သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ရခိုင္စစ္ဒုကၡသည္ေတြအတြက္ တပ္မေတာ္က သိန္း၅ေထာင္လႈဒါန္း


သတင္းဓါတ္ပုံ- တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ရံုး

(Zawgyi/Unicode)

ရခိုင္ျပည္နယ္အတြင္း တိုက္ပြဲေတြေၾကာင့္ စစ္ေဘးတိမ္းေရွာင္ေနရတဲ့ ဒုကၡသည္ေတြအတြက္ ျမန္မာ့တပ္မေတာ္ကေန အလႈေငြ က်ပ္သိန္း ၅,၀၀၀ လႈဒါန္းၿပီး ဒါဟာ ဒုကၡေတြ႔ေနတဲ့ ျပည္သူေတြအတြက္ အကူအညီေပးတာျဖစ္တယ္လို ျပည္နယ္စစ္ဘက္ တာဝန္ရွိသူေတြက ဗြီအိုေအကို ေျပာပါတယ္။ ဒီလို အကူအညီေပးတာကို ေဒသခံရခိုင္အဖြဲ႔အစည္းေတြက ႀကိဳဆိုၾကေပမယ့္လို႔ အခု လတ္တေလာျဖစ္လာတဲ့ ႏိုင္ငံတကာ ဖိအားေတြေၾကာင့္ အခုလို ေဆာင္႐ြက္လာတာလို႔ ယူဆမႈေတြလည္း ရွိပါတယ္။ ဗြီအိုေအ သတင္းေထာက္ ႏိုင္ကြန္းအိန္က စုံစမ္းေမးျမန္း သတင္းေပးပို႔ထားပါတယ္။

ရခိုင္ျပည္နယ္အတြင္းက စစ္ေဘးေရွာင္ေတြအတြက္ တပ္မေတာ္ရဲ႕ လႉဒါန္းေငြေတြကို မေန႔က လက္ခံရရွိၿပီး ျပည္နယ္အစိုးရက စစ္ေရွာင္ေနရာေတြကို စီစဥ္ပို႔ေပးမယ္လို႔ ရခိုင္ျပည္နယ္ လုံၿခဳံေရးနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဗိုလ္မႉးႀကီး မင္းသန္းက ဗြီအိုေအကို ေျပာပါတယ္။

“က်ေနာ္္တို႔ တပ္မေတာ္ ၾကည္း၊ ေရ၊ ေလ မိသားစုေတြကေနၿပီးေတာ့ ရခိုင္ျပည္နယ္ရွိ တိုက္ပြဲေရွာင္ ျပည္သူေတြအတြက္ေပါ့။ အဲဒီအတြက္ကို သိန္း ၅,၀၀၀ လႉပါတယ္။ အလႉေငြေပးအပ္တဲ့သူက ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ဝင္းဗိုလ္ရွိန္ေပါ့။ လက္ခံတဲ့သူကေတာ့ ရခိုင္ျပည္နယ္အစိုးရကေန လက္ခံေပးတယ္။ ျပည္နယ္အစိုးရကေန သက္ဆိုင္ရာ တိုက္ပြဲေရွာင္ ေနရာေတြကို စီစဥ္ ပို႔ေပးမယ္ေပါ့ေလ။”

အလႉေငြေပးအပ္ပြဲကို ႏိုဝင္ဘာလ ၂၀ ရက္ေန႔က စစ္ေတြၿမိဳ႕ရွိ ရခိုင္ျပည္နယ္အစိုးရအဖြဲ႔ ႐ုံးမွာ က်င္းပၿပီး တပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးက ဒု ဗိုလ္ခ်ဳပ္ႀကီး ဝင္းဗိုလ္ရွိန္က အလႉေငြေပးအပ္ၿပီး ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔တာဝန္ ရွိသူေတြက လက္ခံခဲ့ပါတယ္။

တပ္မေတာ္ကေန ရခိုင္စစ္ေရွာင္ေတြကို ကူညီေထာက္ပံ့တဲ့ အေၾကာင္းရင္းကိုေတာ့ ဗိုလ္မႉးႀကီးမင္းသန္းက အခုလို ဆက္ေျပာပါတယ္။

“က်ေနာ္္တို႔ တိုက္ပြဲေရွာင္ဆိုတာေတာ့ဗ်ာ က်ေနာ္္တို႔ရဲ႕ ျပည္သူေတြပါပဲ။ တိုက္ပြဲေၾကာင့္ ျဖစ္ေနတဲ့ ၾကားလူေတြ။ အဲဒီေတာ့ ကိုယ့္ျပည္သူေတြ ဒုကၡေရာက္ေနတာကို တပ္မေတာ္က တတ္ႏိုင္တဲ့ဘက္ကေပါ့ေနာ္၊ စဥ္းစားၿပီးေတာ့ ကူညီတာေပါ့။ ကာကြယ္ေပးတာရွိသလို၊ ေနာက္ခံေပးတာ၊ ကူညီေပးတာေပါ့ အခုကေတာ့။”

ရခိုင္ျပည္နယ္အတြင္းမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔ အၾကား တိုက္ပြဲျပင္းထန္စြာ ျဖစ္ပြါးလာတာ တႏွစ္နီးပါး ရွိေနၿပီးျဖစ္သလို တိုက္ပြဲေၾကာင့္ ေနရပ္ကေန တိမ္းေရွာင္ေနရတဲ့ စစ္ေရွာင္ဦးေရ ၇၀,၀၀၀ ေက်ာ္ရွိေနၿပီး ျဖစ္ပါတယ္။

ဒီစစ္ေရွာင္ေတြ အကူညီေပးေဆာင္ေရး လုပ္ေဆာင္ေနတဲ့ အဖြဲ႔အစည္းေတြကို အစိုးရအာဏာပိုင္ေတြက တားဆီး၊ ပိတ္ပင္မႈေတြ ျပဳလုပ္ေနရာကေန အခုလို တပ္မေတာ္ဘက္က အကူညီေပးလာတဲ့အေပၚသေဘာထားအျမင္ အမ်ိဳးမ်ိဳး ထြက္ေပၚေနတာပါ။

ရခိုင္အမ်ိဳးသားပါတီက ပါတီမူဝါဒေရးရာ ဦးေဆာင္ေကာ္မတီအဖြဲ႔ဝင္ျဖစ္တဲ့ ေဒၚေအးႏုစိန္ကေတာ့--

“အခုဒီ ICC ၊ ICJ ၊ ဒီအာဂ်င္တီးနားမွာ တရားစြဲဆိုခံရတဲ့ ကိစၥေတြ ေပၚေပါက္လာတဲ့အခါမွ ဒီကိစၥေတြ တိုင္းရင္းသားေတြ စည္းလုံးညီၫြတ္ၾကပါ၊ စသည္ျဖင့္ ေျပာတဲ့အသံလည္း ထြက္လာၿပီး၊ အဲဒါမွာ စစ္ေရွာင္ေတြအတြက္လည္း တႀကိမ္တခါမွ မျပဳလုပ္ေသးတဲ့ အေနအထားမ်ိဳးနဲ႔ လုပ္လာၿပီဆိုေတာ့ ဒါ ေသြး႐ိုးသား႐ိုး တိုက္ဆိုင္မႈဆိုတာ မျဖစ္ႏိုင္ဘူးဆိုတဲ့ အခ်က္ပါပဲ။ ဘာလို႔လဲဆိုေတာ့ လူေသၿပီေဟ့ဆိုရင္ မသိဘူး၊ အဲဒီ႐ြာမရွိဘူး။ AA ေသတာပဲျဖစ္လိမ့္မယ္ စသည္ျဖင့္ အရွိတရားနဲ႔ ပကတိတရားကို မ်က္လုံး စုံမွိတ္ၿပီးေတာ့ တာဝန္ရွိတဲ့ ေျပာေရးဆိုခြင့္ ရွိသူေတြက ျငင္းေနတဲ့အေနအထားကို အမ်ားျပည္သူ ျပည္တြင္း၊ ျပည္ပ၊ အကုန္လုံး သိၿပီးသားျဖစ္တယ္။ ဆိုေတာ့ အခုက်ေတာ့ ICC ၊ ICJ ကိစၥကလည္း ကမာၻနဲ႔ခ်ီၿပီးေတာ့ ဟိုးေလးတေက်ာ္ ျဖစ္သြားတဲ့ အေနအထားမွာမွ ဒီလိုလာၿပီးေတာ့ ေထာက္ပံ့တယ္ဆိုတာေတာ့ ရခိုင္စစ္ေဘးေရွာင္ေတြကို တပ္မေတာ္က ေငြက်ပ္သိန္း ၅,၀၀၀ ေပါ့ေနာ္၊ ကူညီတယ္ဆိုတဲ့ အခ်က္ဟာ ကူညီတာကိုေတာ့ က်မတို႔ႀကိဳဆိုပါတယ္။ ဒါေပမဲ့ ေသြး႐ိုးသား႐ိုး တိုက္တိုက္ဆိုင္ဆိုင္၊ ေစတနာ သန႔္သန႔္ ဟုတ္ခ်င္မွ ဟုတ္လိမ့္မယ္လို႔ေတာ့ ေဝဖန္သုံးသပ္စရာေတြေတာ့ ေျပာရမယ္။”

ရခိုင္ျပည္နယ္အတြင္း ႐ိုဟင္ဂ်ာေတြနဲ႔ တိုင္းရင္းသားေတြအေပၚျမန္မာအစိုးရ တပ္မေတာ္ကေန လူမ်ိဳးတုန္း သတ္ျဖတ္မႈ က်ဴးလြန္တယ္ဆိုတဲ့ စြပ္စြဲခ်က္နဲ႔ ပတ္သက္ၿပီး နယ္သာလန္ႏိုင္ငံ the Hague ၿမိဳ႕ အေျခစိုက္ ကုလသမဂၢအျမင့္ဆုံး တရား႐ုံးျဖစ္တဲ့ ICJ ႏိုင္ငံတကာတရား႐ုံးမွာ တရားစြဲဆိုခံထားရတဲ့ အခ်ိန္နဲ႔ တိုက္တိုက္ဆိုင္ဆိုင္ ရခိုင္ဒုကၡသည္အေရးအတြက္ ကူညီလာတာျဖစ္တယ္လို႔ သူကျမင္ပါတယ္။

တပ္မေတာ္ကေန စစ္ေရွာင္ေတြကို ကူညီတဲ့လုပ္ရပ္အေပၚႀကိဳဆိုေၾကာင္း စစ္ေရွာင္ေတြကိုအကူညီေပးေနတဲ့ ဝံလက္ ေဖာင္ေဒးရွင္း ဒါ႐ိုက္တာ ခိုင္ေကာင္းစံက ဆိုပါတယ္။

“ဘယ္လိုေၾကာင့္ပဲ ကူညီေပါ့ဗ်ာ။ ဥပမာ ႏိုင္ငံတကာဖိအားေၾကာင့္ပဲ ျဖစ္တယ္ေျပာေျပာ၊ ျပည္သူေတြရဲ႕ ေတာင္းဆိုမႈ ေၾကာင့္ျဖစ္တယ္လို႔ ေျပာေျပာ၊ ဒါက ေကာင္းမြန္တဲ့ အလုပ္တခုျဖစ္တယ္။ က်ေနာ္္တို႔ လိုအပ္တဲ့ေနရာမွာ ေရာက္ေအာင္လႉဒါန္းဖို႔ လိုတာေပါ့ေနာ္။”

ရခိုင္ျပည္နယ္ ေျမာက္ပိုင္း၊ ဘူးသီးေတာင္၊ ရေသ့ေတာင္၊ ေက်ာက္ေတာ္၊ ေျမာက္ဦး၊ မင္းျပား၊ ေျမပုံၿမိဳ႕နယ္ေတြမွာ ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႔တို႔အၾကား တိုက္ပြဲေတြကလည္း တေန႔ထက္တေန႔ ပိုမိုက်ယ္ျပန႔္လာေနသလို စစ္ေရွာင္အေရအတြက္ဟာလည္း ပိုမို တိုးပြားလာေနပါတယ္။

လက္ရွိ ရခိုင္စစ္ေရွာင္ဒုကၡသည္ေတြကို အစိုးရကေန ကူညီေပးေနတယ္လို႔ ဆိုေပမဲ့လည္း လုံေလာက္မႈ မရွိတဲ့အတြက္ ေဒသတြင္း လူမႈကူညီေရးအဖြဲ႔ေတြ၊ ႏိုင္ငံတကာအဖြဲ႔အစည္းေတြကေန အကူအညီ ေပးေဆာင္ေနရတယ္လို႔ ေဒသခံ အကူညီေပးအဖြဲ႔ဝင္ေတြက ေျပာပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရခိုင်စစ်ဒုက္ခသည်တွေအတွက် တပ်မတော်က သိန်း၅ထောင်လှုဒါန်း

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် စစ်ဘေးတိမ်းရှောင်နေရတဲ့ ဒုက္ခသည်တွေအတွက် မြန်မာ့တပ်မတော်ကနေ အလှုငွေ ကျပ်သိန်း ၅,၀၀၀ လှုဒါန်းပြီး ဒါဟာ ဒုက္ခတွေ့နေတဲ့ ပြည်သူတွေအတွက် အကူအညီပေးတာဖြစ်တယ်လို ပြည်နယ်စစ်ဘက် တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီလို အကူအညီပေးတာကို ဒေသခံရခိုင်အဖွဲ့အစည်းတွေက ကြိုဆိုကြပေမယ့်လို့ အခု လတ်တလောဖြစ်လာတဲ့ နိုင်ငံတကာ ဖိအားတွေကြောင့် အခုလို ဆောင်ရွက်လာတာလို့ ယူဆမှုတွေလည်း ရှိပါတယ်။ ဗွီအိုအေ သတင်းထောက် နိုင်ကွန်းအိန်က စုံစမ်းမေးမြန်း သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်အတွင်းက စစ်ဘေးရှောင်တွေအတွက် တပ်မတော်ရဲ့ လှူဒါန်းငွေတွေကို မနေ့က လက်ခံရရှိပြီး ပြည်နယ်အစိုးရက စစ်ရှောင်နေရာတွေကို စီစဉ်ပို့ပေးမယ်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ တပ်မတော် ကြည်း၊ ရေ၊ လေ မိသားစုတွေကနေပြီးတော့ ရခိုင်ပြည်နယ်ရှိ တိုက်ပွဲရှောင် ပြည်သူတွေအတွက်ပေါ့။ အဲဒီအတွက်ကို သိန်း ၅,၀၀၀ လှူပါတယ်။ အလှူငွေပေးအပ်တဲ့သူက ဒုတိယ ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်ပေါ့။ လက်ခံတဲ့သူကတော့ ရခိုင်ပြည်နယ်အစိုးရကနေ လက်ခံပေးတယ်။ ပြည်နယ်အစိုးရကနေ သက်ဆိုင်ရာ တိုက်ပွဲရှောင် နေရာတွေကို စီစဉ် ပို့ပေးမယ်ပေါ့လေ။”

အလှူငွေပေးအပ်ပွဲကို နိုဝင်ဘာလ ၂၀ ရက်နေ့က စစ်တွေမြို့ရှိ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ရုံးမှာ ကျင်းပပြီး တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဒု ဗိုလ်ချုပ်ကြီး ဝင်းဗိုလ်ရှိန်က အလှူငွေပေးအပ်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့တာဝန် ရှိသူတွေက လက်ခံခဲ့ပါတယ်။

တပ်မတော်ကနေ ရခိုင်စစ်ရှောင်တွေကို ကူညီထောက်ပံ့တဲ့ အကြောင်းရင်းကိုတော့ ဗိုလ်မှူးကြီးမင်းသန်းက အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ တိုက်ပွဲရှောင်ဆိုတာတော့ဗျာ ကျနော်တို့ရဲ့ ပြည်သူတွေပါပဲ။ တိုက်ပွဲကြောင့် ဖြစ်နေတဲ့ ကြားလူတွေ။ အဲဒီတော့ ကိုယ့်ပြည်သူတွေ ဒုက္ခရောက်နေတာကို တပ်မတော်က တတ်နိုင်တဲ့ဘက်ကပေါ့နော်၊ စဉ်းစားပြီးတော့ ကူညီတာပေါ့။ ကာကွယ်ပေးတာရှိသလို၊ နောက်ခံပေးတာ၊ ကူညီပေးတာပေါ့ အခုကတော့။”

ရခိုင်ပြည်နယ်အတွင်းမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွါးလာတာ တနှစ်နီးပါး ရှိနေပြီးဖြစ်သလို တိုက်ပွဲကြောင့် နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ရှောင်ဦးရေ ၇၀,၀၀၀ ကျော်ရှိနေပြီး ဖြစ်ပါတယ်။

ဒီစစ်ရှောင်တွေ အကူညီပေးဆောင်ရေး လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို အစိုးရအာဏာပိုင်တွေက တားဆီး၊ ပိတ်ပင်မှုတွေ ပြုလုပ်နေရာကနေ အခုလို တပ်မတော်ဘက်က အကူညီပေးလာတဲ့အပေါ်သဘောထားအမြင် အမျိုးမျိုး ထွက်ပေါ်နေတာပါ။

ရခိုင်အမျိုးသားပါတီက ပါတီမူဝါဒရေးရာ ဦးဆောင်ကော်မတီအဖွဲ့ဝင်ဖြစ်တဲ့ ဒေါ်အေးနုစိန်ကတော့--

“အခုဒီ ICC ၊ ICJ ၊ ဒီအာဂျင်တီးနားမှာ တရားစွဲဆိုခံရတဲ့ ကိစ္စတွေ ပေါ်ပေါက်လာတဲ့အခါမှ ဒီကိစ္စတွေ တိုင်းရင်းသားတွေ စည်းလုံးညီညွတ်ကြပါ၊ စသည်ဖြင့် ပြောတဲ့အသံလည်း ထွက်လာပြီး၊ အဲဒါမှာ စစ်ရှောင်တွေအတွက်လည်း တကြိမ်တခါမှ မပြုလုပ်သေးတဲ့ အနေအထားမျိုးနဲ့ လုပ်လာပြီဆိုတော့ ဒါ သွေးရိုးသားရိုး တိုက်ဆိုင်မှုဆိုတာ မဖြစ်နိုင်ဘူးဆိုတဲ့ အချက်ပါပဲ။ ဘာလို့လဲဆိုတော့ လူသေပြီဟေ့ဆိုရင် မသိဘူး၊ အဲဒီရွာမရှိဘူး။ AA သေတာပဲဖြစ်လိမ့်မယ် စသည်ဖြင့် အရှိတရားနဲ့ ပကတိတရားကို မျက်လုံး စုံမှိတ်ပြီးတော့ တာဝန်ရှိတဲ့ ပြောရေးဆိုခွင့် ရှိသူတွေက ငြင်းနေတဲ့အနေအထားကို အများပြည်သူ ပြည်တွင်း၊ ပြည်ပ၊ အကုန်လုံး သိပြီးသားဖြစ်တယ်။ ဆိုတော့ အခုကျတော့ ICC ၊ ICJ ကိစ္စကလည်း ကမ္ဘာနဲ့ချီပြီးတော့ ဟိုးလေးတကျော် ဖြစ်သွားတဲ့ အနေအထားမှာမှ ဒီလိုလာပြီးတော့ ထောက်ပံ့တယ်ဆိုတာတော့ ရခိုင်စစ်ဘေးရှောင်တွေကို တပ်မတော်က ငွေကျပ်သိန်း ၅,၀၀၀ ပေါ့နော်၊ ကူညီတယ်ဆိုတဲ့ အချက်ဟာ ကူညီတာကိုတော့ ကျမတို့ကြိုဆိုပါတယ်။ ဒါပေမဲ့ သွေးရိုးသားရိုး တိုက်တိုက်ဆိုင်ဆိုင်၊ စေတနာ သန့်သန့် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်လို့တော့ ဝေဖန်သုံးသပ်စရာတွေတော့ ပြောရမယ်။”

ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာတွေနဲ့ တိုင်းရင်းသားတွေအပေါ်မြန်မာအစိုးရ တပ်မတော်ကနေ လူမျိုးတုန်း သတ်ဖြတ်မှု ကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်ပြီး နယ်သာလန်နိုင်ငံ the Hague မြို့ အခြေစိုက် ကုလသမဂ္ဂအမြင့်ဆုံး တရားရုံးဖြစ်တဲ့ ICJ နိုင်ငံတကာတရားရုံးမှာ တရားစွဲဆိုခံထားရတဲ့ အချိန်နဲ့ တိုက်တိုက်ဆိုင်ဆိုင် ရခိုင်ဒုက္ခသည်အရေးအတွက် ကူညီလာတာဖြစ်တယ်လို့ သူကမြင်ပါတယ်။

တပ်မတော်ကနေ စစ်ရှောင်တွေကို ကူညီတဲ့လုပ်ရပ်အပေါ်ကြိုဆိုကြောင်း စစ်ရှောင်တွေကိုအကူညီပေးနေတဲ့ ဝံလက် ဖောင်ဒေးရှင်း ဒါရိုက်တာ ခိုင်ကောင်းစံက ဆိုပါတယ်။

“ဘယ်လိုကြောင့်ပဲ ကူညီပေါ့ဗျာ။ ဥပမာ နိုင်ငံတကာဖိအားကြောင့်ပဲ ဖြစ်တယ်ပြောပြော၊ ပြည်သူတွေရဲ့ တောင်းဆိုမှု ကြောင့်ဖြစ်တယ်လို့ ပြောပြော၊ ဒါက ကောင်းမွန်တဲ့ အလုပ်တခုဖြစ်တယ်။ ကျနော်တို့ လိုအပ်တဲ့နေရာမှာ ရောက်အောင်လှူဒါန်းဖို့ လိုတာပေါ့နော်။”

ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေကလည်း တနေ့ထက်တနေ့ ပိုမိုကျယ်ပြန့်လာနေသလို စစ်ရှောင်အရေအတွက်ဟာလည်း ပိုမို တိုးပွားလာနေပါတယ်။

လက်ရှိ ရခိုင်စစ်ရှောင်ဒုက္ခသည်တွေကို အစိုးရကနေ ကူညီပေးနေတယ်လို့ ဆိုပေမဲ့လည်း လုံလောက်မှု မရှိတဲ့အတွက် ဒေသတွင်း လူမှုကူညီရေးအဖွဲ့တွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေကနေ အကူအညီ ပေးဆောင်နေရတယ်လို့ ဒေသခံ အကူညီပေးအဖွဲ့ဝင်တွေက ပြောပါတယ်။

XS
SM
MD
LG