သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ျမန္မာေခါင္းေဆာင္ေတြကို တရားစြဲထားတဲ့ကိစၥ အာဂ်င္တီးနားတရား႐ုံး လက္ခံမလား


ၿဗိတိန္အေျခစိုက္ ျမန္မာ ရိုဟင္ဂ်ာမ်ားအသင္း ဥကၠဌ ဦးထြန္းခင္ ႏွင့္ အာဂ်င္တီးနားလူ႔အခြင့္အေရးေရွ႕ေန Tomas Ojea Quintana

(Zawgyi/Unicode)

ျမန္မာစစ္ဘက္နဲ႔ အရပ္ဘက္ ထိပ္တန္းေခါင္းေဆာင္ တဒါဇင္ေက်ာ္ကို ရာဇ၀တ္ က်ဴးလြန္မႈေတြနဲ႔ႏိုင္ငံတကာဥပေဒအရ စဲြထားတဲ့အမႈကို အာဂ်င္တီးနား ျပည္ေထာင္စုတရားရံုးက လက္ခံ ဖို႔နီးစပ္ေနၿပီလို႔ ၿဗိတိန္အေျခစိုက္ ျမန္မာ ရိုဟင္ဂ်ာမ်ားအသင္း ဥကၠဌ ဦးထြန္းခင္က ဗီြအိုေအ ကိုေျပာပါတယ္။

ICC နိုင္ငံတကာ ရာဇ၀တ္ခံုရံုးက ရိုဟင္ဂ်ာေတြ အတင္းအက်ပ္ေမာင္းထုတ္ခံရမႈကို စံုစမ္းစစ္ေဆးမယ့္ ကိစၥနဲ႔ အခု အာဂ်င္တီးနားတရားရံုးခ်ဳပ္က ကိုင္တြယ္မယ့္ျမန္မာကိစၥ တူညီမႈရွိမရွိ ေသခ်ာေအာင္ စံုစမ္းေနေၾကာင္း အာဂ်င္တီးနားအစိုးရ ေရွ႕ေနေတြက အေၾကာင္းၾကားခဲ့တယ္လို႔ ဦးထြန္းခင္က ေျပာပါတယ္။ ဒီလို အာဂ်င္တီးနားဘက္က ေရွ႕ဆက္ေဆာင္ရြက္လာတာဟာ သူတို႔စဲြထားတဲ့အမႈကိုလက္ခံမယ့္ အေျခအေနလို႔ ျမင္ေၾကာင္း ဦးထြန္းခင္က ဆိုပါတယ္။

ဦးထြန္းခင္ ကိုယ္တိုင္လည္း အာဂ်င္တီးနီးႏိုင္ငံကိုသြားၿပီး ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ကာကြယ္ေရး ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ အပါအဝင္ စစ္ဖက္၊ အရပ္ဖက္ ေခါင္းေဆာင္ အမ်ားအျပားကို ႐ိုဟင္ဂ်ာ မူစလင္ေတြအေပၚ လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ စစ္ရာဇ၀တ္က်ဴးလြန္မႈ စတဲ့ စဲြခ်က္ေတြနဲ႔ႏို၀င္ဘာလ ၁၃ ရက္ေန႔က အျခားလူ႔အခြင့္အေရးအဖဲြ႕ေတြနဲ႔အတူ အာဂ်င္တီးနားဗဟိုတရားရံုးမွာ “Universal Jurisdiction”ႏိုင္ငံတကာဥပေဒခ်ဳိးေဖာက္မႈ မွန္သမွ် ကမၻာ့ေနရာတိုင္းမွာ စံုစမ္း စီရင္ပိုင္ခြင့္ နဲ႔ အမႈတင္သြင္းခဲ့တာျဖစ္ပါတယ္။

ေျခာက္လအတြင္း အာဂ်င္တီးနားတရားရံုးခ်ဳပ္ဘက္က ျမန္မာအမႈကို ေရွ႕ဆက္ေဆာင္ရြက္လာတဲ့ အေျခအေနနဲ႔ ပတ္သက္လို႔ ျမန္မာ ရိုဟင္ဂ်ာမ်ားအသင္း ဥကၠဌ ဦးထြန္းခင္ကို မအင္ၾကင္းႏိုင္က Skype ကေန ဆက္သြယ္ေမးျမန္းထားပါတယ္။

မအင္ၾကင္းႏိုင္။ ။ အခုလို အာဂ်င္တီးနား ျပည္ေထာင္စုတရားရံုးခ်ုပ္က ျမန္မာနဲ႔ ပတ္သက္လို႔ ICC က ကိုင္တြယ္ေနတဲ့အမႈနဲ႔ တူညီမႈရွိမရွိ ICC ကိုစံုစမ္းေမးျမန္းတဲ့ သေဘာက ဦးထြန္းခင္တို႔ စဲြထားတဲ့ အမႈကို လက္ခံမယ္ဆိုတဲ့ သေဘာလား။ ဘယ္လို ယူဆလို႔ ရလဲရွင့္။

ဦးထြန္းခင္။။ ဒါကေတာ့ လက္ခံတယ္ဆိုတဲ့ သေဘာလို႔ ေျပာလို႔ရပါတယ္။ ဘာျဖစ္လို႔လည္းဆိုေတာ့ တူညီတဲ့ အမႈတခုကို ႏိုင္ငံတကာဥပေဒေတြနဲ႔ ဖြင့္ထားၿပီဆိုရင္ အသံုးစရိတ္ေတြက မ်ားတယ္ေလ။ အမႈတခုကို ဒီဘက္ကလဲလုပ္မယ္၊ ICC ကလည္း လုပ္မယ္ဆိုရင္ မျဖစ္ႏိုင္ဘူးေလ။ ICC က ကိုင္တြယ္တဲ့ အမႈနဲ႔ ထပ္တူေနတယ္ဆိုရင္ က်ေနာ္တို႔အမႈက သြားစရာမလိုဘူး။ ဒါေပမယ့္ ဒီေနရာမွာက က်ေနာ္တို႔ ထင္ထင္ရွားရွား သိထားတာက ICC အမႈက deportation case (အတင္းအက်ပ္ ေမာင္းထုတ္ခံရမႈ)၊ ရွစ္သိန္းနီးပါး ရိုဟင္ဂ်ာေတြကို ရက္ရက္စက္စက္သတ္ျဖတ္ၿပီး ျမန္မာေျမေပၚကေန ေမာင္းထုတ္ခဲ့တယ္။ က်ေနာ္တို႔ ျမန္မာရိုဟင္ဂ်ာမ်ားအသင္းကေန စြဲထားတဲ့ အမႈကေတာ့ အဲဒီလို ရက္ရက္စက္စက္ အစုလိုက္ အၿပံဳလိုက္သတ္ျဖတ္ခဲ့တဲ့ စစ္ရာဇ၀တ္မႈ၊ လူမ်ဳိးတုန္းသတ္ျဖတ္မႈ အကုန္လံုး ပါပါတယ္။ က်ေနာ္တို႔ အမႈက ပိုၿပီး က်ယ္ျပန္႔တဲ့ အေနအထားမွာ ရွိတယ္။ ၿပီးေတာ့ က်ေနာ္တို႔ အမႈစဲြထားတဲ့ အထဲမွာ အစိုးရေရာ၊ စစ္တပ္က ထိပ္ပိုင္းကလူေတြ ၁၂ ေယာက္ေလာက္ပါတယ္။ အဲေတာ့ ဒီအမႈက ႀကီးေတာ့ သူတို႔အေနနဲ႔ ICC ကိုစံုစမ္းေမးျမန္းၿပီးေနာက္ အမႈကို ဆက္ၿပီးကိုင္တြယ္သြားမယ္လို႔ က်ေနာ္တို႔ ေျပာလို႔ရပါတယ္။

အင္ၾကင္းႏိုင္။။ အဲေတာ့ ICC ဘက္ကတုံ႔ျပန္ခ်က္ရၿပီဆိုရင္ အာဂ်င္တီးနားတရားရံုးခ်ဳပ္က ဘာဆက္လုပ္မွာလဲ။

ဦးထြန္းခင္။။ တုံ႔ျပန္ခ်က္ရၿပီဆိုတာနဲ႔ အာဂ်င္တီးနားတရားရံုးဘက္က က်ေနာ္တို႔ စဲြထားတဲ့ အမႈကိုစတင္စံုစမ္း စစ္ေဆးလို႔ ရပါၿပီ။

အင္ၾကင္းႏိုင္။။ အမႈကိုစဲြထားတဲ့ေနရာမွာ ဘယ္ႏွစ္ခုႏွစ္က အျဖစ္အပ်က္ေတြအေပၚ အေျခခံၿပီး စဲြထားတာလဲရွင့္။

ဦးထြန္းခင္။။ အျဖစ္အပ်က္ေတြကေတာ့ အမ်ားႀကီးရွိပါတယ္။ ဒါေပမယ့္ ဒီအမႈမွာေတာ့ ၂၀၁၆နဲ႔ ၂၀၁၇ ခုႏွစ္မွာ ေထာင္ေပါင္းမ်ားစြာေသာ ရိုဟင္ဂ်ာအမ်ဳိးသား၊ အမ်ဳိးသမီးနဲ႔ ကေလးေတြကို ျမန္မာစစ္တပ္က အစုလိုက္၊ အၿပံဳလိုက္သတ္ျဖတ္ခဲ့တယ္။ စစ္ရာဇ၀တ္က်ဴးလြန္မႈေတြလည္း အမ်ားႀကီးရွိေနတယ္။ ေနာက္ လူမ်ဳိးတုန္းသတ္ျဖတ္မႈၾကေတာ့ ရည္ရြယ္ခ်က္ရွိရွိ ႏွစ္ေပါင္းမ်ားစြာ စနစ္တက်နဲ႔ ရိုဟင္ဂ်ာေတြကို သုတ္သင္ရွင္းလင္းတယ္ဆိုတာ တမႈ။

အင္ၾကင္းႏိုင္။။ ဒါေပမယ့္လည္း အဲဒီလိုအမႈေတြနဲ႔ ျမန္မာစစ္ဖက္နဲ႔ အရပ္ဖက္ေခါင္းေဆာင္ တဦးခ်င္းစီကို တရားစဲြထားတဲ့ ကိစၥမွာ အာဂ်င္တီးနားတရားရံုးက ကိုင္တြယ္ႏိုင္မယ့္ အလားအလာက ဘယ္လိုရွိမလဲ။

ဦးထြန္းခင္။ ။ ဒီအမႈကို အာဂ်င္တီးနားဘက္က ေတာ္ေတာ္စိတ္၀င္စားတယ္။ ဘာျဖစ္လို႔လည္း ဆိုေတာ့ ၂၁ ရာစုမွာ လူမ်ဳိးတမ်ဳိးကို အစုလိုက္အၿပံဳလိုက္ သတ္ျဖတ္ၿပီးေတာ့ ရည္ရြယ္ခ်က္ရွိရွိ ရွင္းလင္းေနတာက ျမန္မာတႏိုင္ငံတည္းမွာပဲ ျဖစ္ေနတာ ထင္ရွားတယ္။ အဲဒါကို သူတို႔ စိတ္၀င္စားပံုရတယ္။ က်ေနာ္ Buenos Aires ေရာက္တုန္းကလည္း တရားသူႀကီး၊ ဥပေဒပညာရွင္ေတြနဲ႕ တျခားအဖဲြ႕အစည္းေတြနဲ႔ ေတြ႕ခဲ့ပါတယ္။ က်ေနာ္ေျပာႏိုင္တာကေတာ့ အာဂ်င္တီးနား တရားရံုးကလည္း ေတာ္ေတာ္ေလး စိတ္၀င္တစားနဲ႔ ဒီအမႈကို ေရွ႕ဆက္သြားလိမ့္မယ္လို႔ က်ေနာ္ ေျပာလို႔ ရပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ရိုဟင္ဂ်ာဆိုတဲ့ အသံုးအႏႈန္းကို လက္မခံသလို အာဂ်င္တီးနား တရားရံုးအမႈကို တံု႔ျပန္ေခ်ပစရာ အေၾကာင္းမရွိဘူးလို႔ ေျပာဆိုထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


.................

မြန်မာခေါင်းဆောင်တွေကို တရားစွဲထားတဲ့ကိစ္စ အာဂျင်တီးနားတရားရုံး လက်ခံမလား

(Unicode)

မြန်မာစစ်ဘက်နဲ့ အရပ်ဘက် ထိပ်တန်းခေါင်းဆောင် တဒါဇင်ကျော်ကို ရာဇဝတ် ကျူးလွန်မှုတွေနဲ့နိုင်ငံတကာဥပဒေအရ စွဲထားတဲ့အမှုကို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးက လက်ခံ ဖို့နီးစပ်နေပြီလို့ ဗြိတိန်အခြေစိုက် မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်က ဗွီအိုအေ ကိုပြောပါတယ်။

ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးက ရိုဟင်ဂျာတွေ အတင်းအကျပ်မောင်းထုတ်ခံရမှုကို စုံစမ်းစစ်ဆေးမယ့် ကိစ္စနဲ့ အခု အာဂျင်တီးနားတရားရုံးချုပ်က ကိုင်တွယ်မယ့်မြန်မာကိစ္စ တူညီမှုရှိမရှိ သေချာအောင် စုံစမ်းနေကြောင်း အာဂျင်တီးနားအစိုးရ ရှေ့နေတွေက အကြောင်းကြားခဲ့တယ်လို့ ဦးထွန်းခင်က ပြောပါတယ်။ ဒီလို အာဂျင်တီးနားဘက်က ရှေ့ဆက်ဆောင်ရွက်လာတာဟာ သူတို့စွဲထားတဲ့အမှုကိုလက်ခံမယ့် အခြေအနေလို့ မြင်ကြောင်း ဦးထွန်းခင်က ဆိုပါတယ်။

ဦးထွန်းခင် ကိုယ်တိုင်လည်း အာဂျင်တီးနီးနိုင်ငံကိုသွားပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် စစ်ဖက်၊ အရပ်ဖက် ခေါင်းဆောင် အများအပြားကို ရိုဟင်ဂျာ မူစလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု၊ စစ်ရာဇဝတ်ကျူးလွန်မှု စတဲ့ စွဲချက်တွေနဲ့နိုဝင်ဘာလ ၁၃ ရက်နေ့က အခြားလူ့အခွင့်အရေးအဖွဲ့တွေနဲ့အတူ အာဂျင်တီးနားဗဟိုတရားရုံးမှာ “Universal Jurisdiction”နိုင်ငံတကာဥပဒေချိုးဖောက်မှု မှန်သမျှ ကမ္ဘာ့နေရာတိုင်းမှာ စုံစမ်း စီရင်ပိုင်ခွင့် နဲ့ အမှုတင်သွင်းခဲ့တာဖြစ်ပါတယ်။

ခြောက်လအတွင်း အာဂျင်တီးနားတရားရုံးချုပ်ဘက်က မြန်မာအမှုကို ရှေ့ဆက်ဆောင်ရွက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ မြန်မာ ရိုဟင်ဂျာများအသင်း ဥက္ကဌ ဦးထွန်းခင်ကို မအင်ကြင်းနိုင်က Skype ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

မအင်ကြင်းနိုင်။ ။ အခုလို အာဂျင်တီးနား ပြည်ထောင်စုတရားရုံးချုပ်က မြန်မာနဲ့ ပတ်သက်လို့ ICC က ကိုင်တွယ်နေတဲ့အမှုနဲ့ တူညီမှုရှိမရှိ ICC ကိုစုံစမ်းမေးမြန်းတဲ့ သဘောက ဦးထွန်းခင်တို့ စွဲထားတဲ့ အမှုကို လက်ခံမယ်ဆိုတဲ့ သဘောလား။ ဘယ်လို ယူဆလို့ ရလဲရှင့်။

ဦးထွန်းခင်။။ ဒါကတော့ လက်ခံတယ်ဆိုတဲ့ သဘောလို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တူညီတဲ့ အမှုတခုကို နိုင်ငံတကာဥပဒေတွေနဲ့ ဖွင့်ထားပြီဆိုရင် အသုံးစရိတ်တွေက များတယ်လေ။ အမှုတခုကို ဒီဘက်ကလဲလုပ်မယ်၊ ICC ကလည်း လုပ်မယ်ဆိုရင် မဖြစ်နိုင်ဘူးလေ။ ICC က ကိုင်တွယ်တဲ့ အမှုနဲ့ ထပ်တူနေတယ်ဆိုရင် ကျနော်တို့အမှုက သွားစရာမလိုဘူး။ ဒါပေမယ့် ဒီနေရာမှာက ကျနော်တို့ ထင်ထင်ရှားရှား သိထားတာက ICC အမှုက deportation case (အတင်းအကျပ် မောင်းထုတ်ခံရမှု)၊ ရှစ်သိန်းနီးပါး ရိုဟင်ဂျာတွေကို ရက်ရက်စက်စက်သတ်ဖြတ်ပြီး မြန်မာမြေပေါ်ကနေ မောင်းထုတ်ခဲ့တယ်။ ကျနော်တို့ မြန်မာရိုဟင်ဂျာများအသင်းကနေ စွဲထားတဲ့ အမှုကတော့ အဲဒီလို ရက်ရက်စက်စက် အစုလိုက် အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စစ်ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု အကုန်လုံး ပါပါတယ်။ ကျနော်တို့ အမှုက ပိုပြီး ကျယ်ပြန့်တဲ့ အနေအထားမှာ ရှိတယ်။ ပြီးတော့ ကျနော်တို့ အမှုစွဲထားတဲ့ အထဲမှာ အစိုးရရော၊ စစ်တပ်က ထိပ်ပိုင်းကလူတွေ ၁၂ ယောက်လောက်ပါတယ်။ အဲတော့ ဒီအမှုက ကြီးတော့ သူတို့အနေနဲ့ ICC ကိုစုံစမ်းမေးမြန်းပြီးနောက် အမှုကို ဆက်ပြီးကိုင်တွယ်သွားမယ်လို့ ကျနော်တို့ ပြောလို့ရပါတယ်။

အင်ကြင်းနိုင်။။ အဲတော့ ICC ဘက်ကတုံ့ပြန်ချက်ရပြီဆိုရင် အာဂျင်တီးနားတရားရုံးချုပ်က ဘာဆက်လုပ်မှာလဲ။

ဦးထွန်းခင်။။ တုံ့ပြန်ချက်ရပြီဆိုတာနဲ့ အာဂျင်တီးနားတရားရုံးဘက်က ကျနော်တို့ စွဲထားတဲ့ အမှုကိုစတင်စုံစမ်း စစ်ဆေးလို့ ရပါပြီ။

အင်ကြင်းနိုင်။။ အမှုကိုစွဲထားတဲ့နေရာမှာ ဘယ်နှစ်ခုနှစ်က အဖြစ်အပျက်တွေအပေါ် အခြေခံပြီး စွဲထားတာလဲရှင့်။

ဦးထွန်းခင်။။ အဖြစ်အပျက်တွေကတော့ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအမှုမှာတော့ ၂၀၁၆နဲ့ ၂၀၁၇ ခုနှစ်မှာ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာအမျိုးသား၊ အမျိုးသမီးနဲ့ ကလေးတွေကို မြန်မာစစ်တပ်က အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်ခဲ့တယ်။ စစ်ရာဇဝတ်ကျူးလွန်မှုတွေလည်း အများကြီးရှိနေတယ်။ နောက် လူမျိုးတုန်းသတ်ဖြတ်မှုကြတော့ ရည်ရွယ်ချက်ရှိရှိ နှစ်ပေါင်းများစွာ စနစ်တကျနဲ့ ရိုဟင်ဂျာတွေကို သုတ်သင်ရှင်းလင်းတယ်ဆိုတာ တမှု။

အင်ကြင်းနိုင်။။ ဒါပေမယ့်လည်း အဲဒီလိုအမှုတွေနဲ့ မြန်မာစစ်ဖက်နဲ့ အရပ်ဖက်ခေါင်းဆောင် တဦးချင်းစီကို တရားစွဲထားတဲ့ ကိစ္စမှာ အာဂျင်တီးနားတရားရုံးက ကိုင်တွယ်နိုင်မယ့် အလားအလာက ဘယ်လိုရှိမလဲ။

ဦးထွန်းခင်။ ။ ဒီအမှုကို အာဂျင်တီးနားဘက်က တော်တော်စိတ်ဝင်စားတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ ၂၁ ရာစုမှာ လူမျိုးတမျိုးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ပြီးတော့ ရည်ရွယ်ချက်ရှိရှိ ရှင်းလင်းနေတာက မြန်မာတနိုင်ငံတည်းမှာပဲ ဖြစ်နေတာ ထင်ရှားတယ်။ အဲဒါကို သူတို့ စိတ်ဝင်စားပုံရတယ်။ ကျနော် Buenos Aires ရောက်တုန်းကလည်း တရားသူကြီး၊ ဥပဒေပညာရှင်တွေနဲ့ တခြားအဖွဲ့အစည်းတွေနဲ့ တွေ့ခဲ့ပါတယ်။ ကျနော်ပြောနိုင်တာကတော့ အာဂျင်တီးနား တရားရုံးကလည်း တော်တော်လေး စိတ်ဝင်တစားနဲ့ ဒီအမှုကို ရှေ့ဆက်သွားလိမ့်မယ်လို့ ကျနော် ပြောလို့ ရပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံသလို အာဂျင်တီးနား တရားရုံးအမှုကို တုံ့ပြန်ချေပစရာ အကြောင်းမရှိဘူးလို့ ပြောဆိုထားပါတယ်။

XS
SM
MD
LG