သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်စက်ရုံ မီးလောင်မှု အနည်းဆုံး ၁၀ ဦးသေ


ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ပြင်ရှိ ထုပ်ပိုးစက်ရုံ မီးလောင်မှုမြင်ကွင်း။ (စက်တင်ဘာ ၁၀၊ ၂၀၁၆)
ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့ပြင်ရှိ ထုပ်ပိုးစက်ရုံ မီးလောင်မှုမြင်ကွင်း။ (စက်တင်ဘာ ၁၀၊ ၂၀၁၆)

(Zawgyi / Unicode)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာ အပြင်က စက်ရုံတခုမှာ မီးလောင်ကျွမ်းမှုအတွင်း အနည်းဆုံး လူ ၁၀ ဦး သေဆုံးကြောင်း အာဏာပိုင်တို့က တနင်္ဂနွေနေ့မှာ ပြောပါတယ်။ ဒါဟာဆိုရင် လေးရက်တာ ကာလအတွင်း ဒုတိယမြောက် အသေအပျောက် အများဆုံး စက်ရုံမီးလောင်မှု ဖြစ်ပါတယ်။

Gazipur စက်ရုံရပ်ကွက် အတွင်းက ပန်ကာအသေးတွေ ထုတ်လုပ်တဲ့ စက်ရုံမှာ တနင်္ဂနွေနေ့ ညနေပိုင်း မီးလောင်ခဲ့တာဖြစ်ပြီး မီးသတ်သမားတွေ ၂ နာရီခွဲကြာ မီးငြှိမ်းသတ်ခဲ့ရပါတယ်။

ပျက်စီးနေတဲ့ အဆောက်အအုံထဲကနေ သေဆုံးသူ ရုပ်အလောင်း ၁၀ ခုကို ရှာဖွေ တွေ့ရှိထားပြီး နောက်ထပ် သေဆုံးပျောက်ဆုံးမှုတွေကို ထပ်ပြီး ရှာဖွေနေတယ်လို့ မီးသတ်ဌာန ပြောခွင့်ရ Zillur Rahman က AFP ကို ပြောဆိုပါတယ်။

စတုရန်းပေ ၉၀၀ ရှိတဲ့ စက်ရုံ မီးလောင်စဉ်အတွင်း စက်ရုံထဲမှာ လူဘယ်လောက် ရှိခဲ့သလဲဆိုတာ အာဏာပိုင်တို့ မသိသေးသလို မီးလောင်ရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။

ပြီးခဲ့တဲ့သီတင်းပတ် ကြာသပတေးနေ့တုန်းကတော့ ဒါကာမြို့ပြင်က တရားမဝင် ပလတ်စတစ်စက်ရုံ မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၇ ဦး သေဆုံးခဲ့ရပါတယ်။

------------------------------

(Unicode)







တိုက်ရိုက် လင့်ခ်


XS
SM
MD
LG