သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ICJ မှာ ရင်ဆိုင်မယ့်ခရီးစဉ် အတူလိုက်ပါဝန်းရံဖို့ ထောက်ခံသူတွေ စီစဉ်နေ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက် (Photo- Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် မဲခေါင်-ကိုရီးယား ထိပ်သီးအစည်းအဝေးသို့ တက်ရောက် (Photo- Myanmar State Counsellor Office)

(Zawgyi/Unicode)

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် နိုင်ငံတကာတရားရုံး (ICJ) မှာ သွားရောက်ရင်ဆိုင်မယ့်ကိစ္စကို ထောက်ခံသူတွေထဲက ဒေါ်လာ ၂,၀၀၀ (မြန်မာငွေ သိန်း ၃၀ ကျော်) ကုန်ကျမယ့် နယ်သာလန်နိုင်ငံ The Hague မြို့ခရီးစဉ်ကိုလိုက်ဖို့ စီစဉ်ထားသူတွေ ရှိနေပါတယ်။

မြန်မာနိုင်ငံအပေါ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ စွပ်စွဲချက်နဲ့ ICJ မှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာကို ကြားနာစစ်ဆေးမယ့်ကိစ္စ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကိုယ်တိုင် သွားရောက်ရင်ဆိုင်ဖြေရှင်းမယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်က မထင်မှတ်ဘဲ ကြေညာ အပြီး တိုင်းပြည်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် လူထုထောက်ခံပွဲတွေ၊ ဆိုင်းဘုတ်တင် ထောက်ခံတာနဲ့ အင်တာနက်မှာထောက်ခံတာတွေ ဆက်တိုက်ဖြစ်လာပါတယ်။

ဒီဇင်ဘာ ၁၀ ရက်နေ့မှာစလုပ်မယ့် ကြားနာပွဲကို ကိုယ်တိုင်သွားပြီးဝန်းရံမယ့် ထောက်ခံသူတွေ ကလည်း ဒီခရီးစဉ်ကိုသွားဖို့ ချက်ချင်း စီစဉ်နေကြတဲ့အကြောင်း AFP သတင်းမှာရေးထားပါ တယ်။

၅ ရက်ကြာ The Hague မြို့ခရီးစဉ်အတွက် ဗီဇာကြေးနဲ့ သယ်ယူပို့ဆောင်စရိတ်အပါအဝင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၂,၁၅၀ နဲ့ အကျိုးဆောင်ပေးနေတယ်လို့ ခရီးသွားလုပ်ငန်း တခုရဲ့ ဝန်ထမ်းတဦးဖြစ်သူ မဂျူလိုင်က ပြောတဲ့အကြောင်း AFP သတင်းမှာ ဖော်ပြထား ပါတယ်။

တနင်္ဂနွေနေ့တုန်းကလည်း မြန်မာနိုင်ငံအလယ်ပိုင်း မုံရွာမြို့မှာ လူ ၃,၀၀၀ လောက်စုဝေးပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီခရီးစဉ်ကို ထောက်ခံဆန္ဒဖော်ထုတ်ခဲ့ကြသလို နောက်ထပ် ထောက်ခံပွဲတွေကိုလည်း စီစဉ်ထားပါတယ်။

“We Stand with You” ဆိုတဲ့စာသားပါ ဆိုင်းဘုတ်တွေကိုလည်း စပြီး စိုက်ထူနေပါတယ်။

အာဖရိက အနောက်ပိုင်းဒေသမှာရှိတဲ့ ဂမ်ဘီယာနိုင်ငံက OIC အစ္စလာမ်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ဝင် ၅၇ နိုင်ငံကိုယ်စား မြန်မာနိုင်ငံအပေါ် တရားစွဲဆိုထားတာပါ။

အခုလာမယ့် ပထမဆုံးကြားနာပွဲမှာ မြန်မာနိုင်ငံမှာ နောက်ထပ် လူမျိုးတုံးသတ်ဖြတ်မူနဲ့ အထောက်အထားဖျက်ဆီးတာတွေ မလုပ်နိုင်အောင် တားဆီးရေး ကြားဖြတ်ဆုံးဖြတ်ချက်တွေ ချမှတ်ပေးဖို့ ဂမ်ဘီယာက ICJ တရားရုံးကို တင်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ The Hague မြို့မှာပဲအခြေစိုက်တဲ့ ICC နိုင်ငံတကာ ရာဇဝတ်တရား ခုံရုံး ရှေ့နေချုပ်ကလည်း စုံစမ်းစစ်းဆေးတာတွေ စလုပ်နေသလို အာဂျင်တီးနား ဗဟိုတရားရုံး မှာလည်း လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထိပ်တန်း ခေါင်ေးဆာင်တွေကို တရားစွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်


.................


(Zawgyi/Unicode)










ဆက်စပ်သတင်းများ ...

XS
SM
MD
LG