[Zawgyi/Unicode]
တိုက္ပြဲေတြ ျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းက ေအာက္မီးလက္ဝေက်းရြာမွာ မီးရိႈ႕ခံရလို႔ ေနအိမ္ ၄၀ ေက်ာ္ေလာက္ မီးေလာင္သြားၿပီး ေဒသခံေတြ ေဘးလြတ္ရာကို ထြက္ေျပးေနၾကတဲ့ အေျခအေနကို ဗီြအိုေအျမန္မာပိုင္း သတင္းေထာက္ ကိုသက္ႏိုင္က ေျပာျပေပးပါမယ္။
ရခိုင္လက္နက္ကိုင္ AA အဖြဲ႔နဲ႔ အစိုးရတပ္တို႔ တိုက္ပြဲျပင္းထန္ေနတဲ့ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္အတြင္းက ေအာက္မီးလက္ဝေက်းရြာဟာ မေန႔က မီးရိႈ႕ခံခဲ့ရတာျဖစ္ၿပီး အိမ္ေျခ ၄၀ ေက်ာ္ေလာက္ မီးေလာင္သြားတယ္လို႔ ေအာက္မီးလက္ဝ ေဒသခံ ဦးေဝွ႔ပက ေျပာပါတယ္။
"တစ္နာရီေက်ာ္ေက်ာ္ေလာက္မွာ ျမန္မာ့တပ္မေတာ္ဘက္ကေတာ့ ရြာထဲကို ဝင္လာတာရွိတယ္ဗ်ာ။ ျမန္မာ့တပ္မေတာ္က ဝင္လာၿပီး ၁၅ မိနစ္ေလာက္ပဲ ၾကာတယ္။ အဲမွာ မီးေတြ ထေလာင္တယ္၊ ရြာထဲက မီးခိုးေတြ ထြက္လာတယ္၊ ဘာျဖစ္လဲ ၾကည့္ေတာ့ မီးေတြ ေလာင္ေနတယ္ဗ်ာ။"
ေအာက္မီးလက္ဝ ေက်းရြာဟာ ပလက္ဝၿမိဳ႕ရဲ႕ အေရွ႕ဘက္ကမ္းမွာ တည္ရွိတာျဖစ္ၿပီး အဲဒီေက်းရြာအနီးမွာ လြန္ခဲ့တဲ့ တစ္လေလာက္ကတည္းက တိုက္ပြဲေတြ ျဖစ္ပြားေနတယ္လို႔ ေဒသခံေတြက ေျပာဆိုၾကပါတယ္။
မေန႔ကလည္း ေက်းရြာမီးေလာင္ေနတာကို ျမင္တာေၾကာင့္ ပလက္ဝ တဘက္ကမ္းကေန မိမိေက်းရြာကို မီးၿငိမ္းဖို႔သြားတဲ့ ေအာက္မီးလက္ဝ ေက်းရြာသားေတြကို ေသနတ္နဲ႔ ပစ္ခတ္တာေၾကာင့္ ဒဏ္ရာ ရရွိသြားသူေတြလည္း ရွိတယ္လို႔ ဦးေဝွ႔ပ ေျပာပါတယ္။
"အဲမွာ မီးေတြ စေလာင္တဲ့ ညအခ်ိန္မွာ ဒီကလူေတြကေတာ့ ၾကည့္ေနၾကတယ္ေပါ့။ သြားၿပီးေတာ့ မီးကို မၿငိမ္း ရဲၾကဘူးေလ။ ေနာက္ေတာ့ မီးေလာင္တာ မ်ားလာေတာ့ က်ေနာ္တို႔ ရြာသားေတြ ေပါင္းၿပီးေတာ့ အဲမွာ မီးၿငိမ္းသတ္ဖို႔ ေလွေတြနဲ႔ ဒီဘက္ ပလက္ဝဘက္ကမ္းက မီးလက္ဝ ေက်းရြာဘက္ကို ကူးတယ္ဗ်ာ။ အဲမွာေလွ တစ္စီးက က်ေနာ္တို႔ရြာရဲ႕ ျမစ္ကမ္းေဘးကို ေရာက္တဲ့ အခ်ိန္မွာ ျမန္မာ့တပ္မေတာ္ဘက္က ေသနတ္ေတြနဲ႔ ပစ္ခတ္တာရွိ တယ္ဗ်ာ။ ေလွက သံုးစင္းသြားတာ ေနာက္တစ္စီးက ျမစ္လယ္မွာ ေနာက္တစ္စီးကေတာ့ပလက္ဝ ဆိပ္ကမ္းနားမွာပဲ ရြာထဲကို ေရာက္သြားတဲ့ သူေတြလည္း ဘယ္လိုျပန္ရမွန္းမသိလို႔ ေလွေပၚမွာပဲ ဝပ္ေနၾကရတယ္။ ဒဏ္ရာရတဲ့ သူကေတာ့ ႏွစ္ေယာက္လို႔ၾကားတယ္။ က်ေနာ္တို႔ကလည္း ေျပးလာတာဆိုေတာ့ အေသအခ်ာေတာ့မသိဘူး။"
အဲဒီ ေအာက္မီးလက္ဝေက်းရြာကို မီးရိႈ႕တာဟာ တပ္မေတာ္က ျဖစ္တယ္လို႔ AA အဖြဲ႔ေျပာခြင့္ရ ခိုင္သုခက ေျပာပါတယ္။
"မေန႔က ပလက္ဝၿမိဳ႕နယ္ ေအာက္မီးလက္ဝ ေက်းရြာကို ျမန္မာစစ္တပ္ရဲ႕ အင္အား ၅၀ ေက်ာ္ပါတဲ့ စစ္ေၾကာင္းတစ္ခုက မီးရိႈ႕ဖ်က္စီးခဲ့တာရွိတယ္။ အဲဒီစစ္ေၾကာင္း ပလက္ဝရဲ႕ တစ္ဘက္ကမ္း ခလရ ၂၈၉ ေတာင္ေပၚကေန ဆင္းလာၿပီးေတာ့မွ အဲဒီရြာထဲကို တန္းၿပီးေတာ့ ဝင္သြားတာကို ရြာသားေတြလည္း အားလံုးေတြ႕႔တယ္။ ေနာက္ၿပီးေတာ့ မီးၿငိမ္းဖို႔သြားတဲ့ ေဒသခံေတြကိုလည္း ျမန္မာစစ္တပ္ဘက္ ေသနတ္နဲ႔ ပစ္တာေၾကာင့္ ျပန္ေျပးလာရတယ္လို႔ ၾကာတယ္။ ဒါဟာစစ္ရာဇ၀တ္မႈကို ေျပာင္ေျပာင္တင္းတင္း က်ဴးလြန္တာျဖစ္တယ္။"
ေဒသခံေတြနဲ႔ AA ဘက္တို႔႔ရဲ႕ စြပ္စဲြေျပာဆိုခ်က္နဲ႔ ပတ္သတ္ၿပီး တပ္မေတာ္ဘက္ကို ေမးျမန္းဖို႔ ဗီြအိုေအက အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမဲ့လည္း အစည္းအေဝး လုပ္ေနတာမို႔ မေျပာႏိုင္ေသးေၾကာင္း တုံ႕ျပန္ေျပာဆိုပါတယ္။
လက္ရွိအခ်ိန္ထိ ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ ပလက္ဝၿမိဳ႕နယ္ေတြမွာ တုိက္ပြဲေတြ ဆက္လက္ျပင္းထန္ေနသလို တိုက္ပြဲေတြေၾကာင့္ ပလက္ဝေဒသခံေတြဟာလည္း ေဘးလြတ္ရာေတြ ထြက္ေျပးေနၾကရၿပီး ရြာသားေတြ မရွိတဲ့ အခ်ိန္ ေက်းရြာကို မီးရိႈ႕လိုက္တာေၾကာင့္ ေနရပ္ျပန္ရင္ ေနစရာမရွိေတာ့ဘူးလို႔ ေအာက္မီးလက္ဝ ေဒသခံ ဦးေဝွ႔ပက ေျပာပါတယ္။
"က်ေနာ္တို႔မွာေတာ့ဗ်ာ ... အိမ္ဆိုတာကဒီ မရွိမဲ့၊ ရွိမဲ့ ေဆာက္ထားတာေပါ့ဗ်ာ။ အခုလိုဆံုးရံႈးသြားတဲ့ အခ်ိန္မွာ ဘယ္လိုျပန္ေဆာက္ရမလဲ။ အခု မိုးရာသီလည္း ေရာက္ေတာ့မယ္ဆိုေတာ့ အခုဒုကၡသည္စခန္းကေနၿပီး စာသင္ေက်ာင္းေတြကေန ၿငိမ္းခ်မ္းလို႔ ေနရပ္ျပန္ရင္ က်ေနာ္တို႔ ေနစရာမရွိေတာ့ဘူး။"
အခု ေမလ တိုက္ပြဲေတြအတြင္း မီးရႈိ႕ခံရတာဟာ ခ်င္းျပည္နယ္က ေအာက္မီးလက္ဝေက်းရြာ တစ္ခုတည္း မဟုတ္ဘဲ ရခိုင္ေျမာက္ပိုင္းက လကၠာေက်းရြာဟာလည္း ၿပီးခဲ့တဲ့ တစ္ပတ္ေလာက္က မီးရိႈ႕တာကို ခံခဲ့ရပါတယ္။
ရခိုင္ေျမာက္ပိုင္းနဲ႔ ခ်င္းျပည္နယ္ဘက္မွာ တိုက္ပြဲေတြ ျပင္းထန္ေနသလို ေက်းရြာေတြ မီးရိႈ႕ခံရတိုင္းမွာလည္း တပ္နဲ႔ AA ႏွစ္ဘက္စလံုးဟာ တဘက္နဲ႔ တဘက္ အျပန္အလွန္စြပ္စြဲေျပာဆိုေနၾကပါတယ္။
[Unicode Version]
ပလက်ဝမြို့နယ်တွင်း အောက်မီးလက်ဝကျေးရွာ မီးရှို့ဖျက်ဆီးခံရ
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အောက်မီးလက်ဝကျေးရွာမှာ မီးရှို့ခံရလို့ နေအိမ် ၄၀ ကျော်လောက် မီးလောင်သွားပြီး ဒေသခံတွေ ဘေးလွတ်ရာကို ထွက်ပြေးနေကြတဲ့ အခြေအနေကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုသက်နိုင်က ပြောပြပေးပါမယ်။
ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ အစိုးရတပ်တို့ တိုက်ပွဲပြင်းထန်နေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက အောက်မီးလက်ဝကျေးရွာဟာ မနေ့က မီးရှို့ခံခဲ့ရတာဖြစ်ပြီး အိမ်ခြေ ၄၀ ကျော်လောက် မီးလောင်သွားတယ်လို့ အောက်မီးလက်ဝ ဒေသခံ ဦးဝှေ့ပက ပြောပါတယ်။
"တစ်နာရီကျော်ကျော်လောက်မှာ မြန်မာ့တပ်မတော်ဘက်ကတော့ ရွာထဲကို ဝင်လာတာရှိတယ်ဗျာ။ မြန်မာ့တပ်မတော်က ဝင်လာပြီး ၁၅ မိနစ်လောက်ပဲ ကြာတယ်။ အဲမှာ မီးတွေ ထလောင်တယ်၊ ရွာထဲက မီးခိုးတွေ ထွက်လာတယ်၊ ဘာဖြစ်လဲ ကြည့်တော့ မီးတွေ လောင်နေတယ်ဗျာ။"
အောက်မီးလက်ဝ ကျေးရွာဟာ ပလက်ဝမြို့ရဲ့ အရှေ့ဘက်ကမ်းမှာ တည်ရှိတာဖြစ်ပြီး အဲဒီကျေးရွာအနီးမှာ လွန်ခဲ့တဲ့ တစ်လလောက်ကတည်းက တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။
မနေ့ကလည်း ကျေးရွာမီးလောင်နေတာကို မြင်တာကြောင့် ပလက်ဝ တဘက်ကမ်းကနေ မိမိကျေးရွာကို မီးငြိမ်းဖို့သွားတဲ့ အောက်မီးလက်ဝ ကျေးရွာသားတွေကို သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒဏ်ရာ ရရှိသွားသူတွေလည်း ရှိတယ်လို့ ဦးဝှေ့ပ ပြောပါတယ်။
"အဲမှာ မီးတွေ စလောင်တဲ့ ညအချိန်မှာ ဒီကလူတွေကတော့ ကြည့်နေကြတယ်ပေါ့။ သွားပြီးတော့ မီးကို မငြိမ်း ရဲကြဘူးလေ။ နောက်တော့ မီးလောင်တာ များလာတော့ ကျနော်တို့ ရွာသားတွေ ပေါင်းပြီးတော့ အဲမှာ မီးငြိမ်း သတ်ဖို့ လှေတွေနဲ့ ဒီဘက် ပလက်ဝဘက်ကမ်းက မီးလက်ဝ ကျေးရွာဘက်ကို ကူးတယ်ဗျာ။ အဲမှာလှေ တစ်စီးက ကျနော်တို့ရွာရဲ့ မြစ်ကမ်းဘေးကို ရောက်တဲ့ အချိန်မှာ မြန်မာ့တပ်မတော်ဘက်က သေနတ်တွေနဲ့ ပစ်ခတ်တာရှိ တယ်ဗျာ။ လှေက သုံးစင်းသွားတာ နောက်တစ်စီးက မြစ်လယ်မှာ နောက်တစ်စီးကတော့ပလက်ဝ ဆိပ်ကမ်းနားမှာပဲ ရွာထဲကို ရောက်သွားတဲ့ သူတွေလည်း ဘယ်လိုပြန်ရမှန်းမသိလို့ လှေပေါ်မှာပဲ ဝပ်နေကြရတယ်။ ဒဏ်ရာရတဲ့ သူကတော့ နှစ်ယောက်လို့ကြားတယ်။ ကျနော်တို့ကလည်း ပြေးလာတာဆိုတော့ အသေအချာတော့မသိဘူး။"
အဲဒီ အောက်မီးလက်ဝကျေးရွာကို မီးရှို့တာဟာ တပ်မတော်က ဖြစ်တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
"မနေ့က ပလက်ဝမြို့နယ် အောက်မီးလက်ဝ ကျေးရွာကို မြန်မာစစ်တပ်ရဲ့ အင်အား ၅၀ ကျော်ပါတဲ့ စစ်ကြောင်းတစ်ခုက မီးရှို့ဖျက်စီးခဲ့တာရှိတယ်။ အဲဒီစစ်ကြောင်း ပလက်ဝရဲ့ တစ်ဘက်ကမ်း ခလရ ၂၈၉ တောင်ပေါ်ကနေ ဆင်းလာပြီးတော့မှ အဲဒီရွာထဲကို တန်းပြီးတော့ ဝင်သွားတာကို ရွာသားတွေလည်း အားလုံးတွေ့တယ်။ နောက်ပြီးတော့ မီးငြိမ်းဖို့သွားတဲ့ ဒေသခံတွေကိုလည်း မြန်မာစစ်တပ်ဘက် သေနတ်နဲ့ ပစ်တာကြောင့် ပြန်ပြေးလာရတယ်လို့ ကြာတယ်။ ဒါဟာစစ်ရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်း ကျူးလွန်တာဖြစ်တယ်။"
ဒေသခံတွေနဲ့ AA ဘက်တို့ရဲ့ စွပ်စွဲပြောဆိုချက်နဲ့ ပတ်သတ်ပြီး တပ်မတော်ဘက်ကို မေးမြန်းဖို့ ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့လည်း အစည်းအဝေး လုပ်နေတာမို့ မပြောနိုင်သေးကြောင်း တုံ့ပြန်ပြောဆိုပါတယ်။
လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေသလို တိုက်ပွဲတွေကြောင့် ပလက်ဝဒေသခံတွေဟာလည်း ဘေးလွတ်ရာတွေ ထွက်ပြေးနေကြရပြီး ရွာသားတွေ မရှိတဲ့ အချိန် ကျေးရွာကို မီးရှို့လိုက်တာကြောင့် နေရပ်ပြန်ရင် နေစရာမရှိတော့ဘူးလို့ အောက်မီးလက်ဝ ဒေသခံ ဦးဝှေ့ပက ပြောပါတယ်။
"ကျနော်တို့မှာတော့ဗျာ ... အိမ်ဆိုတာကဒီ မရှိမဲ့၊ ရှိမဲ့ ဆောက်ထားတာပေါ့ဗျာ။ အခုလိုဆုံးရှုံးသွားတဲ့ အချိန်မှာ ဘယ်လိုပြန်ဆောက်ရမလဲ။ အခု မိုးရာသီလည်း ရောက်တော့မယ်ဆိုတော့ အခုဒုက္ခသည်စခန်းကနေပြီး စာသင် ကျောင်းတွေကနေ ငြိမ်းချမ်းလို့ နေရပ်ပြန်ရင် ကျနော်တို့ နေစရာမရှိတော့ဘူး။"
အခု မေလ တိုက်ပွဲတွေအတွင်း မီးရှို့ခံရတာဟာ ချင်းပြည်နယ်က အောက်မီးလက်ဝကျေးရွာ တစ်ခုတည်း မဟုတ်ဘဲ ရခိုင်မြောက်ပိုင်းက လက္ကာကျေးရွာဟာလည်း ပြီးခဲ့တဲ့ တစ်ပတ်လောက်က မီးရှို့တာကို ခံခဲ့ရပါတယ်။
ရခိုင်မြောက်ပိုင်းနဲ့ ချင်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေသလို ကျေးရွာတွေ မီးရှို့ခံရတိုင်းမှာလည်း တပ်နဲ့ AA နှစ်ဘက်စလုံးဟာ တဘက်နဲ့ တဘက် အပြန်အလှန်စွပ်စွဲပြောဆိုနေကြပါတယ်။