သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ရခိုင္မွာ ဖမ္းခံရသူ ၁၄ဦးလြတ္ေျမာက္ဟု ျမန္မာစစ္တပ္ထုတ္ျပန္


(Zawgyi/Unicode)

ရေသ့ေတာင္ျမိဳ႕နယ္ ေ႐ႊနဒီအျမန္ေရယာဥ္ေပၚမွာ ပါလာတဲ့ ျမန္မာလုံျခံဳေရးတပ္ဖြဲ႔၀င္ အမ်ားစုပါလာတဲ့ အဖြဲ႔ကို ရခိုင္ လက္နက္ကိုင္ AA ဘက္က ဖမ္းဆီး ထိန္းသိမ္းခဲ့စဥ္အတြင္း ျမန္မာစစ္တပ္ဘက္က ရဟတ္ယာဥ္နဲ႔ပစ္ခတ္ျပီး ကယ္ဆယ္ ေရးလုပ္ရာမွာ ဒီမနက္အထိအဖြဲ႔၀င္ ၁၄ ဦးကို ကယ္ဆယ္နိုင္ခဲ့ျပီး အဲဒီအထဲ တဦးေတာ့ ေသဆုံးခဲ့တယ္လို႔ ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔က ေျပာပါတယ္။ အခု ျဖစ္ရပ္နဲ႔ပတ္သက္လို႔ ျမန္မာစစ္တပ္နဲ႔ AA အၾကား အျပန္အလွန္စြပ္စဲြျပစ္တင္ေနျပီး အေသအေပ်ာက္စာရင္း အတိအက်ကိုလည္း ဘယ္ဘက္ကမွ မထုတ္ျပန္ႏိုင္ေသးပါဘူး။ ဒီအေျခအေနကို ဗီြအိုေအ ျမန္မာပိုင္းသတင္းေထာက္ နိုင္ကြန္းအိန္ကေန သတင္းေပးပို႕ထားပါတယ္။

ရခုိင္လက္နက္ကိုင္AA အဖြဲ႔က ဖမ္းဆီးသြားသူေတြအနက္ ၁၄ ဦးကို ကယ္ဆယ္ႏုိင္ျပီး အဲဒီအထဲက တဦး ေရနစ္ ေသဆုံးခဲ့ေၾကာင္း ရခိုင္ျပည္နယ္ အစိုးရအဖြဲ႔နယ္စပ္ေရးရာႏွင့္ လုံၿခဳံေရးဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက ဗီြအိုေအကို ေျပာပါတယ္။

“ဒီမနက္အထိေတာ့ ၁၄ ေယာက္ျပန္ ရတယ္။ က်န္တဲ့သူေတြ ျပန္မရေသးဘူး။ ဒီမနက္အထိေတာ့ မေရာက္ေသးဘူး။ ၁၄ ေယာက္ထဲမွာ တေယာက္ကေတာ့ GE အဖြဲ႔မွာပါေနတဲ့ ေဆးသုတ္တဲ့အဖြဲ႔တပ္ဖြဲ႔ေပါ့ တေယာက္ကေတာ့ ေရနစ္ျပီးေတာ့ ဆုံးသြားတယ္။ က်န္တာကေတာ့ အသက္ရွင္ေနတဲ့ ၁၃ ေယာက္ေပါ့။”

ျပီးခဲ့တဲ့စေနေန႔က ေမယုျမစ္အတြင္း ေျပးဆြဲေနတဲ့ ေ႐ႊနဒီအျမန္ေရယာဥ္ကို ရေသ့ေတာင္ျမိဳ႕နယ္ ေရမ်က္ေက်း႐ြာ အနီးမွာ AA အဖြဲ႔ေတြကေန တားဆီးခဲ့ျပီး ေရယာဥ္ေပၚမွာ လိုက္ပါလာတဲ့ စစ္တပ္ ရဲတပ္ဖြဲ႔ဝင္ ဌာနဆိုင္ရာဝန္ထမ္းေတြနဲ႔ ခရီးသြားျပည္သူ ၅၀ ေက်ာ္ကို ဖမ္းဆီးထိန္းသိမ္းခဲ့တာပါ။

ဖမ္းဆီးေခၚေဆာင္ျခင္း ခံရသူေတြ ကယ္တင္နိုင္ေရးအတြက္ ျမန္မာစစ္တပ္ကေန ရဟတ္ယာဥ္နဲ႔ ပစ္ခတ္တိုက္ခိုက္တာမွာ AA အဖြဲ႔၀င္ေတြေရာ အဖမ္းဆီးခံရသူေတြပါ ထိခိုက္ေသဆုံးမႈ တခ်ိဳ႕ရွိခဲ့တယ္လို႔ AA ဘက္ကထုတ္ျပန္ထား ပါတယ္။

၀န္ၾကီးဗိုလ္မွဴးႀကီးမင္းသန္းကေတာ့ ျမန္မာစစ္တပ္ ရဟတ္ယာဥ္နဲ႔ ပစ္လို႔ ေသဆုံးတာ မဟုတ္ဘဲ AA အဖြဲ႔က ပစ္ခတ္တာလို႔ ဆိုပါတယ္။

“မဟုတ္ပါဘူး။ အဲဒီကိစၥအတြက္။ လူေတြကအဲဒီလို လမ္းေပၚမွာေျပးၾကလႊားၾကနဲ႕။ ဒီမနက္လြတ္လာတဲ့တေယာက္က ေလယာဥ္နဲ႕ပစ္တာထိတာမဟုတ္ဘူးတဲ့။ AAကပစ္ခတ္သြားတာတဲ့။ ၄ ေယာက ္ထိတယ္တဲ့။ သူကေနရာေျပာတာေပါ့ေလ။”

ဖမ္းဆီးထိန္းသိန္းထားတဲ့ သူေတြအပါ၀င္ AA အဖြဲ႔၀င္ေတြကို ရဟတ္ယာဥ္နဲ႔ တိုက္ခိုက္တဲ့အေပၚ AA ျပန္ၾကား ေရးတာ၀န္ခံခိုင္သုခက အခုလိုေျပာပါတယ္။

“သူတို႔ရဲ႕ လူမဆန္စြာ မိုက္မိုက္ကန္းကန္းပစ္ခတ္မႈကို ဖုံးကြယ္ဖို႔လိုတဲ့ အတြက္ေၾကာင့္မို႔လို႔ အဲဒီလိုမ်ိဳးေျပာတာ ျဖစ္တယ္ဗ်။ ျမန္မာစစ္တပ္က လူေတြေပါ့ေနာ္ က်ေနာ္တို႔ ယာယီထိန္းသိမ္းထားတ ဲ့သူေတြအထဲက ေတာ္ေတာ္မ်ားမ်ား ထိခိုက္ေသဆုံးသြားတဲ့ ဥစၥာေတ ြရွိတယ္။ သူတို႔ဘက္ကေတာ့ ၾကည့္ရတာကေတာ့ ဒီလူေတြကို က်ေနာ္တို႔ စစ္ေဆးလို႔ရွိရင္ သူတို႔ဘက္က က်ဴးလြန္ထားတဲ့ စစ္ရာဇ၀တ္မႈေတြေပၚသြားမွာ စိုးလို႔ အကုန္လုံး ေသရင္ေသပါေစဆိုျပီးေတာ့ အေသသတ္တယ္လို႔ပဲ က်ေနာ္တို႔က အဲဒီလိုပဲယူဆတယ္ဗ်။”

ဒီပစ္ခတ္မႈမွာ AA ဘက္ကေရာ အဖမ္းဆီးခံလုံျခံဳေရးအဖြဲ႔ကပါ ထိခိုက္ေသဆုံးမႈေတြ ရွိေနေပမဲ့ လတ္တေလာ အေျခအေနအရ စာရင္းမျပဳစုႏိုင္ေသးဘူးလို႔ ခိုင္သုခကဆိုပါတယ္။

ဒီပစ္ခတ္မႈျဖစ္စဥ္အတြင္း သူ႔ဘက္ကိုယ့္ဘက္ အျပန္လွန္စြပ္စြဲမႈေတြ ရွိေနသလိုထိခိုက္ေသဆုံးမႈကိုေတာ့ စာရင္း အတိက် မရရွိေသးဘူးလို႕ ႏွစ္ဖက္အဖြဲ႔တာ၀န္ရွိသူက ဆိုပါတယ္။

ျပီးခဲ့တဲ့ေအာက္တိုဘာ ၁၁ ရက္ေန႕တုန္းကလဲ သင္တန္းကေနျပန္လာတဲ့ မီးသတ္အဖြဲ႔၀င္ ၁၉ ဦးအပါ၀င္ အရပ္သား ၃၀ ေက်ာ္ကို AA ဘက္က ဖမ္းဆီးေခၚေဆာင္ထားျပီး ဒီအထဲက ၁၂ ဦးကို မေန႔ညေနပိုင္းမွာျပန္လည္လႊတ္ေပးခဲ့တာပါ။

AAဖက္ကလႊတ္ေပးတဲ့ ၁၂ ဦးဟာ မီးသတ္အဖြဲ႕ေတြမပါဘဲ သာမန္အရပ္သားေတြလို႕ခိုင္သုခကေျပာပါတယ္။

“စစ္တပ္နဲ႔ ဘာမွ မပတ္သက္တဲ့ အရပ္သားေတြ ဗမာလူမ်ိဳး ၁၂ ေယာက္ေပါ့ေနာ္။ အဲဒီမွာ ကားသမား ၃ ေယာက္ရယ္။ ေနာက္ျပီးလို႔ ရွိရင္ ပန္းရန္လုပ္တဲ့သူလက္သမား ၉ ေယာက္ေပါ့ အကုန္လုံးေပါင္းလို႔ရွိရင္ ၁၂ ေယာက္ေပါ့ေနာ္။ က်ေနာ္တို႔ မေန႔ကညေနမွာ ေကာင္းေကာင္းမြန္မြန္လုံလုံျခံဳျခံဳ ျပန္လည္ျပီးေတာ့ လႊတ္ေပးလိုက္တယ္ဗ်။ က်န္တဲ့ သူေတြကိုလဲပဲ က်ေနာ္တို႔က လုံျခံဳေရးအေနအထားေကာင္းလို႔ ရွိရင္ေတာ့ သူတို႔ကိုလဲ မၾကာခင္မွာ လႊတ္ေပးသြားဖို႔ အစီအစဥ္ေတာ့ရွိတယ္ဗ်။”

AAဖက္က ထိန္းသိမ္းထားတဲ့ မီးသတ္တပ္ဖြဲ႔၀င္ ၁၉ ဦးကေတာ့ ျပန္လည္လႊတ္ေပးျခင္းမရွိေသးပါဘူး။

ဖမ္းဆီးခံရသူတခ်ိဳ႕လြတ္ေျမာက္လာေၾကာင္းသတင္းအေပၚ ရခိုင္ျပည္နယ္အစိုးရအဖြဲ႕နယ္စပ္ေရးရာႏွင့္ လုံၿခဳံေရး ဝန္ႀကီး ဗိုလ္မွဴးႀကီးမင္းသန္းက အခုလိုေျပာပါတယ္။။

“အဲတာေတာ့ လက္ထဲေတာ့ မေရာက္ေသးဘူး။ လႊတ္တယ္လို႕ေျပာတယ္။ ၁၂ ေယာက္လႊတ္တယ္လို႕ေျပာတယ္။”

ျမန္မာစစ္တပ္နဲ႔ ရခိုင္လက္နက္ကိုင္ AA အဖြဲ႕တို႕အၾကား တိုက္ပြဲေတြျဖစ္ပြားေနဆဲျဖစ္ပါတယ္။

ဒီကေန႔မွာ ရေသ့ေတာင္ျမိဳ႕နယ္ ျမန္မာစစ္တပ္ရဲ႕ ေရစိုးေခ်ာင္း ဗ်ဴဟာတပ္စခန္းကို AA ဘက္ကလက္နက္ၾကီးနဲ႔ ပစ္ခတ္တိုက္ခိုက္ခဲ့သလို မေန႔ကလဲ မင္းျပားျမိဳ႕နယ္ ပန္းေျမာင္းေက်းရြာရဲ႕ အေရွ႕ေျမာက္ဘက္ေတာင္ကုန္းမွာရွိတဲ့ ျမန္မာစစ္တပ္ရဲ႕အေျမႇာက္စခန္း တခုကို စီးနင္းတိုက္ခိုက္ခဲ့တယ္လို႔ ခိုင္သုခကဆိုပါတယ္။

AA အဖြဲ႕က လုံျခံဳေရးအဖြဲ႕ေတြအပါအ၀င္ အရပ္သား ၅၀ ေက်ာ္ကို ဖမ္းဆီးေခၚေဆာင္ခဲ့အျပီး ရေသ့ေတာင္ျမိဳ႕နယ္ ေရဘုတ္၊ ေက်ာက္တန္း၊ ထီးစြဲ ေရမ်က္ေက်းရြာဘက္မွာ ရဟတ္ယာဥ္နဲ႔အျပင္ လက္နက္ၾကီးေတြနဲ႔ ပစ္ခတ္မႈေတြ ဒီကေန႔ အထိရွိေနဆဲ ျဖစ္ပါတယ္။

ရခိုင္လက္နက္ကိုင္ AA အဖြဲ႔ကေန ေရႊနဒီအျမန္ေရယာဥ္ေပၚမွ ဖမ္းဆီးေခၚေဆာင္သြားတဲ့ လူေပါင္း ၅၈ ဦးေက်ာ္မွာ တပ္မေတာ္သား ၁၄ ဦး၊ ရဲတပ္ဖြဲ႕၀င္ ၂၉ ဦး၊ အက်ဥ္းဦးစီးဌာနက ၀န္ထမ္း ႏွစ္ဦးနဲ႔ အရပ္သား ၁၃ တို႔ ပါ၀င္ေၾကာင္း ျမန္မာႏိုင္ငံ ရဲတပ္ဖြဲ႔ကို ကိုးကားျပီး မေန႔ကေၾကးမံု သတင္းစာမွာ သတင္းေဖာ္ျပထားပါတယ္။

တပ္မေတာ္ဘက္ကေတာ့ ဖမ္းဆီးခံထားရသူေတြလြတ္ေျမာက္ေရးအတြက္ ရဟတ္ယာဥ္သုံးတိုက္ခိုက္ခဲ့ရမွာ AA ဘက္က ျပန္လည္ပစ္ခတ္လို႕ တိုက္ခိုက္ေရးရဟတ္ယာဥ္က်ည္ဆံထိမွန္ခဲ့သလို အဖမ္းဆီးခံရသူေတြအထဲက ၁၄ ဦး ကိုကယ္ထုတ္နိုင္ခဲ့ေၾကာင္း တပ္မေတာ္ဘက္က သတင္းထုတ္ျပန္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရသေ့တောင်မြို့နယ် ရွှေနဒီအမြန်ရေယာဉ်ပေါ်မှာ ပါလာတဲ့ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင် အများစုပါလာတဲ့ အဖွဲ့ကို ရခိုင် လက်နက်ကိုင် AA ဘက်က ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်အတွင်း မြန်မာစစ်တပ်ဘက်က ရဟတ်ယာဉ်နဲ့ပစ်ခတ်ပြီး ကယ်ဆယ် ရေးလုပ်ရာမှာ ဒီမနက်အထိအဖွဲ့ဝင် ၁၄ ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး အဲဒီအထဲ တဦးတော့ သေဆုံးခဲ့တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့က ပြောပါတယ်။ အခု ဖြစ်ရပ်နဲ့ပတ်သက်လို့ မြန်မာစစ်တပ်နဲ့ AA အကြား အပြန်အလှန်စွပ်စွဲပြစ်တင်နေပြီး အသေအပျောက်စာရင်း အတိအကျကိုလည်း ဘယ်ဘက်ကမှ မထုတ်ပြန်နိုင်သေးပါဘူး။ ဒီအခြေအနေကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ရခိုင်လက်နက်ကိုင်AA အဖွဲ့က ဖမ်းဆီးသွားသူတွေအနက် ၁၄ ဦးကို ကယ်ဆယ်နိုင်ပြီး အဲဒီအထဲက တဦး ရေနစ် သေဆုံးခဲ့ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက ဗွီအိုအေကို ပြောပါတယ်။

“ဒီမနက်အထိတော့ ၁၄ ယောက်ပြန ရတယ်။ ကျန်တဲ့သူတွေ ပြန်မရသေးဘူး။ ဒီမနက်အထိတော့ မရောက်သေးဘူး။ ၁၄ ယောက်ထဲမှာ တယောက်ကတော့ GE အဖွဲ့မှာပါနေတဲ့ ဆေးသုတ်တဲ့အဖွဲ့တပ်ဖွဲ့ပေါ့ တယောက်ကတော့ ရေနစ်ပြီးတော့ ဆုံးသွားတယ်။ ကျန်တာကတော့ အသက်ရှင်နေတဲ့ ၁၃ ယောက်ပေါ့။”

ပြီးခဲ့တဲ့စနေနေ့က မေယုမြစ်အတွင်း ပြေးဆွဲနေတဲ့ ရွှေနဒီအမြန်ရေယာဉ်ကို ရသေ့တောင်မြို့နယ် ရေမျက်ကျေးရွာ အနီးမှာ AA အဖွဲ့တွေကနေ တားဆီးခဲ့ပြီး ရေယာဉ်ပေါ်မှာ လိုက်ပါလာတဲ့ စစ်တပ် ရဲတပ်ဖွဲ့ဝင် ဌာနဆိုင်ရာဝန်ထမ်းတွေနဲ့ ခရီးသွားပြည်သူ ၅၀ ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရသူတွေ ကယ်တင်နိုင်ရေးအတွက် မြန်မာစစ်တပ်ကနေ ရဟတ်ယာဉ်နဲ့ ပစ်ခတ်တိုက်ခိုက်တာမှာ AA အဖွဲ့ဝင်တွေရော အဖမ်းဆီးခံရသူတွေပါ ထိခိုက်သေဆုံးမှု တချို့ရှိခဲ့တယ်လို့ AA ဘက်ကထုတ်ပြန်ထား ပါတယ်။

ဝန်ကြီးဗိုလ်မှူးကြီးမင်းသန်းကတော့ မြန်မာစစ်တပ် ရဟတ်ယာဉ်နဲ့ ပစ်လို့ သေဆုံးတာ မဟုတ်ဘဲ AA အဖွဲ့က ပစ်ခတ်တာလို့ ဆိုပါတယ်။

“မဟုတ်ပါဘူး အဲဒီကိစ္စအတွက်။ လူတွေကအဲဒီလို လမ်းပေါ်မှာပြေးကြလွှားကြနဲ့။ ဒီမနက်လွတ်လာတဲ့တယောက်က လေယာဉ်နဲ့ပစ်တာထိတာမဟုတ်ဘူးတဲ့။ AAကပစ်ခတ်သွားတာတဲ့။ ၄ ယောက ်ထိတယ်တဲ့။ သူကနေရာပြောတာပေါ့လေ။”

ဖမ်းဆီးထိန်းသိန်းထားတဲ့ သူတွေအပါဝင် AA အဖွဲ့ဝင်တွေကို ရဟတ်ယာဉ်နဲ့ တိုက်ခိုက်တဲ့အပေါ် AA ပြန်ကြား ရေးတာဝန်ခံခိုင်သုခက အခုလိုပြောပါတယ်။

“သူတို့ရဲ့ လူမဆန်စွာ မိုက်မိုက်ကန်းကန်းပစ်ခတ်မှုကို ဖုံးကွယ်ဖို့လိုတဲ့အတွက်ကြောင့်မို့လို့ အဲဒီလိုမျိုးပြောတာ ဖြစ်တယ်ဗျ။ မြန်မာစစ်တပ်က လူတွေပေါ့နော် ကျနော်တို့ ယာယီထိန်းသိမ်းထားတ ဲ့သူတွေအထဲက တော်တော်များများ ထိခိုက်သေဆုံးသွားတဲ့ ဥစ္စာတေ ွရှိတယ်။ သူတို့ဘက်ကတော့ ကြည့်ရတာကတော့ ဒီလူတွေကို ကျနော်တို့ စစ်ဆေးလို့ရှိရင် သူတို့ဘက်က ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေပေါ်သွားမှာ စိုးလို့ အကုန်လုံး သေရင်သေပါစေဆိုပြီးတော့ အသေသတ်တယ်လို့ပဲ ကျနော်တို့က အဲဒီလိုပဲယူဆတယ်ဗျ။”

ဒီပစ်ခတ်မှုမှာ AA ဘက်ကရော အဖမ်းဆီးခံလုံခြုံရေးအဖွဲ့ကပါ ထိခိုက်သေဆုံးမှုတွေ ရှိနေပေမဲ့ လတ်တလော အခြေအနေအရ စာရင်းမပြုစုနိုင်သေးဘူးလို့ ခိုင်သုခကဆိုပါတယ်။

ဒီပစ်ခတ်မှုဖြစ်စဉ်အတွင်း သူ့ဘက်ကိုယ့်ဘက် အပြန်လှန်စွပ်စွဲမှုတွေ ရှိနေသလိုထိခိုက်သေဆုံးမှုကိုတော့ စာရင်း အတိကျ မရရှိသေးဘူးလို့ နှစ်ဖက်အဖွဲ့တာဝန်ရှိသူက ဆိုပါတယ်။

ပြီးခဲ့တဲ့အောက်တိုဘာ ၁၁ ရက်နေ့တုန်းကလဲ သင်တန်းကနေပြန်လာတဲ့ မီးသတ်အဖွဲ့ဝင် ၁၉ ဦးအပါဝင် အရပ်သား ၃၀ ကျော်ကို AA ဘက်က ဖမ်းဆီးခေါ်ဆောင်ထားပြီး ဒီအထဲက ၁၂ ဦးကို မနေ့ညနေပိုင်းမှာပြန်လည်လွှတ်ပေးခဲ့တာပါ။

AAဖက်ကလွှတ်ပေးတဲ့ ၁၂ ဦးဟာ မီးသတ်အဖွဲ့တွေမပါဘဲ သာမန်အရပ်သားတွေလို့ခိုင်သုခကပြောပါတယ်။

“စစ်တပ်နဲ့ ဘာမှ မပတ်သက်တဲ့ အရပ်သားတွေ ဗမာလူမျိုး ၁၂ ယောက်ပေါ့နော်။ အဲဒီမှာ ကားသမား ၃ ယောက်ရယ်။ နောက်ပြီးလို့ ရှိရင် ပန်းရန်လုပ်တဲ့သူလက်သမား ၉ ယောက်ပေါ့ အကုန်လုံးပေါင်းလို့ရှိရင် ၁၂ ယောက်ပေါ့နော်။ ကျနော်တို့ မနေ့ကညနေမှာ ကောင်းကောင်းမွန်မွန်လုံလုံခြုံခြုံ ပြန်လည်ပြီးတော့ လွှတ်ပေးလိုက်တယ်ဗျ။ ကျန်တဲ့ သူတွေကိုလဲပဲ ကျနော်တို့က လုံခြုံရေးအနေအထားကောင်းလို့ ရှိရင်တော့ သူတို့ကိုလဲ မကြာခင်မှာ လွှတ်ပေးသွားဖို့ အစီအစဉ်တော့ရှိတယ်ဗျ။”

AAဖက်က ထိန်းသိမ်းထားတဲ့ မီးသတ်တပ်ဖွဲ့ဝင် ၁၉ ဦးကတော့ ပြန်လည်လွှတ်ပေးခြင်းမရှိသေးပါဘူး။

ဖမ်းဆီးခံရသူတချို့လွတ်မြောက်လာကြောင်းသတင်းအပေါ် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နယ်စပ်ရေးရာနှင့် လုံခြုံရေး ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းက အခုလိုပြောပါတယ်။။

“အဲတာတော့ လက်ထဲတော့ မရောက်သေးဘူး။ လွှတ်တယ်လို့ပြောတယ်။ ၁၂ ယောက်လွှတ်တယ်လို့ပြောတယ်။”

မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့အကြား တိုက်ပွဲတွေဖြစ်ပွားနေဆဲဖြစ်ပါတယ်။

ဒီကနေ့မှာ ရသေ့တောင်မြို့နယ် မြန်မာစစ်တပ်ရဲ့ ရေစိုးချောင်း ဗျူဟာတပ်စခန်းကို AA ဘက်ကလက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သလို မနေ့ကလဲ မင်းပြားမြို့နယ် ပန်းမြောင်းကျေးရွာရဲ့ အရှေ့မြောက်ဘက်တောင်ကုန်းမှာရှိတဲ့ မြန်မာစစ်တပ်ရဲ့အမြှောက်စခန်း တခုကို စီးနင်းတိုက်ခိုက်ခဲ့တယ်လို့ ခိုင်သုခကဆိုပါတယ်။

AA အဖွဲ့က လုံခြုံရေးအဖွဲ့တွေအပါအဝင် အရပ်သား ၅၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်ခဲ့အပြီး ရသေ့တောင်မြို့နယ် ရေဘုတ်၊ ကျောက်တန်း၊ ထီးစွဲ ရေမျက်ကျေးရွာဘက်မှာ ရဟတ်ယာဉ်နဲ့အပြင် လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ ဒီကနေ့ အထိရှိနေဆဲ ဖြစ်ပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ကနေ ရွှေနဒီအမြန်ရေယာဉ်ပေါ်မှ ဖမ်းဆီးခေါ်ဆောင်သွားတဲ့ လူပေါင်း ၅၈ ဦးကျော်မှာ တပ်မတော်သား ၁၄ ဦး၊ ရဲတပ်ဖွဲ့ဝင် ၂၉ ဦး၊ အကျဉ်းဦးစီးဌာနက ဝန်ထမ်း နှစ်ဦးနဲ့ အရပ်သား ၁၃ တို့ ပါဝင်ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို ကိုးကားပြီး မနေ့ကကြေးမုံ သတင်းစာမှာ သတင်းဖော်ပြထားပါတယ်။

တပ်မတော်ဘက်ကတော့ ဖမ်းဆီးခံထားရသူတွေလွတ်မြောက်ရေးအတွက် ရဟတ်ယာဉ်သုံးတိုက်ခိုက်ခဲ့ရမှာ AA ဘက်က ပြန်လည်ပစ်ခတ်လို့ တိုက်ခိုက်ရေးရဟတ်ယာဉ်ကျည်ဆံထိမှန်ခဲ့သလို အဖမ်းဆီးခံရသူတွေအထဲက ၁၄ ဦး ကိုကယ်ထုတ်နိုင်ခဲ့ကြောင်း တပ်မတော်ဘက်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG