(Zawgyi/Unicode)
ဘဂၤလားေဒ့ရွ္ႏုိင္ငံ၊ Cox’s Bazar မွာ ေနထုိင္ေနၾကတဲ့ ဒုကၡသည္ေတြ ျမန္မာဘက္က ျပန္လက္ခံေရးအတြက္ ျမန္မာအစုိးရအေပၚ ၾသဇာသက္ေရာက္မႈရွိတဲ့ ရုရွားႏုိင္ငံက ဖိအားေပး ေျပာဆုိေပးဖုိ႔ ဘဂၤလားေဒ့ရွ္အစုိးရက တုိက္တြန္းလုိက္ပါတယ္။
ရုိဟင္ဂ်ာေတြ ေနရပ္ျပန္ေရးကိစၥအတြက္ ရုရွားအစုိးရက ျမန္မာကုိ ဖိအားေပး ေျပာဆုိဖုိ႔ ဒါကာၿမိဳ႕မွာ က်င္းပတဲ့ ၅ ႀကိမ္ေျမာက္ Asia Conference of Russia Graduates အခမ္းအနားမွာ ဘဂၤလားေဒ့ရွ္ႏုိင္ငံျခားေရး၀န္ႀကီး ေဒါက္တာ AK Abdul Momen က တနလၤာေန႔မွာ ေျပာၾကားလုိ္က္တာပါ။ အဲဒီ အခမ္းအနားကုိ ဘဂၤလားေဒ့ရွ္ဆုိင္ရာ ရုရွားသံအမတ္ႀကီး Alexander I. Ignatov လည္း တက္ေရာက္ စကားေျပာၾကားခဲ့တယ္လုိ႔ ဆုိပါတယ္။
အခမ္းအနားမွာ ဘဂၤလားေဒ့ရွ္နဲ႔ ရုရွားအၾကား သမုိင္းေၾကာင္းနဲ႔ခ်ီၿပီး ေကာင္းမြန္တဲ့ ဆက္ဆံေရး တည္ရွိခဲ့တာကုိလည္း ၀န္ႀကီး Momen က ထည့္သြင္း ေျပာၾကားခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ သတင္းမီဒီယာေတြမွာ ေဖာ္ျပၾကပါတယ္။
ျမန္မာနဲ႔ ဘဂၤလားေဒ့ရွ္အစုိးရတုိ႔အၾကား ဒုကၡသည္ေတြ ေနရပ္ျပန္ပုိ႔ေရး သေဘာတူညီခ်က္ ရထားေပမယ့္လည္း အဲဒီသေဘာတူညီခ်က္နဲ႔ အညီ ျမန္မာဘက္ကုိ ဒုကၡသည္တဦးမွ မျပန္ႏုိင္ေသးပါဘူး။ ေနရပ္ျပန္လုိတဲ့ ဒုကၡသည္ေတြထဲက ျမန္မာႏုိင္ငံမွာ အမွန္တကယ္ ေနခဲ့ျခင္း ရွိမရိွဆုိတဲ့ စုံစမ္းစစ္ေဆးၿပီးတဲ့သူေတြရွိေနေပမယ့္ တကယ္ျပန္မယ့္ေရာက္ခါနီးမွာ ဒုကၡသည္ေတြဘက္က စိတ္ေျပာင္းသြားတာေၾကာင့္ ျပန္မယ့္ အစီအစဥ္ပ်က္သြားခဲ့တာလည္း ရွိခဲ့ဘူးပါတယ္။ တဘက္မွာလည္း စခန္းအတြင္းက ေနရပ္ျပန္လုိတဲ့ ဒုကၡသည္ေတြ မျပန္ရဲေအာင္ ၿခိမ္းေျခာက္ ေျပာဆုိမႈေတြ ရွိေနတယ္ဆုိတဲ့ သတင္းေတြလည္း ထြက္ေပၚေနတာပါ။
ဒါေပမယ့္ ျမန္မာအစုိးရရဲ႕ အဆုိအရ ကုိယ့္သေဘာနဲ႔ကုိယ္ ျပန္လာသူ ရုိဟင္ဂ်ာဒုကၡသည္ မိသားစု ၄၀၀ ေက်ာ္ ရွိေနၿပီလုိ႔ ဆုိပါတယ္။ ျပန္၀င္လာသူေတြ အဆင္ေျပေအာင္ သူတုိ႔အေနနဲ႔ လုိအပ္တာေတြကုိ ေဆာင္ရြက္ေပးေနေၾကာင္း ျမန္မာအာဏာပုိင္ေတြက ေျပာပါတယ္။
................
ဒုက္ခသည် ပြန်လက်ခံရေး မြန်မာကို ဖိအားပေးဖို့ ဘင်္ဂလားဒေ့ရှ် ရုရှားကို တိုက်တွန်း
(Unicode)
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ Cox’s Bazar မှာ နေထိုင်နေကြတဲ့ ဒုက္ခသည်တွေ မြန်မာဘက်က ပြန်လက်ခံရေးအတွက် မြန်မာအစိုးရအပေါ် သြဇာသက်ရောက်မှုရှိတဲ့ ရုရှားနိုင်ငံက ဖိအားပေး ပြောဆိုပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက တိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာတွေ နေရပ်ပြန်ရေးကိစ္စအတွက် ရုရှားအစိုးရက မြန်မာကို ဖိအားပေး ပြောဆိုဖို့ ဒါကာမြို့မှာ ကျင်းပတဲ့ ၅ ကြိမ်မြောက် Asia Conference of Russia Graduates အခမ်းအနားမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ AK Abdul Momen က တနင်္လာနေ့မှာ ပြောကြားလိုက်တာပါ။ အဲဒီ အခမ်းအနားကို ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ ရုရှားသံအမတ်ကြီး Alexander I. Ignatov လည်း တက်ရောက် စကားပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
အခမ်းအနားမှာ ဘင်္ဂလားဒေ့ရှ်နဲ့ ရုရှားအကြား သမိုင်းကြောင်းနဲ့ချီပြီး ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ရှိခဲ့တာကိုလည်း ဝန်ကြီး Momen က ထည့်သွင်း ပြောကြားခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာတွေမှာ ဖော်ပြကြပါတယ်။
မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး သဘောတူညီချက် ရထားပေမယ့်လည်း အဲဒီသဘောတူညီချက်နဲ့ အညီ မြန်မာဘက်ကို ဒုက္ခသည်တဦးမှ မပြန်နိုင်သေးပါဘူး။ နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေထဲက မြန်မာနိုင်ငံမှာ အမှန်တကယ် နေခဲ့ခြင်း ရှိမရှိဆိုတဲ့ စုံစမ်းစစ်ဆေးပြီးတဲ့သူတွေရှိနေပေမယ့် တကယ်ပြန်မယ့်ရောက်ခါနီးမှာ ဒုက္ခသည်တွေဘက်က စိတ်ပြောင်းသွားတာကြောင့် ပြန်မယ့် အစီအစဉ်ပျက်သွားခဲ့တာလည်း ရှိခဲ့ဘူးပါတယ်။ တဘက်မှာလည်း စခန်းအတွင်းက နေရပ်ပြန်လိုတဲ့ ဒုက္ခသည်တွေ မပြန်ရဲအောင် ခြိမ်းခြောက် ပြောဆိုမှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။
ဒါပေမယ့် မြန်မာအစိုးရရဲ့ အဆိုအရ ကိုယ့်သဘောနဲ့ကိုယ် ပြန်လာသူ ရိုဟင်ဂျာဒုက္ခသည် မိသားစု ၄၀၀ ကျော် ရှိနေပြီလို့ ဆိုပါတယ်။ ပြန်ဝင်လာသူတွေ အဆင်ပြေအောင် သူတို့အနေနဲ့ လိုအပ်တာတွေကို ဆောင်ရွက်ပေးနေကြောင်း မြန်မာအာဏာပိုင်တွေက ပြောပါတယ်။