သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

လူ႔အခြင့္အေရးကိစၥ ႏိုင္ငံတကာနဲ႔ပူးေပါင္းဖို႔ ကုလကိုယ္စားလွယ္တိုက္တြန္း


၂၀၁၈ ဇူလတုန္းက ကုလသမဂၢ အထူးကုိယ္စားလွယ္ Christine Schraner Burgener ရခိုင္ခရီးစဥ္ (MOI)

(Zawgyi/Unicode)

ႀကီးေလးတဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈ စြပ္စဲြခ်က္ေတြနဲ႔ ရင္ဆုိင္ေနရတဲ့ ျမန္မာႏုိင္ငံအေနနဲ႔ ႏုိင္ငံတကာ အသုိင္းအ၀န္းနဲ႔ ပူးေပါင္းေဆာင္ရြက္ဖုိ႔ ကုလသမဂၢ အထူးကုိယ္စားလွယ္ Christine Schraner Burgener က တုိက္တြန္းလုိက္ပါတယ္။

ျမန္မာအစုိးရနဲ႔ တပ္မေတာ္ အရာရွိေတြနဲ႔ ေတြ႔ဆုံခဲ့သလုိ၊ ရခုိင္ျပည္နယ္က ေဒသခံႏုိင္ငံေရး အသုိင္းအ၀န္း၊ အရပ္ဘက္ လူမႈအဖဲြ႔အစည္းေတြအျပင္ ဒုကၡသည္ေတြနဲ႔ပါ ေတြ႔ဆုံခဲ့တဲ့ ႏုိ၀င္ဘာ ၁၂ ရက္ေန႔ကေန ၂၁ ရက္ေန႔အထိ ခရီးစဥ္ အဆုံးသတ္ခ်ိန္မွာ ထုတ္ျပန္လုိက္တဲ့ ေၾကညာခ်က္မွာ တုိက္တြန္းလုိက္တာပါ။

ျမန္မာအစုိးရ၊ တပ္မေတာ္၊ လြတ္လပ္တဲ့ စုံစမ္းစစ္ေဆးေရး ေကာ္မရွင္ တာ၀န္ရွိသူေတြနဲ႔ ေတြ႔ဆုံရာမွာေတာ့ ႏုိင္ငံတကာ တာဝန္ခံမႈလုပ္ငန္းစဥ္ေတြနဲ႔ ပူးေပါင္းေဆာင္ရြက္ႏုိင္မယ့္ နည္းလမ္းေတြ ရွာေဖြဖုိ႔ တုိက္တြန္းခဲ့ပါတယ္။ ရခုိင္ျပည္နယ္က လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြအတြက္ အျပည္ျပည္ဆုိင္ရာ တရား႐ုံး (ICJ) နဲ႔ အျပည္ျပည္ဆုိင္ရာ ရာဇ၀တ္ခုံ႐ုံး (ICC) တုိ႔မွာ တုိင္ၾကားခံထားရခ်ိန္မွာပဲ ကုလသမဂၢ အတြင္းေရးမွဴးခ်ဳပ္ရဲ႕ ျမန္မာႏုိင္ငံဆုိင္ရာ အထူးကုိယ္စားလွယ္က တုိက္တြန္းလုိက္တာလည္း ျဖစ္ပါတယ္။

႐ုိဟင္ဂ်ာေတြအေပၚ က်ဳးလြန္တဲ့ လူ႔အခြင့္အေရး ခ်ဳိးေဖာက္မႈေတြဟာ လူမ်ဳိးတုန္းသတ္ျဖတ္မႈဆုိင္ရာ သေဘာတူညီခ်က္ကုိ ခ်ဳိးေဖာက္ရာေရာက္ေၾကာင္း စြပ္စဲြခ်က္နဲ႔ အစၥလာမၼစ္ပူးေပါင္းေဆာင္ရြက္ေရးအဖဲြ႔ (OIC) ကုိယ္စား ဂမ္ဘီယာႏုိင္ငံက ျမန္မာႏုိင္ငံအေပၚ ၿပီးခဲ့တဲ့ သီတင္းပတ္ထဲမွာပဲ ICJ မွာ တရားစဲြဆုိခဲ့တာပါ။

႐ုိဟင္ဂ်ာဆုိတဲ့ အသုံးအႏႈန္းကုိ တရား၀င္ လက္မခံတဲ့ ျမန္မာအစုိးရကေတာ့ ICJ မွာ တရားစဲြထားတဲ့ အမႈနဲ႔ ပတ္သက္လုိ႔ ႏုိင္ငံေတာ္ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ကုိယ္တုိင္ ဦးေဆာင္ေျဖရွင္းမွာျဖစ္ၿပီး၊ ႏုိင္ငံတကာက ဥပေဒပညာရွင္ေတြကုိ ငွားရမ္းထားေၾကာင္းလည္း ျမန္မာအစုိးရက မေန႔တုန္းကပဲ ေၾကညာခ်က္ထုတ္ျပန္ ေျပာဆုိခဲ့တာပါ။ ICC နဲ႔ ပတ္သက္လုိ႔ေတာ့ အဖဲြ႔၀င္ႏုိင္ငံမဟုတ္တာေၾကာင့္ ပူးေပါင္းေဆာင္ရြက္ဖုိ႔ မရွိေၾကာင္းလည္း ေျပာဆုိထားပါတယ္။

တိုက္႐ိုက္ လင့္ခ္


..................

လူ့အခွင့်အရေးကိစ္စ နိုင်ငံတကာနဲ့ပူးပေါင်းဖို့ ကုလကိုယ်စားလှယ်တိုက်တွန်း

(Unicode)

ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာ အသိုင်းအဝန်းနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Christine Schraner Burgener က တိုက်တွန်းလိုက်ပါတယ်။

မြန်မာအစိုးရနဲ့ တပ်မတော် အရာရှိတွေနဲ့ တွေ့ဆုံခဲ့သလို၊ ရခိုင်ပြည်နယ်က ဒေသခံနိုင်ငံရေး အသိုင်းအဝန်း၊ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေအပြင် ဒုက္ခသည်တွေနဲ့ပါ တွေ့ဆုံခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ခရီးစဉ် အဆုံးသတ်ချိန်မှာ ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ တိုက်တွန်းလိုက်တာပါ။

မြန်မာအစိုးရ၊ တပ်မတော်၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင် တာဝန်ရှိသူတွေနဲ့ တွေ့ဆုံရာမှာတော့ နိုင်ငံတကာ တာဝန်ခံမှုလုပ်ငန်းစဉ်တွေနဲ့ ပူးပေါင်းဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေ ရှာဖွေဖို့ တိုက်တွန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) နဲ့ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) တို့မှာ တိုင်ကြားခံထားရချိန်မှာပဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်တာလည်း ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေအပေါ် ကျုးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ သဘောတူညီချက်ကို ချိုးဖောက်ရာရောက်ကြောင်း စွပ်စွဲချက်နဲ့ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စား ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ICJ မှာ တရားစွဲဆိုခဲ့တာပါ။

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို တရားဝင် လက်မခံတဲ့ မြန်မာအစိုးရကတော့ ICJ မှာ တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင်ဖြေရှင်းမှာဖြစ်ပြီး၊ နိုင်ငံတကာက ဥပဒေပညာရှင်တွေကို ငှားရမ်းထားကြောင်းလည်း မြန်မာအစိုးရက မနေ့တုန်းကပဲ ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့တာပါ။ ICC နဲ့ ပတ်သက်လို့တော့ အဖွဲ့ဝင်နိုင်ငံမဟုတ်တာကြောင့် ပူးပေါင်းဆောင်ရွက်ဖို့ မရှိကြောင်းလည်း ပြောဆိုထားပါတယ်။

XS
SM
MD
LG