သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အမုန္းတရား လႈံ႕ေဆာ္မႈ ဆန္႔က်င္ဖို႔ Christine Burgener တိုက္တြန္း


( Zawgyi/ Unicode )

ျမန္မာႏိုင္ငံမွာ ေသြးထိုးလႈံ႕ေဆာ္တာနဲ႔ အမုန္းပြားေအာင္ လုပ္တာေတြကို အရပ္ဘက္နဲ႔ စစ္ဘက္အာဏာပိုင္ေတြ အခိုင္အမာ တညီတၫြတ္ထဲ ဆန႔္က်င္ၾကရမယ္လို႔ ကုလသမဂၢ အတြင္းေရးမႉးခ်ဳပ္ရဲ႕ ျမန္မာႏိုင္ငံဆိုင္ရာ အထူးကိုယ္စားလွယ္ Christine Schraner Burgener က ေျပာပါတယ္။ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္မႈဆိုင္ရာ ဥပေဒကို ျပန္ၿပီးျပဳျပင္ဖို႔ လိုတယ္လို႔လည္း ေထာက္ျပ ပါတယ္။

ျမန္မာသံအမတ္ႀကီး ကေတာ့ ႏိုင္ငံသားျဖစ္ေရးကို ၁၉၈၂ ခုႏွစ္ဥပေဒအရပဲ ဆက္လုပ္သြားမယ္လို႔ တုန႔္ျပန္ပါ တယ္။ ၇၄ ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံ၊ လူသားစာနာေထာက္ထားမႈေရးရာနဲ႔ ယဥ္ေက်းမႈေရးရာ တတိယ ေကာ္မတီ ၃၂ ႀကိမ္ေျမာက္ အစည္းအေဝးမွာ ဗုဒၶဟူးေန႔က ေျပာဆိုသြားၾကတာေတြကို ေကာက္ႏုတ္စုစည္းၿပီး ကိုေက်ာ္ေက်ာ္ သိန္းက ေျပာျပပါမယ္။

အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ Christine Schraner Burgener ဟာ အေထြေထြညီလာခံ တတိယေကာ္မတီ မွာ ျမန္မာႏိုင္ငံတြင္း အေျခအေနအရပ္ရပ္နဲ႔ပတ္သက္လို႔ တင္ျပေျပာဆိုသြားတာျဖစ္ၿပီး အထူးသျဖင့္ေတာ့ ရခိုင္ျပည္နယ္အေရးနဲ႔ ပတ္သက္လို႔ အေလးထားေျပာဆိုသြားတာပါ။

တိုက္ခိုက္မႈေတြနဲ႔ အခိုင္အမာရွိထားၿပီးသား ခြဲျခားဆက္ဆံမႈေတြရဲ႕ အေၾကာင္းရင္းေတြကို ကိုင္တြယ္ေျဖရွင္းဖို႔ ႀကီးမားတဲ့ လုပ္ေဆာင္မႈလိုအပ္တယ္လို႔ မစၥ Burgener ကေထာက္ျပၿပီး အဓိကလုပ္ေဆာင္သင့္တာတခုကို အခုလို အႀကံျပဳသြားပါတယ္။

“ဒီလမ္းေၾကာင္းမွာ အထူးအေရးပါတဲ့ အဆင့္ကေတာ့ ေသြးထိုးလႈံ႕ေဆာ္တာနဲ႔ အမုန္းပြားေအာင္လုပ္တာ ေတြကို အရပ္ဘက္နဲ႔ စစ္ဘက္ အာဏာပိုင္ေတြ အေနနဲ႔ အခိုင္အမာ တညီတၫြတ္ထဲ ဆန႔္က်င့္သြားၾကဖို႔ျဖစ္ပါတယ္။ ဒီ လုပ္ေဆာင္ခ်က္နဲ႔အတူ အားလုံး က်ယ္က်ယ္ျပန႔္ျပန႔္ပါဝင္တဲ့၊ ပြင့္လင္းျမင္သာမႈရွိတဲ့၊ လက္လွမ္းမီတဲ့ ေ႐ြးေကာက္ပြဲလုပ္ငန္းစဥ္ တခုကို အားေပးျမႇင့္တင္ၿပီး အတူတကြ အေကာင္အထည္ေဖာ္ရပါမယ္။ ဒါမွသာ ဒီလုပ္ငန္းစဥ္ဟာ ႏိုင္ငံတဝန္းညီၫြတ္ေစတဲ့ လုပ္ေဆာင္ခ်က္တခုျဖစ္လာေစမွာပါ။”

ရခိုင္အေရး အစိုးရက အေကာင္အထည္ေဖာ္ လုပ္ေဆာင္ေနတာေတြကို မစၥ Burgener က အသိအမွတ္ျပဳ ထည့္ေျပာသြား သလို ရခိုင္ျပည္နယ္က လူမႈအဝန္းအဝိုင္းအားလုံးအတြက္ လူ႔အခြင့္အေရး၊ ဂုဏ္သိကၡာနဲ႔ ေဘးကင္းလုံၿခဳံေရး အာမခံခ်က္ရွိေစဖို႔ ေနာက္ထပ္ လုပ္စရာေတြ ရွိေသးတာကိုလည္း ေထာက္ျပပါတယ္။

ႏို္င္ငံသားျဖစ္ခြင့္ ေလွ်ာက္ထားခ်က္နဲ႔ ဆုံးျဖတ္တဲ့ လုပ္ငန္းစဥ္ကို ႐ိုးရွင္းလြယ္ကူေအာင္ လုပ္ဖို႔နဲ႔ အလ်င္အျမန္လုပ္ဖို႔ အဆိုျပဳ ခ်က္ေတြကို အစိုးရက အျပဳသေဘာေဆာင္ တုန႔္ျပန္ထားတဲ့ အေပၚ မစၥ Burgener က ႀကိဳဆိုၿပီး ဒါကို အေကာင္အထည္ေဖာ္ရပါ ေတာ့မယ္လို႔ ဆိုေပမယ့္ ဥပေဒနဲ႔ပတ္သက္ၿပီးေတာ့ေတာ့ အခုလို ေထာက္ျပသြားပါတယ္။

“ဒါေပမယ့္ ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားျဖစ္ခြင့္ဆိုင္ရာ ဥပေဒမွာ ဒီကိစၥဟာ ကန႔္သတ္ခ်က္အျဖစ္ ဆက္ရွိေနဆဲပါ။ ဒီဥပေဒဟာ ခြဲျခားဆက္ဆံမႈမရွိေရး၊ ႏိုင္ငံမဲ့ျဖစ္မႈ တားဆီး ေလွ်ာ့ခ်ေရးနဲ႔ဆက္စပ္တဲ့ အဓိကကိစၥရပ္ေတြမွာ ႏိုင္ငံတကာ စံႏႈန္းေတြနဲ႔ ကိုက္ညီမႈမရွိတာေၾကာင့္ ျပန္ၿပီးျပဳျပင္ဖို႔ လိုအပ္ပါတယ္။”

ကုလသမဂၢဆိုင္ရာ ျမန္မာသံအမတ္ႀကီး ဦးေဟာက္ဒိုဆြမ္းကေတာ့ တာဝန္ခံမႈရွိေရးဆိုၿပီး ျမန္မာ့အေရးကို ႏိုင္ငံတကာ တရား ေရးအဖြဲ႕အစည္းေတြေရွ႕မွာ စစ္ေဆးဖို႔၊ ျမန္မာႏိုင္ငံတြင္းမွာ ေဘးကင္းလုံၿခဳံတဲ့ေဒသ Safe Zone ထူေထာင္ဖို႔နဲ႔ ႏိုင္ငံသားအျဖစ္ ခ်က္ျခင္းသတ္မွတ္ဖို႔ ေတာင္းဆိုခ်က္ေတြဟာ မွ်တမႈမရွိသလို လက္ေတြ႕လည္း မက်ဘူးလို႔ တုန႔္ျပန္ေျပာဆိုပါတယ္။ တဆက္ထဲ မွာပဲ ႏိုင္ငံသားျဖစ္ေရးကိစၥကို ၁၉၈၂ ခုႏွစ္ ဥပေဒအရသာ ဆက္လုပ္သြားမယ္လို႔လည္း အခိုင္အမာထပ္ေျပာသြားပါတယ္။

“ျမန္မာအစိုးရအေနနဲ႔ ကိုယ့္ရဲ႕ရပ္တည္ခ်က္ကို ရွင္းရွင္းလင္းလင္း ေျပာထားၿပီးသားပါ။ ႏိုင္ငံသားအဆင့္ကို ၁၉၈၂ ခုႏွစ္ ႏိုင္ငံသားဥပေဒအရပဲ ေပးအပ္မွာပါ။ အတည္ျပဳထားၿပီးသား ျပန္လာသူေတြအေနနဲ႔ ျပန္ေရာက္တာနဲ႔ လက္ခံေရး စခန္းေတြမွာ ကိုယ္ေရးအခ်က္အလက္ေတြကို ယူၿပီးတဲ့ေနာက္ NVC ႏိုင္ငံသားစိစစ္ေရးကဒ္ျပား ရပါမယ္။ NVC နဲ႔ပတ္သက္ၿပီး နားလည္မႈ လြဲမွားတာေတြ ရွိေနပါတယ္။ NVC ဟာ ႏိုင္ငံသားအဆင့္မရခင္မွာ ပထမအဆင့္အေနနဲ႔ အသုံးျပဳရမယ့္ ယာယီ အသိအမွတ္ျပဳကဒ္ျပား ျဖစ္ပါတယ္။ NVC ကိုင္ေဆာင္ထားတာဟာ ျမန္မာႏိုင္ငံမွာ ေနထိုင္သူဆိုတာကို အခိုင္အမာ သက္ေသ ျပမႈတခုျဖစ္ပါတယ္။ ႏိုင္ငံသားျဖစ္ခြင့္ ေလွ်ာက္ထားတာနဲ႔ ပတ္သက္ၿပီး ျမန္မာႏိုင္ငံဟာ တျခား အခ်ဳပ္အျခာအာဏာပိုင္ ႏိုင္ငံေတြ မွာ က်င့္သုံးတာနဲ႔ အလားတူတဲ့ လုပ္ထံုံးလုပ္နည္းေတြကို က်င့္သုံးပါတယ္။”

ျမန္မာႏိုင္ငံမွာ အဆင္းရဲဆုံးေဒသတခုျဖစ္တဲ့ ရခိုင္ျပည္နယ္တြင္းမွာ တိုက္ပြဲေတြျဖစ္ေနတာေၾကာင့္ နဂိုကတည္းက ဆိုးေနၿပီး သားအေျခအေနေတြ ပိုဆိုးလာတာ၊ ကခ်င္နဲ႔ရွမ္းေျမာက္တို႔မွာလည္း တိုက္ပြဲေတြ ျပန္ျဖစ္ေနတာေၾကာင့္ အရပ္သားေတြကို အကာအကြယ္ေပးဖို႔လိုတယ္ဆိုတာကို မစၥ Burgener က ထည့္ေျပာသြားပါတယ္။

ျမန္မာ့ႏိုင္ငံေရးမွာ စစ္ဘက္ရဲ႕အခန္းက႑၊ ဒီအေျခအေနေအာက္မွာ အရပ္ဘက္ေခါင္းေဆာင္မႈပိုင္း ရင္ဆိုင္ေနရတာနဲ႔ ပတ္သက္လို႔လည္း မစၥ Burgener က ကုလသမဂၢအဖြဲ႕ဝင္ႏိုင္ငံေတြက ကိုယ္စားလွယ္ေတြကို အထူးအေလးထားၿပီး ေဖာ္ျပ ေျပာဆိုသြားပါေသးတယ္။

“စစ္ဘက္က ျမန္မာ့ႏိုင္ငံေရးမွာ လႊမ္းမိုးထားတဲ့ အခန္းက႑ဟာ အေကာင္အထည္ေဖာ္ေနဆဲ ဒီမိုကေရစီ ျပဳျပင္ေျပာင္းလဲေရးမွာ အတားအဆီးတခုအျဖစ္ ဆက္ရွိေနဆဲပါ။ ၂၀၂၀ ျပည့္ႏွစ္ ေ႐ြးေကာက္ပြဲေတြမတိုင္ခင္ ရပ္တည္ခ်က္ေတြ ပိုခိုင္မာေအာင္လုပ္ေနတာကို က်မတို႔ေတြ႕ျမင္ေနရပါၿပီ။ ဒါဟာ အေျခခံဥပေဒ ျပင္ဆင္ေရးအပါအဝင္ ဒီမိုကေရစီျပဳျပင္ေျပာင္းလဲ ေရးကို ေရွ႕ဆက္ေဖာ္ေဆာင္ေနတဲ့ အရပ္ဘက္ေခါင္းေဆာင္မႈပိုင္းအတြက္ သိပ္ကိုႀကီးမားစြာ ရင္ဆိုင္ေနရတဲ့အေျခအေန ျဖစ္ပါ တယ္။”

အတြင္းေရးမႉးခ်ဳပ္ရဲ႕ အထူးကိုယ္စားလွယ္ဟာ ၿပီးခဲ့တဲ့ ဇူလိုင္လကပဲ ျမန္မာႏိုင္ငံကိုသြားေရာက္ခဲ့ၿပီး ႏိုဝင္ဘာလမွာ ၉ ႀကိမ္ ေျမာက္ခရီးစဥ္အျဖစ္ သြားေရာက္မယ္လို႔ ဗုဒၶဟူးေန႔ ကုလသမဂၢအစည္းအေဝးမွာ ေျပာသြားပါတယ္။

(Unicode)

အမုန်းတရား လှုံ့ဆော်မှု ဆန့်ကျင်ဖို့ Christine Burgener တိုက်တွန်း

မြန်မာနိုင်ငံမှာ သွေးထိုးလှုံ့ဆော်တာနဲ့ အမုန်းပွားအောင် လုပ်တာတွေကို အရပ်ဘက်နဲ့ စစ်ဘက်အာဏာပိုင်တွေ အခိုင်အမာ တညီတညွတ်ထဲ ဆန့်ကျင်ကြရမယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Christine Schraner Burgener က ပြောပါတယ်။ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဆိုင်ရာ ဥပဒေကို ပြန်ပြီးပြုပြင်ဖို့ လိုတယ်လို့လည်း ထောက်ပြ ပါတယ်။ မြန်မာသံအမတ်ကြီးကတော့ နိုင်ငံသားဖြစ်ရေးကို ၁၉၈၂ ခုနှစ်ဥပဒေအရပဲ ဆက်လုပ်သွားမယ်လို့ တုန့်ပြန်ပါ တယ်။

၇၄ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ၊ လူသားစာနာထောက်ထားမှုရေးရာနဲ့ ယဉ်ကျေးမှုရေးရာ တတိယ ကော်မတီ ၃၂ ကြိမ်မြောက် အစည်းအဝေးမှာ ဗုဒ္ဓဟူးနေ့က ပြောဆိုသွားကြတာတွေကို ကောက်နုတ်စုစည်းပြီး ကိုကျော်ကျော် သိန်းက ပြောပြပါမယ်။

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ် Christine Schraner Burgener ဟာ အထွေထွေညီလာခံ တတိယကော်မတီ မှာ မြန်မာနိုင်ငံတွင်း အခြေအနေအရပ်ရပ်နဲ့ပတ်သက်လို့ တင်ပြပြောဆိုသွားတာဖြစ်ပြီး အထူးသဖြင့်တော့ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်လို့ အလေးထားပြောဆိုသွားတာပါ။

တိုက်ခိုက်မှုတွေနဲ့ အခိုင်အမာရှိထားပြီးသား ခွဲခြားဆက်ဆံမှုတွေရဲ့ အကြောင်းရင်းတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကြီးမားတဲ့ လုပ်ဆောင်မှုလိုအပ်တယ်လို့ မစ္စ Burgener ကထောက်ပြပြီး အဓိကလုပ်ဆောင်သင့်တာတခုကို အခုလို အကြံပြုသွားပါတယ်။

“ဒီလမ်းကြောင်းမှာ အထူးအရေးပါတဲ့ အဆင့်ကတော့ သွေးထိုးလှုံ့ဆော်တာနဲ့ အမုန်းပွားအောင်လုပ်တာ တွေကို အရပ်ဘက်နဲ့ စစ်ဘက် အာဏာပိုင်တွေ အနေနဲ့ အခိုင်အမာ တညီတညွတ်ထဲ ဆန့်ကျင့်သွားကြဖို့ဖြစ်ပါတယ်။ ဒီ လုပ်ဆောင်ချက်နဲ့အတူ အားလုံး ကျယ်ကျယ်ပြန့်ပြန့်ပါဝင်တဲ့၊ ပွင့်လင်းမြင်သာမှုရှိတဲ့၊ လက်လှမ်းမီတဲ့ ရွေးကောက်ပွဲလုပ်ငန်းစဉ် တခုကို အားပေးမြှင့်တင်ပြီး အတူတကွ အကောင်အထည်ဖော်ရပါမယ်။ ဒါမှသာ ဒီလုပ်ငန်းစဉ်ဟာ နိုင်ငံတဝန်းညီညွတ်စေတဲ့ လုပ်ဆောင်ချက်တခုဖြစ်လာစေမှာပါ။”

ရခိုင်အရေး အစိုးရက အကောင်အထည်ဖော် လုပ်ဆောင်နေတာတွေကို မစ္စ Burgener က အသိအမှတ်ပြု ထည့်ပြောသွား သလို ရခိုင်ပြည်နယ်က လူမှုအဝန်းအဝိုင်းအားလုံးအတွက် လူ့အခွင့်အရေး၊ ဂုဏ်သိက္ခာနဲ့ ဘေးကင်းလုံခြုံရေး အာမခံချက်ရှိစေဖို့ နောက်ထပ် လုပ်စရာတွေ ရှိသေးတာကိုလည်း ထောက်ပြပါတယ်။

နိုင်ငံသားဖြစ်ခွင့် လျှောက်ထားချက်နဲ့ ဆုံးဖြတ်တဲ့ လုပ်ငန်းစဉ်ကို ရိုးရှင်းလွယ်ကူအောင်လုပ်ဖို့နဲ့ အလျင်အမြန်လုပ်ဖို့ အဆိုပြု ချက်တွေကို အစိုးရက အပြုသဘောဆောင် တုန့်ပြန်ထားတဲ့ အပေါ် မစ္စ Burgener က ကြိုဆိုပြီး ဒါကို အကောင်အထည်ဖော်ရပါ တော့မယ်လို့ ဆိုပေမယ့် ဥပဒေနဲ့ပတ်သက်ပြီးတော့တော့ အခုလို ထောက်ပြသွားပါတယ်။

“ဒါပေမယ့် ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်ခွင့်ဆိုင်ရာ ဥပဒေမှာ ဒီကိစ္စဟာ ကန့်သတ်ချက်အဖြစ် ဆက်ရှိနေဆဲပါ။ ဒီဥပဒေဟာ ခွဲခြားဆက်ဆံမှုမရှိရေး၊ နိုင်ငံမဲ့ဖြစ်မှု တားဆီး လျှော့ချရေးနဲ့ဆက်စပ်တဲ့ အဓိကကိစ္စရပ်တွေမှာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိတာကြောင့် ပြန်ပြီးပြုပြင်ဖို့ လိုအပ်ပါတယ်။”

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကတော့ တာဝန်ခံမှုရှိရေးဆိုပြီး မြန်မာ့အရေးကို နိုင်ငံတကာ တရား ရေးအဖွဲ့အစည်းတွေရှေ့မှာ စစ်ဆေးဖို့၊ မြန်မာနိုင်ငံတွင်းမှာ ဘေးကင်းလုံခြုံတဲ့ဒေသ Safe Zone ထူထောင်ဖို့နဲ့ နိုင်ငံသားအဖြစ် ချက်ခြင်းသတ်မှတ်ဖို့ တောင်းဆိုချက်တွေဟာ မျှတမှုမရှိသလို လက်တွေ့လည်း မကျဘူးလို့ တုန့်ပြန်ပြောဆိုပါတယ်။ တဆက်ထဲ မှာပဲ နိုင်ငံသားဖြစ်ရေးကိစ္စကို ၁၉၈၂ ခုနှစ် ဥပဒေအရသာ ဆက်လုပ်သွားမယ်လို့လည်း အခိုင်အမာထပ်ပြောသွားပါတယ်။

“မြန်မာအစိုးရအနေနဲ့ ကိုယ့်ရဲ့ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပါ။ နိုင်ငံသားအဆင့်ကို ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေအရပဲ ပေးအပ်မှာပါ။ အတည်ပြုထားပြီးသား ပြန်လာသူတွေအနေနဲ့ ပြန်ရောက်တာနဲ့ လက်ခံရေး စခန်းတွေမှာ ကိုယ်ရေးအချက်အလက်တွေကို ယူပြီးတဲ့နောက် NVC နိုင်ငံသားစိစစ်ရေးကဒ်ပြား ရပါမယ်။ NVC နဲ့ပတ်သက်ပြီး နားလည်မှု လွဲမှားတာတွေ ရှိနေပါတယ်။

NVC ဟာ နိုင်ငံသားအဆင့်မရခင်မှာ ပထမအဆင့်အနေနဲ့ အသုံးပြုရမယ့် ယာယီ အသိအမှတ်ပြုကဒ်ပြား ဖြစ်ပါတယ်။ NVC ကိုင်ဆောင်ထားတာဟာ မြန်မာနိုင်ငံမှာ နေထိုင်သူဆိုတာကို အခိုင်အမာ သက်သေ ပြမှုတခုဖြစ်ပါတယ်။ နိုင်ငံသားဖြစ်ခွင့် လျှောက်ထားတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံဟာ တခြား အချုပ်အခြာအာဏာပိုင် နိုင်ငံတွေ မှာ ကျင့်သုံးတာနဲ့ အလားတူတဲ့ လုပ်ထုံံးလုပ်နည်းတွေကို ကျင့်သုံးပါတယ်။”

မြန်မာနိုင်ငံမှာ အဆင်းရဲဆုံးဒေသတခုဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်းမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် နဂိုကတည်းက ဆိုးနေပြီး သားအခြေအနေတွေ ပိုဆိုးလာတာ၊ ကချင်နဲ့ရှမ်းမြောက်တို့မှာလည်း တိုက်ပွဲတွေ ပြန်ဖြစ်နေတာကြောင့် အရပ်သားတွေကို အကာအကွယ်ပေးဖို့လိုတယ်ဆိုတာကို မစ္စ Burgener က ထည့်ပြောသွားပါတယ်။

မြန်မာ့နိုင်ငံရေးမှာ စစ်ဘက်ရဲ့အခန်းကဏ္ဍ၊ ဒီအခြေအနေအောက်မှာ အရပ်ဘက်ခေါင်းဆောင်မှုပိုင်း ရင်ဆိုင်နေရတာနဲ့ ပတ်သက်လို့လည်း မစ္စ Burgener က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေကို အထူးအလေးထားပြီး ဖော်ပြ ပြောဆိုသွားပါသေးတယ်။

“စစ်ဘက်က မြန်မာ့နိုင်ငံရေးမှာ လွှမ်းမိုးထားတဲ့အခန်းကဏ္ဍဟာ အကောင်အထည်ဖော်နေဆဲ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အတားအဆီးတခု အဖြစ် ဆက်ရှိနေဆဲပါ။ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွေမတိုင်ခင် ရပ်တည်ချက်တွေ ပိုခိုင်မာအောင်လုပ်နေတာကို ကျမတို့တွေ့မြင်နေရပါပြီ။ ဒါဟာ အခြေခံဥပဒေ ပြင်ဆင်ရေးအပါအဝင် ဒီမိုကရေစီပြုပြင်ပြောင်းလဲ ရေးကို ရှေ့ဆက်ဖော်ဆောင်နေတဲ့ အရပ်ဘက်ခေါင်းဆောင်မှုပိုင်းအတွက် သိပ်ကိုကြီးမားစွာ ရင်ဆိုင်နေရတဲ့အခြေအနေ ဖြစ်ပါ တယ်။”

အတွင်းရေးမှူးချုပ်ရဲ့ အထူးကိုယ်စားလှယ်ဟာ ပြီးခဲ့တဲ့ဇူလိုင်လကပဲ မြန်မာနိုင်ငံကိုသွားရောက်ခဲ့ပြီး နိုဝင်ဘာလမှာ ၉ ကြိမ် မြောက်ခရီးစဉ်အဖြစ် သွားရောက်မယ်လို့ ဗုဒ္ဓဟူးနေ့ ကုလသမဂ္ဂအစည်းအဝေးမှာ ပြောသွားပါတယ်။

တိုက္႐ိုက္ လင့္ခ္
XS
SM
MD
LG