သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ႏုိင္ငံတကာ ရာဇဝတ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႔ ဖြဲ႔စည္း


ႏုိင္ငံတကာ ရာဇဝတ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႔ ဖြဲ႔စည္းေၾကာင္း ေၾကညာခ်က္ (ဓါတ္ပံု- Myanmar State Counsellor Office)

(Zawgyi/Unicode)

ႏုိင္ငံတကာ ရာဇ၀တ္မႈ တရားစီရင္ေရးဆိုင္ရာကိစၥေတြ ေျဖရွင္းေဆာင္ရြက္ဖို႔ အပါအ၀င္ ဥပေဒ အၾကံေပးႏုိင္ေရးအတြက္ဆိုၿပီး ျမန္မာအစိုးရက ႏုိင္ငံတကာ ရာဇ၀တ္မႈ တရားစီရင္ေရးဆုိင္ရာ အထူးအဖြဲ႔ကို ဖြဲ႔စည္းေၾကာင္း အဂၤါေန႔ရက္စြဲနဲ႔ ေၾကညာခ်က္ ထုတ္ပါတယ္။

မၾကာခင္ အခ်ိန္ပိုင္းက ႏုိင္ငံေတာ္ အတုိင္ပင္ခံ႐ံုး၀န္ႀကီးဌာနက ထုတ္ျပန္လိုက္တဲ႔ ဒီေၾကညာခ်က္အရေတာ့ အထူးအဖြဲ႔ကို ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုးက ဦးေဆာင္မွာျဖစ္ၿပီး ႏုိင္ငံျခားေရး၀န္ႀကီးဌာန၊ ျပည္ေထာင္စု ေရွ႕ေနခ်ဳပ္ရံုး၊ စစ္ဥပေဒခ်ဳပ္ရံုးတို႔က ဥပေဒပညာရွင္ေတြနဲ႔ ဖြဲ႔စည္းထားတယ္လို႔ ေဖာ္ျပထားပါတယ္။ ဥပေဒ ပညာရွင္ေတြရဲ႕ အမည္ေတြကိုေတာ့ မထုတ္ျပန္ေသးပါ ဘူး။

အခု ဖြဲ႔စည္းလိုက္တဲ႔ ႏုိင္ငံတကာ ရာဇ၀တ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႔ကေတာ့ ႏုိင္ငံတကာ ရာဇ၀တ္မႈ တရားစီရင္ေရး ကိစၥေတြ ေျဖရွင္းဖို႔၊ လူသားအရင္းအျမစ္ ဖြံ႔ၿဖိဳးတိုးတက္ဖို႔နဲ႔ ၀န္ႀကီးဌာနေတြကို ဥပေဒေၾကာင္းအရ အၾကံေပးဖို႔ ရည္ရြယ္တယ္လို႔ ေဖာ္ျပပါတယ္။

နယ္သာလန္ႏုိင္ငံ The Hague က ICJ ႏုိင္ငံတကာ တရား႐ံုးမွာ ျမန္မာႏုိင္ငံအမႈကို လာမယ့္ ဒီဇင္ဘာလ ၁၀ ရက္ေန႔ စတင္ ၾကားနာဖို႔ ရွိေနခ်ိန္မွာပဲ ႏုိင္ငံတကာ ရာဇ၀တ္မႈ တရားစီရင္ေရးဆိုင္ရာ အထူးအဖြဲ႔ ဖြဲ႔စည္းေၾကာင္း ေၾကညာခဲ႔တာျဖစ္ၿပီး ဒီအတြက္ ရည္ရြယ္သလားဆိုတာေတာ့ ရွင္းရွင္းလင္းလင္း ေျပာဆိုမထားပါဘူး။

ျမန္မာႏုိင္ငံဟာ လူမ်ဳိးတံုးသတ္ျဖတ္မႈဆုိင္ရာ ကုလသမဂၢ သေဘာတူညီခ်က္ကို ခ်ဳိးေဖာက္ပါတယ္ဆိုၿပီး ကုလသမဂၢရဲ႕ အျမင့္ဆံုး တရားစီရင္ေရး ပင္မအဖြဲ႔ႀကီး ျဖစ္တဲ႔ ICJ ႏိုင္ငံတကာ တရားရံုးမွာ ဂမ္ဘီယာႏုိင္ငံက တိုင္ၾကားထားတာ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


...................

နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်း

(Unicode)

နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာကိစ္စတွေ ဖြေရှင်းဆောင်ရွက်ဖို့ အပါအဝင် ဥပဒေ အကြံပေးနိုင်ရေးအတွက်ဆိုပြီး မြန်မာအစိုးရက နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကို ဖွဲ့စည်းကြောင်း အင်္ဂါနေ့ရက်စွဲနဲ့ ကြေညာချက် ထုတ်ပါတယ်။

မကြာခင် အချိန်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ ဒီကြေညာချက်အရတော့ အထူးအဖွဲ့ကို ပြည်ထောင်စု ရှေ့နေချုပ်ရုံးက ဦးဆောင်မှာဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၊ စစ်ဥပဒေချုပ်ရုံးတို့က ဥပဒေပညာရှင်တွေနဲ့ ဖွဲ့စည်းထားတယ်လို့ ဖော်ပြထားပါတယ်။ ဥပဒေ ပညာရှင်တွေရဲ့ အမည်တွေကိုတော့ မထုတ်ပြန်သေးပါ ဘူး။

အခု ဖွဲ့စည်းလိုက်တဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ကတော့ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေး ကိစ္စတွေ ဖြေရှင်းဖို့၊ လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ ဝန်ကြီးဌာနတွေကို ဥပဒေကြောင်းအရ အကြံပေးဖို့ ရည်ရွယ်တယ်လို့ ဖော်ပြပါတယ်။

နယ်သာလန်နိုင်ငံ The Hague က ICJ နိုင်ငံတကာ တရားရုံးမှာ မြန်မာနိုင်ငံအမှုကို လာမယ့် ဒီဇင်ဘာလ ၁၀ ရက်နေ့ စတင် ကြားနာဖို့ ရှိနေချိန်မှာပဲ နိုင်ငံတကာ ရာဇဝတ်မှု တရားစီရင်ရေးဆိုင်ရာ အထူးအဖွဲ့ ဖွဲ့စည်းကြောင်း ကြေညာခဲ့တာဖြစ်ပြီး ဒီအတွက် ရည်ရွယ်သလားဆိုတာတော့ ရှင်းရှင်းလင်းလင်း ပြောဆိုမထားပါဘူး။

မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ သဘောတူညီချက်ကို ချိုးဖောက်ပါတယ်ဆိုပြီး ကုလသမဂ္ဂရဲ့ အမြင့်ဆုံး တရားစီရင်ရေး ပင်မအဖွဲ့ကြီး ဖြစ်တဲ့ ICJ နိုင်ငံတကာ တရားရုံးမှာ ဂမ်ဘီယာနိုင်ငံက တိုင်ကြားထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG