သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာေတြ လူကုန္ကူးတဲ့ဂိုဏ္း မေလးရွားမွာ ႐ံုးတင္စစ္ေဆး


"Husen maungdaw gang" လူကုန္ကူးဂိုဏ္း ကုိ စစ္ဆင္းေရးလုပ္ျပီး ဖမ္းဆီးလာတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၃၊ ၂၀၂၀)

[Zawgyi/Unicode]

ရိုဟင္ဂ်ာေတြကို လူကုန္ကူးေနတဲ့ Husen maungdaw gang လူကုန္ကူးဂိုဏ္း၀င္ေတြကို မေလးရွားႏိုင္ငံမွာ တရားရံုးတင္စစ္ေဆးတဲ့သတင္းကုိ ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေအးေအးမာက တင္ျပပါမယ္။

"Husen maungdaw gang" လူကုန္ကူးဂိုဏ္း ကုိ စစ္ဆင္းေရးလုပ္ျပီး ဖမ္းဆီးလာတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၃၊ ၂၀၂၀)
"Husen maungdaw gang" လူကုန္ကူးဂိုဏ္း ကုိ စစ္ဆင္းေရးလုပ္ျပီး ဖမ္းဆီးလာတဲ့ ျမင္ကြင္း။ (ဇူလိုင္ ၀၃၊ ၂၀၂၀)

မေလးရွားနိုင္ငံ တရားရံုးမွာ ရံုးတင္စစ္ေဆးခံရတဲ့ "Husen maungdaw gang" လူကုန္ကူးဂိုဏ္း၀င္ ၁၆ ေယာက္မွာ ရိုဟင္ဂ်ာ ၁၂ ဦးနဲ ့မေလးရွားနိုင္ငံသား ၄ ဦးတို႔ ပါ၀င္ျပီး ထူးျခားတာက Kedah လူ၀န္မႈၾကီးၾကပ္ေရး အရာရွိ Mohammad Jafnizal ဆိုသူလည္း ပါ၀င္ေနတာပါ။ သူတိုကုိေတာ့ မေလးရွားတရားရံုးကေန ဇူလိုင္ ၂ ရက္ေန႔က စတင္စဲြခ်က္တင္ခဲ့ပါတယ္။

အမႈစြဲခံရတဲ့ လူကုန္ကူးဂိုဏ္း၀င္ေတြဟာ ျမန္မာနိုင္ငံကေန ေလွစီးေျပး ဒုကၡသည္ေတြကို မေလးရွားနိုင္ငံကို ကုန္းလမ္း၊ ေရလမ္းနည္းမ်ိဳးနဲ ့စီစဥ္ေခၚထုတ္ေပးေနတာ ျဖစ္တယ္လို႔ Pinang Crime Investigation Department ပီနံဆိုင္ရာ မႈခင္းေဖၚထုတ္စစ္ေဆးေရး အရာရွိ Sahabudin Bin Abd Manan က သတင္းေထာက္ေတြကို မေလးရွားဘာသာနဲ႔ ထုတ္ေဖၚ ေျပာဆိုသြားခဲ့ပါတယ္။

မေလးရွားအာဏာပုိင္ေတြအေနနဲ႔ ေအာ္ပရာစီ စစ္ဆင္ေရးလုပ္ျပီး Husen maungdaw gang လူကုန္ကူးတဲ့ ဂိုဏ္းကို ဖမ္းဆီးရာမွာ အဖဲြ႔၀င္ ၂၁ ေယာက္ဖမ္းမိျပီး ၁၆ ေယာက္ကေတာ့ ေလွစီးေျပး ရိုဟင္ဂ်ာေတြကုိ နည္းေပါင္းစံုနဲ႔ ခိုးသြင္းေနတာေၾကာင့္ ရံုးတင္ခဲ့ရတာျဖစ္ေၾကာင္း မေလးရွားဘာသာနဲ႔ ေျပာသြားတာပါ။

အခု စြဲခ်က္တင္ခံရသူေတြကိုေတာ့ မေလးရွားဆိုင္ရာ လူကုန္ကူးမႈဥပေဒ 130 V (1) အရ တရားစြဲခဲ့ျပီး အမႈက်ဴးလြန္ေၾကာင္း ထင္ရွားတယ္ဆိုရင္ ေထာင္ဒဏ္အနွစ္ ၂၀ ထက္မနည္း အျပစ္ဒဏ္ေတြက်ခံရမွာ ျဖစ္ပါတယ္။

မေလးရွားအစိုးရအေနနဲ႔ ရိုဟင္ဂ်ာအပါအ၀င္ ေရႊ႕ေျပာင္းအေျခခ်သူ ၅၄ ဦးကို Langkawi တရားရံုးကေန လူ၀င္မႈႀကီးၾကပ္ေရးပုဒ္မေတြနဲ႔ ျပီးခဲ့တဲ့ ဇြန္လကုန္ပုိင္းမွာပဲ ေထာင္ဒဏ္ ၇ လ ခ်မွတ္လိုက္ပါတယ္။ ျမန္မာႏုိင္ငံ ရခိုင္ျပည္နယ္အတြင္း ၂၀၁၇ ခုႏွစ္ ဩဂုတ္လတုန္းက ျမန္မာစစ္တပ္ နယ္ေျမရွင္းလင္းေရးလုပ္ခ်ိန္က ဘဂၤလားေဒ့ရွ္ႏုိင္ငံကို ထြက္ေျပးလာတဲ့ ဒုကၡသည္ ၇၀၀,၀၀၀ ေက်ာ္နဲ႔အတူ ႐ုိဟင္ဂ်ာဒုကၡသည္ ၁,၀၀၀,၀၀၀ ဟာ ဘဂၤလားေဒ့ရွ္နယ္စပ္က စခန္း ၃၂ ခုမွာ ေနထိုင္ေနၾကတာပါ။ စခန္းတြင္းမွာ ေနထိုင္ေရးအခက္အခဲ စား၀တ္ေနေရး အခက္အခဲေတြေၾကာင့္ ဒုကၡသည္ေတြဟာ မေလးရွားႏိုင္ငံကို ေလွစီးေျပးဒုကၡသည္ေတြအျဖစ္ ထြက္ေျပးေရာက္ ရွိလာၾကပါတယ္။

မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin
မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin

ကိုရိုနာဗိုင္းရပ္စ္ ကပ္ေရာဂါေၾကာင့္ တိုင္းျပည္ရဲ႕ အရင္းအျမစ္ေတြ ဆုတ္ယုတ္လာမႈ၊ စီးပြားေရးထိခိုက္မႈေတြေၾကာင့္ ျမန္မာနိုင္ငံကေန ေနရပ္စြန္႔ခြာလာတဲ့ ရိုဟင္ဂ်ာ ဒုကၡသည္ေတြကို လုံးဝလက္ခံေတာ့မွာ မဟုတ္ဘူးလို႔ မေလးရွား ဝန္ႀကီးခ်ဳပ္ Muhyiddin Yassin ကလည္း ဇြန္လထဲမွာ ေျပာထားပါတယ္။

ျမန္မာအစိုးရဘက္ကေတာ့ ႐ုိဟင္ဂ်ာ အသုံးအႏႈန္းကို လက္မခံေပမဲ့ ဒုကၡသည္ေတြကို စိစစ္ၿပီး ျမန္မာဘက္က ျပန္လည္လက္ခံမယ္လို႔ ေျပာထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

ရိုဟင်ဂျာတွေ လူကုန်ကူးတဲ့ဂိုဏ်း မလေးရှားမှာ ရုံးတင်စစ်ဆေး

ရိုဟင်ဂျာတွေကို လူကုန်ကူးနေတဲ့ Husen maungdaw gang လူကုန်ကူးဂိုဏ်းဝင်တွေကို မလေးရှားနိုင်ငံမှာ တရားရုံးတင်စစ်ဆေးတဲ့သတင်းကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မအေးအေးမာက တင်ပြပါမယ်။

မလေးရှားနိုင်ငံ တရားရုံးမှာ ရုံးတင်စစ်ဆေးခံရတဲ့ "Husen maungdaw gang" လူကုန်ကူးဂိုဏ်းဝင် ၁၆ ယောက်မှာ ရိုဟင်ဂျာ ၁၂ ဦးနဲ့မလေးရှားနိုင်ငံသား ၄ ဦးတို့ ပါဝင်ပြီး ထူးခြားတာက Kedah လူဝန်မှုကြီးကြပ်ရေး အရာရှိ Mohammad Jafnizal ဆိုသူလည်း ပါဝင်နေတာပါ။ သူတိုကိုတော့ မလေးရှားတရားရုံးကနေ ဇူလိုင် ၂ ရက်နေ့က စတင်စွဲချက်တင်ခဲ့ပါတယ်။

အမှုစွဲခံရတဲ့ လူကုန်ကူးဂိုဏ်းဝင်တွေဟာ မြန်မာနိုင်ငံကနေ လှေစီးပြေး ဒုက္ခသည်တွေကို မလေးရှားနိုင်ငံကို ကုန်းလမ်း၊ ရေလမ်းနည်းမျိုးနဲ့စီစဉ်ခေါ်ထုတ်ပေးနေတာ ဖြစ်တယ်လို့ Pinang Crime Investigation Department ပီနံဆိုင်ရာ မှုခင်းဖေါ်ထုတ်စစ်ဆေးရေး အရာရှိ Sahabudin Bin Abd Manan က သတင်းထောက်တွေကို မလေးရှားဘာသာနဲ့ ထုတ်ဖေါ် ပြောဆိုသွားခဲ့ပါတယ်။

မလေးရှားအာဏာပိုင်တွေအနေနဲ့ အော်ပရာစီ စစ်ဆင်ရေးလုပ်ပြီး Husen maungdaw gang လူကုန်ကူးတဲ့ ဂိုဏ်းကို ဖမ်းဆီးရာမှာ အဖွဲ့ဝင် ၂၁ ယောက်ဖမ်းမိပြီး ၁၆ ယောက်ကတော့ လှေစီးပြေး ရိုဟင်ဂျာတွေကို နည်းပေါင်းစုံနဲ့ ခိုးသွင်းနေတာကြောင့် ရုံးတင်ခဲ့ရတာဖြစ်ကြောင်း မလေးရှားဘာသာနဲ့ ပြောသွားတာပါ။

အခု စွဲချက်တင်ခံရသူတွေကိုတော့ မလေးရှားဆိုင်ရာ လူကုန်ကူးမှုဥပဒေ 130 V (1) အရ တရားစွဲခဲ့ပြီး အမှုကျူးလွန်ကြောင်း ထင်ရှားတယ်ဆိုရင် ထောင်ဒဏ်အနှစ် ၂၀ ထက်မနည်း အပြစ်ဒဏ်တွေကျခံရမှာ ဖြစ်ပါတယ်။

မလေးရှားအစိုးရအနေနဲ့ ရိုဟင်ဂျာအပါအဝင် ရွှေ့ပြောင်းအခြေချသူ ၅၄ ဦးကို Langkawi တရားရုံးကနေ လူဝင်မှုကြီးကြပ်ရေးပုဒ်မတွေနဲ့ ပြီးခဲ့တဲ့ ဇွန်လကုန်ပိုင်းမှာပဲ ထောင်ဒဏ် ၇ လ ချမှတ်လိုက်ပါတယ်။ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်း ၂၀၁၇ ခုနှစ် ဩဂုတ်လတုန်းက မြန်မာစစ်တပ် နယ်မြေရှင်းလင်းရေးလုပ်ချိန်က ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ ဒုက္ခသည် ၇၀၀,၀၀၀ ကျော်နဲ့အတူ ရိုဟင်ဂျာဒုက္ခသည် ၁,၀၀၀,၀၀၀ ဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ်က စခန်း ၃၂ ခုမှာ နေထိုင်နေကြတာပါ။ စခန်းတွင်းမှာ နေထိုင်ရေးအခက်အခဲ စားဝတ်နေရေး အခက်အခဲတွေကြောင့် ဒုက္ခသည်တွေဟာ မလေးရှားနိုင်ငံကို လှေစီးပြေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးရောက် ရှိလာကြပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် တိုင်းပြည်ရဲ့ အရင်းအမြစ်တွေ ဆုတ်ယုတ်လာမှု၊ စီးပွားရေးထိခိုက်မှုတွေကြောင့် မြန်မာနိုင်ငံကနေ နေရပ်စွန့်ခွာလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို လုံးဝလက်ခံတော့မှာ မဟုတ်ဘူးလို့ မလေးရှား ဝန်ကြီးချုပ် Muhyiddin Yassin ကလည်း ဇွန်လထဲမှာ ပြောထားပါတယ်။

မြန်မာအစိုးရဘက်ကတော့ ရိုဟင်ဂျာ အသုံးအနှုန်းကို လက်မခံပေမဲ့ ဒုက္ခသည်တွေကို စိစစ်ပြီး မြန်မာဘက်က ပြန်လည်လက်ခံမယ်လို့ ပြောထားပါတယ်။

XS
SM
MD
LG