သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

ထိုင္းေထာင္ေဖာက္ေျပးတဲ႔ ႐ိုဟင္ဂ်ာတခ်ိဳ႕ ျပန္လည္ဖမ္းမိ


၂၀၁၉ ခုႏွစ္က ဆံုခလာခရိုင္မွာ ဖမ္းမိတဲ့ရိုဟင္ဂ်ာမ်ား ( ပံု-ထုိင္းကယ္ဆယ္ေရးအဖဲြ႕)

(Zawgyi / Unicode)

ထိုင္း-မေလးနယ္စပ္ လူ၀င္မႈႀကီးၾကပ္ေရး အက်ဥ္းေထာင္ကေန ဇန္န၀ါရီလ ၈ ရက္ေန႔ ကေထာင္ေဖာက္ေျပးတဲ့ ရိုဟင္ဂ်ာ ၁၉ ဦးအနက္ ၄ ဦး ကို ျပန္လည္ဖမ္းမိ ခဲ့ပါတယ္။ က်န္ထြက္ေျပးသြားတဲ့ ရိုဟင္ဂ်ာေတြကို မေလးရွားအာဏာပုိင္ေတြရဲ႕ အကူအညီနဲ႔ ဆက္လက္ရွာေဖြေနပါတယ္။

ထိုင္းအေျခစိုက္ ဗြီအိုေအသတင္းေထာက္ မေအးေအးမာက သတင္းေပးပုိ႔ထားပါတယ္။

ထိုင္းႏိုင္ငံ ၊ ဆုန္ခလာခရိုင္ ၊ စေဒါင္ၿမိဳ႕နယ္တြင္းက လ၀က အက်ဥ္းေထာင္ကေနဇန္န၀ါရီလ ၈ ရက္ေန႔ မနက္မွာ ေထာင္ကုိ ေဖာက္ၿပီး ထြက္ေျပးခဲ့ၾကတဲ့ ထိန္းသိမ္းခံ ရိုဟင္ဂ်ာ ၁၉ ဦး ကို ဖမ္းဆီးႏိုင္ဖို႔ စေဒါင္ၿမိဳ ႔ ရဲတပ္ဖြဲ ့ ၄၃၇ နယ္ျခားေစာင့္တပ္ေတြ စုေပါင္းၿပီး ရွာေဖြဖမ္းဆီးခဲ့တာပါ။ ဆုန္ခလာခရိုင္ ရဲမူးႀကီး Chalitchok Amornpanich က ထုိင္းဘာသာနဲ႔ အခုလို ေျပာပါတယ္။

“ဇန္န၀ါရီလ ၈ ရက္ေန့မနက္ ၄နာရီေလာက္မွာ ထြက္ေျပးသြားတဲ့ရိုဟင္ဂ်ာ ၄ ေယာက္ကုိ ဖမ္းဆီးႏုိင္ခဲ့ပါတယ္။ ၃ေယာက္ကေတာ့ ထုိင္း-မေလးနယ္စပ္မွာ ျပန္ဖမ္းမိပါတယ္တေယာက္ေတာ့ မေလးရွားအာဏာပုိင္ေတြက ဖမ္းၿပီး ထုိင္းကိုျပန္ပို႔ ေပးခဲ့ပါတယ္။က်န္ေနေသးတဲ့ ၁၅ေယာက္ကိုဖမ္းမိဖို႔အတြက္ ဆက္လက္လုပ္ေဆာင္ေနေသးတယ္”

ထိုင္း-မေလးနယ္စပ္တေလ်ာက္မွာ အနံ႔ခံေခြးေတြနဲေရာ ရဟတ္ယာဥ္ေတြနဲ႔ပါ ရွာေဖြေနတာကို ရုပ္သံသတင္းမွာေတြ ့ရပါတယ္။ ထြက္ေျပး သြားတဲ့ ရိုဟင္ဂ်ာေတြထဲက လြတ္ေနသူေတြရဲ ့ဓါတ္ပံုေတြကို ထိုင္း-မေလးနယ္စပ္ေတြက ေက်းရြာသူႀကီးေတြဆီပို႔ၿပီး ဒီလူေတြကို ေတြ ့ရင္သတင္းေပးဖို႔လည္း ရဲတပ္ဖဲြ႔က သတင္းထုတ္ျပန္ထားပါတယ္။

ရိုဟင္ဂ်ာေတြ ေထာင္ေဖာက္ေျပးမူနဲ႔ ပတ္သက္လို႔ ဇူလိုင္ ၁၁ ရက္ေန႔ကေတာ့ စေဒါင္ ရဲစခန္းမွာ တာ၀န္က်ေနတဲ့ ထုိင္းရဲတပ္ဖဲြ ့၀င္ ၁၂ဦးကုိတာ၀န္ေပါ့ေလ်ာ့မူနဲ႔စံုစမ္း စစ္ေဆးေနပါတယ္။ အလားတူပဲ ထုိင္းေတာင္ပိုင္းဖန္ငခရိုင္မွာလည္း အခ်ဳပ္ေထာင္ကို ေဖာက္ေျပးတဲ့ ရိုဟင္ဂ်ာေတြရွိခဲ့ဖူးပါတယ္။ ထုိင္းေတာင္ပုိင္း ဖန္းငအေျခစုိက္ပညာေရးနဲ႔ ဖြံျဖိဳးေရးေဖာင္ေဒးရွင္းရဲ႕ အလုပ္သမားေရးရာနဲ႔ မွတ္တမ္းေရးရာတာ၀န္ခံဦးမင္းဦးကသူ႔အေတြ ့အႀကံဳကိုေျပာျပပါတယ္။

“ထိုင္းကေတာ့ ေဂဟာေတြမွာပဲထားတယ္။ ဒုကၡသည္စခန္းလည္းပို႔လို႔မရဘူးေလ က်ေနာ္ထင္တာၾကာမယ္ထင္တာ သိတ္မၾကာဘူး ။ ၿပီးခဲ့တဲ့လက လ၀ကရံုးကုိေရာက္တုန္း ေမးၾကည့္တာ က်န္တဲ့ရိုဟင္ဂ်ာ ၁၀ေယာက္ေတာင္ မျပည့္ေတာ့ဘူး ။ က်န္တဲ့လူေတြက UN အစီအစဥ္နဲ႔ တတိယႏိုင္ငံကုိ ထြက္သြားၾကၿပီ။ ဟုိတုန္းကအႀကာႀကီးေနရတာ ၾကပ္ပိတ္ၿပီးေနရတာ ျပႆနာေတြတက္ အခ်ဳပ္ကိုေဖာက္ေျပးလို႔ ေသနတ္ေဖာက္ျပီးျပန္ဖမ္းတာတေယာက္ေတာင္ ေသ ေသးတယ္ ဒါေပမယ့္ တခ်ိဳ႕ကလည္း သူတို႔ကုိယ္တုိင္တတိယႏိုင္ငံကို မသြားခ်င္ၾကဘူး မေလးရွားမွ မေလးရွားပဲ သြားခ်င္တာရွိတယ္။”

ထိုင္းေတာင္ပိုင္းမွာဖမ္းမိတဲ့ ရိုဟင္ဂ်ာေတြထဲက အမ်ိဳးသမီးနဲ႔ ကေလးေတြကိုေတာ့ တခ်ဳိ႕ ေစာင့္ေရွာက္ေရးေဂဟာေတြမွာ ထားေပးတာေတြရွိခဲ့ပါတယ္။ အခု ေထာင္ေဖာက္ေျပးတဲ့ ရိုဟင္ဂ်ာေတြထဲက ျပန္မိသူေတြကေတာ့ သူတုိ႔ကုိ ျမန္မာျပည္ျပန္ပုိ႔မွာ ေၾကာက္လုိ႔ ထြက္ေျပးၾကတယ္လို႔ ထိုင္းမီဒီယာေတြကုိ ေျပာဆိုထားပါတယ္။ ဒါေပမဲ့ ထုိင္းဘက္မွာဖမ္းမိတဲ့ ရိုဟင္ဂ်ာေတြကို ျမန္မာျပည္ကို ျပန္ပို႔တာမ်ိဳးကိုေတာ့ မၾကားမိဘူးလို႕ ဦးမင္းဦးကေတာ့ဆုိပါတယ္။

ထိုင္းဘက္ကုိ ေရာက္လာတဲ့ရိုဟင္ဂ်ာေတြဟာ ရခိုင္ဘဂၤလားနယ္စပ္ကေန လာေရာက္ၾကတာပါ။ လူကုန္ကူးသူေတြကေတာ့ မေလးရွားပုိ႔ေပးမယ္ဆိုၿပီး ေခၚလာရင္း သူတုိ႔ဟာ ထိုင္းမေလးနယ္စပ္မွာ ဖမ္းမိခဲ့တာျဖစ္တယ္လို႔ ဦးမင္းဦးကေျပာပါတယ္။

လတ္တေလာမွာ ေထာင္ေဖာက္ေျပးသြားတဲ့ ရိုဟင္ဂ်ာေတြနဲ႔ပတ္သက္လို႔ ထိုင္းဘက္က ျမန္မာသံရံုးဘက္ကို အေၾကာင္းႀကာတာ ျမန္မာဘက္က တာ၀န္ယူရတာရွိ၊ မရွိကုိေတာ့ ထုိင္းႏိုင္ငံဘန္ေကာက္ၿမိဳ ့က ျမန္မာသံအမတ္ႀကီးဦးမ်ိဳးျမင့္သန္းကို ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

“မရွိပါဘူး ခင္ဗ် သတင္းစာထဲမွာပဲ ေတြ႔ပါတယ္။ မရွိပါဘူး အရင္တုန္းကလည္း မေျပာဘူးပါဘူး Human Trafficking နဲ႔ ပတ္သက္တာဆိုရင္ေတာ့ သူတို ့ေကာ္မတီေတြ သပ္သပ္ရွိပါတယ္။”

ျမန္မာအစိုးရက ရိုဟင္ဂ်ာဆိုတဲ့အသံုးအႏႈန္းကို အသိအမွတ္မျပဳပါဘူး။ အခုေထာင္ေဖာက္ေျပးတဲ့သူေတြဟာ ၂၀၁၉ခုႏွစ္အတြင္းမွာ ဖမ္းမိခဲ့တဲ့ ရိုဟင္ဂ်ာမ်ားျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္


.......................

ထိုင်းထောင်ဖောက်ပြေးတဲ့ ရိုဟင်ဂျာတချို့ ပြန်လည်ဖမ်းမိ

(Unicode)

ထိုင်း-မလေးနယ်စပ် လူဝင်မှုကြီးကြပ်ရေး အကျဉ်းထောင်ကနေ ဇန်နဝါရီလ ၈ ရက်နေ့ ကထောင်ဖေါက်ပြေးတဲ့ ရိုဟင်ဂျာ ၁၉ ဦးအနက် ၄ ဦး ကို ပြန်လည်ဖမ်းမိ ခဲ့ပါတယ်။ ကျန်ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေကို မလေးရှားအာဏာပိုင်တွေရဲ့ အကူအညီနဲ့ ဆက်လက်ရှာဖွေနေပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ထိုင်းနိုင်ငံ ဆုန်ခလာခရိုင် စဒေါင်မြို့နယ်တွင်းက လဝက အကျဉ်းထောင်ကနေဇန်နဝါရီလ ၈ ရက်နေ့ မနက်မှာ ထောင်ကို ဖောက်ပြီး ထွက်ပြေးခဲ့ကြတဲ့ ထိန်းသိမ်းခံ ရိုဟင်ဂျာ ၁၉ ဦး ကို ဖမ်းဆီးနိုင်ဖို့ စဒေါင်မြို့ ရဲတပ်ဖွဲ့ ၄၃၇ နယ်ခြားစောင့်တပ်တွေ စုပေါင်းပြီး ရှာဖွေဖမ်းဆီးခဲ့တာပါ။ ဆုန်ခလာခရိုင် ရဲမူးကြီး Chalitchok Amornpanich က ထိုင်းဘာသာနဲ့ အခုလို ပြောပါတယ်။

“ဇန်နဝါရီလ ၈ ရက်နေ့မနက် ၄နာရီလောက်မှာ ထွက်ပြေးသွားတဲ့ရိုဟင်ဂျာ ၄ ယောက်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ၃ယောက်ကတော့ ထိုင်း-မလေးနယ်စပ်မှာ ပြန်ဖမ်းမိပါတယ်တယောက်တော့ မလေးရှားအာဏာပိုင်တွေက ဖမ်းပြီး ထိုင်းကိုပြန်ပို့ ပေးခဲ့ပါတယ်။ကျန်နေသေးတဲ့ ၁၅ယောက်ကိုဖမ်းမိဖို့အတွက် ဆက်လက်လုပ်ဆောင်နေသေးတယ်”

ထိုင်း-မလေးနယ်စပ်တလျောက်မှာ အနံ့ခံခွေးတွေနဲရော ရဟတ်ယာဉ်တွေနဲ့ပါ ရှာဖွေနေတာကို ရုပ်သံသတင်းမှာတွေ့ရပါတယ်။ ထွက်ပြေး သွားတဲ့ ရိုဟင်ဂျာတွေထဲက လွတ်နေသူတွေရဲ့ဓါတ်ပုံတွေကို ထိုင်း-မလေးနယ်စပ်တွေက ကျေးရွာသူကြီးတွေဆီပို့ပြီး ဒီလူတွေကို တွေ့ရင်သတင်းပေးဖို့လည်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

ရိုဟင်ဂျာတွေ ထောင်ဖောက်ပြေးမူနဲ့ ပတ်သက်လို့ ဇူလိုင် ၁၁ ရက်နေ့ကတော့ စဒေါင် ရဲစခန်းမှာ တာဝန်ကျနေတဲ့ ထိုင်းရဲတပ်ဖွဲ့ဝင် ၁၂ဦးကိုတာဝန်ပေါ့လျော့မူနဲ့စုံစမ်း စစ်ဆေးနေပါတယ်။ အလားတူပဲ ထိုင်းတောင်ပိုင်းဖန်ငခရိုင်မှာလည်း အချုပ်ထောင်ကို ဖောက်ပြေးတဲ့ ရိုဟင်ဂျာတွေရှိခဲ့ဖူးပါတယ်။ ထိုင်းတောင်ပိုင်း ဖန်းငအခြေစိုက်ပညာရေးနဲ့ ဖွံဖြိုးရေးဖောင်ဒေးရှင်းရဲ့ အလုပ်သမားရေးရာနဲ့ မှတ်တမ်းရေးရာတာဝန်ခံဦးမင်းဦးကသူ့အတွေ့အကြုံကိုပြောပြပါတယ်။

“ထိုင်းကတော့ ဂေဟာတွေမှာပဲထားတယ်။ ဒုက္ခသည်စခန်းလည်းပို့လို့မရဘူးလေ ကျနော်ထင်တာကြာမယ်ထင်တာ သိတ်မကြာဘူး ။ ပြီးခဲ့တဲ့လက လဝကရုံးကိုရောက်တုန်း မေးကြည့်တာ ကျန်တဲ့ရိုဟင်ဂျာ ၁၀ယောက်တောင် မပြည့်တော့ဘူး ။ ကျန်တဲ့လူတွေက UN အစီအစဉ်နဲ့ တတိယနိုင်ငံကို ထွက်သွားကြပြီ။ ဟိုတုန်းကအကြာကြီးနေရတာ ကြပ်ပိတ်ပြီးနေရတာ ပြဿနာတွေတက် အချုပ်ကိုဖောက်ပြေးလို့ သေနတ်ဖောက်ပြီးပြန်ဖမ်းတာတယောက်တောင် သေ သေးတယ် ဒါပေမယ့် တချို့ကလည်း သူတို့ကိုယ်တိုင်တတိယနိုင်ငံကို မသွားချင်ကြဘူး မလေးရှားမှ မလေးရှားပဲ သွားချင်တာရှိတယ်။”

ထိုင်းတောင်ပိုင်းမှာဖမ်းမိတဲ့ ရိုဟင်ဂျာတွေထဲက အမျိုးသမီးနဲ့ ကလေးတွေကိုတော့ တချို့ စောင့်ရှောက်ရေးဂေဟာတွေမှာ ထားပေးတာတွေရှိခဲ့ပါတယ်။ အခု ထောင်ဖောက်ပြေးတဲ့ ရိုဟင်ဂျာတွေထဲက ပြန်မိသူတွေကတော့ သူတို့ကို မြန်မာပြည်ပြန်ပို့မှာ ကြောက်လို့ ထွက်ပြေးကြတယ်လို့ ထိုင်းမီဒီယာတွေကို ပြောဆိုထားပါတယ်။ ဒါပေမဲ့ ထိုင်းဘက်မှာဖမ်းမိတဲ့ ရိုဟင်ဂျာတွေကို မြန်မာပြည်ကို ပြန်ပို့တာမျိုးကိုတော့ မကြားမိဘူးလို့ ဦးမင်းဦးကတော့ဆိုပါတယ်။

ထိုင်းဘက်ကို ရောက်လာတဲ့ရိုဟင်ဂျာတွေဟာ ရခိုင်ဘင်္ဂလားနယ်စပ်ကနေ လာရောက်ကြတာပါ။ လူကုန်ကူးသူတွေကတော့ မလေးရှားပို့ပေးမယ်ဆိုပြီး ခေါ်လာရင်း သူတို့ဟာ ထိုင်းမလေးနယ်စပ်မှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ဦးမင်းဦးကပြောပါတယ်။

လတ်တလောမှာ ထောင်ဖောက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေနဲ့ပတ်သက်လို့ ထိုင်းဘက်က မြန်မာသံရုံးဘက်ကို အကြောင်းကြာတာ မြန်မာဘက်က တာဝန်ယူရတာရှိ၊ မရှိကိုတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့က မြန်မာသံအမတ်ကြီးဦးမျိုးမြင့်သန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

“မရှိပါဘူး ခင်ဗျ သတင်းစာထဲမှာပဲ တွေ့ပါတယ်။ မရှိပါဘူး အရင်တုန်းကလည်း မပြောဘူးပါဘူး Human Trafficking နဲ့ ပတ်သက်တာဆိုရင်တော့ သူတို့ကော်မတီတွေ သပ်သပ်ရှိပါတယ်။”

မြန်မာအစိုးရက ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို အသိအမှတ်မပြုပါဘူး။ အခုထောင်ဖောက်ပြေးတဲ့သူတွေဟာ ၂၀၁၉ခုနှစ်အတွင်းမှာ ဖမ်းမိခဲ့တဲ့ ရိုဟင်ဂျာများဖြစ်ပါတယ်။

XS
SM
MD
LG