သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

႐ိုဟင္ဂ်ာဒုကၡသည္ စာနာမႈ အေထာက္အပံ႔ EU တိုးျမႇင့္


ဥေရာပ သမဂၢအဖြဲ႔ EU က ႐ုိဟင္ဂ်ာ ဒုကၡသည္ေတြအတြက္ လူသားခ်င္းစာနာ ေထာက္ထားမႈအကူအညီျဖစ္ ေနာက္ထပ္ ယူ႐ုိေငြ ၁၀ သန္း ေပးအပ္မယ္လို႔ ဥေရာပေကာ္မရွင္က ထုတ္ျပန္ေၾကညာခဲ့ပါတယ္။ ဒါဟာ ၂၀၁၉ ခုႏွစ္ အေစာပိုင္းက ေထာက္ပံ့ကူညီမယ္လို႔ ေၾကညာထားၿပီးျဖစ္တဲ့ ယူ႐ုိေငြ ၃၃ သန္းအေပၚ အပိုေဆာင္းေပးအပ္တဲ့ အကူအညီလည္း ျဖစ္ပါတယ္။ အဲဒီ အကူအညီေတြကို ျမန္မာႏုိင္ငံ၊ ရခိုင္ျပည္နယ္ေျမာက္ပိုင္းနဲ႔ ဘဂၤလားေဒ့ရွ္ႏုိင္ငံ Cox’s Bazar က နယ္ခံ လူမႈအဖြဲ႕အစည္းေတြနဲ႔ ေနရပ္စြန္႔ခြာရသူေတြ၊ ဒုကၡသည္ေတြ အသက္ရွင္ရပ္တည္ႏုိင္ေရး အကူအညီအျဖစ္ ရည္ရြယ္ ေပးအပ္တာ ျဖစ္ပါတယ္။

ဒုကၡသည္ အက်ပ္အတည္း စတင္ခ်ိန္ကစလို႔ လြန္ခဲ့တဲ့ ၂ ႏွစ္အတြင္း EU ရဲ႕ အကူအညီဟာ မေရတြက္ႏိုင္ေလာက္တဲ့ လူသားေတြရဲ႕ဘ၀ေတြကို ကယ္တင္ေပးေနခဲ့ေၾကာင္း၊ ႐ိုဟင္ဂ်ာ ဒုကၡသည္ ေထာင္ေပါင္းမ်ားစြာဟာ အသက္ရွင္ရပ္တည္ေရး လူသားခ်င္းစာနာမႈ အေထာက္အပ့ံေတြအေပၚ မွီခိုေနရတာေၾကာင့္ အကူအညီေပးအပ္တာေတြကို မရပ္ဆိုင္းႏုိင္ေၾကာင္း၊ ဒီကေန႔ ထပ္မံ အပိုေဆာင္းေပးအပ္တဲ့ အကူအညီဟာ ဘယ္ေလာက္ပဲ အခ်ိန္ ၾကာပါေစ ႐ိုဟင္ဂ်ာေတြဘက္က ဆက္လက္ ရပ္တည္ေနမယ္ဆိုတဲ့ EU ရဲ႕ ရပ္တည္ခ်က္ကို ျပသတာ ျဖစ္ေၾကာင္း၊ EU အေနနဲ႔ Cox’s Bzar နဲ႔ ျမန္မာႏိုင္ငံမွာ က်န္ရွိခဲ့တဲ့ ဒုကၡသည္ေတြကိုေရာလက္ခံ ထားရွိတဲ့ အိမ္ရွင္လူမႈ အဖြဲ႔အစည္းေတြကိုပါ ဆက္လက္ ကူညီသြားမွာျဖစ္ေၾကာင္း၊ တစ္ခ်ိန္တည္းမွာပဲ ဒုကၡသည္ေတြ ျမန္မာႏုိင္ငံ ကို ေရရွည္ လုံျခံဳစိတ္ခ်ၿပီး ဂုဏ္သကၡာရွိရွိ ျပန္ႏိုင္ေရးကိုလည္း ဆက္လက္ လုပ္ေဆာင္သြားမွာျဖစ္ေၾကာင္း EU ရဲ႕ ပဋိပကၡ စီမံခန္႔ ခြဲေရး ေကာ္မရွင္နာမင္းၾကီး Janez Lenarcic က ေျပာပါတယ္။

၂၀၁၇ ခုႏွစ္ စက္တင္ဘာလကတည္းကစၿပီး ဘဂၤလားေဒ့ရွ္ႏိုင္ငံဘက္ကို ထြက္ေျပးခဲ့ရတဲ့ ဒုကၡသည္ေတြ ၇၄,၀၀၀ ေက်ာ္အတြက္ EU ဟာ ၂ ႏွစ္အတြင္း ယူ႐ုိသန္း ၁၄၀ ေက်ာ္ အေထာက္အပံ့ေပးခဲ့ႀကီး ျဖစ္ပါတယ္။

ၿပီးခဲ့တဲ့အပတ္ ဒီဇင္ဘာလ ၂၇ ရက္ေန႔က ႐ုိဟင္ဂ်ာအေရး နဲ႔ပတ္သက္ၿပီး က်ဴးလြန္ခဲ့တဲ့အမႈေတြအတြက္ ကုလသမဂၢအေထြေထြညီလာခံ တတိယ ေကာ္မတီက ျမန္မာႏုိင္ငံအေပၚ ျပစ္တင္ ႐ႈတ္ခ်တဲ့ဆုံးျဖတ္ခ်က္ကိုအတည္ျပဳခဲ့ရာမွာ Arkan Rohingya National Organization (ARNO) က အဲဒီဆုံးျဖတ္ခ်က္ကို ေထာက္ခံေၾကာင္း ဒီကေန႔ ရက္စြဲနဲ႔ ေၾကညာခ်က္ထုတ္ျပန္ခဲ့ပါတယ္။ ႐ုိဟင္ဂ်ာဆိုတဲ့ အသုံးအႏွဳန္းကို လက္ခံျခင္းမရွိတဲ့ ျမန္မာအစိုးရကေတာ့ ဒုကၡသည္ေတြ ေနရပ္ျပန္ေရး ေဆြးေႏြးဖို႔အတြက္ ဒီဇင္ဘာလထဲ အဆင့္ျမင့္ ကိုယ္စားလွယ္အဖြဲ႔တဖြဲ႔ကို Cox’s Bazar ကို ေစလႊတ္ခဲ့ေပမဲ့ ထူးျခားမႈေတာ့ မရွိေသးပါဘူး။

unicode

ဥရောပ သမဂ္ဂအဖွဲ့ EU က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် လူသားချင်းစာနာ ထောက်ထားမှုအကူအညီဖြစ် နောက်ထပ် ယူရိုငွေ ၁၀ သန်း ပေးအပ်မယ်လို့ ဥရောပကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါဟာ ၂၀၁၉ ခုနှစ် အစောပိုင်းက ထောက်ပံ့ကူညီမယ်လို့ ကြေညာထားပြီးဖြစ်တဲ့ ယူရိုငွေ ၃၃ သန်းအပေါ် အပိုဆောင်းပေးအပ်တဲ့ အကူအညီလည်း ဖြစ်ပါတယ်။ အဲဒီ အကူအညီတွေကို မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar က နယ်ခံ လူမှုအဖွဲ့အစည်းတွေနဲ့ နေရပ်စွန့်ခွာရသူတွေ၊ ဒုက္ခသည်တွေ အသက်ရှင်ရပ်တည်နိုင်ရေး အကူအညီအဖြစ် ရည်ရွယ် ပေးအပ်တာ ဖြစ်ပါတယ်။

ဒုက္ခသည် အကျပ်အတည်း စတင်ချိန်ကစလို့ လွန်ခဲ့တဲ့ ၂ နှစ်အတွင်း EU ရဲ့ အကူအညီဟာ မရေတွက်နိုင်လောက်တဲ့ လူသားတွေရဲ့ဘဝတွေကို ကယ်တင်ပေးနေခဲ့ကြောင်း၊ ရိုဟင်ဂျာ ဒုက္ခသည် ထောင်ပေါင်းများစွာဟာ အသက်ရှင်ရပ်တည်ရေး လူသားချင်းစာနာမှု အထောက်အပံ့တွေအပေါ် မှီခိုနေရတာကြောင့် အကူအညီပေးအပ်တာတွေကို မရပ်ဆိုင်းနိုင်ကြောင်း၊ ဒီကနေ့ ထပ်မံ အပိုဆောင်းပေးအပ်တဲ့ အကူအညီဟာ ဘယ်လောက်ပဲ အချိန် ကြာပါစေ ရိုဟင်ဂျာတွေဘက်က ဆက်လက် ရပ်တည်နေမယ်ဆိုတဲ့ EU ရဲ့ ရပ်တည်ချက်ကို ပြသတာ ဖြစ်ကြောင်း၊ EU အနေနဲ့ Cox’s Bzar နဲ့ မြန်မာနိုင်ငံမှာ ကျန်ရှိခဲ့တဲ့ ဒုက္ခသည်တွေကိုရောလက်ခံ ထားရှိတဲ့ အိမ်ရှင်လူမှု အဖွဲ့အစည်းတွေကိုပါ ဆက်လက် ကူညီသွားမှာဖြစ်ကြောင်း၊ တစ်ချိန်တည်းမှာပဲ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ကို ရေရှည် လုံခြုံစိတ်ချပြီး ဂုဏ်သက္ခာရှိရှိ ပြန်နိုင်ရေးကိုလည်း ဆက်လက် လုပ်ဆောင်သွားမှာဖြစ်ကြောင်း EU ရဲ့ ပဋိပက္ခ စီမံခန့် ခွဲရေး ကော်မရှင်နာမင်းကြီး Janez Lenarcic က ပြောပါတယ်။

၂၀၁၇ ခုနှစ် စက်တင်ဘာလကတည်းကစပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ရတဲ့ ဒုက္ခသည်တွေ ၇၄,၀၀၀ ကျော်အတွက် EU ဟာ ၂ နှစ်အတွင်း ယူရိုသန်း ၁၄၀ ကျော် အထောက်အပံ့ပေးခဲ့ကြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ် ဒီဇင်ဘာလ ၂၇ ရက်နေ့က ရိုဟင်ဂျာအရေး နဲ့ပတ်သက်ပြီး ကျူးလွန်ခဲ့တဲ့အမှုတွေအတွက် ကုလသမဂ္ဂအထွေထွေညီလာခံ တတိယ ကော်မတီက မြန်မာနိုင်ငံအပေါ် ပြစ်တင် ရှုတ်ချတဲ့ဆုံးဖြတ်ချက်ကိုအတည်ပြုခဲ့ရာမှာ Arkan Rohingya National Organization (ARNO) က အဲဒီဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်ခံခြင်းမရှိတဲ့ မြန်မာအစိုးရကတော့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆွေးနွေးဖို့အတွက် ဒီဇင်ဘာလထဲ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို Cox’s Bazar ကို စေလွှတ်ခဲ့ပေမဲ့ ထူးခြားမှုတော့ မရှိသေးပါဘူး။

တိုက္႐ိုက္ လင့္ခ္


XS
SM
MD
LG