မွာ ဒီေန႔မွာလည္း တိုက္ပြဲေတြ ဆက္ျဖစ္ေနပါတယ္။
ဒီေန႔မနက္ပိုင္းမွာ ခ်င္းျပည္နယ္ ပလက္၀ၿမိဳ႕မွာ စစ္ေရွာင္ေနတဲ့ ေအာက္မီးလက္၀ေက်းရြာက ရြာသူတဦး ရြာကို ေခတၱအျပန္မွာ လက္နက္ႀကီးမွန္ၿပီး ေသဆုံးသြားခဲ့တယ္လို႔ ေအာက္မီးလက္၀ေက်းရြာသား တဦးက အခုလို ေျပာပါတယ္။
“ဒီ ၉ နာရီမတိုင္ခင္မွာ က်ေနာ္တုိ႔ ဟိုဘက္မွာ ထင္းယူဖို႔ လာကူးတယ္။ လာကူးတဲ့အခ်ိန္မွာ အျပန္မွာ လက္နက္ႀကီး ပစ္တဲ့အခါမွာ ထိသြားလို႔ေလ။ ဗမာစစ္တပ္ ေတာင္ေပၚကပစ္တာထင္တယ္။ အဘြားႀကီးတေယာက္ ေသသြားလို႔ ဒီမွာေရာက္ေနၿပီ။ အခု ပလက္၀ ရင္ခြဲ႐ုံမွာ။”
ပလက္၀ၿမိဳ႕ တဖက္ကမ္းကေန ေအာက္မီးလက္၀ရြာဘက္ ေလွနဲ႔ကူးလာၿပီး အျပန္မွာ လက္နက္နဲ႔ ပစ္ခံရတာျဖစ္ၿပီး ေသဆုံးသူအဘြားအိုကိုေတာ့ ဒီေန႔မြန္းလြဲပိုင္းမွာ သၿဂဳႋဟ္လုိက္ၿပီး ျဖစ္ပါတယ္။
ဒီပစ္ခတ္မႈမွာ နယ္ေျမခံစစ္တပ္ကေန ပစ္ခတ္တယ္လို႔ ေဒသခံရြာသားေတြက ယူဆေျပာဆိုေနေပမယ့္ တပ္မေတာ္ ေျပာခြင့္ရ ဗိုလ္မွဴးခ်ဳပ္ ေဇာ္မင္းထြန္းကေတာ့ ဒီျဖစ္စဥ္ကို မသိေသးသလို ပလက္၀ဘက္မွာ စစ္ေရးတင္းမာေနဆဲလို႔ ဆိုပါတယ္။
“ပလက္၀ဘက္ အေျခအေန က်ေနာ္လည္း မသိဘူး။ ပလက္၀ၿမိဳ႕ရဲ႕ အေနာက္ဘက္နဲ႔ အေနာက္ေတာင္ဘက္ေတြမွာေတာ့ AA အဖြဲ႔ေတြေတာ့ ရွိေနတုန္းပဲျဖစ္တယ္။ သူတို႔ အဓိက အေျချပဳေနတဲ့ ေတာင္ကုန္းေတြေပၚမွာေတာ့ က်ေနာ္တုိ႔ တပ္ကေနၿပီးေတာ့ လုံၿခံဳေရးအရ လိုက္လံေဆာင္ရြက္ေနတဲ့ဟာေတာ့ ရွိပါတယ္။”
ဒီမီး႐ႈိ႕တာ ဘယ္အဖြဲ႔ရဲ႕လက္ခ်က္လို႔ တိတိက်က် မေျပာႏုိင္ေပမယ့္ မီးမေလာင္ခင္မွာ ျမန္မာစစ္တပ္က ရြာထဲ၀င္ေရာက္တာ ေတြ႔ရတယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္ဘက္ေတြမွာ AA နဲ႔ တပ္မေတာ္ၾကား တိုက္ပြဲေတြေၾကာင့္ ေနရပ္စြန္႔ခြာ ထြက္ေျပးရသူ စစ္ေရွာင္အေရအတြက္ဟာ ရခိုင္ျပည္နယ္ဘက္မွာ ၁၆၀,၀၀၀ ေက်ာ္ရွိေနၿပီး ပလက္၀ၿမိဳ႕နယ္မွာ ၈၀၀၀ ေလာက္ရွိေနၿပီလို႔ စစ္ေရွာင္အေရး ကူညီသူေတြက ေျပာပါတယ္။
-----------------------------
(Unicode)
AA ဖမ်းသွားတဲ့ သဇင်မြိုင် ရဲကင်းစခန်းက မိသားစုဝင်တွေ ပြန်လွတ်လာ
ရသေ့တောင်မြို့နယ်က သဇင်မြိုင် နယ်ခြားရဲကင်းစခန်းကို AA က ဝင်တိုက်ပြီး ဖမ်းဆီးသွားတဲ့ထဲက ရဲတပ်ဖွဲ့ မိသားစုဝင်တွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ အပြည့်အစုံကို နိုင်ကွန်းအိန် တင်ပြပေးထားပါတယ်။
AA ရခိုင်လက်နက်ကိုင်အဖွဲ့က မနေ့က ဖမ်းဆီးခေါ်ဆောင်သွားတဲ့ သူတွေအနက်က အမျိုးသမီးနှစ်ဦးနဲ့ ကလေးငယ်တဦးကို ဒီနေ့မနက်မှာ ပြန်လွှတ်ပေးလိုက်ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေကို ဆက်ဖမ်းထားတယ်လို့ AA အဖွဲ့ ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။
“မနေ့က သဇင်မြိုင်စခန်းကို သိမ်းတုန်းက ပါလာတဲ့ အမျိုးသမီး ကလေးတယောက်ကိုတော့ မနေ့ကတည်းက ကျနော်တို့ ကောင်းကောင်းမွန်မွန်ပဲ ပြန်လွှတ်ပေးခဲ့ပြီးဖြစ်တယ်ဗျ။ ကျန်တဲ့ ဒီ ဖမ်းဆီးရမိတဲ့ စစ်သုံ့ပန်း ၆ ယောက်ကိုတော့ ကျနော်တို့ ရခိုင်တပ်တော်ရဲ့ စစ်သုံ့ပန်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေ နောက်ပြီးတော့ နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကျနော်တို့က ဆက်လက်ပြီး ထိန်းသိမ်းထားဆဲပဲရှိတယ်။”
ရဲမိသားစုဝင်တွေကို သဇင်မြိုင်စခန်းနဲ့ ၅ မိုင်အကွာက အောက်ကျောင်းတောင်ကျေးရွာမှာ ပြန်လွှတ်ပေးခဲ့တယ်ဆိုတာ အောက်ကျောင်းတောင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်သန်းထွန်းကလည်း ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။
“ဟုတ်ပါတယ်။ ကျနော်တို့ရွာကတဆင့် ဒီမှာ စေတီပြင်နယ်မြေရဲစခန်းကို ပို့ပေးလိုက်တယ်။ အခုမှ ဒီ မြို့နယ်ထွေအုပ်ဆီ ပို့ပေးရဖို့ကျနော်တို့ မြို့နယ်ထွေအုပ်ကို ပို့ပေးရဖို့ အစီအစဉ်လုပ်နေတယ်။ ၃ ယောက်။ ၃ ယောက်က အမျိုးသမီးနှစ်ယောက် ကလေးတယောက်ပါ။ အဲဒါ အခုက စေတီပြင်မှာပါ။”
တပ်မတော်ပြောခွင့်ရ ဗိုလ်မှူးချုုပ် ဇော်မင်းထွန်းကတော့ ပြန်လွတ်လာတဲ့သူတွေ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နဲ့ အဆက်သွယ် ရရှိနေပြီလို့ ပြောပါတယ်။
“ကျနော်တို့ ဒီ ကျေးရွာတရွာမှာ ထားခဲ့တယ်လို့တော့ သတင်းရတယ်။ အုပ်ချုပ်ရေးပိုင်းကတော့ အဆက်သွယ်ရနေပြီလို့ ကျနော်တို့ သိရပါတယ်ဗျ။”
ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဆက်ပြီး ဖမ်းထားတယ်လို့ AA ဘက်က ပြောပေမယ့် တပ်မတော်ဘက်ကတော့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ပျောက်ဆုံးနေတယ်လို့ ဗွီအိုအေကို ပြောထားပါတယ်။
သဇင်မြိုင် ရဲကင်းစခန်းကနေ ရော့ကက်လောင်ချာတလက် အပါအဝင် လက်နက် ၁၄ လက် ရခဲ့ပြီး တပ်ဘက်က အကျအဆုံးရှိတယ်လို့ ခိုင်သုခက ပြောပေမယ့် ဒါနဲ့ပတ်သက်လို့ တပ်မတော်ဘက်က အတည်မပြုခဲ့ပါဘူး။
AA ရဲ့ အခုလိုတိုက်ခိုက်မှုမျိုးဟာ အကြမ်းဖက်လုပ်ရပ် ဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဒီနေ့လုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း ပြောသွားပါတယ်။
“တကယ့် တိုင်းရင်းသားအခွင့်အရေးတွေ လက်နက်ကိုင် တောင်းဆိုတာ မဟုတ်တော့ဘူး။ အဲဒါကြောင့်လည်း ဒီလို အကြမ်းဖက်လုပ်ရပ်တွေ လုပ်နေတာဖြစ်တယ်။ ဒီအပေါ်မှာတော့ ကျနော်တို့ကတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာထားတယ်။ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပတ်သက်လို့တော့ အစိုးရအနေနဲ့ သောင်းကျန်းသူနှိမ်နင်းရေး စစ်ဆင်ရေးပေါ့နော်။ အကြမ်းဖက်နှိမ်နင်းရေး စစ်ဆင်ရေး ဒါတွေကိုတော့ တပ်မတော်က ဆက်လက်ဆောင်ရွက်သွားဖို့ ရှိပါတယ်။”
၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်မှာ AA ဘက်ကနေ ရဲကင်းစခန်းတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာ ၅ ကြိမ်ရှိပြီလို့ တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။
AA နဲ့ မြန်မာ့တပ်မတော်ကြား ရခိုင်ပြည်နယ် မင်းပြားမြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်ဘက်မှာ ဒီနေ့မှာလည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။
ဒီနေ့မနက်ပိုင်းမှာ ချင်းပြည်နယ် ပလက်ဝမြို့မှာ စစ်ရှောင်နေတဲ့ အောက်မီးလက်ဝကျေးရွာက ရွာသူတဦး ရွာကို ခေတ္တအပြန်မှာ လက်နက်ကြီးမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ အောက်မီးလက်ဝကျေးရွာသား တဦးက အခုလို ပြောပါတယ်။
“ဒီ ၉ နာရီမတိုင်ခင်မှာ ကျနော်တို့ ဟိုဘက်မှာ ထင်းယူဖို့ လာကူးတယ်။ လာကူးတဲ့အချိန်မှာ အပြန်မှာ လက်နက်ကြီး ပစ်တဲ့အခါမှာ ထိသွားလို့လေ။ ဗမာစစ်တပ် တောင်ပေါ်ကပစ်တာထင်တယ်။ အဘွားကြီးတယောက် သေသွားလို့ ဒီမှာရောက်နေပြီ။ အခု ပလက်၀ ရင်ခွဲရုံမှာ။”
ပလက်ဝမြို့ တဖက်ကမ်းကနေ အောက်မီးလက်ဝရွာဘက် လှေနဲ့ကူးလာပြီး အပြန်မှာ လက်နက်နဲ့ ပစ်ခံရတာဖြစ်ပြီး သေဆုံးသူအဘွားအိုကိုတော့ ဒီနေ့မွန်းလွဲပိုင်းမှာ သဂြုႋဟ်လိုက်ပြီး ဖြစ်ပါတယ်။
ဒီပစ်ခတ်မှုမှာ နယ်မြေခံစစ်တပ်ကနေ ပစ်ခတ်တယ်လို့ ဒေသခံရွာသားတွေက ယူဆပြောဆိုနေပေမယ့် တပ်မတော် ပြောခွင့်ရ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ဒီဖြစ်စဉ်ကို မသိသေးသလို ပလက်ဝဘက်မှာ စစ်ရေးတင်းမာနေဆဲလို့ ဆိုပါတယ်။
“ပလက်ဝဘက် အခြေအနေ ကျနော်လည်း မသိဘူး။ ပလက်ဝမြို့ရဲ့ အနောက်ဘက်နဲ့ အနောက်တောင်ဘက်တွေမှာတော့ AA အဖွဲ့တွေတော့ ရှိနေတုန်းပဲဖြစ်တယ်။ သူတို့ အဓိက အခြေပြုနေတဲ့ တောင်ကုန်းတွေပေါ်မှာတော့ ကျနော်တို့ တပ်ကနေပြီးတော့ လုံခြုံရေးအရ လိုက်လံဆောင်ရွက်နေတဲ့ဟာတော့ ရှိပါတယ်။”
ဒီမီးရှို့တာ ဘယ်အဖွဲ့ရဲ့လက်ချက်လို့ တိတိကျကျ မပြောနိုင်ပေမယ့် မီးမလောင်ခင်မှာ မြန်မာစစ်တပ်က ရွာထဲဝင်ရောက်တာ တွေ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်ဘက်တွေမှာ AA နဲ့ တပ်မတော်ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူ စစ်ရှောင်အရေအတွက်ဟာ ရခိုင်ပြည်နယ်ဘက်မှာ ၁၆၀,၀၀၀ ကျော်ရှိနေပြီး ပလက်ဝမြို့နယ်မှာ ၈၀၀၀ လောက်ရှိနေပြီလို့ စစ်ရှောင်အရေး ကူညီသူတွေက ပြောပါတယ်။