သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခုိင္ေျမာက္ပုိင္းမွာ အၾကမ္းဖက္ဥပေဒနဲ႔ ဖမ္းဆီး တရားစြဲခံရသူဦးေရတုိးလာ


ရဲတပ္ဖြဲ႔၀င္မ်ား

[Zawgyi/Unicode]

စစ္ေရးတင္းမာေနတဲ့ ရခိုင္ျပည္နယ္မွာ ေဒသခံအရပ္သားေတြကို သံသယနဲ႔ ဖမ္းဆီးၿပီး အၾကမ္းဖက္ တိုက္ဖ်က္ေရး ဥပေဒေတြနဲ႔ တရားစြဲမႈေတြ ပိုမို မ်ားျပားလာေနတဲ့ အေျခအေနကို ေျပာျပေပးခ်င္ပါတယ္။ ဒီအေၾကာင္း ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ ကိုသက္ႏိုင္က တင္ျပေပးပါမယ္။

အစိုးရတပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ တိုက္ပြဲေတြျပင္းထန္ေနတဲ့ ရခိုင္ျပည္နယ္မွာအရပ္သားေတြကို သံသယနဲ႔ ဖမ္းဆီးတရားစြဲဆိုတာေတြ အခု ရက္ပိုင္း၊ လပိုင္းအတြင္း ပိုမ်ားလာတာပါ။

ေတာင္ကုတ္ၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီဥကၠ႒ ဦးေဇယ်ေက်ာ္ အပါအဝင္ သံုးဦးဟာၿပီးခဲ့တဲ့ ရက္ပိုင္းက ဖမ္းဆီးခံခဲ့ရသလို၊ ဦးေဇယ်ေက်ာ္ရဲ႕ ညီျဖစ္သူကို ေတာင္ကုတ္ၿမိဳ႕မရဲစခန္းက မေန႔က ဆက္လက္ဖမ္းဆီး ေခၚေဆာင္သြားတယ္လို႔ ဦးေဇယ်ေက်ာ္ရဲ႕ ေရွ႕ေန ေဒၚသိဂီ ၤေမာင္က ေျပာပါတယ္။

"မေန႔က ကိုေဇယ်ေက်ာ္တို႔ ရမာန္ရွိေတာ့ သူတို႔က တရားရံုကို လာၿပီးေတာ့ ေစာင့္ေနတာ အခ်ိန္မွာ ၁၂နာရီ ေက်ာ္ေလာက္မွာ ကိုေဇယ်ေက်ာ္ရဲ႕ ညီကို လာေခၚသြားတာ ေတာင္ကုတ္စခန္းကေလ အၾကမ္းဖက္ ၅၀ (စ်)နဲ႔ ေပါ့။ အမႈဖြင့္တာေတာ့ မဟုတ္ဘူး။ ရမာန္ယူထားတာ။"

လက္ရွိအခ်ိန္ထိ ေတာင္ကုတ္ၿမိဳ႕နယ္က ဦးေဇယ်ေက်ာ္အပါအဝင္ ဖမ္းဆီးထားသူေတြကို ဘယ္မွားထားတယ္ဆိုတာကို မသိရေသးတာေၾကာင့္ ဖမ္းဆီးခံရသူေတြရဲ႕ မိသားစုဝင္ေတြက စိုးရိမ္ေနၾကတယ္လို႔ ေရွ႕ေန ေဒၚသိဂီ ၤေမာင္က ဆက္ေျပာပါတယ္။

AA အဖြဲ႔ကို အၾကမ္းဖက္အဖြဲ႔အျဖစ္ အစိုးရက မသတ္မွတ္ခင္ကတည္းက ရခိုင္ျပည္နယ္အတြင္းမွာ အၾကမ္းဖက္ တိုက္ဖ်က္ေရးပုဒ္မေတြနဲ႔ တရားစြဲဆိုခံထားရတဲ့ အမႈေပါင္း ၁၀၉ မႈ ရွိတယ္လို႔ ရခိုင္ျပည္နယ္ ဥပေဒခ်ဳပ္ ဦးေက်ာ္လွထြန္းက ၿပီးခဲ့တဲ့ ေမလ ၂၀ ရက္ေန႔က ျပည္နယ္လႊတ္ေတာ္မွာ ေျပာဆိုထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းမွာ ေဒသခံအရပ္သားေတြကို သံသယတစ္ခုတည္းနဲ႔ ဖမ္းဆီးတာမ်ိဳးမဟုတ္ပဲနဲ႔ သက္ေသ အေထာက္အထားခိုင္ခိုင္လံုလံုနဲ႔ တရားစြဲဆိုမယ္ဆိုရင္ အခုေလာက္ထိ တရားစြဲဆိုခံသူေတြ မ်ားလာစရာ အေၾကာင္း မရွိဘူးလို႔ သဇင္ဥပေဒအေထာက္အကူျပဳအဖြဲ႔က ဒါရိုက္တာ ေရွ႕ေနကိုၿငိမ္းခ်မ္းက ေျပာပါတယ္။

"သူတို႔ကို တရားစြဲႏိုင္ေလာက္တဲ့အထိ သက္ေသခံအေထာက္အထား ဘာေတြရွိလဲေပါ့ ဆိုလိုတာကက်ေနာ္တို႔ စစ္ေဆးေပၚေပါက္ခ်က္အရ စြဲတယ္ဆိုတာက အရမ္းကို လြယ္တဲ့ ကိစၥ ဘယ္လိုနည္းလမ္းနဲ႔ စစ္ေဆးတယ္ဆိုတာက တစ္ပိုင္းေပါ့။ စစ္ေဆးတဲ့ အခါ စစ္ေဆးခ်က္ကို ဘယ္ေလာက္ေထာက္ခံမႈ ရွိလဲေပါ့ေနာ္။ အဲအေပၚမွာပဲ တရားစြဲတယ္ဆိုရင္ေတာ့ တရားစြဲတဲ့ ကိစၥဟာ ဒီေလာက္ထိ မ်ားလာစရာအေၾကာင္း မရွိဘူးလို႔ က်ေနာ္တို႔ ျမင္တယ္။"

အခုလို ေဒသခံေတြကို သံသယေတြနဲ႔ ဖမ္းဆီး တရားစြဲဆိုေနတာေတြေၾကာင့္ ေဒသခံေတြလံုၿခံဳမႈ မရွိေတာ့သလို မလိုလားအပ္တဲ့ ျပႆနာေတြ ျဖစ္လာႏိုင္တယ္လို႔ လည္း သူက ဆက္ေျပာပါတယ္။

"အဓိကေတာ့ ေျမျပင္မွာေနတဲ့အခါက်ေတာ့ လံုၿခံဳမႈေပါ့။ က်ေနာ္တို႔ နယ္မွာရွိေနတဲ့ လူပ်ိဳအရြယ္ အပ်ိဳအရြယ္ေတြ အရြယ္ေကာင္းေတြေပါ့။ မိမိအိမ္မွာေနၿပီး ပုဂၢလိက လံုၿခံဳမႈဟာ ဘယ္လိုမွ မရွိေတာ့ဘူး။ သူတို႔ရဲ႕ မလံုၿခံဳမႈ သူတို႔ရဲ႕ ေၾကာက္စိတ္ကေနတစ္ဆင့္ တစ္ျခားက်ေနာ္တို႔ ေမွ်ာ္လင့္မထားတဲ့ ကိစၥရပ္ေတြလည္း ျဖစ္သြားႏိုင္တယ္။"

စစ္ေရးျပင္းထန္ေနတဲ့ ရခိုင္ဘက္မွာ တပ္ဘက္က အရပ္သားေတြကို ဖမ္းဆီးစစ္ေဆးတရားစြဲဆိုတဲ့ အခါမွာ သက္ေသအေထာက္အထားခိုင္ခိုင္လံုလံုနဲ႔ ဖမ္းဆီးသင့္တယ္လို႔ ႏိုင္ငံေရး ေလ့လာသံုးသပ္သူ ဦးေမာင္ေမာင္စိုးက ေျပာပါတယ္။

"တပ္ဘက္ကေတာ့ ဒီလို စစ္ဆင္ေရးအတြင္းမွာ သံသယရွိတဲ့ လူေတြအားလံုးကိုေတာ့ ဖမ္းဆီးစစ္ေဆးမွာပဲ ဒါေပမယ့္ လံုေလာက္တဲ့ အေထာက္အထားေတြရွိဖို႔ေတာ့ လိုအပ္တယ္။ လံုေလာက္တဲ့ အေထာက္အထား မရွိဘဲနဲ႔ သံသယရွိတဲ့အေနအထားနဲ႔ ဖမ္းရင္ေတာ့ တရားရံုးေရာက္ရင္ေတာ့ လႊတ္မွာပဲ။ အဲေတာ့ က်ေနာ္ျမင္တာက တပ္မေတာ္စစ္ေၾကာင္းအေနနဲ႔ AA နဲ႔ ပတ္သတ္တယ္ AA လို႔ သံသယ ရွိတယ္ အေယာင္ေဆာင္တယ္ ဆက္သြယ္တာရွိရင္ေတာင္ သံသယနဲ႔ ဖမ္းတာထက္ အေထာက္အထားခိုင္လံုနဲ႔ ဖမ္းဆီးတာ ပိုၿပီးေတာ့ ေကာင္းမယ္ထင္တယ္။ မဟုတ္ရင္ မသက္ဆိုင္တဲ့ အရပ္သားေတြ အခ်ဳပ္ထဲ ေထာင္ထဲမွာ အခ်ိန္အၾကာႀကီး ဒုကၡေရာက္ၾကရတယ္။"

AA ရခိုင္လက္နက္ကိုင္အဖဲြ႔ကို အၾကမ္းဖက္အဖဲြ႔အျဖစ္ အစိုးရက မသတ္မွတ္ခင္ကတည္းက AA အေနနဲ႔ အၾကမ္းဖက္လုပ္ရပ္ေတြ ပိုက်ဴးလြန္လာတယ္လို႔ ျမန္မာစစ္တပ္ ေျပာခြင့္ရသူ ဗိုလ္မွဴးခ်ဳပ္ေဇာ္မင္းထြန္းက သတင္းေထာက္ေတြကို ေျပာခဲ့ပါတယ္။ AA ဘက္ကေတာ့ ျမန္မာတပ္မေတာ္ဘက္က စစ္ဆင္ေရးေတြ တိုးလုပ္လာတာေၾကာင့္တိုက္ပဲြေတြ ပိုျဖစ္လာတာလို႔ တုံ႔ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


[Unicode Version]

ရခိုင်မြောက်ပိုင်းမှာ အကြမ်းဖက်ဥပဒေနဲ့ ဖမ်းဆီး တရားစွဲခံရသူဦးရေတိုးလာ

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံအရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးပြီး အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေတွေနဲ့ တရားစွဲမှုတွေ ပိုမို များပြားလာနေတဲ့ အခြေအနေကို ပြောပြပေးချင်ပါတယ်။ ဒီအကြောင်း ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က တင်ပြပေးပါမယ်။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်နယ်မှာအရပ်သားတွေကို သံသယနဲ့ ဖမ်းဆီးတရားစွဲဆိုတာတွေ အခု ရက်ပိုင်း၊ လပိုင်းအတွင်း ပိုများလာတာပါ။

တောင်ကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဇေယျကျော် အပါအဝင် သုံးဦးဟာပြီးခဲ့တဲ့ ရက်ပိုင်းက ဖမ်းဆီးခံခဲ့ရသလို၊ ဦးဇေယျကျော်ရဲ့ ညီဖြစ်သူကို တောင်ကုတ်မြို့မရဲစခန်းက မနေ့က ဆက်လက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ ဦးဇေယျကျော်ရဲ့ ရှေ့နေ ဒေါ်သိဂီ ၤမောင်က ပြောပါတယ်။

"မနေ့က ကိုဇေယျကျော်တို့ ရမာန်ရှိတော့ သူတို့က တရားရုံကို လာပြီးတော့ စောင့်နေတာ အချိန်မှာ ၁၂နာရီ ကျော်လောက်မှာ ကိုဇေယျကျော်ရဲ့ ညီကို လာခေါ်သွားတာ တောင်ကုတ်စခန်းကလေ အကြမ်းဖက် ၅၀ (ဈ)နဲ့ ပေါ့။ အမှုဖွင့်တာတော့ မဟုတ်ဘူး။ ရမာန်ယူထားတာ။"

လက်ရှိအချိန်ထိ တောင်ကုတ်မြို့နယ်က ဦးဇေယျကျော်အပါအဝင် ဖမ်းဆီးထားသူတွေကို ဘယ်မှားထားတယ်ဆိုတာကို မသိရသေးတာကြောင့် ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေက စိုးရိမ်နေကြတယ်လို့ ရှေ့နေ ဒေါ်သိဂီ ၤမောင်က ဆက်ပြောပါတယ်။

AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရက မသတ်မှတ်ခင်ကတည်းက ရခိုင်ပြည်နယ်အတွင်းမှာ အကြမ်းဖက် တိုက်ဖျက်ရေးပုဒ်မတွေနဲ့ တရားစွဲဆိုခံထားရတဲ့ အမှုပေါင်း ၁၀၉ မှု ရှိတယ်လို့ ရခိုင်ပြည်နယ် ဥပဒေချုပ် ဦးကျော်လှထွန်းက ပြီးခဲ့တဲ့ မေလ ၂၀ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းမှာ ဒေသခံအရပ်သားတွေကို သံသယတစ်ခုတည်းနဲ့ ဖမ်းဆီးတာမျိုးမဟုတ်ပဲနဲ့ သက်သေ အထောက်အထားခိုင်ခိုင်လုံလုံနဲ့ တရားစွဲဆိုမယ်ဆိုရင် အခုလောက်ထိ တရားစွဲဆိုခံသူတွေ များလာစရာ အကြောင်း မရှိဘူးလို့ သဇင်ဥပဒေအထောက်အကူပြုအဖွဲ့က ဒါရိုက်တာ ရှေ့နေကိုငြိမ်းချမ်းက ပြောပါတယ်။

"သူတို့ကို တရားစွဲနိုင်လောက်တဲ့အထိ သက်သေခံအထောက်အထား ဘာတွေရှိလဲပေါ့ ဆိုလိုတာကကျနော်တို့ စစ်ဆေးပေါ်ပေါက်ချက်အရ စွဲတယ်ဆိုတာက အရမ်းကို လွယ်တဲ့ ကိစ္စ ဘယ်လိုနည်းလမ်းနဲ့ စစ်ဆေးတယ်ဆိုတာက တစ်ပိုင်းပေါ့။ စစ်ဆေးတဲ့ အခါ စစ်ဆေးချက်ကို ဘယ်လောက်ထောက်ခံမှုရှိလဲပေါ့နော်။ အဲအပေါ်မှာပဲ တရားစွဲတယ်ဆိုရင်တော့ တရားစွဲတဲ့ ကိစ္စဟာ ဒီလောက်ထိ များလာစရာအကြောင်း မရှိဘူးလို့ ကျနော်တို့ မြင်တယ်။"

အခုလို ဒေသခံတွေကို သံသယတွေနဲ့ ဖမ်းဆီး တရားစွဲဆိုနေတာတွေကြောင့် ဒေသခံတွေလုံခြုံမှု မရှိတော့သလို မလိုလားအပ်တဲ့ ပြဿနာတွေ ဖြစ်လာနိုင်တယ်လို့ လည်း သူက ဆက်ပြောပါတယ်။

"အဓိကတော့ မြေပြင်မှာနေတဲ့အခါကျတော့ လုံခြုံမှုပေါ့။ ကျနော်တို့ နယ်မှာရှိနေတဲ့ လူပျိုအရွယ် အပျိုအရွယ်တွေ အရွယ်ကောင်းတွေပေါ့။ မိမိအိမ်မှာနေပြီး ပုဂ္ဂလိက လုံခြုံမှုဟာ ဘယ်လိုမှ မရှိတော့ဘူး။ သူတို့ရဲ့ မလုံခြုံမှု သူတို့ရဲ့ ကြောက်စိတ်ကနေတစ်ဆင့် တစ်ခြားကျနော်တို့ မျှော်လင့်မထားတဲ့ ကိစ္စရပ်တွေလည်း ဖြစ်သွားနိုင်တယ်။"

စစ်ရေးပြင်းထန်နေတဲ့ ရခိုင်ဘက်မှာ တပ်ဘက်က အရပ်သားတွေကို ဖမ်းဆီးစစ်ဆေးတရားစွဲဆိုတဲ့ အခါမှာ သက်သေအထောက်အထားခိုင်ခိုင်လုံလုံနဲ့ ဖမ်းဆီးသင့်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။

"တပ်ဘက်ကတော့ ဒီလို စစ်ဆင်ရေးအတွင်းမှာ သံသယရှိတဲ့ လူတွေအားလုံးကိုတော့ ဖမ်းဆီးစစ်ဆေးမှာပဲ ဒါပေမယ့် လုံလောက်တဲ့ အထောက်အထားတွေရှိဖို့တော့ လိုအပ်တယ်။ လုံလောက်တဲ့ အထောက်အထား မရှိဘဲနဲ့ သံသယရှိတဲ့အနေအထားနဲ့ ဖမ်းရင်တော့ တရားရုံးရောက်ရင်တော့ လွှတ်မှာပဲ။ အဲတော့ ကျနော်မြင်တာက တပ်မတော်စစ်ကြောင်းအနေနဲ့ AA နဲ့ ပတ်သတ်တယ် AA လို့ သံသယ ရှိတယ် အယောင်ဆောင်တယ် ဆက်သွယ်တာရှိရင်တောင် သံသယနဲ့ ဖမ်းတာထက် အထောက်အထားခိုင်လုံနဲ့ ဖမ်းဆီးတာ ပိုပြီးတော့ ကောင်းမယ်ထင်တယ်။ မဟုတ်ရင် မသက်ဆိုင်တဲ့ အရပ်သားတွေ အချုပ်ထဲ ထောင်ထဲမှာ အချိန်အကြာကြီး ဒုက္ခရောက်ကြရတယ်။"

AA ရခိုင်လက်နက်ကိုင်အဖွဲ့ကို အကြမ်းဖက်အဖွဲ့အဖြစ် အစိုးရကမသတ်မှတ်ခင်ကတည်းက AA အနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေ ပိုကျူးလွန်လာတယ်လို့ မြန်မာစစ်တပ် ပြောခွင့်ရသူ ဗိုလ်မှုးချုပ်ဇော်မင်းထွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ AA ဘက်ကတော့ မြန်မာတပ်မတော်ဘက်က စစ်ဆင်ရေးတွေ တိုးလုပ်လာတာကြောင့်တိုက်ပွဲတွေ ပိုဖြစ်လာတာလို့ တုံ့ပြန်ထားပါတယ်။

XS
SM
MD
LG